ဘရားဇီးတွင် တရုတ်လုပ် COVID-19 ကာကွယ်ဆေး ထိုးနှံခိုင်းမည့်ကိစ္စအား ကန့်ကွက်ဆန္ဒပြ

ဘရားဇီးတွင် တရုတ်လုပ် COVID-19 ကာကွယ်ဆေး ထိုးနှံခိုင်းမည့်ကိစ္စအား ကန့်ကွက်ဆန္ဒပြ - Property News in Myanmar from iMyanmarHouse.com
3 Nov 2020 10:32 am တွင် တင်ခဲ့သည်
772 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော (ဆောင်းပေါင်လိုပြည်နယ်၏မြို့တော်) ဆောင်းပေါင်လို (Sao Paulo) မြို့ရှိ အဓိကကုန်သွယ်ရေးလမ်းမပေါ်တွင် နိုဝင်ဘာ ၁ က ဘရာဇီးနိုင်ငံသား ၃၀၀ ကျော်သည် ပြည်နယ်အုပ်ချုပ်ရေးမှူး ရှဝါဒိုးရီယာ (Joao Doria) ၏ “တရုတ်နိုင်ငံပိုင် ဆေးကုမ္ပဏီ Sinovac မှ တီထွင်သည့် အလားအလာရှိသော COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်နေခြင်းနှင့် စည်းမျဉ်းပြဋ္ဌာန်းချက်ဖြင့် မဖြစ်မနေ ကာကွယ်ဆေးထိုးနှံခိုင်းမည့်ကိစ္စတို့ကို ထောက်ခံမှု” အား ကန့်ကွက်ဆန္ဒပြရန် စုဝေးခဲ့ကြသည်။

ဒိုးရီယာသည် ၎င်းကာကွယ်ဆေးများ ရရှိသည့်နှင့်တစ်ပြိုင်နက် ထိုကာကွယ်ဆေးများအား စည်းမျဉ်းပြဋ္ဌာန်းချက်အရ မဖြစ်မနေထိုးနှံမှုခံယူကြစေရေး လုပ်ဆောင်ရန် လိုလားကြောင်း ယခင်က ပြောကြားထားဖူးသည်။ ထိုပြောကြားချက်က မိမိတို့၏သဘောဆန္ဒအလျောက်သာဖြစ်စေမည်ဟု ကြွေးကြော်ထားသော သမ္မတ ရှားဘိုဆိုးနာရို (Jair Bolsonaro) နှင့် ကတောက်ကဆတ်ဖြစ်သွားစေခဲ့သည်။ ၎င်းကာကွယ်ဆေးထိုးနှံမှုကိစ္စနှင့်ပတ်သက်၍ တရုံး၌သာ နောက်ဆုံးပိတ်ဆုံးဖြတ်‌ပေးနိုင်မည်ဖြစ်ကြောင်း တရားရုံးချုပ်၏ တရားသူကြီးချုပ်က ပြောကြားထားသည်။

ဘရာဇီးတွင် ဥပမာအားဖြင့် မွေးကင်းစကလေးများအား ထိုးနှံပေးသော အသည်းရောင်ဘီပိုး ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးအမြောက်အမြားမှာ စည်းမျဉ်းပြဋ္ဌာန်းချက်အရ မဖြစ်မနေထိုးနှံမှုခံယူကြရသည်။ ဘရာဇီးသမိုင်းတွင် ဥပမာအားဖြင့် ၁၉၈၀ ပြည့်လွန်အစောပိုင်းနှစ်များတွင် ပိုလီယိုရောဂါကာကွယ်ဆေးထိုးနှံမှုအပါအဝင် အောင်မြင်သော ကာကွယ်ဆေးထိုးနှံမှုလှုံ့ဆော်မှုကြီးများ ရှိထားခဲ့သည်။

ဆောင်းပေါင်လိုတွင် ထို တရုတ် Sinovac ကုမ္ပဏီဖြစ် ကာကွယ်ဆေးကို ပြည်နယ်အုပ်ချုပ်ရေးမှူးဒိုးရီယာအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် အဆင့်သုံးလက်တွေ့စမ်းသပ်မှုတစ်စိတ်တစ်ပိုင်းအဖြစ် စမ်းသပ်နေသည်။

ဘရာဇီးသည် ပြည်နယ်အုပ်ချုပ်ရေးမှူးများမှ ထောက်ခံသော သဘောတူညီချက်တစ်ရပ်အရ ထိုကာကွယ်ဆေးအလုံးရေ ၄၆ သန်းကို ဝယ်ယူမည်ဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လက ကြေညာခဲ့သည်။ သို့သော်လည်း ယင်းကြေညာချက်ထွက်ရှိပြီးနောက် တစ်ရက်အကြာတွင် သမ္မတ ရှားဘိုဆိုးနာရိုက ဘရာဇီးသည် ထိုကာကွယ်ဆေးများကို ဝယ်ယူမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြန်သည်။

ဘိုဆိုးနာရိုသည် ဘရာဇီးတွင် အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများနှင့် လွှမ်းမိုးမှုတို့ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ တရုတ်အား ရံဖန်ရံခါဝေဖန်လာသည်။

ဆန္ဒပြသူတစ်ဦးက “ကျွန်ုပ်တို့သည် အစမ်းသပ်ခံ (ဆေးဝါးစမ်းသပ်မှုအတွက် အသုံးပြုခံရသူ) များ မဟုတ်” ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကို ကိုင်ထားခဲ့ကာ အခြားတစ်ဦးမှာ နှာခေါင်းစည်း/ပါးစပ်စည်းဝတ်လျက်ဖြင့် “တရုတ်ကာကွယ်ဆေးများ ခွင့်မပြု” ဟု ဟစ်ကြွေးခဲ့သည်။ တစ်ဦးနှင့်တစ်ဦးအလွန်နီးကပ်သောအနေအထားဖြင့် ၎င်းဆန္ဒပြသူများအနက် အများအပြားသည် နှာခေါင်းစည်း/ပါးစပ်စည်းများ မဝတ်ဆင်ခဲ့ကြပေ။

“ကျွန်တော်တို့တွေက ကျွန်တော်တို့တွေရဲ့သဘောထားကို ဆန့်ကျင်ပြီး တရုတ်ကာကွယ်ဆေးကို စည်းမျဉ်းနဲ့ မဖြစ်မနေထိုးနှံခိုင်းတော့မယ့် အာဏာရှင်ဆန်တဲ့ ရှဝါဒိုးရီယာကို ဆန့်ကျင်ဆန္ဒပြကြတာပါ” ဟု ဆန္ဒပြသူ အန်ဒ‌ရေးပက်ထရိုစ်က ပြောကြားခဲ့သည်။

ဘရာဇီးသည် ကမ္ဘာတွင် အမေရိကန်နှင့် အိန္ဒိယပြီးလျှင် COVID-19 ကူးစက်ခံရသူဦးရေ ၅ ဒသမ ၅ သန်းဖြင့် ကူးစက်မှုတတိယအများဆုံးနိုင်ငံဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းတွက်ချက်မှုအရ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brazilians protest mandatory COVID-19 immunisation, Chinese vaccine (Reuters)

 

[Zawgyi]

ဘရားဇီးတြင္ တ႐ုတ္လုပ္ COVID-19 ကာကြယ္ေဆး ထိုးႏွံခိုင္းမည့္ကိစၥအား ကန္႔ကြက္ဆႏၵျပ

ဘရာဇီးႏိုင္ငံ၏ အႀကီးဆုံးၿမိဳ႕ျဖစ္ေသာ (ေဆာင္းေပါင္လိုျပည္နယ္၏ၿမိဳ႕ေတာ္) ေဆာင္းေပါင္လို (Sao Paulo) ၿမိဳ႕႐ွိ အဓိကကုန္သြယ္ေရးလမ္းမေပၚတြင္ ႏိုဝင္ဘာ ၁ က ဘရာဇီးႏိုင္ငံသား ၃၀၀ ေက်ာ္သည္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ႐ွဝါဒိုးရီယာ (Joao Doria) ၏ “တ႐ုတ္ႏိုင္ငံပိုင္ ေဆးကုမၸဏီ Sinovac မွ တီထြင္သည့္ အလားအလာ႐ွိေသာ COVID-19 ကာကြယ္ေဆး လက္ေတြ႕စမ္းသပ္ေနျခင္းႏွင့္ စည္းမ်ဥ္းျပ႒ာန္းခ်က္ျဖင့္ မျဖစ္မေန ကာကြယ္ေဆးထိုးႏွံခိုင္းမည့္ကိစၥတို႔ကို ေထာက္ခံမႈ” အား ကန္႔ကြက္ဆႏၵျပရန္ စုေဝးခဲ့ၾကသည္။

ဒိုးရီယာသည္ ၎ကာကြယ္ေဆးမ်ား ရ႐ွိသည့္ႏွင့္တစ္ၿပိဳင္နက္ ထိုကာကြယ္ေဆးမ်ားအား စည္းမ်ဥ္းျပ႒ာန္းခ်က္အရ မျဖစ္မေနထိုးႏွံမႈခံယူၾကေစေရး လုပ္ေဆာင္ရန္ လိုလားေၾကာင္း ယခင္က ေျပာၾကားထားဖူးသည္။ ထိုေျပာၾကားခ်က္က မိမိတို႔၏သေဘာဆႏၵအေလ်ာက္သာျဖစ္ေစမည္ဟု ေႂကြးေၾကာ္ထားေသာ သမၼတ ႐ွားဘိုဆိုးနာ႐ို (Jair Bolsonaro) ႏွင့္ ကေတာက္ကဆတ္ျဖစ္သြားေစခဲ့သည္။ ၎ကာကြယ္ေဆးထိုးႏွံမႈကိစၥႏွင့္ပတ္သက္၍ တ႐ုံး၌သာ ေနာက္ဆုံးပိတ္ဆုံးျဖတ္‌ေပးႏိုင္မည္ျဖစ္ေၾကာင္း တရား႐ုံးခ်ဳပ္၏ တရားသူႀကီးခ်ဳပ္က ေျပာၾကားထားသည္။

ဘရာဇီးတြင္ ဥပမာအားျဖင့္ ေမြးကင္းစကေလးမ်ားအား ထိုးႏွံေပးေသာ အသည္းေရာင္ဘီပိုး ကာကြယ္ေဆးအပါအဝင္ ကာကြယ္ေဆးအေျမာက္အျမားမွာ စည္းမ်ဥ္းျပ႒ာန္းခ်က္အရ မျဖစ္မေနထိုးႏွံမႈခံယူၾကရသည္။ ဘရာဇီးသမိုင္းတြင္ ဥပမာအားျဖင့္ ၁၉၈၀ ျပည့္လြန္အေစာပိုင္းႏွစ္မ်ားတြင္ ပိုလီယိုေရာဂါကာကြယ္ေဆးထိုးႏွံမႈအပါအဝင္ ေအာင္ျမင္ေသာ ကာကြယ္ေဆးထိုးႏွံမႈလႈံ႕ေဆာ္မႈႀကီးမ်ား ႐ွိထားခဲ့သည္။

ေဆာင္းေပါင္လိုတြင္ ထို တ႐ုတ္ Sinovac ကုမၸဏီျဖစ္ ကာကြယ္ေဆးကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးဒိုးရီယာအစိုးရအဖြဲ႕၏ ပံ့ပိုးမႈျဖင့္ အဆင့္သုံးလက္ေတြ႕စမ္းသပ္မႈတစ္စိတ္တစ္ပိုင္းအျဖစ္ စမ္းသပ္ေနသည္။

ဘရာဇီးသည္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားမွ ေထာက္ခံေသာ သေဘာတူညီခ်က္တစ္ရပ္အရ ထိုကာကြယ္ေဆးအလုံးေရ ၄၆ သန္းကို ဝယ္ယူမည္ျဖစ္ေၾကာင္း ဘရာဇီးက်န္းမာေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္လက ေၾကညာခဲ့သည္။ သို႔ေသာ္လည္း ယင္းေၾကညာခ်က္ထြက္႐ွိၿပီးေနာက္ တစ္ရက္အၾကာတြင္ သမၼတ ႐ွားဘိုဆိုးနာ႐ိုက ဘရာဇီးသည္ ထိုကာကြယ္ေဆးမ်ားကို ဝယ္ယူမည္မဟုတ္ေၾကာင္း ေျပာၾကားခဲ့ျပန္သည္။

ဘိုဆိုးနာ႐ိုသည္ ဘရာဇီးတြင္ အာ႐ွႏိုင္ငံမ်ားမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ လႊမ္းမိုးမႈတို႔ ျမင့္တက္လာျခင္းႏွင့္ပတ္သက္၍ တ႐ုတ္အား ရံဖန္ရံခါေဝဖန္လာသည္။

ဆႏၵျပသူတစ္ဦးက “ကြၽႏ္ုပ္တို႔သည္ အစမ္းသပ္ခံ (ေဆးဝါးစမ္းသပ္မႈအတြက္ အသုံးျပဳခံရသူ) မ်ား မဟုတ္” ေရးသားထားေသာ ဆိုင္းဘုတ္တစ္ခုကို ကိုင္ထားခဲ့ကာ အျခားတစ္ဦးမွာ ႏွာေခါင္းစည္း/ပါးစပ္စည္းဝတ္လ်က္ျဖင့္ “တ႐ုတ္ကာကြယ္ေဆးမ်ား ခြင့္မျပဳ” ဟု ဟစ္ေႂကြးခဲ့သည္။ တစ္ဦးႏွင့္တစ္ဦးအလြန္နီးကပ္ေသာအေနအထားျဖင့္ ၎ဆႏၵျပသူမ်ားအနက္ အမ်ားအျပားသည္ ႏွာေခါင္းစည္း/ပါးစပ္စည္းမ်ား မဝတ္ဆင္ခဲ့ၾကေပ။

“ကြၽန္ေတာ္တို႔ေတြက ကြၽန္ေတာ္တို႔ေတြရဲ႕သေဘာထားကို ဆန္႔က်င္ၿပီး တ႐ုတ္ကာကြယ္ေဆးကို စည္းမ်ဥ္းနဲ႔ မျဖစ္မေနထိုးႏွံခိုင္းေတာ့မယ့္ အာဏာ႐ွင္ဆန္တဲ့ ႐ွဝါဒိုးရီယာကို ဆန္႔က်င္ဆႏၵျပၾကတာပါ” ဟု ဆႏၵျပသူ အန္ဒ‌ေရးပက္ထ႐ိုစ္က ေျပာၾကားခဲ့သည္။

ဘရာဇီးသည္ ကမ႓ာတြင္ အေမရိကန္ႏွင့္ အိႏၵိယၿပီးလွ်င္ COVID-19 ကူးစက္ခံရသူဦးေရ ၅ ဒသမ ၅ သန္းျဖင့္ ကူးစက္မႈတတိယအမ်ားဆုံးႏိုင္ငံျဖစ္ေၾကာင္း ႐ိုက္တာသတင္းဌာန၏ စာရင္းတြက္ခ်က္မႈအရ သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brazilians protest mandatory COVID-19 immunisation, Chinese vaccine (Reuters)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service