မြန်မာနိုင်ငံသား ၂ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိပြီးနောက် တရုတ်အစိုးရကတရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအကြောင်းသတင်းပေးနိုင်သူကိုကန်ဒေါ်လာ ၄၅၀၀ နှင့်ညီမျှသည့် ဆုငွေ ချီးမြှင့်မည်ဟုကြေညာ
မြန်မာနိုင်ငံသား ၂ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိပြီးနောက် တရုတ်အစိုးရကတရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအကြောင်းသတင်းပေးနိုင်သူကိုကန်ဒေါ်လာ ၄၅၀၀ နှင့်ညီမျှသည့် ဆုငွေ ချီးမြှင့်မည်ဟုကြေညာ - Property News in Myanmar from iMyanmarHouse.com
1 Nov 2020 11:42 am တွင် တင်ခဲ့သည်
951 ကြိမ် ကြည့်ရှု့ပြီး
[Unicode] တရုတ်ပြည် အနောက်တောင်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ဒေသတွင်း၌ တရားမဝင်နေထိုင်၊ အလုပ်လုပ်ကိုင်၊ ခရီးသွားလာနေသော နိုင်ငံခြားသားများနှင့် ပတ်သက်၍ သတင်းပေးပါကယွမ်ငွေ ၃၀၀၀၀ (ကန်ဒေါ်လာ ၄၅၀၀- မြန်မာကျပ်ငွေ ၅၈ သိန်းခန့်) ဆုချီးမြှင့်မည်ဟုအာဏာပိုင်တို့ကကြေညာချက် ထုတ်ပြန်လိုက်သည်။
ယူနန်ပြည်နယ် အစိုးရအဖွဲ့ကဆုငွေချီးမြှင့်မည့် ကြေညာချက်ကို ပြီးခဲ့သော ကြာသပတေးနေ့ညကတရုတ်ပြည်တွင်းသုံးလူမှုကွန်ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
ဆုငွေချီးမြှင့်မှုနှင့် စပ်လျဉ်းပြီးအမျိုးအစားများခွဲခြားထားရာ နိုင်ငံခြားသားတစ်ဦးကိုဖမ်းမိစေသည်အထိသတင်းပေးသူသည် ယွမ်ငွေ ၁၀၀၀ (မြန်မာငွေ ၁၉၀၀၀၀ ကျပ်ဝန်းကျင်) ဆုငွေရရှိမည် ဖြစ်သည်။
ကိုယ်တိုင်ဖမ်းဆီးပေးသူကိုမူယွမ်ငွေ ၁၀၀၀ မှ ၃၀၀၀ ကြား (မြန်မာငွေ ၁၉၀,၀၀၀ မှ ၅၇၀,၀၀၀ ကျပ်ကြား) ဆုငွေချီးမြှင့်မည်ဟုWeChatတွင် ဖော်ပြသည်။
နိုင်ငံခြားသားများကိုတရုတ်ပြည်တွင်းသို့ တရားမဝင် စုစည်း၊ ပို့ဆောင်ပေးသည့် အဖွဲ့များအကြောင်းသတင်းပေးပါကဆုငွေ ယွမ် ၂၀၀၀ မှ ၅၀၀၀ ကြား (မြန်မာကျပ်ငွေ ၃၈၀၀၀၀ မှ ၉၆၀၀၀၀ ကြား) ဆုချီးမြှင့်မည်ဖြစ်ပြီးဖမ်းဆီးမှုတွင် ပေးအပ်သည့်သတင်းသည် အလွန်ကြီးမားသည့်အခန်းကဏ္ဍအဖြစ် အရေးပါပါကယွမ် ၁၀၀၀၀ မှ ၃၀၀၀၀ ကြား (မြန်မာကျပ်ငွေ ၁၉ သိန်းမှ ၅၈ သိန်းကြား) ရရှိမည်ဟုဆိုသည်။
နိုင်ငံခြားသားများတရုတ်ပြည်အတွင်းတရားမဝင် နေထိုင်၊ အလုပ်လုပ်နိုင်ရန် ကူညီသူများ (သို့မဟုတ်) စာရွက်စာတမ်းအတု ပြုလုပ်ရာတွင် ပါဝင်သူများအားဖမ်းဆီးရမိစေရန် သတင်းပေးသည့် တရုတ်နိုင်ငံသားများကိုယွမ်ငွေ ၁၀၀၀ (မြန်မာကျပ်ငွေ ၁၉၀၀၀၀ ) ဆုချီးမြှင့်မည်ဟုဆိုသည်။
ယခုစီမံချက်၏ ရည်ရွယ်ချက်မှာတရုတ်ပြည်တွင်းတွင် လိုအပ်သည့် စာရွက်စာတမ်းများမရှိဘဲနေထိုင်၊ အလုပ်လုပ်နေကြသည့် နိုင်ငံခြားသားများကိုရှင်းထုတ်ရန်ဖြစ်ကြောင်းအစိုးရကထုတ်ပြန်သည်။
တရုတ်ပြည်တွင်းသို့ ပြင်ပမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဝင်ရောက်လာမည်ကိုကာကွယ်ရန် ကြိုးပမ်းနေချိန်တွင် ယခုစီမံချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
ယူနန်ပြည်နယ်သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ဗီယက်နမ်တို့နှင့် ကီလိုမီတာ ၄၀၀၀ (မိုင် ၆၀၀) ခန့် နယ်နိမိတ်ခြင်းထိစပ်နေသည်။
လူဦးရေ ၂၀၀၀၀၀ နေထိုင်သောယူနန်ပြည်နယ်၊ Ruili မြို့ကလေးသည် ပြီးခဲ့သောစက်တင်ဘာလအတွင်းက မြန်မာနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသူ ၂ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မြို့ကိုလော့ဒေါင်းချလိုက်ရသည်။
ယင်းနောက်ပိုင်းမှစပြီးဒေသတွင်းအာဏာပိုင်တို့သည် တရားမဝင် မြစ်ဆိပ်များပိတ်သိမ်းစေခြင်း၊ လှေများကိုသိမ်းယူခြင်းနှင့် ကင်းလှည့်မှု မြှင့်တင်ခြင်းတို့ အပါအဝင်စောင့်ကြည့်မှု အစီအမံများမြှင့်တင်ခဲ့သည်။
ပေကျင်းနေ့စဉ်သတင်းစာ (Beijing Daily) ၏ ဖော်ပြချက်အရစောင့်ကြည့်မှုများ မြှင့်တင်လိုက်ပြီးနောက်ပိုင်းတရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့သူ ၄၅၀ ဦးခန့်ရှိသည်ဟုဆိုသည်။
တရုတ်ပြည်တွင် နေရာများစွာ၌ COVID-19 ကိုထိန်းချုပ်ထားနိုင်သော်လည်းရောဂါကူးစက်မှုများမှာ နိုင်ငံတဝန်းပေါ်ပေါက်နေဆဲ ဖြစ်ပြီးအဆိုပါ ကူးစက်မှုများအားလုံးမှာတရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသားများချည်းကြောင့်ကားမဟုတ်ချေ။
ပြီးခဲ့သောအင်္ဂါနေ့ကစင်ကျန်းပြည်နယ်၊ Kashgar မြို့၊ ရှုဖူခရိုင်ရှိစက်ရုံတစ်ရုံတွင် ရောဂါကူးစက်ပျံ့ပွားမှု ဖြစ်ပေါ်ခဲ့သောကြောင့် မြို့ကိုလော့ဒေါင်းချခဲ့ရသည်။
ပထမဆုံးအတည်ပြုလူနာမှာအဆိုပါစက်ရုံအလုပ်သမားဇနီးမောင်နှံ၏ သမီးတစ်ဦးဖြစ်သော ၁၇ နှစ်အရွယ် မိန်းကလေး ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China offers US$4,500 reward for information about illegal foreigners (SCMP)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service