ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကြွက်များနှင့် မြွေများကိုစားသောက်နေရသည့် ရန်ကုန်မှ ဆင်းရဲသားများ

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကြွက်များနှင့် မြွေများကိုစားသောက်နေရသည့် ရန်ကုန်မှ ဆင်းရဲသားများ - Property News in Myanmar from iMyanmarHouse.com
1 Nov 2020 11:16 am တွင် တင်ခဲ့သည်
9465 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(South China Morning Post တွင် ဖော်ပြသောEating rats and snakes to survive: the brutal toll of Myanmar’s second coronavirus lockdownဆောင်းပါးကိုဆီလျော်အောင် မြန်မာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မတ်လအတွင်းကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းရိုက်ခတ်ခဲ့ပြီးနောက် အသက် ၃၆ နှစ်အရွယ်ရှိမစုသည် ကုန်စိမ်းဆိုင်ကလေးကိုပိတ်လိုက်ရပြီးရွှေတိုရွှေစကလေးများကိုစားစရိတ်ရရန် ပေါင်နှံခဲ့ရ၏။

ဒုတိယလှိုင်းရိုက်ခတ်သည့် စက်တင်ဘာလအတွင်းရန်ကုန်တွင် နေအိမ်တွင်သာနေထိုင်ကြရန် တိုင်းဒေသကြီးအစိုးရကအမိန့်ထုတ်လိုက်ချိန်တွင် မစု၏ ကုန်စိမ်းဆိုင်လေးတဖန်ပိတ်လိုက်ရပြန်ကာအဝတ်အစား၊ အိုးခွက်ပန်းကန်များရောင်းချခဲ့ရသည်။

ပေါင်နှံရောင်းချစရာမရှိတော့သောအခါ အလုပ်မရှိတော့သည့် ခင်ပွန်းသည် ဆောက်လုပ်ရေးလုပ်သားမှာ၎င်းတို့နေထိုင်ရာရန်ကုန်မြို့စွန် ဆင်ခြေဖုံးဒေသရှိမြောင်းများထဲတွင် စားစရာရရန် အမဲလိုက်ရှာဖွေရတော့သည်။

“လူတွေက ကြွက်တွေ၊ မြွေတွေကိုစားသောက်လာရပါတယ်။ ဝင်ငွေမရှိတော့တဲ့အခါမှာကလေးတွေကိုကျွေးမွေးဖို့အတွက် ဒီလိုဟာတွေ ရှာစားလာကြရတယ်” ဟုမစုကမျက်ရည်သွင်သွင်ကျရင်းပြောသည်။

သူတို့ မိသားစုနေထိုင်သည်မှာရန်ကုန်၏ အဆင်းရဲဆုံးအရပ်များတွင် တစ်ခုအပါအဝင်ဖြစ်သောလှိုင်သာယာမြို့နယ်တွင် ဖြစ်သည်။

လှိုင်သာယာတွင် နေထိုင်ကြသည့် ဆင်းရဲနွမ်းပါးသူတို့သည် သမုဒ္ဒရာဝမ်းတစ်ထွာအရေးအတွက် နေအိမ်များ၏ နောက်ဘက်ခြုံနွယ်ပိတ်ပေါင်းများကြားတွင် ညဉ့်အမှောင်တွင် ကျက်စားသည့် သတ္တဝါများကိုဘက်ထရီမီးထွန်းကာလိုက်လံရှာဖွေကြသည်။

ကြွက်များ၊ တွားသွားသတ္တဝါများနှင့် အင်းဆက်များကိုကျေးလက်တွင် နေထိုင်သူများသာစားသောက်လေ့ရှိခဲ့သော်လည်းယခုအခါတွင်မူ မြို့ပြတွင် နေထိုင်သူအချို့ပါ ရှာဖွေ၍ရသည်ကိုစားသောက်ရသည့် အခြေအနေဆိုက်နေလေပြီ။

အရှေ့တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးပျံ့နှံ့ကူးစက်နေသည့် နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၅၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၂၀၀ ကျော်ရှိခဲ့ချိန်၌ မစုကဲ့သို့သော ပြည်သူထောင်ပေါင်းများစွာအလုပ်လက်မဲ့ဖြင့် ကူရာကယ်ရာမဲ့ ဖြစ်သွားကြသည်။

လှိုင်သာယာအနောက်ပိုင်းအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းကပြောကြားရာတွင် လှိုင်သာယာအနောက်ပိုင်းတွင် အိမ်ထောင်စုများ၏ ၄၀ ရာခိုင်နှုန်းမှာကူညီထောက်ပံ့မှုများရရှိကြသော်လည်းလုပ်ငန်းခွင်များစွာပိတ်သိမ်းထားသည်ဖြစ်ရာ ပြည်သူများမှာများစွာကျပ်တည်းနေကြကြောင်းပြောသည်။

လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောကြားရာတွင် အစိုးရ၏ ထောက်ပံ့မှုနှင့် ပုဂ္ဂလိကလှူဒါန်းမှုများရှိသော်လည်းလူတိုင်းမရကြသည်ကိုသိရှိကြောင်းပြောကြားသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် အနိုင်ရဖွယ်ရှိကြောင်းခန့်မှန်းရသော်လည်းယခုအကျပ်အတည်းမှာ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအပေါ် ထိခိုက်စေနိုင်သည့်အရာတစ်ခု ဖြစ်နေသည်။

စစ်အစိုးရလက်အောက် ဆယ်စုနှစ်ပေါင်းများစွာအထီးကျန်ခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးအခြေအနေကောင်းတချို့ တွေ့မြင်လာရသော်လည်းကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးမပေါ်ပေါက်မီကပင်လျှင် မြန်မာနိုင်ငံလူဦးရေ ၅၃ သန်း၏ ၃ ပုံ ၁ ပုံမှာဆင်းရဲမွဲတေမှု နွံသို့ကျဆင်းရန် ကြီးမားသည့် အန္တရာယ်ရှိနေခဲ့သည်။

ယခုကြုံတွေ့လာရသည့် ငွေကြေးအကျပ်အတည်းမှာပြည်သူပေါင်းများစွာကိုဆင်းရဲနွံသို့ ပြန်လည်ကျဆင်းစေရန် ခြိမ်းခြောက်လာနေသည်။

ဖွံ့ဖြိုးဆဲအာရှ ပစိဖိတ်အရှေ့ပိုင်းတွင် COVID-19 ကြောင့် ဆင်းရဲမွဲတေမှုမှာ နှစ်ပေါင်း ၂၀ အတွင်းပထမဆုံးအကြိမ်အဖြစ် မြင့်တက်လာဖွယ်ရှိကြောင်း၊ လူပေါင်း ၃၈ သန်းမှာဆင်းရဲနွံတွင်းသက်ဆင်းရဖွယ်ရှိကြောင်းကမ္ဘာ့ဘဏ်က ပြီးခဲ့သောစက်တင်ဘာလအတွင်းသုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ အစိုးရကဆင်းရဲသောအိမ်ထောင်စုများကိုရိက္ခာများနှင့် ငွေသားများထောက်ပံ့မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူတို့ကပြောကြားရာတွင် လုံလောက်သည့် ပမာဏမဟုတ်ကြောင်းပြောကြားကြသည်။

ဧပြီလအတွင်း မြန်မာနိုင်ငံတဝန်းတွင် ONow Myanmar က လူပေါင်း ၂၀၀၀ ကျော်ကိုစစ်တမ်းတစ်ရပ် ကောက်ယူခဲ့ရာ ၇၀ ရာခိုင်နှုန်းမှာအလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး ၄ ပုံ ၁ ပုံမှာအစားအစာ၊ ဆေးဝါးနှင့် အခြားသောမရှိမဖြစ်လိုအပ်သည့်အရာများဝယ်ယူရန် ငွေချေးကြရကြောင်းတွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် စက်မှုအသွင်ပြောင်းလဲရေးကိုမောင်းနှင်ပေးနေသည့် လုပ်ငန်းကဏ္ဍများဖြစ်သောအထည်ချုပ်နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့မှာငွေလွှဲပြောင်းမှုများမရှိတော့သောကြောင့် ရပ်တန့်သွားရကြောင်းစင်္ကာပူရှိAsia Research Institute မှ ပါရဂူဘွဲ့ရသုတေသီGerard McCarthy က ပြောကြားသည်။

“အိမ်ထောင်စုတွေမှာဆေးဝါးကုသမှု၊ ကျောင်းစရိတ်အတွက် ပေးစရာတွေ အကြွေးနွံနစ်နေကြရမှုဟာသက်ကြီးရွယ်အိုတွေနဲ့ နေ့စဉ်ဘဝရှင်သန်ရပ်တည်ရေးအတွက် ဒုက္ခကြုံလာစေပါတယ်။ တခြားလိုအပ်ချက်တွေအတွက် မသုံးနိုင်မီဒီအကြွေးတွေကို ပြန်ဆပ်ဖို့ လိုနေကြလိမ့်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာသမိုင်းပညာရှင်တစ်ဦးဖြစ်သောဦးသန့်မြင့်ဦးကမူကောင်းမွန်သင့်လျော်သည့် လူမှုလုံခြုံရေးကွန်ယက်မရှိခြင်းနှင့် ကျေးရွာများရှိရိုးရာဓလေ့ ကူညီစောင့်ရှောက်မှုစနစ်များ ပြိုလဲခြင်းကိုထောက်ပြသည်။

“မြန်မာနိုင်ငံကဆင်းရဲသားပြည်သူသန်းပေါင်းများစွာဟာအခြေအနေကောင်းခဲ့စဉ်ကာလတွေတုန်းက မြို့ပေါ်တွေကဈေးတွေမှာအလုပ်တွေရှိကြတယ်။ ဒါမှမဟုတ် ပြည်ပထွက် အလုပ်လုပ်ကြတယ်။ ဒါပေမယ့် စီးပွားရေးအကျပ်အတည်းကာလအတွင်းမှာအဆင်းရဲဆုံးပြည်သူတွေဟာအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲကျန်ခဲ့ပါတယ်။”ဟုဦးသန့်မြင့်ဦးကပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Eating rats and snakes to survive: the brutal toll of Myanmar’s second coronavirus lockdown (SCMP)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း ၾကြက္မ်ားႏွင့္ ေျမြမ်ားကိုစားေသာက္ေနရသည့္ ရန္ကုန္မွ ဆင္းရဲသားမ်ား

(South China Morning Post တြင္ ေဖာ္ျပေသာEating rats and snakes to survive: the brutal toll of Myanmar’s second coronavirus lockdownေဆာင္းပါးကိုဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုသည္)

ျမန္မာႏိုင္ငံတြင္ မတ္လအတြင္းကိုရိုနာဗိုင္းရပ္စ္ ပထမလႈိင္းရိုက္ခတ္ခဲ့ျပီးေနာက္ အသက္ ၃၆ ႏွစ္အရြယ္ရွိမစုသည္ ကုန္စိမ္းဆိုင္ကေလးကိုပိတ္လိုက္ရျပီးေရႊတိုေရႊစကေလးမ်ားကိုစားစရိတ္ရရန္ ေပါင္ႏွံခဲ့ရ၏။

ဒုတိယလႈိင္းရိုက္ခတ္သည့္ စက္တင္ဘာလအတြင္းရန္ကုန္တြင္ ေနအိမ္တြင္သာေနထိုင္ၾကရန္ တိုင္းေဒသၾကီးအစိုးရကအမိန္႔ထုတ္လိုက္ခ်ိန္တြင္ မစု၏ ကုန္စိမ္းဆိုင္ေလးတဖန္ပိတ္လိုက္ရျပန္ကာအဝတ္အစား၊ အိုးခြက္ပန္းကန္မ်ားေရာင္းခ်ခဲ့ရသည္။

ေပါင္ႏွံေရာင္းခ်စရာမရွိေတာ့ေသာအခါ အလုပ္မရွိေတာ့သည့္ ခင္ပြန္းသည္ ေဆာက္လုပ္ေရးလုပ္သားမွာ၎တို႔ေနထိုင္ရာရန္ကုန္ျမိဳ႕စြန္ ဆင္ေျခဖံုးေဒသရွိေျမာင္းမ်ားထဲတြင္ စားစရာရရန္ အမဲလိုက္ရွာေဖြရေတာ့သည္။

“လူေတြက ၾကြက္ေတြ၊ ေျမြေတြကိုစားေသာက္လာရပါတယ္။ ဝင္ေငြမရွိေတာ့တဲ့အခါမွာကေလးေတြကိုေကၽြးေမြးဖို႔အတြက္ ဒီလိုဟာေတြ ရွာစားလာၾကရတယ္” ဟုမစုကမ်က္ရည္သြင္သြင္က်ရင္းေျပာသည္။

သူတို႔ မိသားစုေနထိုင္သည္မွာရန္ကုန္၏ အဆင္းရဲဆံုးအရပ္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာလႈိင္သာယာျမိဳ႕နယ္တြင္ ျဖစ္သည္။

လႈိင္သာယာတြင္ ေနထိုင္ၾကသည့္ ဆင္းရဲႏြမ္းပါးသူတို႔သည္ သမုဒၵရာဝမ္းတစ္ထြာအေရးအတြက္ ေနအိမ္မ်ား၏ ေနာက္ဘက္ျခံဳႏြယ္ပိတ္ေပါင္းမ်ားၾကားတြင္ ညဥ့္အေမွာင္တြင္ က်က္စားသည့္ သတၱဝါမ်ားကိုဘက္ထရီမီးထြန္းကာလိုက္လံရွာေဖြၾကသည္။

ၾကြက္မ်ား၊ တြားသြားသတၱဝါမ်ားႏွင့္ အင္းဆက္မ်ားကိုေက်းလက္တြင္ ေနထိုင္သူမ်ားသာစားေသာက္ေလ့ရွိခဲ့ေသာ္လည္းယခုအခါတြင္မူ ျမိဳ႕ျပတြင္ ေနထိုင္သူအခ်ဳိ႕ပါ ရွာေဖြ၍ရသည္ကိုစားေသာက္ရသည့္ အေျခအေနဆိုက္ေနေလျပီ။

အေရွ႕ေတာင္အာရွတြင္ ကိုရိုနာဗိုင္းရပ္စ္ အဆိုးရြားဆံုးပ်ံ႕ႏွံ႔ကူးစက္ေနသည့္ ႏိုင္ငံမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည့္ ျမန္မာႏိုင္ငံတြင္ ေရာဂါကူးစက္ခံရသူ ၅၀၀၀၀ ေက်ာ္ႏွင့္ ေသဆံုးသူ ၁၂၀၀ ေက်ာ္ရွိခဲ့ခ်ိန္၌ မစုကဲ့သို႔ေသာ ျပည္သူေထာင္ေပါင္းမ်ားစြာအလုပ္လက္မဲ့ျဖင့္ ကူရာကယ္ရာမဲ့ ျဖစ္သြားၾကသည္။

လိႈင္သာယာအေနာက္ပိုင္းအုပ္ခ်ဳပ္ေရးမွဴး ဦးေနမင္းထြန္းကေျပာၾကားရာတြင္ လိႈင္သာယာအေနာက္ပိုင္းတြင္ အိမ္ေထာင္စုမ်ား၏ ၄၀ ရာခိုင္ႏႈန္းမွာကူညီေထာက္ပံ့မႈမ်ားရရွိၾကေသာ္လည္းလုပ္ငန္းခြင္မ်ားစြာပိတ္သိမ္းထားသည္ျဖစ္ရာ ျပည္သူမ်ားမွာမ်ားစြာက်ပ္တည္းေနၾကေၾကာင္းေျပာသည္။

လႈိင္သာယာျမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူကေျပာၾကားရာတြင္ အစိုးရ၏ ေထာက္ပံ့မႈႏွင့္ ပုဂၢလိကလွဴဒါန္းမႈမ်ားရွိေသာ္လည္းလူတိုင္းမရၾကသည္ကိုသိရွိေၾကာင္းေျပာၾကားသည္။

ျငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ေရြးေကာက္ပြဲတြင္ အႏိုင္ရဖြယ္ရွိေၾကာင္းခန္႔မွန္းရေသာ္လည္းယခုအက်ပ္အတည္းမွာ ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲအေပၚ ထိခိုက္ေစႏိုင္သည့္အရာတစ္ခု ျဖစ္ေနသည္။

စစ္အစိုးရလက္ေအာက္ ဆယ္စုႏွစ္ေပါင္းမ်ားစြာအထီးက်န္ခဲ့ရာမွ ျပန္လည္လြတ္ေျမာက္လာခဲ့ျပီးအေျခအေနေကာင္းတခ်ဳိ႕ ေတြ႔ျမင္လာရေသာ္လည္းကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးၾကီးမေပၚေပါက္မီကပင္လွ်င္ ျမန္မာႏိုင္ငံလူဦးေရ ၅၃ သန္း၏ ၃ ပံု ၁ ပံုမွာဆင္းရဲမြဲေတမႈ ႏြံသို႔က်ဆင္းရန္ ၾကီးမားသည့္ အႏၱရာယ္ရွိေနခဲ့သည္။

ယခုၾကံဳေတြ႔လာရသည့္ ေငြေၾကးအက်ပ္အတည္းမွာျပည္သူေပါင္းမ်ားစြာကိုဆင္းရဲႏြံသို႔ ျပန္လည္က်ဆင္းေစရန္ ျခိမ္းေျခာက္လာေနသည္။

ဖြံ႔ျဖိဳးဆဲအာရွ ပစိဖိတ္အေရွ႕ပိုင္းတြင္ COVID-19 ေၾကာင့္ ဆင္းရဲမြဲေတမႈမွာ ႏွစ္ေပါင္း ၂၀ အတြင္းပထမဆံုးအၾကိမ္အျဖစ္ ျမင့္တက္လာဖြယ္ရွိေၾကာင္း၊ လူေပါင္း ၃၈ သန္းမွာဆင္းရဲႏြံတြင္းသက္ဆင္းရဖြယ္ရွိေၾကာင္းကမၻာ့ဘဏ္က ျပီးခဲ့ေသာစက္တင္ဘာလအတြင္းသံုးသပ္ထားသည္။

ျမန္မာႏိုင္ငံ၏ အစိုးရကဆင္းရဲေသာအိမ္ေထာင္စုမ်ားကိုရိကၡာမ်ားႏွင့္ ေငြသားမ်ားေထာက္ပံ့မႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ျပည္သူတို႔ကေျပာၾကားရာတြင္ လံုေလာက္သည့္ ပမာဏမဟုတ္ေၾကာင္းေျပာၾကားၾကသည္။

ဧျပီလအတြင္း ျမန္မာႏိုင္ငံတဝန္းတြင္ ONow Myanmar က လူေပါင္း ၂၀၀၀ ေက်ာ္ကိုစစ္တမ္းတစ္ရပ္ ေကာက္ယူခဲ့ရာ ၇၀ ရာခိုင္ႏႈန္းမွာအလုပ္လက္မဲ့ျဖစ္ခဲ့ၾကျပီး ၄ ပံု ၁ ပံုမွာအစားအစာ၊ ေဆးဝါးႏွင့္ အျခားေသာမရွိမျဖစ္လိုအပ္သည့္အရာမ်ားဝယ္ယူရန္ ေငြေခ်းၾကရေၾကာင္းေတြ႔ရွိခဲ့သည္။

ျမန္မာႏိုင္ငံတြင္ စက္မႈအသြင္ေျပာင္းလဲေရးကိုေမာင္းႏွင္ေပးေနသည့္ လုပ္ငန္းက႑မ်ားျဖစ္ေသာအထည္ခ်ဳပ္ႏွင့္ ကမၻာလွည့္ခရီးသြားလုပ္ငန္းတို႔မွာေငြလႊဲေျပာင္းမႈမ်ားမရွိေတာ့ေသာေၾကာင့္ ရပ္တန္႔သြားရေၾကာင္းစကၤာပူရွိAsia Research Institute မွ ပါရဂူဘြဲ႔ရသုေတသီGerard McCarthy က ေျပာၾကားသည္။

“အိမ္ေထာင္စုေတြမွာေဆးဝါးကုသမႈ၊ ေက်ာင္းစရိတ္အတြက္ ေပးစရာေတြ အေၾကြးႏြံနစ္ေနၾကရမႈဟာသက္ၾကီးရြယ္အိုေတြနဲ႔ ေန႔စဥ္ဘဝရွင္သန္ရပ္တည္ေရးအတြက္ ဒုကၡၾကံဳလာေစပါတယ္။ တျခားလိုအပ္ခ်က္ေတြအတြက္ မသံုးႏိုင္မီဒီအေၾကြးေတြကို ျပန္ဆပ္ဖို႔ လိုေနၾကလိမ့္မွာ ျဖစ္ပါတယ္” ဟု ၎က ေျပာသည္။

ျမန္မာသမိုင္းပညာရွင္တစ္ဦးျဖစ္ေသာဦးသန္႔ျမင့္ဦးကမူေကာင္းမြန္သင့္ေလ်ာ္သည့္ လူမႈလံုျခံဳေရးကြန္ယက္မရွိျခင္းႏွင့္ ေက်းရြာမ်ားရွိရိုးရာဓေလ့ ကူညီေစာင့္ေရွာက္မႈစနစ္မ်ား ျပိဳလဲျခင္းကိုေထာက္ျပသည္။

“ျမန္မာႏိုင္ငံကဆင္းရဲသားျပည္သူသန္းေပါင္းမ်ားစြာဟာအေျခအေနေကာင္းခဲ့စဥ္ကာလေတြတုန္းက ျမိဳ႕ေပၚေတြကေစ်းေတြမွာအလုပ္ေတြရွိၾကတယ္။ ဒါမွမဟုတ္ ျပည္ပထြက္ အလုပ္လုပ္ၾကတယ္။ ဒါေပမယ့္ စီးပြားေရးအက်ပ္အတည္းကာလအတြင္းမွာအဆင္းရဲဆံုးျပည္သူေတြဟာအဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ပဲက်န္ခဲ့ပါတယ္။”ဟုဦးသန္႔ျမင့္ဦးကေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Eating rats and snakes to survive: the brutal toll of Myanmar’s second coronavirus lockdown (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service