ပြင်သစ်သမ္မတကတစ်နိုင်ငံလုံးလော့ဒေါင်းချကြောင်းကြေညာ

ပြင်သစ်သမ္မတကတစ်နိုင်ငံလုံးလော့ဒေါင်းချကြောင်းကြေညာ - Property News in Myanmar from iMyanmarHouse.com
29 Oct 2020 12:24 pm တွင် တင်ခဲ့သည်
1519 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြင်သစ်သမ္မတအီမန်ညူရယ် မက်ခရွန်ကတစ်နိုင်ငံလုံးလော့ဒေါင်းချကြောင်းကြေညာလိုက်ပြီးမိမိတို့နိုင်ငံအနေဖြင့် ဒုတိယလှိုင်းကိုထိန်းချုပ်ရန် လုပ်ဆောင်မှုတစ်ခုမှ မလုပ်ပါကကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀၀၀၀၀ ခန့်အထိရှိလိမ့်မည်ဖြစ်ပြီးပထမလှိုင်းထက် ဆိုးရွားလိမ့်မည်ဖြစ်ကြောင်းပြောကြားလိုက်သည်။

တစ်နိုင်ငံလုံးလော့ဒေါင်းချသည့်အမိန့်သည် သောကြာနေ့ နံနက်မှ စတင်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့အထိသတ်မှတ်ထားသည်။

ယခုလော့ဒေါင်းချမှုသည် ပထမအကြိမ် လော့ဒေါင်းချခဲ့သည်အောက် စည်းမျဉ်းများတင်းကြပ်ခြင်းမရှိကြောင်းသုံးသပ်ရသည်။ အများပြည်သူဆိုင်ရာဝန်ဆောင်မှုများ၊ စာသင်ကျောင်းများနှင့် မရှိမဖြစ်လုပ်ငန်းများဆက်လက်ဖွင့်လှစ်ထားစေမည်ဟုဆိုသည်။

သို့သော် အိမ်ပြင်ထွက်သူတို့သည် ၎င်းတို့အပြင်ထွက်ရသည့် အကြောင်းရင်းကိုခိုင်ခိုင်လုံလုံပြနိုင်မည့် စာရွက်စာတမ်းများယူဆောင်လာရမည်ဖြစ်ပြီးရဲတပ်ဖွဲ့ကစစ်ဆေးလျှင် အဆိုပါစာရွက်စာတမ်းများကို ပြသနိုင်ရမည် ဖြစ်ကာအရက်ဘားများနှင့် စားသောက်ဆိုင်များမှာမူပိတ်သိမ်းရမည် ဖြစ်သည်။

မရှိမဖြစ်လိုအပ်သောကုန်ပစ္စည်းများဈေးဝယ်ခြင်း၊ ဆေးကုသခြင်းနှင့် တစ်နေ့လျှင် တစ်နာရီလေ့ကျင့်ခန်းလုပ်ခြင်းတို့အတွက် အိမ်ပြင်ထွက်ရန် ခွင့်ပြုထားသည်။

ယခုကဲ့သို့ တင်းကျပ်သည့် စည်းမျဉ်းများချမှတ်ရသည်ကိုမိမိအနေဖြင့် နာကျင်ရကြောင်း၊ သို့သော် မိမိနိုင်ငံသားများထောင်သောင်းချီသေဆုံးမည့်အရေးကိုလက်ပိုက်ကြည့်နေလိမ့်မည်မဟုတ်ကြောင်းသမ္မတမက်ခရွန်ကပြောကြားသည်။

“သောကြာနေ့ကစပြီးတစ်နိုင်ငံလုံးကိုလော့ဒေါင်းချဖို့ လိုအပ်တယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ အထူးကြပ်မတ်ကုသဆောင်တွေမှာကုသနိုင်စွမ်းရဲ့ ၅၈ ရာခိုင်နှုန်းအထိရောက်ရှိနေပါပြီ။ နေရာပေါင်းများစွာမှာအသက်ကယ်ဖို့ လုပ်ဆောင်ရမှု နှောင့်နှေးရတာတွေကိုတွေ့နေရပါပြီ။ နိုဝင်ဘာလလယ်လောက်ဆိုရင် အထူးကြပ်မတ်ကုသဆောင်တွေမှာလူနာ ၉၀၀၀ လောက် ကုသရဖွယ်ရှိပါတယ်။ ဒါဟာ ပြင်သစ်ရဲ့ အမြင့်မားဆုံးစွမ်းဆောင်နိုင်တဲ့ ပမာဏပဲ ဖြစ်ပါတယ်”

မရှိမဖြစ် မလိုအပ်သည့် ဈေးဆိုင်များကိုလာမည့် ၁၅ ရက်အတွင်းအခြေအနေများကောင်းမွန်လာမည်ဆိုပါက ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်းလည်းမက်ခရွန်ကပြောသည်။

လက်ရှိအားဖြင့် ပြင်သစ်နိုင်ငံတွင် နေ့စဉ် ရောဂါကူးစက်မှုနှုန်းမှာ ၃၅၀၀၀ ဝန်းကျင်ခန့်ရှိနေပြီးလော့ဒေါင်းချမှတ်ပြီးလျှင် တစ်ရက်လျှင် ၅၀၀၀ ခန့်သို့ ကျဆင်းသွားရန် မျှော်မှန်းထားသည်။

“ပြင်သစ်မှာဗိုင်းရပ်စ်ဟာအဆိုးမြင်ဝါဒီတွေ မခန့်မှန်းထားတဲ့ မြန်နှုန်းနဲ့ကို ပြန့်နှံ့နေပါတယ်။ ဥရောပတစ်လွှားမှာလည်းဒုတိယလှိုင်းရိုက်ခတ်မှုကိုရင်ဆိုင်နေရပါတယ်။ ဒါဟာပထမလှိုင်းထက် ပိုမိုခက်ခဲမှာဖြစ်ပြီးအသေအပျောက်ပိုများလိမ့်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ထိန်းချုပ်ဖို့ ဘာမှမလုပ်ဘူးဆိုရင် လအနည်းငယ်အတွင်းနောက်ထပ်သေဆုံးသူအနည်းဆုံး ၄၀၀၀၀၀ လောက် ရှိသွားဖွယ်ရှိပါတယ်” ဟုသမ္မတမက်ခရွန်ကပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: France announces second national lockdown: Macron says COVID second wave will be 'worse than first' and doing nothing will 'kill 400k people' - but schools stay open under month-long restrictions (Dailymail)

 

[Zawgyi]

ျပင္သစ္သမၼတကတစ္ႏိုင္ငံလံုးေလာ့ေဒါင္းခ်ေၾကာင္းေၾကညာ

ျပင္သစ္သမၼတအီမန္ညဴရယ္ မက္ခရြန္ကတစ္ႏိုင္ငံလံုးေလာ့ေဒါင္းခ်ေၾကာင္းေၾကညာလိုက္ျပီးမိမိတို႔ႏိုင္ငံအေနျဖင့္ ဒုတိယလႈိင္းကိုထိန္းခ်ဳပ္ရန္ လုပ္ေဆာင္မႈတစ္ခုမွ မလုပ္ပါကကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၄၀၀၀၀၀ ခန္႔အထိရွိလိမ့္မည္ျဖစ္ျပီးပထမလႈိင္းထက္ ဆိုးရြားလိမ့္မည္ျဖစ္ေၾကာင္းေျပာၾကားလိုက္သည္။

တစ္ႏိုင္ငံလံုးေလာ့ေဒါင္းခ်သည့္အမိန္႔သည္ ေသာၾကာေန႔ နံနက္မွ စတင္မည္ျဖစ္ျပီး ဒီဇင္ဘာလ ၁ ရက္ေန႔အထိသတ္မွတ္ထားသည္။

ယခုေလာ့ေဒါင္းခ်မႈသည္ ပထမအၾကိမ္ ေလာ့ေဒါင္းခ်ခဲ့သည္ေအာက္ စည္းမ်ဥ္းမ်ားတင္းၾကပ္ျခင္းမရွိေၾကာင္းသံုးသပ္ရသည္။ အမ်ားျပည္သူဆိုင္ရာဝန္ေဆာင္မႈမ်ား၊ စာသင္ေက်ာင္းမ်ားႏွင့္ မရွိမျဖစ္လုပ္ငန္းမ်ားဆက္လက္ဖြင့္လွစ္ထားေစမည္ဟုဆိုသည္။

သို႔ေသာ္ အိမ္ျပင္ထြက္သူတို႔သည္ ၎တို႔အျပင္ထြက္ရသည့္ အေၾကာင္းရင္းကိုခိုင္ခိုင္လံုလံုျပႏိုင္မည့္ စာရြက္စာတမ္းမ်ားယူေဆာင္လာရမည္ျဖစ္ျပီးရဲတပ္ဖြဲ႔ကစစ္ေဆးလွ်င္ အဆိုပါစာရြက္စာတမ္းမ်ားကို ျပသႏိုင္ရမည္ ျဖစ္ကာအရက္ဘားမ်ားႏွင့္ စားေသာက္ဆိုင္မ်ားမွာမူပိတ္သိမ္းရမည္ ျဖစ္သည္။

မရွိမျဖစ္လိုအပ္ေသာကုန္ပစၥည္းမ်ားေစ်းဝယ္ျခင္း၊ ေဆးကုသျခင္းႏွင့္ တစ္ေန႔လွ်င္ တစ္နာရီေလ့က်င့္ခန္းလုပ္ျခင္းတို႔အတြက္ အိမ္ျပင္ထြက္ရန္ ခြင့္ျပဳထားသည္။

ယခုကဲ့သို႔ တင္းက်ပ္သည့္ စည္းမ်ဥ္းမ်ားခ်မွတ္ရသည္ကိုမိမိအေနျဖင့္ နာက်င္ရေၾကာင္း၊ သို႔ေသာ္ မိမိႏိုင္ငံသားမ်ားေထာင္ေသာင္းခ်ီေသဆံုးမည့္အေရးကိုလက္ပိုက္ၾကည့္ေနလိမ့္မည္မဟုတ္ေၾကာင္းသမၼတမက္ခရြန္ကေျပာၾကားသည္။

“ေသာၾကာေန႔ကစျပီးတစ္ႏိုင္ငံလံုးကိုေလာ့ေဒါင္းခ်ဖို႔ လိုအပ္တယ္လို႔ ကၽြန္ေတာ္ဆံုးျဖတ္ခဲ့ပါတယ္။ အထူးၾကပ္မတ္ကုသေဆာင္ေတြမွာကုသႏိုင္စြမ္းရဲ႕ ၅၈ ရာခိုင္ႏႈန္းအထိေရာက္ရွိေနပါျပီ။ ေနရာေပါင္းမ်ားစြာမွာအသက္ကယ္ဖို႔ လုပ္ေဆာင္ရမႈ ေႏွာင့္ေႏွးရတာေတြကိုေတြ႔ေနရပါျပီ။ ႏိုဝင္ဘာလလယ္ေလာက္ဆိုရင္ အထူးၾကပ္မတ္ကုသေဆာင္ေတြမွာလူနာ ၉၀၀၀ ေလာက္ ကုသရဖြယ္ရွိပါတယ္။ ဒါဟာ ျပင္သစ္ရဲ႕ အျမင့္မားဆံုးစြမ္းေဆာင္ႏိုင္တဲ့ ပမာဏပဲ ျဖစ္ပါတယ္”

မရွိမျဖစ္ မလိုအပ္သည့္ ေစ်းဆိုင္မ်ားကိုလာမည့္ ၁၅ ရက္အတြင္းအေျခအေနမ်ားေကာင္းမြန္လာမည္ဆိုပါက ျပန္လည္ဖြင့္လွစ္ရန္ ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္းလည္းမက္ခရြန္ကေျပာသည္။

လက္ရွိအားျဖင့္ ျပင္သစ္ႏိုင္ငံတြင္ ေန႔စဥ္ ေရာဂါကူးစက္မႈႏႈန္းမွာ ၃၅၀၀၀ ဝန္းက်င္ခန္႔ရွိေနျပီးေလာ့ေဒါင္းခ်မွတ္ျပီးလွ်င္ တစ္ရက္လွ်င္ ၅၀၀၀ ခန္႔သို႔ က်ဆင္းသြားရန္ ေမွ်ာ္မွန္းထားသည္။

“ျပင္သစ္မွာဗိုင္းရပ္စ္ဟာအဆိုးျမင္ဝါဒီေတြ မခန္႔မွန္းထားတဲ့ ျမန္ႏႈန္းနဲ႔ကို ျပန္႔ႏွံ႔ေနပါတယ္။ ဥေရာပတစ္လႊားမွာလည္းဒုတိယလႈိင္းရိုက္ခတ္မႈကိုရင္ဆိုင္ေနရပါတယ္။ ဒါဟာပထမလႈိင္းထက္ ပိုမိုခက္ခဲမွာျဖစ္ျပီးအေသအေပ်ာက္ပိုမ်ားလိမ့္မွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ထိန္းခ်ဳပ္ဖို႔ ဘာမွမလုပ္ဘူးဆိုရင္ လအနည္းငယ္အတြင္းေနာက္ထပ္ေသဆံုးသူအနည္းဆံုး ၄၀၀၀၀၀ ေလာက္ ရွိသြားဖြယ္ရွိပါတယ္” ဟုသမၼတမက္ခရြန္ကေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: France announces second national lockdown: Macron says COVID second wave will be 'worse than first' and doing nothing will 'kill 400k people' - but schools stay open under month-long restrictions (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service