သူဌေးကြီး Elon Musk က အင်္ဂါဂြိုဟ်တွင် လူပေါင်းတစ်သန်းနေထိုင်နိုင်မည့် မြို့ကြီးတစ်မြို့ တည်ဆောက်မည်

သူဌေးကြီး Elon Musk က အင်္ဂါဂြိုဟ်တွင် လူပေါင်းတစ်သန်းနေထိုင်နိုင်မည့် မြို့ကြီးတစ်မြို့ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
27 Oct 2020 12:23 pm တွင် တင်ခဲ့သည်
946 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

SpaceX တည်ထောင်သူ၊ Tesla Inc ၏ အမှုဆောင်အရာရှိချုပ် သူဌေးကြီး Elon Musk တွင် အင်္ဂါဂြိုဟ်ပေါ်၌ လူပေါင်းတစ်သန်း နေထိုင်နိုင်မည့် မြို့ကြီးတစ်မြို့ တည်ဆောက်မည်ဟူသော ခမ်းနားကြီးကျယ်သည့် စိတ်ကူးကြီးတစ်ခု ရှိနေသည်။

SpaceX ၏ Starlink ဆက်သွယ်ရေးဂြိုဟ်တုများသည် အဆိုပါစီမံကိန်း၏ အဓိကအခရာတစ်ခု ဖြစ်လာမည်ဟု Elon Musk က ယုံကြည်သည်။

SpaceX ၏ ဥက္ကဌ၊ လုပ်ငန်းလည်ပတ်မှုအကြီးအကဲ (COO) Gwynee Shotwell က အင်္ဂါဂြိုဟ်သို့ အဆိုပါနည်းပညာ ဆောင်ကြဉ်းမည့် အရေးနှင့် စပ်လျဉ်းပြီး တိုင်းမဂ္ဂဇင်းသို့ မကြာသေးမီက ထုတ်ဖော်ပြောကြားထားသည်။

“အင်္ဂါဂြိုဟ်ကို ကျွန်မတို့ လူသားတွေ ပို့ဆောင်ပေးပြီးတဲ့အခါမှာ သူတို့ဟာ ဆက်သွယ်ရေးအတွက် လိုအပ်လာပါလိမ့်မယ်။ အင်္ဂါဂြိုဟ် မှာ Starlink လိုမျိုး ဆက်သွယ်ရေးဂြိုဟ်တုတွေဟာ ပိုပြီးတောင် အရေးပါလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်” ဆက်သွယ်ရေးဂြိုဟ်တုများသည် အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်သူတို့အတွက် အင်တာနက် အသုံးပြုရေး ဆောင်ကြဉ်းပေးမည်သာမကဘဲ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာမြေအကြား ဆက်သွယ်ရေးအတွက် ပေါင်းကူးတံတားတစ်ခုသဖွယ်လည်း လုပ်ဆောင်ပေးမည် ဖြစ်သည်။

Shotwell က ပြောကြားရာတွင် ကမ္ဘာမြေတွင် ကြောက်မက်ဖွယ်ဖြစ်ရပ်ကြီးများ ဖြစ်ပေါ်လာသည့်အခါမျိုးတွင် အင်္ဂါဂြိုဟ်သည် လူသားများအတွက် ရွေးချယ်စရာတစ်ခုအဖြစ် ပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

“Elon က ဒီကုမ္ပဏီကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က လူသားတွေကို တခြားဂြိုဟ်တွေဆီ ရွှေ့ပြောင်းနိုင်စေမယ့် အာကာသ သယ်ယူပို့ဆောင်ရေးစွမ်းပကား တည်ထောင်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

၂၀၀၂ ခုနှစ်တုန်းက Elon နဲ့ အင်တာဗျူးဝင်ခဲ့တာကို ကျွန်မ သတိရမိပါတယ်။ သူ့မှာ ဒီလိုမျိုး ခမ်းနားတဲ့ ပန်းတိုင်တစ်ခုရှိနေခဲ့တယ်။ အဲ့ဒီအချိန်တုန်းကတော့ ဒီလိုစိတ်ကူးမျိုးက လုံးဝ အရူးသက်သက်လိုပါပဲ” ဟု Shotwell က ပြောသည်။

“နှစ်ပေါင်း ၂၀ နီးပါး ကြာမြင့်သွားပြီး ဒီနေ့အခါမှာတော့ ဒါက ရူးသွပ်တဲ့စိတ်ကူး မဟုတ်တော့ပါဘူး။ အနည်းဆုံးတော့ အတွင်းစည်းက လူတွေအတွက်ပေါ့။ Elon ဟာ အင်္ဂါဂြိုဟ်ကို အခြေချဖို့ နှစ်ပေါင်းများစွာ သူ့စိတ်နှလုံးသားတွေ နှစ်မြှုပ်ထားခဲ့တယ်။

ဒါတွေကို တကယ်ဖြစ်လာစေဖို့ သူဘယ်လို စီမံကိန်းတွေချနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး Elon ဟာ ရှက်မနေခဲ့ဘူး”

Elon Musk သည် ၂၀၅၀ ပြည့်နှစ်တွင် လူပေါင်းတစ်သန်းကို အင်္ဂါဂြိုဟ်သို့ ပို့ဆောင်ပေးရန် ရည်မှန်းထားသည်။

တစ်ရက်လျှင် အင်္ဂါဂြိုဟ်ခရီးစဉ် ၃ ခု၊ တနည်းအားဖြင့် တစ်နှစ်လျှင် ခရီးစဉ်ပေါင်း ၁၀၀၀ ခန့်၊ ခရီးစဉ်တစ်ခုလျှင် လူဦးရေ ၁၀၀ ခန့် ပို့ဆောင်ပေးရန် Elon က စီစဉ်ထားသည်။

၂၀၂၂ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ ကုန်ပို့ခရီးစဉ် ၂ ကြိမ်သွားရောက်ရန်၊ ယင်းနောက်တွင် ခရီးစဉ် ၄ ခု ထပ်မံ စေလွှတ်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ကုန်ပို့ ခရီးစဉ် ၂ ခုနှင့် လူသားအခြေချမည့်သူများ လိုက်ပါမည့် ခရီးစဉ် ၂ ခု စေလွှတ်မည်ဟု Elon Musk က ၂၀၁၇ ခုနှစ်တွင် ရည်မှန်းခဲ့သည်။

ပြီးခဲ့သောလအတွင်း လူသားများအင်္ဂါဂြိုဟ်သို့ ခြေချရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ (Humans to Mars Summit) ကို အွန်လိုင်းမှ တဆင့် ပြုလုပ်ခဲ့ရာတွင် Elon Musk က SpaceX ၏ Starship ဒုံးပျံ ထုတ်လုပ်နေမှုမှာ တိုးတက်မှုများ ရှိနေကြောင်း၊ သို့သော် အင်္ဂါဂြိုဟ်ပေါ်တွင် အခြေစိုက်စခန်းတစ်ခု ဆောက်လုပ်ရေးနှင့် စပ်လျဉ်းပြီး ရတက်မအေး ဖြစ်ရမှုများလည်းရှိကြောင်း၊ အလုံးစုံ ကိုယ့်အားကိုယ်ကိုးရမည့် (ရေ၊ လေ အစရှိသည်) မြို့ကြီးတစ်မြို့ တည်ထောင်ရေးမှာ ခက်ခဲမည်ဖြစ်ပြီး စင်္ကြာဝဠာအတွင်း လူ့ယဉ်ကျေးမှုတစ်ရပ် တည်ထောင်ရေးတွင် အခြေချနေထိုင်သူတို့တွင် အန္တရာယ်ပေါင်းများစွာလည်း ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: SpaceX aims to build a Starlink mega constellation around MARS to provide internet to the one million people the firm will send to colonize the Red Planet (Daily Mail)

 

 

[Zawgyi]

သူေဌးႀကီး Elon Musk က အဂၤ ါၿဂိဳဟ္တြင္ လူေပါင္းတစ္သန္းေနထိုင္ႏိုင္မည့္ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ တည္ေဆာက္မည္

SpaceX တည္ေထာင္သူ၊ Tesla Inc ၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ သူေဌးႀကီး Elon Musk တြင္ အဂၤ ါၿဂိဳဟ္ေပၚ၌ လူေပါင္းတစ္သန္း ေနထိုင္ႏိုင္မည့္ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ တည္ေဆာက္မည္ဟူေသာ ခမ္းနားႀကီးက်ယ္သည့္ စိတ္ကူးႀကီးတစ္ခု ႐ွိေနသည္။

SpaceX ၏ Starlink ဆက္သြယ္ေရးၿဂိဳဟ္တုမ်ားသည္ အဆိုပါစီမံကိန္း၏ အဓိကအခရာတစ္ခု ျဖစ္လာမည္ဟု Elon Musk က ယုံၾကည္သည္။

SpaceX ၏ ဥကၠဌ၊ လုပ္ငန္းလည္ပတ္မႈအႀကီးအကဲ (COO) Gwynee Shotwell က အဂၤ ါၿဂိဳဟ္သို႔ အဆိုပါနည္းပညာ ေဆာင္ၾကဥ္းမည့္ အေရးႏွင့္ စပ္လ်ဥ္းၿပီး တိုင္းမဂၢဇင္းသို႔ မၾကာေသးမီက ထုတ္ေဖာ္ေျပာၾကားထားသည္။

“အဂၤ ါၿဂိဳဟ္ကို ကြၽန္မတို႔ လူသားေတြ ပို႔ေဆာင္ေပးၿပီးတဲ့အခါမွာ သူတို႔ဟာ ဆက္သြယ္ေရးအတြက္ လိုအပ္လာပါလိမ့္မယ္။ အဂၤ ါၿဂိဳဟ္ မွာ Starlink လိုမ်ိဳး ဆက္သြယ္ေရးၿဂိဳဟ္တုေတြဟာ ပိုၿပီးေတာင္ အေရးပါလိမ့္မယ္လို႔ ကြၽန္မ ထင္ပါတယ္” ဆက္သြယ္ေရးၿဂိဳဟ္တုမ်ားသည္ အဂၤ ါၿဂိဳဟ္ေပၚတြင္ ေနထိုင္သူတို႔အတြက္ အင္တာနက္ အသုံးျပဳေရး ေဆာင္ၾကဥ္းေပးမည္သာမကဘဲ အဂၤ ါၿဂိဳဟ္ႏွင့္ ကမ႓ာေျမအၾကား ဆက္သြယ္ေရးအတြက္ ေပါင္းကူးတံတားတစ္ခုသဖြယ္လည္း လုပ္ေဆာင္ေပးမည္ ျဖစ္သည္။

Shotwell က ေျပာၾကားရာတြင္ ကမ႓ာေျမတြင္ ေၾကာက္မက္ဖြယ္ျဖစ္ရပ္ႀကီးမ်ား ျဖစ္ေပၚလာသည့္အခါမ်ိဳးတြင္ အဂၤ ါၿဂိဳဟ္သည္ လူသားမ်ားအတြက္ ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ေပးႏိုင္ရန္ ရည္႐ြယ္သည္ဟု ဆိုသည္။

“Elon က ဒီကုမၸဏီကို တည္ေထာင္ရတဲ့ ရည္႐ြယ္ခ်က္က လူသားေတြကို တျခားၿဂိဳဟ္ေတြဆီ ေ႐ႊ႕ေျပာင္းႏိုင္ေစမယ့္ အာကာသ သယ္ယူပို႔ေဆာင္ေရးစြမ္းပကား တည္ေထာင္ႏိုင္ဖို႔ ရည္႐ြယ္ခဲ့တာပါ။

၂၀၀၂ ခုႏွစ္တုန္းက Elon နဲ႔ အင္တာဗ်ဴးဝင္ခဲ့တာကို ကြၽန္မ သတိရမိပါတယ္။ သူ႕မွာ ဒီလိုမ်ိဳး ခမ္းနားတဲ့ ပန္းတိုင္တစ္ခု႐ွိေနခဲ့တယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ ဒီလိုစိတ္ကူးမ်ိဳးက လုံးဝ အ႐ူးသက္သက္လိုပါပဲ” ဟု Shotwell က ေျပာသည္။

“ႏွစ္ေပါင္း ၂၀ နီးပါး ၾကာျမင့္သြားၿပီး ဒီေန႔အခါမွာေတာ့ ဒါက ႐ူးသြပ္တဲ့စိတ္ကူး မဟုတ္ေတာ့ပါဘူး။ အနည္းဆုံးေတာ့ အတြင္းစည္းက လူေတြအတြက္ေပါ့။ Elon ဟာ အဂၤ ါၿဂိဳဟ္ကို အေျခခ်ဖို႔ ႏွစ္ေပါင္းမ်ားစြာ သူ႕စိတ္ႏွလုံးသားေတြ ႏွစ္ျမႇဳပ္ထားခဲ့တယ္။

ဒါေတြကို တကယ္ျဖစ္လာေစဖို႔ သူဘယ္လို စီမံကိန္းေတြခ်ေနတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး Elon ဟာ ႐ွက္မေနခဲ့ဘူး” Elon Musk သည္ ၂၀၅၀ ျပည့္ႏွစ္တြင္ လူေပါင္းတစ္သန္းကို အဂၤ ါၿဂိဳဟ္သို႔ ပို႔ေဆာင္ေပးရန္ ရည္မွန္းထားသည္။

တစ္ရက္လွ်င္ အဂၤ ါၿဂိဳဟ္ခရီးစဥ္ ၃ ခု၊ တနည္းအားျဖင့္ တစ္ႏွစ္လွ်င္ ခရီးစဥ္ေပါင္း ၁၀၀၀ ခန္႔၊ ခရီးစဥ္တစ္ခုလွ်င္ လူဦးေရ ၁၀၀ ခန္႔ ပို႔ေဆာင္ေပးရန္ Elon က စီစဥ္ထားသည္။

၂၀၂၂ ခုႏွစ္တြင္ အဂၤ ါၿဂိဳဟ္သို႔ ကုန္ပို႔ခရီးစဥ္ ၂ ႀကိမ္သြားေရာက္ရန္၊ ယင္းေနာက္တြင္ ခရီးစဥ္ ၄ ခု ထပ္မံ ေစလႊတ္မည္ျဖစ္ၿပီး ၂၀၂၄ ခုႏွစ္တြင္ ကုန္ပို႔ ခရီးစဥ္ ၂ ခုႏွင့္ လူသားအေျခခ်မည့္သူမ်ား လိုက္ပါမည့္ ခရီးစဥ္ ၂ ခု ေစလႊတ္မည္ဟု Elon Musk က ၂၀၁၇ ခုႏွစ္တြင္ ရည္မွန္းခဲ့သည္။

ၿပီးခဲ့ေသာလအတြင္း လူသားမ်ားအဂၤ ါၿဂိဳဟ္သို႔ ေျခခ်ေရးဆိုင္ရာ ထိပ္သီးေဆြးေႏြးပြဲ (Humans to Mars Summit) ကို အြန္လိုင္းမွ တဆင့္ ျပဳလုပ္ခဲ့ရာတြင္ Elon Musk က SpaceX ၏ Starship ဒုံးပ်ံ ထုတ္လုပ္ေနမႈမွာ တိုးတက္မႈမ်ား ႐ွိေနေၾကာင္း၊ သို႔ေသာ္ အဂၤ ါၿဂိဳဟ္ေပၚတြင္ အေျခစိုက္စခန္းတစ္ခု ေဆာက္လုပ္ေရးႏွင့္ စပ္လ်ဥ္းၿပီး ရတက္မေအး ျဖစ္ရမႈမ်ားလည္း႐ွိေၾကာင္း၊ အလုံးစုံ ကိုယ့္အားကိုယ္ကိုးရမည့္ (ေရ၊ ေလ အစ႐ွိသည္) ၿမိဳ႕ႀကီးတစ္ၿမိဳ႕ တည္ေထာင္ေရးမွာ ခက္ခဲမည္ျဖစ္ၿပီး စႀကၤာဝဠာအတြင္း လူ႕ယဥ္ေက်းမႈတစ္ရပ္ တည္ေထာင္ေရးတြင္ အေျခခ်ေနထိုင္သူတို႔တြင္ အႏၲရာယ္ေပါင္းမ်ားစြာလည္း ရင္ဆိုင္ရႏိုင္ေၾကာင္း ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: SpaceX aims to build a Starlink mega constellation around MARS to provide internet to the one million people the firm will send to colonize the Red Planet (Daily Mail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service