COVID-19 အတွက် ဗီတာမင်ဖြည့်စွက်ဆေးဝါးများ သောက်သုံးရန် သင့်၊ မသင့်?

COVID-19 အတွက် ဗီတာမင်ဖြည့်စွက်ဆေးဝါးများ သောက်သုံးရန် သင့်၊ မသင့်? - Property News in Myanmar from iMyanmarHouse.com
27 Oct 2020 10:57 am တွင် တင်ခဲ့သည်
8566 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗီတာမင်ဖြည့်စွက်ဆေးဝါးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ခုခံတွန်းလှန်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်ပါသလား? COVID-19 မဖြစ်အောင် ဘယ်ဗီတာမင်ကို သောက်သုံးနိုင်ပါသလဲ?

ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်တွေအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ COVID-19 ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ကို တွန်းလှန်ပေးမယ့် သင့်ရဲ့ ခုခံအားကို တိုးမြှင့်စေဖို့ရာ ဘယ်ဗီတာမင်တွေကို သင်သောက်သုံးသင့်ပါသလဲ? ဒီဖြည့်စွက်ဆေးဝါးတွေဟာ တကယ်ကိုပဲ ထိရောက်အလုပ်ဖြစ်တယ်ဆိုတဲ့ သက်သေတစ်ခုခုများ ရှိပါသလား? တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင် ဘယ်လိုအန္တရာယ်တွေများ ရှိပါလိမ့်?

ဒီမေးခွန်းတွေအတွက် အဖြေကို ရရှိဖို့ ကျန်းမာရေးသိပ္ပံကုမ္ပဏီ ZOE ရဲ့ ပူးတွဲတည်ထောင်သူ ပါမောက္ခတင်မ်စပတ်တာနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးချက်တွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင်တွေဟာ ကိုယ်ခံစွမ်းအားအတွက် အဓိကကျပါသလား?

COVID-19 ရောဂါဖြစ်စေတဲ့ ကိုရို‌နာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။ အဲဒါရဲ့ ရလဒ်တစ်ခုအနေနဲ့ ကျွန်တော်တို့တတွေဟာ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ နည်းလမ်းတွေကို ရှာဖွေနေကြရပါတော့တယ်။ လူအများအပြားက ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် ဗီတာမင်ဖြည့်စွက်‌ဆေးဝါးတွေ (အထူးသဖြင့် ကိုယ်ခံအားကောင်းမွန်စေတဲ့ ဖြည့်စွက်ဆေးဝါးတွေ) ကို ဝယ်ယူသောက်သုံးလာကြပါတယ်။

ဗီတာမင်တွေဟာ ကျွန်တော်တို့ရဲ့ ခုခံအားစနစ်တွေကို ရောဂါကူးစက်မှုကနေ ကာကွယ်‌ဖို့နဲ့ ရောဂါတိုက်ဖျက်‌ရေးမှာ အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်ပါတယ်။ ဗီတာမင် A ၊ C ၊ E နဲ့ B6 အားလုံးဟာ ကျန်းမာသန်စွမ်းအောင်နဲ့ ဗိုင်းရပ်စ်လိုမျိုး ရောဂါဖြစ်ပွားစေတဲ့ ပစ္စည်းတွေကို ပုံမှန်ကိုယ်ခံစွမ်းအားတုံ့ပြန်နိုင်အောင် ပံ့ပိုးပေးပါတယ်။ ဖောလစ်အက်ဆစ်၊ ဇင့်၊ ဆလီနီယံ၊ သံဓာတ်နဲ့ ကြေးနီစတဲ့ သတ္တုဓာတ်တွေကလည်း အလားတူပဲဖြစ်ပါတယ်။

အဲဒီအာဟာရဓာတ်တွေချို့တဲ့ရင် ကျွန်တော်တို့ဟာ ရောဂါကူးစက်မှုတွေကို ပိုပြီးတော့ ခံနိုင်ရည်မရှိတော့တာ ဒါမှမဟုတ် နာမကျန်းဖြစ်မှုကို နှင်ထုတ်ပယ်ရှားနိုင်စွမ်းနည်းသွားပါလိမ့်မယ်။

ဆိုတော့ကာ ကျွန်တော်တို့တွေဟာ ခုခံစွမ်းအားစနစ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်စေဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေကို လုံလုံလောက်လောက်ရရှိတာသေချာစေဖို့အတွက် ဖြည့်စွက်ဆေးဝါးတွေကို သောက်သုံးသင့်ပါသလား?

ဗီတာမင်ချို့တဲ့ကြောင်း ဆေးစစ်မှုတွေအရ တွေ့ရှိထားတဲ့ သူတွေကတော့ ဆေးကုသခွင့်လက်မှတ်ရ ဆရာဝန်တွေ၊ အာဟာရပညာရှင်တွေကနေ ညွှန်ကြားထားတဲ့ သင့်လျော်တဲ့ဖြည့်စွက်ဆေးဝါးတွေကို သောက်သုံးရင် အကျိုးကျေးဇူးရနိုင်တာကို သိမှတ်ထားဖို့ လိုပါတယ်။

ဥပမာပြောရရင် နို့စို့ကလေးတွေနဲ့ ဗီတာမင်ဒီကြွယ်ဝတဲ့အစားအစာတွေကို အစားနည်းတဲ့ အသက် နှစ်နှစ်အောက်ကလေးတွေအတွက် ဗီတာမင်ဒီဖြည့်စွက်ဆေးဝါး သောက်သုံးဖို့ အမေရိကန်ကူးစက်ရောဂါထိန်းချုပ်တားဆီးကာကွယ်‌ရေးဌာနက ထောက်ခံထားသလိုမျိုးပေါ့။

တခြားသူတွေအများစုအတွက်ကတော့ ဗီတာမင်ဖြည့်စွက်ဆေးဝါးတွဟာ သူတို့တွေးထင်ထားကြသလိုမျိုး ခုခံအားကောင်းဖို့အတွက် လွယ်ကူတဲ့အဖြေတစ်ခု မဟုတ်ပါဘူး။

ဗီတာမင်ဖြည့်စွက်ဆေးဝါးတွေဟာ ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေနိုင်ပါသလား?

“သိပ္ပံနည်းကျစာပေတွေမှာ ဗီတာမင်ဖြည့်စွက်ဆေးဝါးတွေကို ထောက်ခံတဲ့ အထောက်အထားက အခြေအနေ သိပ်မကောင်းပါဘူး။ နှစ်ခုသုံးခုလောက်ကလွဲရင် ဗီတာမင်ဖြည့်စွက်ဆေးဝါးအများစုကို ထောက်ခံထားတဲ့ အချက်အလက် လုံးလုံးမရှိဘူးလို့ကို ကျွန်တော်ပြောရပါမယ်။” ဟု တင်မ်က ပြောကြားခဲ့ပါတယ်။

“ဗီတာမင်ဒီဖြည့်စွက်ဆေးဝါးတွေဟာ ခုခံစွမ်းအားစနစ်အတွက် အကူအညီဖြစ်စေနိုင်ကြောင်းပြဖို့လုပ်တဲ့ လေ့လာမှုလေးတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတွေအများစုက အပေါ်ယံစူးစမ်းလေ့လာမှုတွေပဲဖြစ်ပြီး အခြေအနေအမျိုးမျိုးနဲ့ အသေးစိတ်လက်တွေ့စမ်းသပ်လေ့လာမှုတွေကတော့ ဗီတာမင် D ဖြည့်စွက်ဆေးဝါးတွေဟာ ခုခံစွမ်းအားစနစ်အတွက် အကူအညီမဖြစ်စေနိုင်ဘူးလို့ တွေ့ရှိထားပါတယ်။” ဟုလည်း သူက ပြောကြားခဲ့ပါတယ်။

“လူတွေက ဗီတာမင် C ဖြည့်စွက်ဆေးဝါးနဲ့ပတ်သက်ပြီးတော့လည်း မကြာခဏမေးကြတယ်။ အလားတူပါပဲ ဗီတာမင်စီဖြည့်စွက်ဆေးဝါးဟာလည်း ဘယ်ကူးစက်ရောဂါကနေမှ မကာကွယ်ပေးနိုင်ဘူးလို့ လက်တွေ့လေ့လာစမ်းသပ်မှုရလဒ်တွေ ထွက်ရှိထားပါတယ်။” ဟုလည်း တင်မ်က ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

ဒါကြောင့် ဗီတာမင်ဖြည့်စွက်ဆေးဝါးတွေနဲ့ပတ်သက်တဲ့ အထောက်အထားက အတော်လေးအပေါ်ယံကျပါတယ်။ အမှန်တရားကတော့ ဗီတာမင်ဖြည့်စွက်ဆေးဝါးအများစုဟာ လူအများစုအတွက် အလုပ်မဖြစ်ပါဘူး။ ဗီတာမင်ဖြည့်စွက်ဆေးဝါးအများအပြားကို ခန္ဓာကိုယ်က ကောင်းကောင်းမစုပ်ယူဘဲ တချို့ဆေးတွေဆို ဆီးပိုသွားစေတာပဲ အဖတ်တင်စေပါလိမ့်မယ်။

ဘာက အန္တရာယ်ပါလိမ့်?

“ဗီတာမင်တွေကို သူ့သဘောသဘာဝအရ ပမာဏအနည်းငယ်ပဲ ပုံမှန်ရဖို့လိုတာပါ။ များသွားမယ်ဆိုရင် ခင်ဗျားအတွက် သိပ်ကိုဆိုးရွားစေနိုင်ပါတယ်။ ဗီတာမင်ဖြည့်စွက်ဆေးဝါးသောက်လို့ အသက်ရှင်သွားရတဲ့လူအရေအတွက်ထက် သေသွားရတဲ့သူက ပိုပြီးတော့ များနိုင်ပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့ နည်းပြီး ခိုင်မာစိတ်ချရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေနဲ့ ခန္ဓာကိုယ်က နေသားကျပေမဲ့ လူတွေဖန်တီးထားတဲ့ ဗီတာမင်ဓာတုပစ္စည်းတွေ ပမာဏအများကြီးနဲ့တော့ ခန္ဓာကိုယ်က အဆင်မပြေပါဘူး။” ဟု တင်မ်က ရှင်းပြခဲ့ပါတယ်။

COVID-19 ကို တွန်းလှန်ဖို့ရာ ခုခံအားစနစ်ကို ထောက်ပံ့ဖို့ အကောင်းဆုံးနည်းက ဘာလဲ?

အဖြေကတော့ ရှင်းပါတယ်။ “အသီးအရွက်အစုံ အသီးအနှံမျိုးစုံစားနဲ့ အာဟာရမျှတစွာ စားသုံးပါ။ အဲဒီလိုစားသောက်မှုက ခင်ဗျားလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအားလုံး ခင်ဗျားကို ပေးပါလိမ့်မယ်။ ဒါက ခင်ဗျားရဲ့ ခုခံအားစနစ်ကို အားကောင်းစေနိုင်ဖို့ အသေချာဆုံးနည်းပါပဲ” ဟု တင်မ်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You asked: Should I take vitamin supplements for COVID-19?

 

[Zawgyi]

COVID-19 အတြက္ ဗီတာမင္ျဖည့္စြက္ေဆးဝါးမ်ား ေသာက္သုံးရန္ သင့္၊ မသင့္?

ဗီတာမင္ျဖည့္စြက္ေဆးဝါးေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ခုခံတြန္းလွန္ႏိုင္တဲ့ ကိုယ္ခံစြမ္းအားကို တိုးျမႇင့္ေပးႏိုင္ပါသလား? COVID-19 မျဖစ္ေအာင္ ဘယ္ဗီတာမင္ကို ေသာက္သုံးႏိုင္ပါသလဲ?

ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို ကြၽန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္ခုခံအားစနစ္ေတြအတြက္ မ႐ွိမျဖစ္လိုအပ္တယ္ဆိုတာကို ကြၽန္ေတာ္တို႔အားလုံး သိၾကပါတယ္။ ဒါေပမဲ့ COVID-19 ေရာဂါကို ျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္အသစ္ကို တြန္းလွန္ေပးမယ့္ သင့္ရဲ႕ ခုခံအားကို တိုးျမႇင့္ေစဖို႔ရာ ဘယ္ဗီတာမင္ေတြကို သင္ေသာက္သုံးသင့္ပါသလဲ? ဒီျဖည့္စြက္ေဆးဝါးေတြဟာ တကယ္ကိုပဲ ထိေရာက္အလုပ္ျဖစ္တယ္ဆိုတဲ့ သက္ေသတစ္ခုခုမ်ား ႐ွိပါသလား? တကယ္လို႔ အလုပ္မျဖစ္ဘူးဆိုရင္ ဘယ္လိုအႏၲရာယ္ေတြမ်ား ႐ွိပါလိမ့္?

ဒီေမးခြန္းေတြအတြက္ အေျဖကို ရ႐ွိဖို႔ က်န္းမာေရးသိပၸံကုမၸဏီ ZOE ရဲ႕ ပူးတြဲတည္ေထာင္သူ ပါေမာကၡတင္မ္စပတ္တာနဲ႔ ကြၽန္ေတာ္တို႔ ေတြ႕ဆုံေဆြးေႏြးခ်က္ေတြကို ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

ဗီတာမင္ေတြဟာ ကိုယ္ခံစြမ္းအားအတြက္ အဓိကက်ပါသလား?

COVID-19 ေရာဂါျဖစ္ေစတဲ့ ကို႐ို‌နာဗိုင္းရပ္စ္ဟာ တစ္ကမ႓ာလုံးကို လႊမ္းမိုးသိမ္းပိုက္ထားတာပဲ ျဖစ္ပါတယ္။ အဲဒါရဲ႕ ရလဒ္တစ္ခုအေနနဲ႔ ကြၽန္ေတာ္တို႔တေတြဟာ ကိုယ့္ကိုယ္ကိုယ္နဲ႔ ကိုယ္ခ်စ္ရတဲ့သူေတြကို ကာကြယ္ေစာင့္ေ႐ွာက္ဖို႔ နည္းလမ္းေတြကို ႐ွာေဖြေနၾကရပါေတာ့တယ္။ လူအမ်ားအျပားက က်န္းက်န္းမာမာေနႏိုင္ဖို႔အတြက္ ဗီတာမင္ျဖည့္စြက္‌ေဆးဝါးေတြ (အထူးသျဖင့္ ကိုယ္ခံအားေကာင္းမြန္ေစတဲ့ ျဖည့္စြက္ေဆးဝါးေတြ) ကို ဝယ္ယူေသာက္သုံးလာၾကပါတယ္။

ဗီတာမင္ေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ ခုခံအားစနစ္ေတြကို ေရာဂါကူးစက္မႈကေန ကာကြယ္‌ဖို႔နဲ႔ ေရာဂါတိုက္ဖ်က္‌ေရးမွာ အဓိကအခန္းက႑အျဖစ္ ပါဝင္ပါတယ္။ ဗီတာမင္ A ၊ C ၊ E နဲ႔ B6 အားလုံးဟာ က်န္းမာသန္စြမ္းေအာင္နဲ႔ ဗိုင္းရပ္စ္လိုမ်ိဳး ေရာဂါျဖစ္ပြားေစတဲ့ ပစၥည္းေတြကို ပုံမွန္ကိုယ္ခံစြမ္းအားတုံ႔ျပန္ႏိုင္ေအာင္ ပံ့ပိုးေပးပါတယ္။ ေဖာလစ္အက္ဆစ္၊ ဇင့္၊ ဆလီနီယံ၊ သံဓာတ္နဲ႔ ေၾကးနီစတဲ့ သတၱဳဓာတ္ေတြကလည္း အလားတူပဲျဖစ္ပါတယ္။

အဲဒီအာဟာရဓာတ္ေတြခ်ိဳ႕တဲ့ရင္ ကြၽန္ေတာ္တို႔ဟာ ေရာဂါကူးစက္မႈေတြကို ပိုၿပီးေတာ့ ခံႏိုင္ရည္မ႐ွိေတာ့တာ ဒါမွမဟုတ္ နာမက်န္းျဖစ္မႈကို ႏွင္ထုတ္ပယ္႐ွားႏိုင္စြမ္းနည္းသြားပါလိမ့္မယ္။

ဆိုေတာ့ကာ ကြၽန္ေတာ္တို႔ေတြဟာ ခုခံစြမ္းအားစနစ္ေတြ ေကာင္းေကာင္းအလုပ္လုပ္ႏိုင္ေစဖို႔ရာ မ႐ွိမျဖစ္လိုအပ္တဲ့ ဗီတာမင္ေတြကို လုံလုံေလာက္ေလာက္ရ႐ွိတာေသခ်ာေစဖို႔အတြက္ ျဖည့္စြက္ေဆးဝါးေတြကို ေသာက္သုံးသင့္ပါသလား?

ဗီတာမင္ခ်ိဳ႕တဲ့ေၾကာင္း ေဆးစစ္မႈေတြအရ ေတြ႕႐ွိထားတဲ့ သူေတြကေတာ့ ေဆးကုသခြင့္လက္မွတ္ရ ဆရာဝန္ေတြ၊ အာဟာရပညာ႐ွင္ေတြကေန ၫႊန္ၾကားထားတဲ့ သင့္ေလ်ာ္တဲ့ျဖည့္စြက္ေဆးဝါးေတြကို ေသာက္သုံးရင္ အက်ိဳးေက်းဇူးရႏိုင္တာကို သိမွတ္ထားဖို႔ လိုပါတယ္။

ဥပမာေျပာရရင္ ႏို႔စို႔ကေလးေတြနဲ႔ ဗီတာမင္ဒီႂကြယ္ဝတဲ့အစားအစာေတြကို အစားနည္းတဲ့ အသက္ ႏွစ္ႏွစ္ေအာက္ကေလးေတြအတြက္ ဗီတာမင္ဒီျဖည့္စြက္ေဆးဝါး ေသာက္သုံးဖို႔ အေမရိကန္ကူးစက္ေရာဂါထိန္းခ်ဳပ္တားဆီးကာကြယ္‌ေရးဌာနက ေထာက္ခံထားသလိုမ်ိဳးေပါ့။

တျခားသူေတြအမ်ားစုအတြက္ကေတာ့ ဗီတာမင္ျဖည့္စြက္ေဆးဝါးတြဟာ သူတို႔ေတြးထင္ထားၾကသလိုမ်ိဳး ခုခံအားေကာင္းဖို႔အတြက္ လြယ္ကူတဲ့အေျဖတစ္ခု မဟုတ္ပါဘူး။

ဗီတာမင္ျဖည့္စြက္ေဆးဝါးေတြဟာ ခုခံအားစနစ္ကို ပိုမိုေကာင္းမြန္ေစႏိုင္ပါသလား?

“သိပၸံနည္းက်စာေပေတြမွာ ဗီတာမင္ျဖည့္စြက္ေဆးဝါးေတြကို ေထာက္ခံတဲ့ အေထာက္အထားက အေျခအေန သိပ္မေကာင္းပါဘူး။ ႏွစ္ခုသုံးခုေလာက္ကလြဲရင္ ဗီတာမင္ျဖည့္စြက္ေဆးဝါးအမ်ားစုကို ေထာက္ခံထားတဲ့ အခ်က္အလက္ လုံးလုံးမ႐ွိဘူးလို႔ကို ကြၽန္ေတာ္ေျပာရပါမယ္။” ဟု တင္မ္က ေျပာၾကားခဲ့ပါတယ္။

“ဗီတာမင္ဒီျဖည့္စြက္ေဆးဝါးေတြဟာ ခုခံစြမ္းအားစနစ္အတြက္ အကူအညီျဖစ္ေစႏိုင္ေၾကာင္းျပဖို႔လုပ္တဲ့ ေလ့လာမႈေလးေတြလည္း ႐ွိခဲ့ပါတယ္။ ဒါေပမဲ့ အဲဒါေတြအမ်ားစုက အေပၚယံစူးစမ္းေလ့လာမႈေတြပဲျဖစ္ၿပီး အေျခအေနအမ်ိဳးမ်ိဳးနဲ႔ အေသးစိတ္လက္ေတြ႕စမ္းသပ္ေလ့လာမႈေတြကေတာ့ ဗီတာမင္ D ျဖည့္စြက္ေဆးဝါးေတြဟာ ခုခံစြမ္းအားစနစ္အတြက္ အကူအညီမျဖစ္ေစႏိုင္ဘူးလို႔ ေတြ႕႐ွိထားပါတယ္။” ဟုလည္း သူက ေျပာၾကားခဲ့ပါတယ္။

“လူေတြက ဗီတာမင္ C ျဖည့္စြက္ေဆးဝါးနဲ႔ပတ္သက္ၿပီးေတာ့လည္း မၾကာခဏေမးၾကတယ္။ အလားတူပါပဲ ဗီတာမင္စီျဖည့္စြက္ေဆးဝါးဟာလည္း ဘယ္ကူးစက္ေရာဂါကေနမွ မကာကြယ္ေပးႏိုင္ဘူးလို႔ လက္ေတြ႕ေလ့လာစမ္းသပ္မႈရလဒ္ေတြ ထြက္႐ွိထားပါတယ္။” ဟုလည္း တင္မ္က ျဖည့္စြက္ေျပာၾကားခဲ့ပါေသးတယ္။

ဒါေၾကာင့္ ဗီတာမင္ျဖည့္စြက္ေဆးဝါးေတြနဲ႔ပတ္သက္တဲ့ အေထာက္အထားက အေတာ္ေလးအေပၚယံက်ပါတယ္။ အမွန္တရားကေတာ့ ဗီတာမင္ျဖည့္စြက္ေဆးဝါးအမ်ားစုဟာ လူအမ်ားစုအတြက္ အလုပ္မျဖစ္ပါဘူး။ ဗီတာမင္ျဖည့္စြက္ေဆးဝါးအမ်ားအျပားကို ခႏၶာကိုယ္က ေကာင္းေကာင္းမစုပ္ယူဘဲ တခ်ိဳ႕ေဆးေတြဆို ဆီးပိုသြားေစတာပဲ အဖတ္တင္ေစပါလိမ့္မယ္။

ဘာက အႏၲရာယ္ပါလိမ့္?

“ဗီတာမင္ေတြကို သူ႕သေဘာသဘာဝအရ ပမာဏအနည္းငယ္ပဲ ပုံမွန္ရဖို႔လိုတာပါ။ မ်ားသြားမယ္ဆိုရင္ ခင္ဗ်ားအတြက္ သိပ္ကိုဆိုး႐ြားေစႏိုင္ပါတယ္။ ဗီတာမင္ျဖည့္စြက္ေဆးဝါးေသာက္လို႔ အသက္႐ွင္သြားရတဲ့လူအေရအတြက္ထက္ ေသသြားရတဲ့သူက ပိုၿပီးေတာ့ မ်ားႏိုင္ပါတယ္။ အစားအစာေတြမွာ ပါဝင္တဲ့ နည္းၿပီး ခိုင္မာစိတ္ခ်ရတဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြနဲ႔ ခႏၶာကိုယ္က ေနသားက်ေပမဲ့ လူေတြဖန္တီးထားတဲ့ ဗီတာမင္ဓာတုပစၥည္းေတြ ပမာဏအမ်ားႀကီးနဲ႔ေတာ့ ခႏၶာကိုယ္က အဆင္မေျပပါဘူး။” ဟု တင္မ္က ႐ွင္းျပခဲ့ပါတယ္။

COVID-19 ကို တြန္းလွန္ဖို႔ရာ ခုခံအားစနစ္ကို ေထာက္ပံ့ဖို႔ အေကာင္းဆုံးနည္းက ဘာလဲ?

အေျဖကေတာ့ ႐ွင္းပါတယ္။ “အသီးအ႐ြက္အစုံ အသီးအႏွံမ်ိဳးစုံစားနဲ႔ အာဟာရမွ်တစြာ စားသုံးပါ။ အဲဒီလိုစားေသာက္မႈက ခင္ဗ်ားလိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြအားလုံး ခင္ဗ်ားကို ေပးပါလိမ့္မယ္။ ဒါက ခင္ဗ်ားရဲ႕ ခုခံအားစနစ္ကို အားေကာင္းေစႏိုင္ဖို႔ အေသခ်ာဆုံးနည္းပါပဲ” ဟု တင္မ္က ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You asked: Should I take vitamin supplements for COVID-19?

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service