စပိန်တွင် COVID-19 အရေးပေါ်အခြေအနေသစ် ကြေညာ၊ ဧပြီအထိ သက်တမ်းတိုးနိုင်ဖွယ်ရှိ

စပိန်တွင် COVID-19 အရေးပေါ်အခြေအနေသစ် ကြေညာ၊ ဧပြီအထိ သက်တမ်းတိုးနိုင်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
26 Oct 2020 12:03 pm တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စပိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းချက်တစ်ရပ်အနေဖြင့် နိုင်ငံအဆင့်အရေးပေါ်အခြေအနေသစ်တစ်ရပ်ကို စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်က အောက်တိုဘာ ၂၅ တွင် ကြေညာခဲ့ကာ ညဘက်အပြင်မထွက်ရအမိန့် ချမှတ်လိုက်ပြီဖြစ်သည်။

အောက်တိုဘာ ၂၅ ညမှ စတင်ကာ အာဏာသက်ရောက်ပြီဖြစ်သော ထိုအရေးပေါ်အခြေအနေသစ်အရ စီမံချက်သစ်များတွင် ကနေးရီကျွန်းစုမှအပ ကျန်ဒေသအားလုံး၌ ည ၁၁ နာရီမှ နံနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့်၊ သီးခြားအိမ်ထောင်စုများမှ လူ ၆ ဦးအထိသာ စုဝေးခွင့်ပြုခြင်းနှင့် ပြည်တွင်း၌ ဒေသတစ်ခုမှတစ်ခုသို့ အချို့ကိစ္စများတွင် ခရီးသွားလာမှုများ တားမြစ်ပိတ်ပင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့တွေဟာ မရေရာမသေချာမှုတွေနဲ့ အချိန်ဖိအားတွေ ပါဝင်နေတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်မှာ နေထိုင်နေကြရတာပါ။ ဒါဟာ ယခုနောက်ဆုံးရာစုနှစ်အတွင်း အပြင်းထန်ဆုံး ကျန်းမာရေးအကျပ်အတည်းပါပဲ။” ဟု သူက အောက်တိုဘာ ၂၅ တွင် အစိုးရအဖွဲ့အစည်းအဝေးတစ်ခုပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုသို့ ပြောကြားခဲ့သည်။

ကနဦးတွင် ၁၅ ရက်သက်တမ်းရှိသော ၎င်းစီမံချက်များအား ၁၅ ရက်ထက် သက်တမ်းပိုလွန်နိုင်ရန်မှာ ပါလီမန်၏ ခွင့်ပြုချက်ရရှိရန် လိုအပ်မည်ဖြစ်သည်။

ထို့ကြောင့် ယင်းအရေးပေါ်စီမံချက်သစ်များအား ၆ လအထိ သက်တမ်းတိုးမြှင့်ပေးရန် ပါလီမန်သို့ ယခုသီတင်းပတ်နှောင်းပိုင်း၌ တောင်းဆိုမည်ဖြစ်ကြောင်းလည်း ဆန်းချက်က ပြောကြားခဲ့သည်။

စပိန်သည် ကူးစက်မှုပထမလှိုင်းတုန်းက ကမ္ဘာ့အတင်းကျပ်ဆုံးသော lockdown တစ်ခုကို ချမှတ်ခဲ့ပြီး ကူးစက်မှုများ ပြန်လည်ကျဆင်းသွားခဲ့ပြီးနောက် ‌နွေရာသီအကုန်တွင် ထိုတင်းကျပ်မှုများကို ဖြေလျှော့ခဲ့သည်။

သို့သော် အခြားဥရောပနိုင်ငံအများအပြားကဲ့သို့ပင် စပိန်နိုင်ငံတွင်လည်း ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဒုတိယလှိုင်း ရိုက်ခံမှု တွေ့ရှိလာရကာ ယခုအခါ အနောက်ဥရောပတွင် ကူးစက်မှုအမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာပြီဖြစ်သည်။

အောက်တိုဘာ ၂၃ အထိ စုစုပေါင်းကူးစက်ခံရသူဦးရေမှာ ၁၀၄၆၁၃၂ သို့ မြင့်တက်ခဲ့ပြီး သေဆုံးသူဦးရေမှာလည်း ၃၅,၀၀၀ နီးပါး ရှိလာပြီဖြစ်သည်။

ကူးစက်မှုဒုတိယလှိုင်းဒဏ်ခံနေရသည့် အခြားဥရောပနိုင်ငံများအနက် အီတလီတွင်လည်း အောက်တိုဘာ ၂၅ ၌ တင်းကျပ်မှုသစ်များ ကြေညာခဲ့သည်။

ပြင်သစ်တွင်လည်း နေ့စဉ်ကူးစက်မှုသစ်များ စံချိန်တင်တွေ့ရှိလာရကာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း၌ပင် ကူးစက်မှုပေါင်း ၅၂,၀၁၀ ရှိခဲ့ပြီး အောက်တိုဘာ ၂၄ က တွေ့ရှိခဲ့သည့် ကူးစက်မှု ၄၅,၀၀၀ မှ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covid: Spain imposes national night-time curfew to curb infections (BBC)

 

[Zawgyi]

 

စပိန္တြင္ COVID-19 အေရးေပၚအေျခအေနသစ္ ေၾကညာ၊ ဧၿပီအထိ သက္တမ္းတိုးႏိုင္ဖြယ္႐ွိ

စပိန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမင့္တက္ေနျခင္းကို ထိန္းခ်ဳပ္ရန္ ႀကိဳးပမ္းခ်က္တစ္ရပ္အေနျဖင့္ ႏိုင္ငံအဆင့္အေရးေပၚအေျခအေနသစ္တစ္ရပ္ကို စပိန္ဝန္ႀကီးခ်ဳပ္ ပီဒ႐ိုဆန္းခ်က္က ေအာက္တိုဘာ ၂၅ တြင္ ေၾကညာခဲ့ကာ ညဘက္အျပင္မထြက္ရအမိန္႔ ခ်မွတ္လိုက္ၿပီျဖစ္သည္။

ေအာက္တိုဘာ ၂၅ ညမွ စတင္ကာ အာဏာသက္ေရာက္ၿပီျဖစ္ေသာ ထိုအေရးေပၚအေျခအေနသစ္အရ စီမံခ်က္သစ္မ်ားတြင္ ကေနးရီကြၽန္းစုမွအပ က်န္ေဒသအားလုံး၌ ည ၁၁ နာရီမွ နံနက္ ၆ နာရီအထိ အျပင္မထြက္ရအမိန္႔၊ သီးျခားအိမ္ေထာင္စုမ်ားမွ လူ ၆ ဦးအထိသာ စုေဝးခြင့္ျပဳျခင္းႏွင့္ ျပည္တြင္း၌ ေဒသတစ္ခုမွတစ္ခုသို႔ အခ်ိဳ႕ကိစၥမ်ားတြင္ ခရီးသြားလာမႈမ်ား တားျမစ္ပိတ္ပင္ျခင္းတို႔ ပါဝင္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ေတြဟာ မေရရာမေသခ်ာမႈေတြနဲ႔ အခ်ိန္ဖိအားေတြ ပါဝင္ေနတဲ့ ပုံမွန္မဟုတ္တဲ့ အေျခအေနတစ္ရပ္မွာ ေနထိုင္ေနၾကရတာပါ။ ဒါဟာ ယခုေနာက္ဆုံးရာစုႏွစ္အတြင္း အျပင္းထန္ဆုံး က်န္းမာေရးအက်ပ္အတည္းပါပဲ။” ဟု သူက ေအာက္တိုဘာ ၂၅ တြင္ အစိုးရအဖြဲ႕အစည္းအေဝးတစ္ခုၿပီးေနာက္ သတင္းစာ႐ွင္းလင္းပြဲတစ္ခုသို႔ ေျပာၾကားခဲ့သည္။

ကနဦးတြင္ ၁၅ ရက္သက္တမ္း႐ွိေသာ ၎စီမံခ်က္မ်ားအား ၁၅ ရက္ထက္ သက္တမ္းပိုလြန္ႏိုင္ရန္မွာ ပါလီမန္၏ ခြင့္ျပဳခ်က္ရ႐ွိရန္ လိုအပ္မည္ျဖစ္သည္။

ထို႔ေၾကာင့္ ယင္းအေရးေပၚစီမံခ်က္သစ္မ်ားအား ၆ လအထိ သက္တမ္းတိုးျမႇင့္ေပးရန္ ပါလီမန္သို႔ ယခုသီတင္းပတ္ေႏွာင္းပိုင္း၌ ေတာင္းဆိုမည္ျဖစ္ေၾကာင္းလည္း ဆန္းခ်က္က ေျပာၾကားခဲ့သည္။

စပိန္သည္ ကူးစက္မႈပထမလိႈင္းတုန္းက ကမ႓ာ့အတင္းက်ပ္ဆုံးေသာ lockdown တစ္ခုကို ခ်မွတ္ခဲ့ၿပီး ကူးစက္မႈမ်ား ျပန္လည္က်ဆင္းသြားခဲ့ၿပီးေနာက္ ‌ေႏြရာသီအကုန္တြင္ ထိုတင္းက်ပ္မႈမ်ားကို ေျဖေလွ်ာ့ခဲ့သည္။

သို႔ေသာ္ အျခားဥေရာပႏိုင္ငံအမ်ားအျပားကဲ့သို႔ပင္ စပိန္ႏိုင္ငံတြင္လည္း ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ဒုတိယလိႈင္း ႐ိုက္ခံမႈ ေတြ႕႐ွိလာရကာ ယခုအခါ အေနာက္ဥေရာပတြင္ ကူးစက္မႈအျမင့္မားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္လာၿပီျဖစ္သည္။

ေအာက္တိုဘာ ၂၃ အထိ စုစုေပါင္းကူးစက္ခံရသူဦးေရမွာ ၁၀၄၆၁၃၂ သို႔ ျမင့္တက္ခဲ့ၿပီး ေသဆုံးသူဦးေရမွာလည္း ၃၅,၀၀၀ နီးပါး ႐ွိလာၿပီျဖစ္သည္။

ကူးစက္မႈဒုတိယလိႈင္းဒဏ္ခံေနရသည့္ အျခားဥေရာပႏိုင္ငံမ်ားအနက္ အီတလီတြင္လည္း ေအာက္တိုဘာ ၂၅ ၌ တင္းက်ပ္မႈသစ္မ်ား ေၾကညာခဲ့သည္။

ျပင္သစ္တြင္လည္း ေန႔စဥ္ကူးစက္မႈသစ္မ်ား စံခ်ိန္တင္ေတြ႕႐ွိလာရကာ ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း၌ပင္ ကူးစက္မႈေပါင္း ၅၂,၀၁၀ ႐ွိခဲ့ၿပီး ေအာက္တိုဘာ ၂၄ က ေတြ႕႐ွိခဲ့သည့္ ကူးစက္မႈ ၄၅,၀၀၀ မွ ျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covid: Spain imposes national night-time curfew to curb infections (BBC)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service