Covid-19 ကာကွယ်ဆေး အိန္ဒိယ-မြန်မာ ပူးပေါင်းထုတ်လုပ်နိုင်ရန် အွန်လိုင်းမှဆွေးနွေးလျက်ရှိ

Covid-19 ကာကွယ်ဆေး အိန္ဒိယ-မြန်မာ ပူးပေါင်းထုတ်လုပ်နိုင်ရန် အွန်လိုင်းမှဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
26 Oct 2020 11:06 am တွင် တင်ခဲ့သည်
17213 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းကာ COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရေးနှင့် စပ်လျဉ်းပြီး ပထမအကြိမ် ဆွေးနွေးပွဲကို ယခုရက်သတ္တပတ်အစောပိုင်းက ပြုလုပ်ခဲ့ကြသည်။

နှစ်နိုင်ငံဘက်မှ အရေးပါသော ပုဂ္ဂိုလ်များသည် COVID-19 ကာကွယ်ဆေး ပူးပေါင်းထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ရေးကဏ္ဍဆိုင်ရာ အကြောင်းရပ်များကို အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာ၏ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်တွင် ကာကွယ်ဆေးမျှဝေရေး၌ မြန်မာနိုင်ငံကို ဦးစားပေးရန် အိန္ဒိယက ဆန္ဒရှိမှုကို အရိပ်အမြွက်ပြသခဲ့သည်။

ယခုလအစောပိုင်းက မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ်တွင် ရှရင်ဂလာသည် Remdesivir ဆေး အလုံးရေ ၃၀၀၀ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းမှာ COVID-19 ကြောင့် ထိခိုက်မှုများ လျော့ပါးစေရေးအတွက် မြန်မာနိုင်ငံကို အိန္ဒိယကကူညီမည်ဟူသည့် ကတိကဝတ်၏ ပြယုဂ်လည်း ဖြစ်သည်။

COVID-19 ကပ်ရောဂါတိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်းပြီး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က WION သတင်းဌာနသို့ ပြောကြားရာတွင် “ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ အိန္ဒိယဘက်ကို ကျွန်တော်တို့ အကြောင်းကြားခဲ့ပါတယ်” ဟု ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလတွင် အိန္ဒိယသည် ဒေသတွင်းအပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံများသို့ ထိတွေ့ကူညီမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလည်း ပါဝင်သည်။ အိန္ဒိယသည် မြန်မာနိုင်ငံသို့ COVID အတွက် ကန်ဒေါ်လာ ၁ သန်းကျော်ဖိုး အကူအညီများ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများ မြင့်တက်လာခြင်းမှာ အိန္ဒိယ၏ မူဝါဒဖြစ်သော အိန္ဒိယကာကွယ်ဆေးကို လူသားအားလုံးအတွက် အသုံးပြုမည်ဟူသည့် မူဝါဒအရ ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ “ကမ္ဘာပေါ်မှာ ကာကွယ်ဆေးအကြီးမားဆုံး ထုတ်လုပ်တဲ့ နိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအဝန်းကို ဒီနေ့ ကျွန်တော် အာမခံချက်တစ်ခု ထပ်ပေးချင်ပါတယ်။ အိန္ဒိယရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ဖြန့်ချိမှု စွမ်းအားကို ဒီအကျပ်အတည်းကြီး ရင်ဆိုင်တိုက်ခိုက်နေရတဲ့ လူသားအားလုံးကို အကူအညီပေးဖို့အတွက် အသုံးပြုသွားလိမ့်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အိန္ဒိယပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အဆင့် ၃ စမ်းသပ်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ကာကွယ်ဆေး ဖြန့်ချိရေးအတွက် နိုင်ငံအားလုံးရဲ့ အအေးခန်းနဲ့ သိုလှောင်မှုစွမ်းအားတွေ တိုးတက်အောင် အိန္ဒိယက နိုင်ငံအားလုံးကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ကပ်ဘေးကာလအတွင်း အိန္ဒိယသည် ကိုဗစ်ကုသရေးဆိုင်ရာ ဆေးဝါးများကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ခန့်သို့ ပေးပို့ခဲ့သည်။ အိန္ဒိယ သိပ္ပံပညာရှင်များနှင့် သုတေသနအဖွဲ့များသည် အာဖဂန်နစ္စတန်၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်ဗ်၊ မော်ရီးတီးယပ်စ်၊ နီပေါနှင့် သီရိလင်္ကာကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် သုတေသနစွမ်းရည်တိုးတက်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကာတာနှင့် ဘူတန်နိုင်ငံတို့က အိန္ဒိယ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ၎င်းတို့၏ နိုင်ငံများတွင် လာရောက်စမ်းသပ်ရန် အိန္ဒိယသို့ တောင်းဆိုထားမှုများရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India, Myanmar working to jointly produce and supply COVID-19 vaccine (Zeenews.india)

 

[Zawgyi]

Covid-19 ကာကြယ္ေဆး အိႏိၵယ-ျမန္မာ ပူးေပါင္းထုတ္လုပ္ႏိုင္ရန္ အြန္လိုင္းမွေဆြးေႏြးလ်က္ရွိ

အိႏိၵယႏွင့္ ျမန္မာႏိုင္ငံတို႔ ပူးေပါင္းကာ COVID-19 ကာကြယ္ေဆး ထုတ္လုပ္ေရးႏွင့္ စပ္လ်ဥ္းျပီး ပထမအၾကိမ္ ေဆြးေႏြးပြဲကို ယခုရက္သတၱပတ္အေစာပိုင္းက ျပဳလုပ္ခဲ့ၾကသည္။

ႏွစ္ႏိုင္ငံဘက္မွ အေရးပါေသာ ပုဂၢိဳလ္မ်ားသည္ COVID-19 ကာကြယ္ေဆး ပူးေပါင္းထုတ္လုပ္ေရး၊ ျဖန္႔ျဖဴးေရးႏွင့္ ေထာက္ပံ့ေရးက႑ဆိုင္ရာ အေၾကာင္းရပ္မ်ားကို အြန္လိုင္းမွတဆင့္ ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။

အိႏိၵယ ႏိုင္ငံျခားေရးအတြင္းဝန္ ဟာ့ရွ္ ရွရင္ဂလာ၏ ျမန္မာႏိုင္ငံ အလည္အပတ္ခရီးစဥ္တြင္ ကာကြယ္ေဆးမွ်ေဝေရး၌ ျမန္မာႏိုင္ငံကို ဦးစားေပးရန္ အိႏိၵယက ဆႏၵရွိမႈကို အရိပ္အျမြက္ျပသခဲ့သည္။

ယခုလအေစာပိုင္းက ျမန္မာႏိုင္ငံသို႔ အလည္အပတ္ေရာက္ရွိစဥ္တြင္ ရွရင္ဂလာသည္ Remdesivir ေဆး အလံုးေရ ၃၀၀၀ ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းမွာ COVID-19 ေၾကာင့္ ထိခိုက္မႈမ်ား ေလ်ာ့ပါးေစေရးအတြက္ ျမန္မာႏိုင္ငံကို အိႏိၵယကကူညီမည္ဟူသည့္ ကတိကဝတ္၏ ျပယုဂ္လည္း ျဖစ္သည္။

COVID-19 ကပ္ေရာဂါတိုက္ဖ်က္မႈ ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ စပ္လ်ဥ္းျပီး အိႏိၵယႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ၾကီး ဦးမိုးေက်ာ္ေအာင္က WION သတင္းဌာနသို႔ ေျပာၾကားရာတြင္ “ကာကြယ္ေဆးထုတ္လုပ္ေရးအတြက္ ျမန္မာႏိုင္ငံဟာ အိႏိၵယနဲ႔ ပူးေပါင္းေဆာင္ရြက္မွာျဖစ္တယ္လို႔ အိႏိၵယဘက္ကို ကၽြန္ေတာ္တို႔ အေၾကာင္းၾကားခဲ့ပါတယ္” ဟု ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္အက်ပ္အတည္းကာလတြင္ အိႏိၵယသည္ ေဒသတြင္းအျပင္ ကမၻာတစ္လႊားရွိ ႏိုင္ငံမ်ားသို႔ ထိေတြ႔ကူညီမႈမ်ား ျပဳလုပ္ခဲ့ရာ ျမန္မာႏိုင္ငံလည္း ပါဝင္သည္။ အိႏိၵယသည္ ျမန္မာႏိုင္ငံသို႔ COVID အတြက္ ကန္ေဒၚလာ ၁ သန္းေက်ာ္ဖုိး အကူအညီမ်ား ေပးအပ္ခဲ့ျပီး ျဖစ္သည္။

ႏွစ္ႏိုင္ငံထိေတြ႔ဆက္ဆံမႈမ်ား ျမင့္တက္လာျခင္းမွာ အိႏိၵယ၏ မူဝါဒျဖစ္ေသာ အိႏိၵယကာကြယ္ေဆးကို လူသားအားလံုးအတြက္ အသံုးျပဳမည္ဟူသည့္ မူဝါဒအရ ျဖစ္သည္။

ျပီးခဲ့ေသာ စက္တင္ဘာလအတြင္း အိႏိၵယဝန္ၾကီးခ်ဳပ္ မိုဒီက ကုလသမဂၢအေထြေထြညီလာခံတြင္ မိန္႔ခြန္းေျပာၾကားခဲ့ရာ၌ “ကမၻာေပၚမွာ ကာကြယ္ေဆးအၾကီးမားဆံုး ထုတ္လုပ္တဲ့ ႏိုင္ငံအေနနဲ႔ ကမၻာ့အသိုင္းအဝန္းကို ဒီေန႔ ကၽြန္ေတာ္ အာမခံခ်က္တစ္ခု ထပ္ေပးခ်င္ပါတယ္။ အိႏိၵယရဲ႕ ကာကြယ္ေဆးထုတ္လုပ္မႈနဲ႔ ျဖန္႔ခ်ိမႈ စြမ္းအားကို ဒီအက်ပ္အတည္းၾကီး ရင္ဆိုင္တိုက္ခိုက္ေနရတဲ့ လူသားအားလံုးကို အကူအညီေပးဖို႔အတြက္ အသံုးျပဳသြားလိမ့္မွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ အိႏိၵယျပည္တြင္းနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြမွာ အဆင့္ ၃ စမ္းသပ္မႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။ ကာကြယ္ေဆး ျဖန္႔ခ်ိေရးအတြက္ ႏိုင္ငံအားလံုးရဲ႕ အေအးခန္းနဲ႔ သိုေလွာင္မႈစြမ္းအားေတြ တိုးတက္ေအာင္ အိႏိၵယက ႏိုင္ငံအားလံုးကို အကူအညီေပးသြားမွာ ျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

ကပ္ေဘးကာလအတြင္း အိႏိၵယသည္ ကိုဗစ္ကုသေရးဆိုင္ရာ ေဆးဝါးမ်ားကို ကမၻာ့ႏိုင္ငံေပါင္း ၁၅၀ ခန္႔သို႔ ေပးပို႔ခဲ့သည္။ အိႏိၵယ သိပၸံပညာရွင္မ်ားႏွင့္ သုေတသနအဖြဲ႔မ်ားသည္ အာဖဂန္နစၥတန္၊ ဘူတန္၊ ဘဂၤလားေဒ့ရွ္၊ ေမာ္လ္ဒိုက္ဗ္၊ ေမာ္ရီးတီးယပ္စ္၊ နီေပါႏွင့္ သီရိလကၤာကဲ့သို႔ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ သုေတသနစြမ္းရည္တိုးတက္ေစရန္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိသည္။

ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ ကာတာႏွင့္ ဘူတန္ႏိုင္ငံတို႔က အိႏိၵယ၏ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ၎တို႔၏ ႏိုင္ငံမ်ားတြင္ လာေရာက္စမ္းသပ္ရန္ အိႏိၵယသို႔ ေတာင္းဆိုထားမႈမ်ားရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: India, Myanmar working to jointly produce and supply COVID-19 vaccine (Zeenews.india)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service