တရုတ်လုပ် Covid-19 ကာကွယ်ဆေးကို ဝယ်ယူမည်မဟုတ်ကြောင်း ဘရာဇီးသမ္မတ ပြောကြား

တရုတ်လုပ် Covid-19 ကာကွယ်ဆေးကို ဝယ်ယူမည်မဟုတ်ကြောင်း ဘရာဇီးသမ္မတ ပြောကြား - Property News in Myanmar from iMyanmarHouse.com
26 Oct 2020 10:46 am တွင် တင်ခဲ့သည်
1359 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘရာဇီးသမ္မတ ရှား ဘိုဆိုးနာရို (Jair Bolsonaro) သည် ဘရာဇီးမှ နာမည်ကျော် သုတေသန အင်စတီကျုတစ်ခုနှင့် ပူးပေါင်းထုတ်လုပ်နေသော တရုတ်ကာကွယ်ဆေးအပေါ် ဝေဖန်မှုများ ပိုမိုပြုလုပ်လာသည်။

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း ဖြေရှင်းကိုင်တွယ်ပုံများနှင့် စပ်လျဉ်းပြီး ယုံကြည်ဖွယ်ရာ မရှိကြောင်း ဘရာဇီးသမ္မတက ပြောကြားသည်။

“ကျွန်တော်တို့ဟာ တရုတ်ဆီကနေ ကာကွယ်ဆေး ဝယ်လိမ့်မှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော့် ဆုံးဖြတ်ချက်ပါပဲ” ဟု ဘိုဆိုးနာရိုက ရေဒီယို တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။ Sinovac Biotech Ltd က ထုတ်လုပ်သည့် ကာကွယ်ဆေးအပေါ် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည် ဟု ခံစားကြရမည်မဟုတ်ကြောင်း ဘရာဇီးသမ္မတက ပြောကြားသည်။

ဘိုဆိုးနာရိုက ပြောကြားရာတွင် ဘရာဇီးနိုင်ငံသည် AstraZeneca Plc ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်တို့နှင့် ပူးပေါင်းကာ ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် ဘရာဇီးရီးယက်စ်ငွေ ၂ ဘီလီယံ (ကန်ဒေါ်လာ ၃၅၉ သန်း) ရင်းနှီးမြှုပ်နှံထားပြီး တရုတ်ထုတ် ကာကွယ်ဆေးနှင့် စမ်းသပ်မှု တူညီသောအဆင့်တွင် ရောက်ရှိနေကြောင်း ပြောကြားသည်။

တရုတ်ပြည်မှ Sinovac ကုမ္ပဏီသည် ဘရာဇီးမှ Butantan Institute နှင့် ပူးပေါင်းကာ ကာကွယ်ဆေး ထုတ်လုပ်နေခြင်းဖြစ်ပြီး ဆောင်း ပေါလို (Sao Paulo) မြို့တော်ဝန် ရှဝါ ဒိုးရီယာ (Joao Doria) ၏ ကွပ်ကဲစောင့်ကြည့်မှုဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ရှဝါ ဒိုးရီယာသည် သမ္မတ၏ အဓိကပြိုင်ဖက်များတွင် တစ်ဦးအပါအဝင်လည်း ဖြစ်သည်။

မြို့တော်ဝန် ဒိုးရီယာက သမ္မတအပေါ် ဝေဖန်ရှုတ်ချမှုပြုလုပ်ခဲ့ပြီး ကာကွယ်ဆေးကို ငြင်းပယ်ခြင်းသည် ရာဇဝတ်မှုဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ အုပ်ချုပ်ရေးမှူးများအနေဖြင့် လိုအပ်သည့် ဆက်လက်လုပ်ဆောင်မှုများ မပြုမီ သမ္မတကို စိတ်ပြောင်းနိုင်ရန် အချိန်ပေးထားမည်ဖြစ်ကြောင်း၊ ဆက်လက်လုပ်ဆောင်မည့် ခြေလှမ်းများတွင် တရားလွှတ်တော်ချုပ်တွင် ဦးတိုက်လျှောက်ထား တရားစွဲခြင်း ပါဝင်လာနိုင်ကြောင်း ပြောကြားသည်။

ယခုနှစ်အစောပိုင်းကလည်း တရားလွှတ်တော်ချုပ်သည် ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းချမှတ်မှုနှင့် လူမှုအလှမ်းခွါခြင်းတို့အား အဓိပ္ပာယ်ဖွင့်ရေးအတွက် သမ္မတနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ အငြင်းပွားရာတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို အနိုင်ပေး ဆုံးဖြတ်ခဲ့ဖူးသည်။

“သမ္မတဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို နှစ်နိုင်ငံသဘောတူ စာချုပ်လက်မှတ်ထိုးတာနဲ့ ကာကွယ်ဆေး ဝယ်တာတွေအပေါ် တားမြစ်လို့ မရနိုင်ပါဘူး” ဟု ဆောင်းပေါလို အခြေစိုက် ပြည်သူ့ရေးရာ မူဝါဒအထူးပြု ရှေ့နေတစ်ဦးဖြစ်သော ပေါလို အယ်လ်မေးဒါးက ပြောကြားသည်။

သမ္မတ ဘိုဆိုးနာရို၏ ဆုံးဖြတ်ချက်သည် တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးရေးလုပ်ငန်းကို ထိခိုက်စေကြောင်း အယ်လ်မေးဒါးက ပြောသည်။

Butantan အင်စတီကျု၏ ညွှန်ကြားရေးမှူးချုပ်က UOL သတင်းဝက်ဘ်ဆိုက်သို့ ပြောကြားရာတွင် ဘရာဇီး ကျန်းမာရေးဌာန Anvisa သည် Sinovac ၏ ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် လိုအပ်သော ကုန်ကြမ်းများ တရုတ်ပြည်မှ တင်သွင်းရေးကို ဟန့်တားနေကြောင်း ပြောကြားခဲ့သည်။

Anvisa က ထုတ်ပြန်ချက်တစ်ရပ် ကြေညာခဲ့ရာတွင် ကုန်ကြမ်းပစ္စည်းများ တင်သွင်းရန် Sinovac က တောင်းဆိုလာမှုအပေါ် ၅ ရက်အတွင်း ဆုံးဖြတ်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

သမ္မတ ဘိုဆိုးနာရိုက ရေဒီယိုတွေ့ဆုံမေးမြန်းခန်း မပြုလုပ်မီ နာရီပိုင်းအလိုတွင် သူ၏အခေါ်အရ “ရှဝါ ဒိုးရီယာ၏ တရုတ်ကာကွယ်ဆေး”ဟု အမည်ပေးထားသည့် ကာကွယ်ဆေးအပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီး အက်ဒွါးဒို ပါဇွဲလို၏ ကြေညာချက်ဖြစ်သော တရုတ်ပြည်မှ ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်ပါက တစ်နိုင်ငံလုံး ဖြန့်ဖြူးသွားမည်ဟူသော ကြေညာချက်ကိုလည်း ငြင်းဆိုပယ်ချမှု ပြုလုပ်ခဲ့သည်။

ပါဇွဲလိုသည် ဘရာဇီးတပ်မတော်မှ ဗိုလ်ချုပ်ကြီးတစ်ဦးလည်းဖြစ်ပြီး လက်ရှိအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကာ စစ်ဆေးရုံတွင် တက်ရောက်ကုသနေသည်။ သမ္မတအမိန့်ပေးသည့်အတိုင်း မိမိတို့ လိုက်နာမည်ဖြစ်ကြောင်း ပါဇွဲလိုက ပြောကြားသည်။

“သမ္မတရဲ့ စကားတွေက ပြည်သူတွေကို မလုံခြုံမှုနဲ့ သံသယတွေပဲ ခံစားကြရစေမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ နိုင်ငံသား မရှိပါဘူး။ ထိရောက်ဖို့ပဲ လိုပါတယ်” ဟု NGO အဖွဲ့တစ်ခုဖြစ်သော Instituto Questao de Ciencia ၏ ဒါရိုက်တာ၊ အနုဇီဝပညာရှင် နာတာလီယာ ပါစတာညက်က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brazil’s Bolsonaro Escalates Feud Over China-Backed Vaccine (Bloomberg)

 

[Zawgyi]

တ႐ုတ္လုပ္ Covid-19 ကာကြယ္ေဆးကို ဝယ္ယူမည္မဟုတ္ေၾကာင္း ဘရာဇီးသမၼတ ေျပာၾကား

ဘရာဇီးသမၼတ ႐ွား ဘိုဆိုးနာ႐ို (Jair Bolsonaro) သည္ ဘရာဇီးမွ နာမည္ေက်ာ္ သုေတသန အင္စတီက်ဳတစ္ခုႏွင့္ ပူးေပါင္းထုတ္လုပ္ေနေသာ တ႐ုတ္ကာကြယ္ေဆးအေပၚ ေဝဖန္မႈမ်ား ပိုမိုျပဳလုပ္လာသည္။

တ႐ုတ္ႏိုင္ငံသည္ ကို႐ိုနာဗိုင္းရပ္စ္အက်ပ္အတည္း ေျဖ႐ွင္းကိုင္တြယ္ပုံမ်ားႏွင့္ စပ္လ်ဥ္းၿပီး ယုံၾကည္ဖြယ္ရာ မ႐ွိေၾကာင္း ဘရာဇီးသမၼတက ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔ဟာ တ႐ုတ္ဆီကေန ကာကြယ္ေဆး ဝယ္လိမ့္မွာ မဟုတ္ပါဘူး။ ဒါဟာ ကြၽန္ေတာ္႕ ဆုံးျဖတ္ခ်က္ပါပဲ” ဟု ဘိုဆိုးနာ႐ိုက ေရဒီယို ေတြ႕ဆုံေမးျမန္းခန္းတြင္ ေျပာၾကားသည္။ Sinovac Biotech Ltd က ထုတ္လုပ္သည့္ ကာကြယ္ေဆးအေပၚ ျပည္သူမ်ားအေနျဖင့္ ေဘးကင္းလုံျခဳံသည္ ဟု ခံစားၾကရမည္မဟုတ္ေၾကာင္း ဘရာဇီးသမၼတက ေျပာၾကားသည္။

ဘိုဆိုးနာ႐ိုက ေျပာၾကားရာတြင္ ဘရာဇီးႏိုင္ငံသည္ AstraZeneca Plc ၊ ေအာက္စ္ဖို႔ဒ္ တကၠသိုလ္တို႔ႏွင့္ ပူးေပါင္းကာ ကာကြယ္ေဆးထုတ္လုပ္ေရးအတြက္ ဘရာဇီးရီးယက္စ္ေငြ ၂ ဘီလီယံ (ကန္ေဒၚလာ ၃၅၉ သန္း) ရင္းႏွီးျမႇဳပ္ႏွံထားၿပီး တ႐ုတ္ထုတ္ ကာကြယ္ေဆးႏွင့္ စမ္းသပ္မႈ တူညီေသာအဆင့္တြင္ ေရာက္႐ွိေနေၾကာင္း ေျပာၾကားသည္။

တ႐ုတ္ျပည္မွ Sinovac ကုမၸဏီသည္ ဘရာဇီးမွ Butantan Institute ႏွင့္ ပူးေပါင္းကာ ကာကြယ္ေဆး ထုတ္လုပ္ေနျခင္းျဖစ္ၿပီး ေဆာင္း ေပါလို (Sao Paulo) ၿမိဳ႕ေတာ္ဝန္ ႐ွဝါ ဒိုးရီယာ (Joao Doria) ၏ ကြပ္ကဲေစာင့္ၾကည့္မႈျဖင့္ လုပ္ေဆာင္ေနျခင္း ျဖစ္သည္။ ႐ွဝါ ဒိုးရီယာသည္ သမၼတ၏ အဓိကၿပိဳင္ဖက္မ်ားတြင္ တစ္ဦးအပါအဝင္လည္း ျဖစ္သည္။

ၿမိဳ႕ေတာ္ဝန္ ဒိုးရီယာက သမၼတအေပၚ ေဝဖန္႐ႈတ္ခ်မႈျပဳလုပ္ခဲ့ၿပီး ကာကြယ္ေဆးကို ျငင္းပယ္ျခင္းသည္ ရာဇဝတ္မႈျဖစ္ေၾကာင္း၊ ႏိုင္ငံအတြင္း႐ွိ အုပ္ခ်ဳပ္ေရးမႉးမ်ားအေနျဖင့္ လိုအပ္သည့္ ဆက္လက္လုပ္ေဆာင္မႈမ်ား မျပဳမီ သမၼတကို စိတ္ေျပာင္းႏိုင္ရန္ အခ်ိန္ေပးထားမည္ျဖစ္ေၾကာင္း၊ ဆက္လက္လုပ္ေဆာင္မည့္ ေျခလွမ္းမ်ားတြင္ တရားလႊတ္ေတာ္ခ်ဳပ္တြင္ ဦးတိုက္ေလွ်ာက္ထား တရားစြဲျခင္း ပါဝင္လာႏိုင္ေၾကာင္း ေျပာၾကားသည္။

ယခုႏွစ္အေစာပိုင္းကလည္း တရားလႊတ္ေတာ္ခ်ဳပ္သည္ ကို႐ိုနာဗိုင္းရပ္စ္ ေလာ့ေဒါင္းခ်မွတ္မႈႏွင့္ လူမႈအလွမ္းခြါျခင္းတို႔အား အဓိပၸာယ္ဖြင့္ေရးအတြက္ သမၼတႏွင့္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးမ်ား အျငင္းပြားရာတြင္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားကို အႏိုင္ေပး ဆုံးျဖတ္ခဲ့ဖူးသည္။

“သမၼတဟာ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြကို ႏွစ္ႏိုင္ငံသေဘာတူ စာခ်ဳပ္လက္မွတ္ထိုးတာနဲ႔ ကာကြယ္ေဆး ဝယ္တာေတြအေပၚ တားျမစ္လို႔ မရႏိုင္ပါဘူး” ဟု ေဆာင္းေပါလို အေျခစိုက္ ျပည္သူ႕ေရးရာ မူဝါဒအထူးျပဳ ေ႐ွ႕ေနတစ္ဦးျဖစ္ေသာ ေပါလို အယ္လ္ေမးဒါးက ေျပာၾကားသည္။

သမၼတ ဘိုဆိုးနာ႐ို၏ ဆုံးျဖတ္ခ်က္သည္ တစ္ႏိုင္ငံလုံး ကာကြယ္ေဆးထိုးေရးလုပ္ငန္းကို ထိခိုက္ေစေၾကာင္း အယ္လ္ေမးဒါးက ေျပာသည္။

Butantan အင္စတီက်ဳ၏ ၫႊန္ၾကားေရးမႉးခ်ဳပ္က UOL သတင္းဝက္ဘ္ဆိုက္သို႔ ေျပာၾကားရာတြင္ ဘရာဇီး က်န္းမာေရးဌာန Anvisa သည္ Sinovac ၏ ကာကြယ္ေဆး ထုတ္လုပ္ေရးအတြက္ လိုအပ္ေသာ ကုန္ၾကမ္းမ်ား တ႐ုတ္ျပည္မွ တင္သြင္းေရးကို ဟန္႔တားေနေၾကာင္း ေျပာၾကားခဲ့သည္။

Anvisa က ထုတ္ျပန္ခ်က္တစ္ရပ္ ေၾကညာခဲ့ရာတြင္ ကုန္ၾကမ္းပစၥည္းမ်ား တင္သြင္းရန္ Sinovac က ေတာင္းဆိုလာမႈအေပၚ ၅ ရက္အတြင္း ဆုံးျဖတ္ေပးသြားမည္ဟု ထုတ္ျပန္ထားသည္။

သမၼတ ဘိုဆိုးနာ႐ိုက ေရဒီယိုေတြ႕ဆုံေမးျမန္းခန္း မျပဳလုပ္မီ နာရီပိုင္းအလိုတြင္ သူ၏အေခၚအရ “႐ွဝါ ဒိုးရီယာ၏ တ႐ုတ္ကာကြယ္ေဆး”ဟု အမည္ေပးထားသည့္ ကာကြယ္ေဆးအေပၚ ေဝဖန္မႈမ်ား ျပဳလုပ္ခဲ့ၿပီး က်န္းမာေရးဝန္ႀကီး အက္ဒြါးဒို ပါဇြဲလို၏ ေၾကညာခ်က္ျဖစ္ေသာ တ႐ုတ္ျပည္မွ ကာကြယ္ေဆးစမ္းသပ္မႈ ေအာင္ျမင္ပါက တစ္ႏိုင္ငံလုံး ျဖန္႔ျဖဴးသြားမည္ဟူေသာ ေၾကညာခ်က္ကိုလည္း ျငင္းဆိုပယ္ခ်မႈ ျပဳလုပ္ခဲ့သည္။

ပါဇြဲလိုသည္ ဘရာဇီးတပ္မေတာ္မွ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးလည္းျဖစ္ၿပီး လက္႐ွိအားျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရကာ စစ္ေဆး႐ုံတြင္ တက္ေရာက္ကုသေနသည္။ သမၼတအမိန္႔ေပးသည့္အတိုင္း မိမိတို႔ လိုက္နာမည္ျဖစ္ေၾကာင္း ပါဇြဲလိုက ေျပာၾကားသည္။

“သမၼတရဲ႕ စကားေတြက ျပည္သူေတြကို မလုံျခဳံမႈနဲ႔ သံသယေတြပဲ ခံစားၾကရေစမွာ ျဖစ္ပါတယ္။ ကာကြယ္ေဆးမွာ ႏိုင္ငံသား မ႐ွိပါဘူး။ ထိေရာက္ဖို႔ပဲ လိုပါတယ္” ဟု NGO အဖြဲ႕တစ္ခုျဖစ္ေသာ Instituto Questao de Ciencia ၏ ဒါ႐ိုက္တာ၊ အႏုဇီဝပညာ႐ွင္ နာတာလီယာ ပါစတာညက္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brazil’s Bolsonaro Escalates Feud Over China-Backed Vaccine (Bloomberg)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service