ကိုရိုနာဗိုင်းရပ်စ်ကို ချေမှုန်း၍ မရဖွယ်ရှိကြောင်း ဗြိတိန်သိပ္ပံဆိုင်ရာအကြံပေး ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကို ချေမှုန်း၍ မရဖွယ်ရှိကြောင်း ဗြိတိန်သိပ္ပံဆိုင်ရာအကြံပေး ပြောကြား - Property News in Myanmar from iMyanmarHouse.com
23 Oct 2020 12:10 pm တွင် တင်ခဲ့သည်
1472 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကို အမြစ်ဖြတ်ချေမှုန်းသုတ်သင်နိုင်ရန် အလားအလာမရှိသဖြင့် ၎င်းဗိုင်းရပ်စ်သည် အမြဲထာဝရရှိနေလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ COVID-19 ကပ်ရောဂါဆိုင်ရာ အစိုးရအကြံပေးကော်မတီ၏ သိပ္ပံပညာရှင်တစ်ဦးက အောက်တိုဘာ ၂၁ တွင် ပြောကြားခဲ့သည်။

သို့သော်လည်း ထိုအခြေအနေကို အဆင်ပြေစေရန် ကာကွယ်ဆေးတစ်မျိုးက ကူညီပေးလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဥရောပရှိ အခြားနိုင်ငံများကဲ့သို့ပင် ဗြိတိန်တွင်လည်း လက်တလော၌ COVID-19 ရောဂါကူးစက်မှုများ ပြန်လည်တိုးပွားလာသည်။ နေ့စဉ် ကူးစက်မှုအသစ် နှစ်သောင်းကျော် ရှိလာနေပြီး နိုင်ငံနေရာအများအပြားတွင်လည်း စည်းကမ်းတင်းကျပ်မှုများ ချမှတ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့တွေ ဒီဗိုင်းရပ်စ်နဲ့ အမြဲထာဝရနေသွားရတော့မှာပါ။ အမြစ်ဖြတ်ချေမှုန်းပစ်နိုင်ဖို့အခွင့်အရေးက သိပ်ကို နည်းပါတယ်။” ဟု အရေးပေါ်အခြေအနေများနှင့်ပတ်သက်၍ သိပ္ပံဆိုင်ရာအကြံပေးအဖွဲ့ (SAGE) ၏ အဖွဲ့ဝင် ဂျွန်အက်ဒ်မန်က ဥပဒေပြဋ္ဌာန်းသူများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်က အချိန်အကန့်အသတ်မရှိ ရှိနေမည်ဖြစ်သော်လည်း ယခုနှစ်ဆောင်းတွင်းကုန်ပိုင်းတွင် ကာကွယ်ဆေးတစ်မျိုး ပေါ်ထွက်လာမည့်အလားအလာက အစိုးရ၏ မဟာဗျူဟာအပေါ် အကျိုးသက်ရောက်စေလောက်သည်ဟုလည်း အက်ဒ်မန်က ပြောကြားခဲ့သည်။

“ကာကွယ်ဆေးက လက်တစ်ကမ်းဖြစ်လာပြီဆိုတော့ ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေ ကူးစက်မှုပမာဏကို အခုချိန်မှာ တတ်နိုင်သလောက် နည်းနိုင်သမျှနည်းအောင် ကြိုးစားထိန်းထားသင့်ပါတယ်။ ဘာလို့ဆို သိပ်မဝေးတော့တဲ့ကာလမှာ ကျွန်တော်တို့တွေ ကာကွယ်ဆေးထိုးနှံနိုင်တော့မှာမို့လို့ပဲ ဖြစ်ပါတယ်။” ဟုလည်း သူက ပြောကြားခဲ့သည်။

“ကျွန်တော်ထင်တယ် ကျွန်တော်တို့ လအနည်းငယ်အတွင်းမှာ ထိုက်သင့်တဲ့အနေအထားတစ်ခုမှာ ရှိကြလိမ့်ပါလိမ့်မယ်။ စစချင်းတော့ ကူးစက်နိုင်ခြေ၊ ရောဂါဖြစ်ပွားနိုင်ခြေအများဆုံးသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ စသဖြင့် သူတို့တွေကို အရင်ဆုံးထိုးပေးနိုင်ပါတယ်။” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သေးသည်။

ဗြိတိန်နိုင်ငံသည် မတူညီသော COVID-19 ကာကွယ်ဆေးခြောက်မျိုး (ပမာဏအားဖြင့် ကာကွယ်ဆေး အလုံးရေ ၃၄၀) ရရှိရန် သ‌ဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: UK scientific advisor says coronavirus unlikely to be eradicated (reuters)

 

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္ကို ေခ်မႈန္း၍ မရဖြယ္႐ွိေၾကာင္း ၿဗိတိန္သိပၸံဆိုင္ရာအၾကံေပး ေျပာၾကား

ကို႐ိုနာဗိုင္းရပ္စ္ကို အျမစ္ျဖတ္ေခ်မႈန္းသုတ္သင္ႏိုင္ရန္ အလားအလာမ႐ွိသျဖင့္ ၎ဗိုင္းရပ္စ္သည္ အၿမဲထာဝရ႐ွိေနလိမ့္မည္ျဖစ္ေၾကာင္း ၿဗိတိန္ႏိုင္ငံဆိုင္ရာ COVID-19 ကပ္ေရာဂါဆိုင္ရာ အစိုးရအၾကံေပးေကာ္မတီ၏ သိပၸံပညာ႐ွင္တစ္ဦးက ေအာက္တိုဘာ ၂၁ တြင္ ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း ထိုအေျခအေနကို အဆင္ေျပေစရန္ ကာကြယ္ေဆးတစ္မ်ိဳးက ကူညီေပးလိမ့္မည္ျဖစ္ေၾကာင္းလည္း ၎က ေျပာၾကားခဲ့သည္။

ဥေရာပ႐ွိ အျခားႏိုင္ငံမ်ားကဲ့သို႔ပင္ ၿဗိတိန္တြင္လည္း လက္တေလာ၌ COVID-19 ေရာဂါကူးစက္မႈမ်ား ျပန္လည္တိုးပြားလာသည္။ ေန႔စဥ္ ကူးစက္မႈအသစ္ ႏွစ္ေသာင္းေက်ာ္ ႐ွိလာေနၿပီး ႏိုင္ငံေနရာအမ်ားအျပားတြင္လည္း စည္းကမ္းတင္းက်ပ္မႈမ်ား ခ်မွတ္ထားေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ေတြ ဒီဗိုင္းရပ္စ္နဲ႔ အၿမဲထာဝရေနသြားရေတာ့မွာပါ။ အျမစ္ျဖတ္ေခ်မႈန္းပစ္ႏိုင္ဖို႔အခြင့္အေရးက သိပ္ကို နည္းပါတယ္။” ဟု အေရးေပၚအေျခအေနမ်ားႏွင့္ပတ္သက္၍ သိပၸံဆိုင္ရာအၾကံေပးအဖြဲ႕ (SAGE) ၏ အဖြဲ႕ဝင္ ဂြၽန္အက္ဒ္မန္က ဥပေဒျပ႒ာန္းသူမ်ားသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္က အခ်ိန္အကန္႔အသတ္မ႐ွိ ႐ွိေနမည္ျဖစ္ေသာ္လည္း ယခုႏွစ္ေဆာင္းတြင္းကုန္ပိုင္းတြင္ ကာကြယ္ေဆးတစ္မ်ိဳး ေပၚထြက္လာမည့္အလားအလာက အစိုးရ၏ မဟာဗ်ဴဟာအေပၚ အက်ိဳးသက္ေရာက္ေစေလာက္သည္ဟုလည္း အက္ဒ္မန္က ေျပာၾကားခဲ့သည္။

“ကာကြယ္ေဆးက လက္တစ္ကမ္းျဖစ္လာၿပီဆိုေတာ့ ကြၽန္ေတာ့္အျမင္ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ေတြ ကူးစက္မႈပမာဏကို အခုခ်ိန္မွာ တတ္ႏိုင္သေလာက္ နည္းႏိုင္သမွ်နည္းေအာင္ ႀကိဳးစားထိန္းထားသင့္ပါတယ္။ ဘာလို႔ဆို သိပ္မေဝးေတာ့တဲ့ကာလမွာ ကြၽန္ေတာ္တို႔ေတြ ကာကြယ္ေဆးထိုးႏွံႏိုင္ေတာ့မွာမို႔လို႔ပဲ ျဖစ္ပါတယ္။” ဟုလည္း သူက ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္ထင္တယ္ ကြၽန္ေတာ္တို႔ လအနည္းငယ္အတြင္းမွာ ထိုက္သင့္တဲ့အေနအထားတစ္ခုမွာ ႐ွိၾကလိမ့္ပါလိမ့္မယ္။ စစခ်င္းေတာ့ ကူးစက္ႏိုင္ေျခ၊ ေရာဂါျဖစ္ပြားႏိုင္ေျခအမ်ားဆုံးသူေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြ စသျဖင့္ သူတို႔ေတြကို အရင္ဆုံးထိုးေပးႏိုင္ပါတယ္။” ဟုလည္း သူက ျဖည့္စြက္ေျပာၾကားခဲ့ေသးသည္။

ၿဗိတိန္ႏိုင္ငံသည္ မတူညီေသာ COVID-19 ကာကြယ္ေဆးေျခာက္မ်ိဳး (ပမာဏအားျဖင့္ ကာကြယ္ေဆး အလုံးေရ ၃၄၀) ရ႐ွိရန္ သ‌ေဘာတူစာခ်ဳပ္မ်ား ခ်ဳပ္ဆိုထားၿပီးျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: UK scientific advisor says coronavirus unlikely to be eradicated (reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service