လာမည့် ဖေဖော်ဝါရီတွင် အိန္ဒိယလူဦးရေ၏ ထက်ဝက် Covid-19 ကူးစကျခံရဖွယ်ရှိ
လာမည့် ဖေဖော်ဝါရီတွင် အိန္ဒိယလူဦးရေ၏ ထက်ဝက် Covid-19 ကူးစကျခံရဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
20 Oct 2020 3:38 pm တွင် တင်ခဲ့သည်
934 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိန္ဒိယ၏ ၁ ဒသမ ၃ ဘီလီယံရှိသော လူဦးရေ၏ အနည်းဆုံး ထက်ဝက်ခန့်သည် လာမည့် ဖေဖော်ဝါရီလတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုမစိုးရကော်မတီဝင်တစ်ဦးက ပြောကြားသည်။
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ ဒသမ ၅၅ သန်းရှိပြီး စုစုပေါင်း ကူးစက်ခံရမှုပမာဏတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။ သို့သော် စက်တင်ဘာလလယ်ပိုင်းတွင် အိန္ဒိယ၌ ကူးစက်မှု အမြင့်ဆုံးရောက်ရှိခဲ့ပြီးနောက် လက်ရှိတွင် ပြန်လည်ကျဆင်းသွားပြီး တစ်ရက်လျှင် ပျမ်းမျှ ကူးစက်မှုနှုန်းမှာ ၆၁၃၉၀ ဦးသို့ ကျဆင်းသွားသည်။ ကျွန်တော်တို့ရဲ့ သင်္ချာနည်း ခန့်မှန်းချက်အရ လက်ရှိမှာ လူဦးရေရဲ့ ၃၀ ရာခ်ိုင်နှုန်းဝန်းကျင်ကူးစက်ခံထားရတယ်လို့ ခန့်မှန်းထားပြီး ဖေဖော်ဝါရီရောက်ရင် ၅၀ ရာခိုင်နှုန်းအထိ ရောက်သွားနိုင်တယ်လို့ ခန့်မှန်ထားပါတယ် ဟု အိန္ဒိယနိုင်ငံ၊ ဥတရာဒက်ရှ်ပြည်နယ်၊ ကန်းမြို့ရှိ အိန္ဒိယနည်းပညာ အင်စတီကျူမှ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ ဗာနင်းဒရား အားဂရားဗာ က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
လက်ရှိ ဗိုင်းရပ်စ်ကူးစက်မှုအပေါ် အဆိုပါကော်မတီ၏ ခန့်မှန်းချက်မှာ ပြည်ထောင်စုအစိုးရ သွေးရည်ကြည်လေ့လာချက်စစ်တမ်း၏ ဖော်ပြချက်ဖြစ်သော လူဦးရေ၏ ၁၄ ရာခိုင်နှုန်း ကူးစက်ခံထားရသည်ဟူသည့် ဖော်ပြချက်ထက်မျာစွာ မြင့်မားနေသည်။ သို့သော် သွေးရည်ကြည်လေ့လာမှုကို အကြွင်းမဲ့ အမှန်ကောက်ယူ၍ မရကြောင်း ၊ အဘယ်ကြောင့်ဆိုလျှင် လူဦးရေ၏ အလွန်နည်းပါးသော ပမာဏကိုသာ လေ့လာခဲ့ကြခြင်း ဖြစ်ကြောင်း ဒေါက်တာ အားဂရားဗာက ပြောကြားသည်။ ဗိုင်းရပ်စ်သိပ္ပံပညာရှင်များနှင့် အခြားသော ကျွမ်းကျင်ပညာရှင်များပါဝင်သော ကော်မတီက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်လေ့လာချက်မှာ သင်္ချာနည်းကိုသာ အားပြုထားသည်။
ကျွန်တော်တို့ဟာ စာရင်းဝင်မလာတဲ့ ကူးစက်ခံနေရမှုတွေကိုလည်း ထည့်သွင်းတွက်ချက်တဲ့ နည်းလမ်းသစ်နဲ့ ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါကူးစက်ခံရသူတွေကို စာရင်းဝင်လာတဲ့ ကူးစက်ခံရသူနဲ့ စာရင်းမဝင်တဲ့ ကူးစက်ခံရသူဆိုပြီး နှစ်မျိုးခွဲခြားနိုင်မှာ ဖြစ်ပါတယ် ဟု ပြောကြားသည်။
အကယ်၍ လူမှုအလှမ်းခွာခြင်းနှင့် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းကဲ့သို့ ဆောင်ရွက်မှုများကို လစ်လျူရှုနေကြမည်ဆိုပါက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး၏ အခြေအနေကို ထိန်းထားနိုင်မည်မဟုတ်ဘဲ တစ်လလျှင် ကူးစက်ခံရသူ ၂ ဒသမ ၆ သန်း အထက်ရှိနိုင်ကြောင်း သတိပေးထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Half of India's population may have had Covid-19 by February, govt panel estimates (Reuters)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service