ထိုင်းဇိမ်ခံဟိုတယ်များ ကြယ်ငါးပွင့် quarantine ဖြင့် ခရီးသွားများကို ဆွဲဆောင်ရန် ကြံရွယ်

ထိုင်းဇိမ်ခံဟိုတယ်များ ကြယ်ငါးပွင့် quarantine ဖြင့် ခရီးသွားများကို ဆွဲဆောင်ရန် ကြံရွယ် - Property News in Myanmar from iMyanmarHouse.com
20 Oct 2020 11:12 am တွင် တင်ခဲ့သည်
681 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ငွေကြေးများများစားစားသုံးစွဲနိုင်သည့် ခရီးသွားများကို ဆွဲဆောင်ရန် ထိုင်းအစိုးရ၏အစီအစဉ်တစ်ရပ်ဖြစ်သော ပြည်ဝင်ခွင့် (ဗီဇာ) အသစ်အပေါ် ထိုင်းရှိ ဇိမ်ခံဟိုတယ်ကြီးများက ၎င်းတို့ဝင်ငွေအတွက် မျှော်လင့်ချက်များထားရှိနေကြကြောင်း သိရသည်။

အဆိုပါကြယ်ငါးပွင့်ဟိုတယ်များတွင် quarantine ဝင်ကြမည့် ထိုဗီဇာအသစ်ဖြင့် နိုင်ငံတွင်းဝင်ရောက်လာသူခရီးသွားများက COVID-19 ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ အကြီးအကျယ်ထိခိုက်မှုအား တစ်ဖက်တစ်လမ်းမှ အခုအခံပြုပေးကြမည်ဟု ဟိုတယ်လုပ်ငန်းရှင်များက ယူဆနေကြခြင်းဖြစ်သည်။

ဘန်ကောက်တစ်ခုတည်း၌ပင် Four Seasons ၊ Kempinski နှင့် Capella စသည့် ကိုဗစ်ကာလအတွင်း ဖွင့်လှစ်ထားသည့် သို့မဟုတ် မကြာမီ ပြန်လည်ဖွင့်လှစ်မည့် ဇိမ်ခံဟိုတယ်ခြောက်ခုသည် စီးပွားရေးပြန်လည်ဦးမော့လာနိုင်ရန် long-stay ဧည့်သည်များ ခရီးသည်များ၊ ငွေကြေးအမြောက်အများသုံးစွဲသူများနှင့် ဆေးဘက်ဆိုင်ရာခရီးသည်များအား ဆွဲဆောင်ရန် ရည်ရွယ်သည့် ပြည်ဝင်ခွင့် (ဗီဇာ) အသစ်တစ်ခုမှ အကျိုးအမြတ်ရရှိနိုင်ခြေရှိနေပေသည်။

ထိုဗီဇာသစ်သည် ခရီးသွားလုပ်ငန်းကို အဓိကအားပြုရသည့် ထိုင်းစီးပွားရေး ပြန်လည်နာလန်ထူနိုင်ရန်ကူညီပေးမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၆၂ ဘီလျံ ဝင်ငွေရရှိခဲ့သည်။

၎င်းတို့နိုင်ငံတွင် ငွေကြေးပိုမိုသုံးနိုင်၍ ကြာကြာနေထိုင်နိုင်သည့် ခရီးသွားများက စီးပွားရေးဆုံးရှုံးနစ်နာမှုများကို အားပျော့စေနိုင်ကြောင်း Lebua Hotels & Resorts ၏ အမှုဆောင်အရာရှိချုပ် (စီအီးအို) Deepak Ohri ကလည်း သဘောတူခဲ့သည်။

“ကိုဗစ်ကပ်ရောဂါဟာ ဒီကပ်ရောဂါပြီးရင် ထိုင်းခရီးသွားလုပ်ငန်းကဏ္ဍ ဘယ်လိုဖြစ်မယ်ဆိုတာကို မေးခွန်းထုတ်ဖို့ ပြန်ချိန်ဖို့ ထိုင်းနိုင်ငံအတွက် အခွင့်အရေးပေးလိုက်ပါပြီ။” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုလမှစတင်ကာ အဆိုပါဗီဇာသစ်ကို ရရှိနိုင်သည့် ခရီးသွားများသည် ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်ပြီဖြစ်သည်။ ထိုင်းနိုင်ငံသည် ၎င်း၏နယ်စပ်များကို မတ်လကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဝင်ရောက်လာမည့် ခရီးသွားများသည် ဇိမ်ခံဟိုတယ်၌ (quarantine) ဝင်နိုင်သည့် quarantine ကာလ ၁၄ ရက်အပါအဝင် ရက် ၉၀ ထက်မနည်း ထိုင်းနိုင်ငံတွင် နေထိုင်ရမည်ဖြစ်သည်။

ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အကြီးအကဲ Yuthasak Supasorn ကလည်း “အခုလိုမျိုး ခက်ခဲတဲ့ ကပ်ဘေးကာလမှာ အဲဒီခရီးသွားအဖွဲ့တွေက ငွေကြေးများများစားစားသုံးစွဲနိုင်ခြေအမြင့်ဆုံးမို့လို့ ထိုင်းစီးပွားရေးကို ကူညီတိုးမြှင့်ပေးနိုင်မှာပါ။” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အခုလိုမျိုးနိုင်ငံကိုပြန်လည်ဖွင့်လှစ်တဲ့ ပထမအဆင့်မှာတင် ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့ လာရောက်ကြမယ့် တရုတ်ခရီးသွား ၈၀၀ မှ ၁,၀၀၀ အကြား ရှိနေပါပြီ။” ဟုလည်း သူက အဆုံးသတ်ပြောကြားခဲ့သေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thai luxury hotels aim to attract tourists with 5-star quarantine (Propertyreport)

 

[Zawgyi]

ထိုင္းဇိမ္ခံဟိုတယ္မ်ား ၾကယ္ငါးပြင့္ quarantine ျဖင့္ ခရီးသြားမ်ားကို ဆြဲေဆာင္ရန္ ၾကံ႐ြယ္

ေငြေၾကးမ်ားမ်ားစားစားသုံးစြဲႏိုင္သည့္ ခရီးသြားမ်ားကို ဆြဲေဆာင္ရန္ ထိုင္းအစိုးရ၏အစီအစဥ္တစ္ရပ္ျဖစ္ေသာ ျပည္ဝင္ခြင့္ (ဗီဇာ) အသစ္အေပၚ ထိုင္း႐ွိ ဇိမ္ခံဟိုတယ္ႀကီးမ်ားက ၎တို႔ဝင္ေငြအတြက္ ေမွ်ာ္လင့္ခ်က္မ်ားထား႐ွိေနၾကေၾကာင္း သိရသည္။

အဆိုပါၾကယ္ငါးပြင့္ဟိုတယ္မ်ားတြင္ quarantine ဝင္ၾကမည့္ ထိုဗီဇာအသစ္ျဖင့္ ႏိုင္ငံတြင္းဝင္ေရာက္လာသူခရီးသြားမ်ားက COVID-19 ေၾကာင့္ ခရီးသြားလုပ္ငန္းက႑ အႀကီးအက်ယ္ထိခိုက္မႈအား တစ္ဖက္တစ္လမ္းမွ အခုအခံျပဳေပးၾကမည္ဟု ဟိုတယ္လုပ္ငန္း႐ွင္မ်ားက ယူဆေနၾကျခင္းျဖစ္သည္။

ဘန္ေကာက္တစ္ခုတည္း၌ပင္ Four Seasons ၊ Kempinski ႏွင့္ Capella စသည့္ ကိုဗစ္ကာလအတြင္း ဖြင့္လွစ္ထားသည့္ သို႔မဟုတ္ မၾကာမီ ျပန္လည္ဖြင့္လွစ္မည့္ ဇိမ္ခံဟိုတယ္ေျခာက္ခုသည္ စီးပြားေရးျပန္လည္ဦးေမာ့လာႏိုင္ရန္ long-stay ဧည့္သည္မ်ား ခရီးသည္မ်ား၊ ေငြေၾကးအေျမာက္အမ်ားသုံးစြဲသူမ်ားႏွင့္ ေဆးဘက္ဆိုင္ရာခရီးသည္မ်ားအား ဆြဲေဆာင္ရန္ ရည္႐ြယ္သည့္ ျပည္ဝင္ခြင့္ (ဗီဇာ) အသစ္တစ္ခုမွ အက်ိဳးအျမတ္ရ႐ွိႏိုင္ေျခ႐ွိေနေပသည္။

ထိုဗီဇာသစ္သည္ ခရီးသြားလုပ္ငန္းကို အဓိကအားျပဳရသည့္ ထိုင္းစီးပြားေရး ျပန္လည္နာလန္ထူႏိုင္ရန္ကူညီေပးမည္ျဖစ္သည္။ ထိုင္းႏိုင္ငံသည္ ၂၀၁၉ ခုႏွစ္တြင္ ခရီးသြားလုပ္ငန္းမွ အေမရိကန္ေဒၚလာ ၆၂ ဘီလ်ံ ဝင္ေငြရ႐ွိခဲ့သည္။

၎တို႔ႏိုင္ငံတြင္ ေငြေၾကးပိုမိုသုံးႏိုင္၍ ၾကာၾကာေနထိုင္ႏိုင္သည့္ ခရီးသြားမ်ားက စီးပြားေရးဆုံး႐ႈံးနစ္နာမႈမ်ားကို အားေပ်ာ့ေစႏိုင္ေၾကာင္း Lebua Hotels & Resorts ၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ (စီအီးအို) Deepak Ohri ကလည္း သေဘာတူခဲ့သည္။

“ကိုဗစ္ကပ္ေရာဂါဟာ ဒီကပ္ေရာဂါၿပီးရင္ ထိုင္းခရီးသြားလုပ္ငန္းက႑ ဘယ္လိုျဖစ္မယ္ဆိုတာကို ေမးခြန္းထုတ္ဖို႔ ျပန္ခ်ိန္ဖို႔ ထိုင္းႏိုင္ငံအတြက္ အခြင့္အေရးေပးလိုက္ပါၿပီ။” ဟုလည္း သူက ျဖည့္စြက္ေျပာၾကားခဲ့သည္။

ယခုလမွစတင္ကာ အဆိုပါဗီဇာသစ္ကို ရ႐ွိႏိုင္သည့္ ခရီးသြားမ်ားသည္ ထိုင္းႏိုင္ငံသို႔ ဝင္ေရာက္ႏိုင္ၿပီျဖစ္သည္။ ထိုင္းႏိုင္ငံသည္ ၎၏နယ္စပ္မ်ားကို မတ္လကတည္းက ပိတ္ထားခဲ့ျခင္းျဖစ္သည္။

ယင္းသို႔ဝင္ေရာက္လာမည့္ ခရီးသြားမ်ားသည္ ဇိမ္ခံဟိုတယ္၌ (quarantine) ဝင္ႏိုင္သည့္ quarantine ကာလ ၁၄ ရက္အပါအဝင္ ရက္ ၉၀ ထက္မနည္း ထိုင္းႏိုင္ငံတြင္ ေနထိုင္ရမည္ျဖစ္သည္။

ထိုင္းခရီးသြားလုပ္ငန္းအာဏာပိုင္အဖြဲ႕အႀကီးအကဲ Yuthasak Supasorn ကလည္း “အခုလိုမ်ိဳး ခက္ခဲတဲ့ ကပ္ေဘးကာလမွာ အဲဒီခရီးသြားအဖြဲ႕ေတြက ေငြေၾကးမ်ားမ်ားစားစားသုံးစြဲႏိုင္ေျခအျမင့္ဆုံးမို႔လို႔ ထိုင္းစီးပြားေရးကို ကူညီတိုးျမႇင့္ေပးႏိုင္မွာပါ။” ဟု ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔ အခုလိုမ်ိဳးႏိုင္ငံကိုျပန္လည္ဖြင့္လွစ္တဲ့ ပထမအဆင့္မွာတင္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ေတြနဲ႔ လာေရာက္ၾကမယ့္ တ႐ုတ္ခရီးသြား ၈၀၀ မွ ၁,၀၀၀ အၾကား ႐ွိေနပါၿပီ။” ဟုလည္း သူက အဆုံးသတ္ေျပာၾကားခဲ့ေသးေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thai luxury hotels aim to attract tourists with 5-star quarantine (Propertyreport)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service