မြန်မာကုန်ကားမောင်းသူများအပေါ် ထိုင်းအာဏာပိုင်တို့၏ စစ်ဆေးမှု လျော့ရဲလှသည်ဟု ထိုင်းနိုင်ငံသားများ အပြစ်တင်
မြန်မာကုန်ကားမောင်းသူများအပေါ် ထိုင်းအာဏာပိုင်တို့၏ စစ်ဆေးမှု လျော့ရဲလှသည်ဟု ထိုင်းနိုင်ငံသားများ အပြစ်တင် - Property News in Myanmar from iMyanmarHouse.com
16 Oct 2020 11:59 am တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ထိုင်းနိုင်ငံအနောက်ပိုင်း တားပြည်နယ် (Tak Province) မှ မြန်မာနိုင်ငံနယ်စပ်ရှိ မဲဆောက်မြို့မှ ဒေသခံများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များပြားနေသော မြန်မာနိုင်ငံဘက်မှ ကုန်တင်ယာဉ်မောင်းများအား ထိုင်းအာဏာပိုင်တို့ စစ်ဆေးပုံမှာ လျော့ရဲလှသည်ဟု ဝေဖန်လျက်ရှိကြသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်မားနေသောကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ယာယီပိတ်ထားရန်လည်း မဲဆောက်ဒေသခံတို့က တောင်းဆိုကြသည်။
ချစ်ကြည်ရေးတံတားသည် မွိုင်မြစ် (Moei River) ကို ဖြတ်ကာ ဖောက်လုပ်ထားပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံမှ မြဝတီမြို့ တို့ကို ဆက်သွယ်ပေးထားသည်။
မဲဆောက်ဒေသခံတို့သည် ချစ်ကြည်ရေးတံတား၏ စစ်ဆေးရေးဂိတ်သို့ စုဝေးလာရောက်ကာ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြ ခေါင်းဆောင်က ဟောပြောရာတွင် အာဏာပိုင်တို့သည် မြန်မာနိုင်ငံဘက်မှလာသော ယာဉ်များကို စစ်ဆေးထိန်းချုပ်ရာတွင် ဖြေလျော့မှု ပေးလွန်းကြောင်း ပြောကြားကြသည်။
အချို့ယာဉ်မောင်းများကို လူသူထူထပ်သည့် သားငါးဈေးကဲ့သို့နေရာမျိုးကို ဝင်ခွင့်ပေးနေကြောင်းလည်း ဆန္ဒပြခေါင်းဆောင်တို့က ပြောကြားသည်။ မြန်မာကုန်တင်ယာဉ်မောင်း ၃ ဦး COVID-19 စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း နယ်စပ်ဒေသတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသည်။
မြန်မာယာဉ်မောင်း ၃ ဦး ရောဂါစစ်ဆေးတွေ့ရှိပြီးနောက် ထိုင်းအာဏာပိုင်တို့က ရွေ့လျားစမ်းသပ်ခန်းများ ဖြန့်ကျက်ချထားကာ ဒေသခံထိုင်းနှင့် မြန်မာ လူ ၁၀၀၀၀ ခန့်ကို စစ်ဆေးရန် စီစဉ်နေသည်။
ယခုချိန်အထိမူ စစ်ဆေးခံရသူများအားလုံး negative သာ စစ်ဆေးတွေ့ရှိထားသည်ဟု ဆိုသည်။ သို့တိုင် ယင်းအခြေအနေမှာ နယ်စပ်တွင် ဖြစ်ပေါ်နေသော စိုးရိမ်မှုများကို ဖြေဖျောက်မပေးနိုင်ချေ။
Thai PBS ရုပ်မြင်သံကြားဌာနတွင် ဖော်ပြချက်အရ တားပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး ဆွမ်ချိုင်း ကစ်ချာရိုအန်ရွန် ဂရိုတီသည် ဆန္ဒပြ ဒေသခံများနှင့် ၂ နာရီကြာ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးမှုများအရ သဘောတူခဲ့ကြသည်မှာ ချစ်ကြည်ရေးတံတားကို ဆက်လက်ဖွင့်ထားမည်ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံဘက်မှ ကုန်ကားမောင်းသူများကို မဲဆောက်မြို့အတွင်း ဝင်ခွင့်ပေးမည်မဟုတ်ကြောင်း သဘောတူခဲ့သည်ဟု Thai PBS ရုပ်သံဌာန၏ သတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Residents in border areas accuse officials of lax control over Burmese drivers (Thai PBS World)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာသုံးခုအတွက် တင်ဒါခေါ်နေ
ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာသုံးခုအတွက် တင်ဒါခေါ်နေ
အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော်...
အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော်...
အမေရိကန်ပြည်တွင် ရထားလမ်း၊ ဘူတာရုံ၊ တံတားများ၊ ခုံးကျော်များ၊ တောင်တန်းများ၊ မြို့များ၊ ကျေးရွာများ ပုံစံငယ်ပြုလုပ်ထားသည့် မြေအောက်ခန်းကြီးပါဝင်သော စတုရန်းပေ ၂၀၀၀၀ ကျော် ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃,၂၉၅,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ...
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ ၂၀၀၁၀၀ ရရှိ၊ လေလံအောင်သူက အိမ်ရာမဲ့များအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း လှူဒါန်းမည်...
ဘတ်စ်ကားခပင် မတတ်နိုင်သောကြောင့် လမ်းလျှောက်နေရသူတို့နေထိုင်ရာ၊ ဆန္ဒမဲပေးလျှင်လည်း မိမိတို့ဘဝကို မည်သို့မှ ပြောင်းလဲပေးနိုင်မည်မဟုတ်ဟု ယုံကြည်ထားကာ မဲပေးသူအလွန်နည်းလှသော အင်္ဂလန်က မြို့ကလေး...
ဘတ်စ်ကားခပင် မတတ်နိုင်သောကြောင့် လမ်းလျှောက်နေရသူတို့နေထိုင်ရာ၊ ဆန္ဒမဲပေးလျှင်လည်း မိမိတို့ဘဝကို မည်သို့မှ ပြောင်းလဲပေးနိုင်မည်မဟုတ်ဟု ယုံကြည်ထားကာ မဲပေးသူအလွန်နည်းလှသော အင်္ဂလန်က မြို့ကလေး...
ပုဂ္ဂလိကပိုင်ဆိုင်သော အပန်းဖြေနေရာများ၊ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံများ ခရီးသွားလုပ်ငန်းလိုင်စင် ပြုလုပ်ရမည်...
ပုဂ္ဂလိကပိုင်ဆိုင်သော အပန်းဖြေနေရာများ၊ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံများ ခရီးသွားလုပ်ငန်းလိုင်စင် ပြုလုပ်ရမည်...
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
area-one-business-complex
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service