အသက် ၁၀၀ အရွယ်ရှိ မြန်မာအဘွားအို ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာ ဖြတ်ကျော်

အသက် ၁၀၀ အရွယ်ရှိ မြန်မာအဘွားအို ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာ ဖြတ်ကျော် - Property News in Myanmar from iMyanmarHouse.com
16 Oct 2020 11:46 am တွင် တင်ခဲ့သည်
6636 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(WIO သတင်းဌာနတွင်ဖော်ပြသော 100-year-old Myanmar woman beats coronavirus ဆောင်းပါးကို ဆီလျော်အောင် မြန်မာ ပြန်ဆိုသည်)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သော အသက် ၁၀၀ အရွယ်ရှိ မြန်မာအဘွားအို ဒေါ်သိန်းခင်က ပြန်ပြောင်းပြောပြရာတွင် ဒုတိယကမ္ဘာစစ်ကာလအတွင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမှာ မပြောပလောက်ကြောင်း၊ ဆေးမရှိသေးသော်လည်း မကြာမီတွင် ကာကွယ်ဆေးရလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဘွားဒေါ်သိန်းခင်သည် ရောဂါလက္ခဏာမပြဘဲ ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သီးခြားနေထိုင်ခဲ့ရသည်။

မိသားစုအတွင်း မျိုးဆက် ၄ ဆက်အကြား ဗိုင်းရပ်စ် ကူးစက်ခဲ့၏။ အဘွားအိုက မြေးများအတွက် ပိုမိုစိုးရိမ်မိကြောင်း ပြော၏။

“အဘွားကတော့ ဘယ်လိုမှ မခံစားရပါဘူး။ အစားလည်း ကောင်းကောင်းဝင်တယ်။ ပုံမှန်အတိုင်းပဲ ကိုယ့်ဟာကိုယ် ရေချိုးတယ်၊ လမ်းလျှောက်တယ်” ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်မြို့ရှိ သူ၏နေအိမ်တွင် မြေးကလေးများ ဝန်းရံလျက်ရှိရင်း ပြောပြသည်။

“ဗိုင်းရပ်စ်သာ ကူးစက်ခံရချိန်မှာ အဘွားက အိပ်ယာထဲလဲပြီး ညည်းညူနေရမှာပေါ့။ ဒါပေမယ့် အဘွားက သန်မာတယ်။ လမ်းပတ်လျှောက်တယ်။ အဘွား ဘာမှ မခံစားရဘူး”

သက်ကြီးရွယ်အိုတို့သည် ဗိုင်းရပ်စ်ကူးစက်ခံရပါက ပိုမိုအန္တရာယ်ရှိသည်။ ကူးစက်ခံရသူတို့ကို စောင့်ရှောက်မှုပေးရန်အတွက် ကျန်းမာရေးဌာနများ လုံလောက်စွာမရှိသည့် ဆင်းရဲသောနိုင်ငံများတွင် အန္တရာယ်ပိုမိုကြီးမားသည်။

သို့သော် သန်မြန်ဆဲဖြစ်သော အဘွားကား COVID-19 ကပ်ဘေးမှ လွတ်မြောက်လာသည်ကို အထူးအံ့သြနေဟန်မရချေ။ ကြီးကြီးမားမား ဝေဒနာခံစားခဲ့ရခြင်းပင် မရှိဟု ဆိုသည်။

“ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ရင်ဆိုင်ရတဲ့အခြေအနေက အများကြီးပိုဆိုးပါတယ်။ ကမ္ဘာတဝန်းမှာ ဒီဗိုင်းရပ်စ်ကလည်း အန္တရာယ်ကြီးနေတာ အဘွားကြားပါတယ်။ ဒါပေမယ့် ဒါက ဘာမှမဟုတ်လောက်သေးဘူးလို့ အဘွားခံစားရပါတယ်”

“တကယ်ကတော့ အဘွားရဲ့ ကလေးတွေနဲ့ မြေးလေးတွေအတွက် စိုးရိမ်မိတာ။ အဘွားက အရမ်းအသက်ကြီးနေပြီ။ သေရမှာ အကြောင်းမဟုတ်တော့ဘူး။ အဘွားက ဒီထက်ပိုဆိုးပြီး အန္တရာယ်ကြီးတဲ့ အခြေအနေတွေ အများကြီးကနေ လွတ်မြောက်ခဲ့ပြီးပြီ” ဟု အဘွားဒေါ်သိန်းခင်က ဆိုသည်။

အဘွား၏ မြေး မဝင်းဝင်းရီက ပြောကြားရာတွင် ကူးစက်ခံရသည့် မိသားစုဝင် ၁၀ ဦးလုံး အန္တရာယ်ကင်းခဲ့သည့်အတွက် ဝမ်းမြောက်ရကြောင်း ၊ သို့သော် အာမခံချက်ကား မရှိသေးကြောင်း ပြောကြားသည်။ “ရောဂါ နောက်တစ်ကြိမ်ပြန်အကူးခံရမှာကို ကျွန်မတို့ ကြောက်နေပါတယ်။ ဒါကြောင့် ကျွန်မတို့ အပြင်ကို ဘယ်မှမသွားတော့ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ lockdown ချနေနေကြပါတယ်။”

မြန်မာနိုင်ငံတွင် သြဂုတ်လအတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ရာဂဏန်းအနည်းငယ်သာရှိခဲ့ရာမှ ယခုအခါ ကူးစက်ခံရသူ ၃၂,၃၅၁ ရှိပြီဖြစ်ပြီး သေဆုံးသူ ၇၆၅ ဦး ရှိခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 100-year-old Myanmar woman beats coronavirus (wionews)

 

[Zawgyi]

အသက္ ၁၀၀ အရြယ္ရွိ ျမန္မာအဘြားအို ကိုရိုနာဗိုင္းရပ္စ္ကို ေအာင္ျမင္စြာ ျဖတ္ေက်ာ္

(WIO သတင္းဌာနတြင္ေဖာ္ျပေသာ 100-year-old Myanmar woman beats coronavirus ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျမန္မာ ျပန္ဆိုသည္)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈကို ေအာင္ျမင္စြာ ျဖတ္ေက်ာ္ႏိုင္ခဲ့ေသာ အသက္ ၁၀၀ အရြယ္ရွိ ျမန္မာအဘြားအို ေဒၚသိန္းခင္က ျပန္ေျပာင္းေျပာျပရာတြင္ ဒုတိယကမၻာစစ္ကာလအတြင္းႏွင့္ ႏႈိင္းယွဥ္ၾကည့္မည္ဆိုလွ်င္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးမွာ မေျပာပေလာက္ေၾကာင္း၊ ေဆးမရွိေသးေသာ္လည္း မၾကာမီတြင္ ကာကြယ္ေဆးရလာႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

အဘြားေဒၚသိန္းခင္သည္ ေရာဂါလကၡဏာမျပဘဲ ကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စစ္ေဆးေတြ႔ရွိခဲ့ျပီးေနာက္ သီးျခားေနထိုင္ခဲ့ရသည္။

မိသားစုအတြင္း မ်ဳိးဆက္ ၄ ဆက္အၾကား ဗိုင္းရပ္စ္ ကူးစက္ခဲ့၏။ အဘြားအိုက ေျမးမ်ားအတြက္ ပိုမိုစိုးရိမ္မိေၾကာင္း ေျပာ၏။

“အဘြားကေတာ့ ဘယ္လိုမွ မခံစားရပါဘူး။ အစားလည္း ေကာင္းေကာင္းဝင္တယ္။ ပံုမွန္အတိုင္းပဲ ကိုယ့္ဟာကိုယ္ ေရခ်ဳိးတယ္၊ လမ္းေလွ်ာက္တယ္” ဟု ျမန္မာႏိုင္ငံ၏ အၾကီးဆံုးျမိဳ ႔ေတာ္ ရန္ကုန္ျမိဳ ႔ရွိ သူ၏ေနအိမ္တြင္ ေျမးကေလးမ်ား ဝန္းရံလ်က္ရွိရင္း ေျပာျပသည္။

“ဗိုင္းရပ္စ္သာ ကူးစက္ခံရခ်ိန္မွာ အဘြားက အိပ္ယာထဲလဲျပီး ညည္းညဴေနရမွာေပါ့။ ဒါေပမယ့္ အဘြားက သန္မာတယ္။ လမ္းပတ္ေလွ်ာက္တယ္။ အဘြား ဘာမွ မခံစားရဘူး”

သက္ၾကီးရြယ္အိုတို႔သည္ ဗိုင္းရပ္စ္ကူးစက္ခံရပါက ပိုမိုအႏၱရာယ္ရွိသည္။ ကူးစက္ခံရသူတို႔ကို ေစာင့္ေရွာက္မႈေပးရန္အတြက္ က်န္းမာေရးဌာနမ်ား လံုေလာက္စြာမရွိသည့္ ဆင္းရဲေသာႏိုင္ငံမ်ားတြင္ အႏၱရာယ္ပိုမိုၾကီးမားသည္။

သို႔ေသာ္ သန္ျမန္ဆဲျဖစ္ေသာ အဘြားကား COVID-19 ကပ္ေဘးမွ လြတ္ေျမာက္လာသည္ကို အထူးအံ့ၾသေနဟန္မရေခ်။ ၾကီးၾကီးမားမား ေဝဒနာခံစားခဲ့ရျခင္းပင္ မရွိဟု ဆိုသည္။

“ဒုတိယကမၻာစစ္ၾကီးအတြင္းက ရင္ဆိုင္ရတဲ့အေျခအေနက အမ်ားၾကီးပိုဆိုးပါတယ္။ ကမၻာတဝန္းမွာ ဒီဗိုင္းရပ္စ္ကလည္း အႏၱရာယ္ၾကီးေနတာ အဘြားၾကားပါတယ္။ ဒါေပမယ့္ ဒါက ဘာမွမဟုတ္ေလာက္ေသးဘူးလို႔ အဘြားခံစားရပါတယ္”

“တကယ္ကေတာ့ အဘြားရဲ ႔ ကေလးေတြနဲ႔ ေျမးေလးေတြအတြက္ စိုးရိမ္မိတာ။ အဘြားက အရမ္းအသက္ၾကီးေနျပီ။ ေသရမွာ အေၾကာင္းမဟုတ္ေတာ့ဘူး။ အဘြားက ဒီထက္ပိုဆိုးျပီး အႏၱရာယ္ၾကီးတဲ့ အေျခအေနေတြ အမ်ားၾကီးကေန လြတ္ေျမာက္ခဲ့ျပီးျပီ” ဟု အဘြားေဒၚသိန္းခင္က ဆိုသည္။

အဘြား၏ ေျမး မဝင္းဝင္းရီက ေျပာၾကားရာတြင္ ကူးစက္ခံရသည့္ မိသားစုဝင္ ၁၀ ဦးလံုး အႏၱရာယ္ကင္းခဲ့သည့္အတြက္ ဝမ္းေျမာက္ရေၾကာင္း ၊ သို႔ေသာ္ အာမခံခ်က္ကား မရွိေသးေၾကာင္း ေျပာၾကားသည္။ “ေရာဂါ ေနာက္တစ္ၾကိမ္ျပန္အကူးခံရမွာကို ကၽြန္မတို႔ ေၾကာက္ေနပါတယ္။ ဒါေၾကာင့္ ကၽြန္မတို႔ အျပင္ကို ဘယ္မွမသြားေတာ့ပါဘူး။ ကိုယ့္ဟာကိုယ္ပဲ lockdown ခ်ေနေနၾကပါတယ္။”

ျမန္မာႏိုင္ငံတြင္ ၾသဂုတ္လအတြင္းက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ရာဂဏန္းအနည္းငယ္သာရွိခဲ့ရာမွ ယခုအခါ ကူးစက္ခံရသူ ၃၂,၃၅၁ ရွိျပီျဖစ္ျပီး ေသဆံုးသူ ၇၆၅ ဦး ရွိခဲ့ျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 100-year-old Myanmar woman beats coronavirus (wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service