ရုရှားက EpiVacCorona အမည်ရှိ ကိုဗစ်ကာကွယ်ဆေး နောက်တစ်မျိုး ထပ်မံမှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း ပူတင်ကြေညာ

ရုရှားက EpiVacCorona အမည်ရှိ ကိုဗစ်ကာကွယ်ဆေး နောက်တစ်မျိုး ထပ်မံမှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း ပူတင်ကြေညာ - Property News in Myanmar from iMyanmarHouse.com
15 Oct 2020 11:24 am တွင် တင်ခဲ့သည်
13110 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှားနိုင်ငံက COVID-19 ကာကွယ်ဆေး ဒုတိယမြောက်တစ်ခုဖြစ်သော EpiVacCorona ဟု အမည်ပေးထားသည့် ကာကွယ်ဆေးကို ရုရှားကုမ္ပဏီ Vector Centreမှ အောက်တိုဘာလ ၁၄ ရက်တွင် တရားဝင်မှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကြေညာလိုက်သည်။

ရုရှားကုမ္ပဏီ Chumakov Centre က ထုတ်လုပ်သော တတိယမြောက် ရုရှားကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကိုလည်း မကြာမီတွင် ထပ်မံ မှတ်ပုံတင်သွားဦးမည်ဖြစ်ကြောင်း ပူတင်က ဆက်လက်ပြောကြားသည်။

ရုရှား ဒုတိယဝန်ကြီးချုပ် Tatyana Golikova က ပြောကြားရာတွင် ဒုတိယမြောက် ကာကွယ်ဆေးသည် ဆေးထိုးပြီးနောက်ပိုင်း ဘေးထွက်ဆိုးကျိုး နည်းပါးကြောင်း၊ EpiVacCorona ဆေးလုံးရေ ၆၀၀၀၀ ကို မကြာမီတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“Vector Centre ဟာ မှတ်ပုံတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံတဝန်းမှာ လက်တွေ့စမ်းသပ်မှုတွေလည်း စတင်လုပ်ဆောင်နေပြီဖြစ်ပြီး မိမိဆန္ဒအလျောက် စမ်းသပ်ခံမယ့်သူ ၄၀၀၀၀ လောက် ပါဝင်ကြမှာ ဖြစ်ပါတယ်” ဟု သူမက ဆက်လက်ပြောကြားသည်။

အဆိုပါဆေးကို ပထမဆုံး စမ်းသပ်ခံသူများထဲတွင် သူမလည်း ပါဝင်ခဲ့ကြောင်း၊ မည်သည့်ဘေးထွက်ဆိုးကျိုးမှ မခံစားခဲ့ရဘဲ အဖျားငွေ့ငွေ့မျှပင် မဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားသည်။

EpiVacCorona ကာကွယ်ဆေးကို စမ်းသပ်ခံခဲ့ကြသည့် အခြားသူများတွင်လည်း ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

EpiVacCorona ကာကွယ်ဆေးကို အသက် ၆၀ အထက်ရှိသူ ၁၅၀ ဦးတွင်လည်း စမ်းသပ်သွားလိမ့်မည်ဖြစ်ပြီး ယင်းကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများအတွက် သင့်လျော်ဟန်ရကြောင်း Golikova က ပြောကြားသည်။

ရုရှား၏ ပထမဆုံး မှတ်ပုံတင်ခဲ့သည့် Sputnik V ကာကွယ်ဆေးကိုလည်း အသက် ၆၀ အထက်ရှိသူများတွင် စမ်းသပ်ရန် စီစဉ်ထားပြီး သက်ကြီးရွယ်အိုများ စမ်းသပ်ပြီးပါက ကလေးငယ်များတွင် ဆက်လက်စမ်းသပ်သွားမည်ဟု ဆိုသည်။

EpiVacCorona ကာကွယ်ဆေးသည် အမိုင်နိုအက်ဆစ်များ ဖွဲ့စည်းထားသည့် peptide synthetic vaccine တစ်မျိုးဖြစ်ပြီး ရောဂါပစ္စည်း၏ အစိတ်အပိုင်းတစ်ခုကို တုပပြုလုပ်ခြင်းအားဖြင့် ဗိုင်းရပ်စ်အစစ်ကို ကာကွယ်ရန်အတွက် လူ့ကိုယ်ခန္ဓာမှ ရောဂါတိုက်ဖျက်မည့် ပဋိပစ္စည်းများ ထုတ်လုပ်စေရန် လှုံ့ဆော်ပေးခြင်းဖြစ်သည်။

Vector Centre က ထုတ်ပြန်ရာတွင် EpiVacCorona ဆေး၏ ကုသပုံမှာ Sputnik V နှင့် ကွဲပြားကြောင်း၊ ကာကွယ်ဆေးက ပစ်မှတ်ထားသည့်အုပ်စုနှင့် ဆေးအကြိမ်ရေမည်မျှ ထိုးရခြင်းများ ကွဲပြားကြောင်း ထုတ်ပြန်သည်။

Gamaleya Institute က ထုတ်လုပ်သော ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Sputnik V သည် ရောဂါပိုးမွှားသယ်ဆောင်သည့် ပိုးကောင်ငယ်များကို အသုံးပြုထုတ်လုပ်ထားသော Vector vaccine တစ်မျိုးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်၏ အစိတ်အပိုင်းများကို သယ်ဆောင်ရန်အတွက် human adenovirus ကို အသုံးပြုထားသည်။

Sputnik V ကာကွယ်ဆေးသည် နှစ်ကြိမ်ထိုးရန် လိုအပ်သည်။ ဆေးတစ်ကြိမ်ချင်းစီအတွက် ကွဲပြားခြားနားသော adenoviral vectors များ အသုံးပြုထားပြီး ကိုရိုနာဗိုင်းရပ်စ်ကို ၂ နှစ်အထက် ကာကွယ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

ရုရှားက တတိယမြောက် ထုတ်လုပ်မည့် ကာကွယ်ဆေးကိုမူ Chumakov Centre က ထုတ်လုပ်ပြီး ယခင်ကာကွယ်ဆေး ၂ ခုနှင့် မတူညီသော နည်းလမ်းကို အသုံးပြုထုတ်လုပ်ထားသည်။

ယင်းကာကွယ်ဆေးတွင်မူ ကိုရိုနာဗိုင်းရပ်စ်ကို အားနည်းအောင်ပြုလုပ်ထားသော (သို့မဟုတ်) သေဆုံးနေပြီးဖြစ်သော ဗိုင်းရပ်စ်အစစ်များဖြင့် အသုံးပြုထုတ်လုပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Putin Says Second Russian Anti-COVID Vaccine Registered by Vector Centre, After Gamaleya's Sputnik V (Sputnik)

 

[Zawgyi]

ရုရွားက EpiVacCorona အမည္ရွိ ကိုဗစ္ကာကြယ္ေဆး ေနာက္တစ္မ်ဳိး ထပ္မံမွတ္ပံုတင္လိုက္ျပီျဖစ္ေၾကာင္း ပူတင္ေၾကညာ

ရုရွားႏိုင္ငံက COVID-19 ကာကြယ္ေဆး ဒုတိယေျမာက္တစ္ခုျဖစ္ေသာ EpiVacCorona ဟု အမည္ေပးထားသည့္ ကာကြယ္ေဆးကို ရုရွားကုမၸဏီ Vector Centreမွ ေအာက္တိုဘာလ ၁၄ ရက္တြင္ တရားဝင္မွတ္ပံုတင္လိုက္ျပီျဖစ္ေၾကာင္း ရုရွားသမၼတ ဗလာဒီမာ ပူတင္က ေၾကညာလိုက္သည္။

ရုရွားကုမၸဏီ Chumakov Centre က ထုတ္လုပ္ေသာ တတိယေျမာက္ ရုရွားကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးတစ္မ်ဳိးကိုလည္း မၾကာမီတြင္ ထပ္မံ မွတ္ပံုတင္သြားဦးမည္ျဖစ္ေၾကာင္း ပူတင္က ဆက္လက္ေျပာၾကားသည္။

ရုရွား ဒုတိယဝန္ၾကီးခ်ဳပ္ Tatyana Golikova က ေျပာၾကားရာတြင္ ဒုတိယေျမာက္ ကာကြယ္ေဆးသည္ ေဆးထိုးျပီးေနာက္ပိုင္း ေဘးထြက္ဆိုးက်ဳိး နည္းပါးေၾကာင္း၊ EpiVacCorona ေဆးလံုးေရ ၆၀၀၀၀ ကို မၾကာမီတြင္ ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

“Vector Centre ဟာ မွတ္ပံုတင္ျပီးေနာက္ပိုင္း ရုရွားႏိုင္ငံတဝန္းမွာ လက္ေတြ႔စမ္းသပ္မႈေတြလည္း စတင္လုပ္ေဆာင္ေနျပီျဖစ္ျပီး မိမိဆႏၵအေလ်ာက္ စမ္းသပ္ခံမယ့္သူ ၄၀၀၀၀ ေလာက္ ပါဝင္ၾကမွာ ျဖစ္ပါတယ္” ဟု သူမက ဆက္လက္ေျပာၾကားသည္။

အဆိုပါေဆးကို ပထမဆံုး စမ္းသပ္ခံသူမ်ားထဲတြင္ သူမလည္း ပါဝင္ခဲ့ေၾကာင္း၊ မည္သည့္ေဘးထြက္ဆိုးက်ဳိးမွ မခံစားခဲ့ရဘဲ အဖ်ားေငြ႔ေငြ႔မွ်ပင္ မျဖစ္ေပၚခဲ့ေၾကာင္း ဒုတိယဝန္ၾကီးခ်ဳပ္က ေျပာၾကားသည္။

EpiVacCorona ကာကြယ္ေဆးကို စမ္းသပ္ခံခဲ့ၾကသည့္ အျခားသူမ်ားတြင္လည္း ေဘးထြက္ဆိုးက်ဳိးမ်ား မျဖစ္ေပၚခဲ့ေၾကာင္း ဒုတိယဝန္ၾကီးခ်ဳပ္က ဆက္လက္ေျပာၾကားသည္။

EpiVacCorona ကာကြယ္ေဆးကို အသက္ ၆၀ အထက္ရွိသူ ၁၅၀ ဦးတြင္လည္း စမ္းသပ္သြားလိမ့္မည္ျဖစ္ျပီး ယင္းကာကြယ္ေဆးသည္ သက္ၾကီးရြယ္အိုမ်ားအတြက္ သင့္ေလ်ာ္ဟန္ရေၾကာင္း Golikova က ေျပာၾကားသည္။

ရုရွား၏ ပထမဆံုး မွတ္ပံုတင္ခဲ့သည့္ Sputnik V ကာကြယ္ေဆးကိုလည္း အသက္ ၆၀ အထက္ရွိသူမ်ားတြင္ စမ္းသပ္ရန္ စီစဥ္ထားျပီး သက္ၾကီးရြယ္အိုမ်ား စမ္းသပ္ျပီးပါက ကေလးငယ္မ်ားတြင္ ဆက္လက္စမ္းသပ္သြားမည္ဟု ဆိုသည္။

EpiVacCorona ကာကြယ္ေဆးသည္ အမိုင္ႏိုအက္ဆစ္မ်ား ဖြဲ႔စည္းထားသည့္ peptide synthetic vaccine တစ္မ်ဳိးျဖစ္ျပီး ေရာဂါပစၥည္း၏ အစိတ္အပိုင္းတစ္ခုကို တုပျပဳလုပ္ျခင္းအားျဖင့္ ဗိုင္းရပ္စ္အစစ္ကို ကာကြယ္ရန္အတြက္ လူ႔ကိုယ္ခႏၶာမွ ေရာဂါတိုက္ဖ်က္မည့္ ပဋိပစၥည္းမ်ား ထုတ္လုပ္ေစရန္ လံႈ႔ေဆာ္ေပးျခင္းျဖစ္သည္။

Vector Centre က ထုတ္ျပန္ရာတြင္ EpiVacCorona ေဆး၏ ကုသပံုမွာ Sputnik V ႏွင့္ ကြဲျပားေၾကာင္း၊ ကာကြယ္ေဆးက ပစ္မွတ္ထားသည့္အုပ္စုႏွင့္ ေဆးအၾကိမ္ေရမည္မွ် ထိုးရျခင္းမ်ား ကြဲျပားေၾကာင္း ထုတ္ျပန္သည္။

Gamaleya Institute က ထုတ္လုပ္ေသာ ကမၻာ့ပထမဆံုး COVID-19 ကာကြယ္ေဆး Sputnik V သည္ ေရာဂါပိုးမႊားသယ္ေဆာင္သည့္ ပိုးေကာင္ငယ္မ်ားကို အသံုးျပဳထုတ္လုပ္ထားေသာ Vector vaccine တစ္မ်ဳိးျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္၏ အစိတ္အပိုင္းမ်ားကို သယ္ေဆာင္ရန္အတြက္ human adenovirus ကို အသံုးျပဳထားသည္။

Sputnik V ကာကြယ္ေဆးသည္ ႏွစ္ၾကိမ္ထုိးရန္ လိုအပ္သည္။ ေဆးတစ္ၾကိမ္ခ်င္းစီအတြက္ ကြဲျပားျခားနားေသာ adenoviral vectors မ်ား အသံုးျပဳထားျပီး ကိုရိုနာဗိုင္းရပ္စ္ကို ၂ ႏွစ္အထက္ ကာကြယ္ႏိုင္စြမ္းရွိသည္ဟု ဆိုသည္။

ရုရွားက တတိယေျမာက္ ထုတ္လုပ္မည့္ ကာကြယ္ေဆးကိုမူ Chumakov Centre က ထုတ္လုပ္ျပီး ယခင္ကာကြယ္ေဆး ၂ ခုႏွင့္ မတူညီေသာ နည္းလမ္းကို အသံုးျပဳထုတ္လုပ္ထားသည္။

ယင္းကာကြယ္ေဆးတြင္မူ ကိုရိုနာဗိုင္းရပ္စ္ကို အားနည္းေအာင္ျပဳလုပ္ထားေသာ (သို႔မဟုတ္) ေသဆံုးေနျပီးျဖစ္ေသာ ဗိုင္းရပ္စ္အစစ္မ်ားျဖင့္ အသံုးျပဳထုတ္လုပ္ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Putin Says Second Russian Anti-COVID Vaccine Registered by Vector Centre, After Gamaleya's Sputnik V (Sputnik)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service