တရုတ်ပြည်ထုတ် COVID-19 ကာကွယ်ဆေးကို မလေးရှားက ဦးစားပေးရရှိမည်

တရုတ်ပြည်ထုတ် COVID-19 ကာကွယ်ဆေးကို မလေးရှားက ဦးစားပေးရရှိမည် - Property News in Myanmar from iMyanmarHouse.com
14 Oct 2020 12:25 pm တွင် တင်ခဲ့သည်
1144 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်မှ စမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေး ထုတ်လုပ်ပြီးပါက မလေးရှားနိုင်ငံကို ဦးစားပေးရရှိမည့် အဆင့် ပေးအပ်ခြင်းခံရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတု ဆရီ ဟီရှမ်မတ်ဒင် ဟူစိန် (Datuk Seri Hishammuddin Hussein) က ပြောကြားသည်။

တရုတ်ပြည်က ထုတ်လုပ်မည့် မည်သည့် COVID-19 ကာကွယ်ဆေးမဆို မလေးရှားကို ဦးစားပေးမည့် တရုတ်နိုင်ငံ၏ ကတိကဝတ်အပေါ် မလေးရှားက ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

“တရုတ်ကုမ္ပဏီတွေကို ကာကွယ်ဆေးသုတေသန၊ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးကဏ္ဍတွေမှာ မလေးရှားနဲ့ အားလုံးပူးပေါင်းဖို့ တွန်းအားပေးသွားမယ်လို့ တရုတ်နိုင်ငံရဲ့ သဘောတူညီချက်အပေါ် ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဟီရှမ်မတ်ဒင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့သည် အောက်တိုဘာလ ၁၃ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဟိုတယ်တစ်ခုတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဟီရှမ်မတ်ဒင်နှင့် ဝမ်ယီတို့သည် အဆိုပါဟိုတယ်တွင် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းလည်း ဖြစ်သည်။

COVID-19 အလွန်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) တစ်ခုလည်း လက်မှတ်ရေးထိုးသွားကြ မည်ဖြစ်ကြောင်း ဟီရှမ်မတ်ဒင်က ပြောကြားသည်။

“ဒီနားလည်မှုစာချွန်လွှာကနေတဆင့် COVID-19 အလွန်ခေတ်မှာ နှစ်နိုင်ငံအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်တဲ့ မူဘောင်တွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ အခြေအနေပေးတဲ့အချိန် ပေကျင်းကို ကျွန်တော်အလည်အပတ်သွားတဲ့အခါမှာ ဒီနားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဟီရှမ်မတ်ဒင်က ပြောကြားသည်။

COVID-19 ကာလအလွန် ပူးပေါင်းဆောင်ရွက်ရေးအတွက် အဆင့်မြင့်ခေါင်းဆောင်အဆင့် ကော်မတီတစ်ရပ် ထူထောင်ရန်လည်း သဘောတူညီခဲ့ကြကြောင်း ၊ အဆိုပါကော်မတီတွင် နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲ ဥက္ကဌများအဖြစ် တာဝန်ယူကြမည်ဖြစ်ကြောင်းလည်း ဟီရှမ်မတ်ဒင်ကပြောကြားသည်။

“ဒီ အဆင့်မြင့်ခေါင်းဆောင်ကော်မတီဟာ နားလည်မှုစာချွန်လွှာမှာ ပါဝင်တဲ့အရာတွေအားလုံးကို အကောင်အထည်ဖော်ဖို့အတွက် ကွပ်ကဲသွားမှာ ဖြစ်ပါတယ်” ဟု ဟီရှမ်မတ်ဒင်က ဆိုသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် ဆီအုန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာ လုံခြုံရေးနှင့် ခါးပတ်နှင့်ပိုးလမ်းမတို့အကြောင်းလည်း ပါဝင်ခဲ့သည်။

အပြန်အလှန်အစိမ်းရောင်လမ်းသွယ် (Reciprocal Green Lane) စီမံကိန်းကိုမူ အခြေအနေများ ဘေးကင်းသည့်အချိန်မှ အကောင်အထည်ဖော်ကြမည်ဖြစ်ကြောင်း ဟီရှမ်မတ်ဒင်က ပြောသည်။

“စီးပွားရေးအရနဲ့ အစိုးရအရာရှိတွေ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်သွားလာမှုတွေကို ပိုမိုလွယ်ကူစေဖို့အတွက်လည်း ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်။”

တောင်တရုတ်ပင်လယ်အရေးတွင်မူ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်မှာ အရေးအကြီးဆုံးဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် မလေးရှားသို့ အောက်တိုဘာ ၁၂ ရက်တွင် အလည်အပတ်ခရီးစဉ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးသည် မလေးရှားမှတဆင့် စင်္ကာပူ၊ လာအိုနှင့် ထိုင်းနိုင်ငံများသို့ ဆက်လက်သွားရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Malaysia has priority recipient status for Chinese Covid-19 vaccine (updated) (The star)

 

 

 [Zawgyi]

 

တရုတ္ျပည္ထုတ္ COVID-19 ကာကြယ္ေဆးကို မေလးရွားက ဦးစားေပးရရွိမည္

တရုတ္ျပည္မွ စမ္းသပ္ေနသည့္ COVID-19 ကာကြယ္ေဆး ထုတ္လုပ္ျပီးပါက မေလးရွားႏိုင္ငံကို ဦးစားေပးရရွိမည့္ အဆင့္ ေပးအပ္ျခင္းခံရေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ၾကီး ဒါတု ဆရီ ဟီရွမ္မတ္ဒင္ ဟူစိန္ (Datuk Seri Hishammuddin Hussein) က ေျပာၾကားသည္။

တရုတ္ျပည္က ထုတ္လုပ္မည့္ မည္သည့္ COVID-19 ကာကြယ္ေဆးမဆို မေလးရွားကို ဦးစားေပးမည့္ တရုတ္ႏိုင္ငံ၏ ကတိကဝတ္အေပၚ မေလးရွားက ၾကိဳဆိုေၾကာင္း ႏိုင္ငံျခားေရးဝန္ၾကီးက ေျပာၾကားသည္။

“တရုတ္ကုမၸဏီေတြကို ကာကြယ္ေဆးသုေတသန၊ ထုတ္လုပ္ေရးနဲ႔ ျဖန္႔ျဖဴးေရးက႑ေတြမွာ မေလးရွားနဲ႔ အားလံုးပူးေပါင္းဖို႔ တြန္းအားေပးသြားမယ္လို႔ တရုတ္ႏိုင္ငံရဲ ႔ သေဘာတူညီခ်က္အေပၚ ကၽြန္ေတာ္တို႔ ၾကိဳဆိုပါတယ္” ဟု တရုတ္ႏိုင္ငံျခားေရးဝန္ၾကီး ဝမ္ယီႏွင့္ ပူးတြဲသတင္းစာရွင္းလင္းပြဲ ျပဳလုပ္စဥ္ ဟီရွမ္မတ္ဒင္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

မေလးရွားႏိုင္ငံျခားေရးဝန္ၾကီးႏွင့္ တရုတ္ႏိုင္ငံျခားေရးဝန္ၾကီးတို႔သည္ ေအာက္တုိဘာလ ၁၃ ရက္က မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူျမိဳ ႔ရွိ ဟိုတယ္တစ္ခုတြင္ ပူးတြဲသတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္သည္။

ဟီရွမ္မတ္ဒင္ႏွင့္ ဝမ္ယီတို႔သည္ အဆိုပါဟိုတယ္တြင္ ႏွစ္ႏိုင္ငံ ေတြ႔ဆံုေဆြးေႏြးပြဲ ျပဳလုပ္ခဲ့ျပီးေနာက္ ယခုကဲ့သို႔ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ျခင္းလည္း ျဖစ္သည္။

COVID-19 အလြန္တြင္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္ေရးအတြက္ နားလည္မႈစာခၽြန္လႊာ (MOU) တစ္ခုလည္း လက္မွတ္ေရးထိုးသြားၾက မည္ျဖစ္ေၾကာင္း ဟီရွမ္မတ္ဒင္က ေျပာၾကားသည္။

“ဒီနားလည္မႈစာခၽြန္လႊာကေနတဆင့္ COVID-19 အလြန္ေခတ္မွာ ႏွစ္ႏိုင္ငံအၾကား လက္ေတြ႔ပူးေပါင္းေဆာင္ရြက္မႈအတြက္ က်ယ္ျပန္႔တဲ့ မူေဘာင္ေတြ ေပးႏိုင္မွာ ျဖစ္ပါတယ္။ အေျခအေနေပးတဲ့အခ်ိန္ ေပက်င္းကို ကၽြန္ေတာ္အလည္အပတ္သြားတဲ့အခါမွာ ဒီနားလည္မႈ စာခၽြန္လႊာကို လက္မွတ္ထုိးႏိုင္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္” ဟု ဟီရွမ္မတ္ဒင္က ေျပာၾကားသည္။

COVID-19 ကာလအလြန္ ပူးေပါင္းေဆာင္ရြက္ေရးအတြက္ အဆင့္ျမင့္ေခါင္းေဆာင္အဆင့္ ေကာ္မတီတစ္ရပ္ ထူေထာင္ရန္လည္း သေဘာတူညီခဲ့ၾကေၾကာင္း ၊ အဆိုပါေကာ္မတီတြင္ ႏွစ္ႏိုင္ငံ၏ ႏိုင္ငံျခားေရးဝန္ၾကီးမ်ား ပူးတြဲ ဥကၠဌမ်ားအျဖစ္ တာဝန္ယူၾကမည္ျဖစ္ေၾကာင္းလည္း ဟီရွမ္မတ္ဒင္ကေျပာၾကားသည္။

“ဒီ အဆင့္ျမင့္ေခါင္းေဆာင္ေကာ္မတီဟာ နားလည္မႈစာခၽြန္လႊာမွာ ပါဝင္တဲ့အရာေတြအားလံုးကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ကြပ္ကဲသြားမွာ ျဖစ္ပါတယ္” ဟု ဟီရွမ္မတ္ဒင္က ဆိုသည္။

ႏွစ္ႏိုင္ငံ ေဆြးေႏြးပြဲတြင္ ဆီအုန္းေရာင္းဝယ္ေရး၊ စားနပ္ရိကၡာ လံုျခံဳေရးႏွင့္ ခါးပတ္ႏွင့္ပိုးလမ္းမတို႔အေၾကာင္းလည္း ပါဝင္ခဲ့သည္။

အျပန္အလွန္အစိမ္းေရာင္လမ္းသြယ္ (Reciprocal Green Lane) စီမံကိန္းကိုမူ အေျခအေနမ်ား ေဘးကင္းသည့္အခ်ိန္မွ အေကာင္အထည္ေဖာ္ၾကမည္ျဖစ္ေၾကာင္း ဟီရွမ္မတ္ဒင္က ေျပာသည္။

“စီးပြားေရးအရနဲ႔ အစိုးရအရာရွိေတြ ႏွစ္ႏိုင္ငံၾကား နယ္စပ္ျဖတ္ေက်ာ္သြားလာမႈေတြကို ပိုမိုလြယ္ကူေစဖို႔အတြက္လည္း ဆက္လက္ေဆြးေႏြးဖို႔ သေဘာတူခဲ့ၾကတယ္။”

ေတာင္တရုတ္ပင္လယ္အေရးတြင္မူ ေဒသတြင္း ျငိမ္းခ်မ္းေရးႏွင့္ တည္ျငိမ္ေရးကို ထိန္းသိမ္းရန္မွာ အေရးအၾကီးဆံုးျဖစ္ေၾကာင္း သေဘာတူညီခဲ့ၾကသည္။

တရုတ္ႏိုင္ငံျခားေရးဝန္ၾကီး ဝမ္ယီသည္ မေလးရွားသို႔ ေအာက္တိုဘာ ၁၂ ရက္တြင္ အလည္အပတ္ခရီးစဥ္ ေရာက္ရွိခဲ့ျခင္း ျဖစ္သည္။

ႏိုုင္ငံျခားေရးဝန္ၾကီးသည္ မေလးရွားမွတဆင့္ စကၤာပူ၊ လာအိုႏွင့္ ထိုင္းႏိုင္ငံမ်ားသို႔ ဆက္လက္သြားေရာက္မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Malaysia has priority recipient status for Chinese Covid-19 vaccine (updated) (The star)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service