တရုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ရေး ဘင်္ဂလားဒေ့ရှ် ငြင်းပယ်
တရုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ရေး ဘင်္ဂလားဒေ့ရှ် ငြင်းပယ် - Property News in Myanmar from iMyanmarHouse.com
14 Oct 2020 11:47 am တွင် တင်ခဲ့သည်
4928 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်မှ Sinovac Biotech ကုမ္ပဏီက ထုတ်လုပ်စမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်ထားမှုမှာ ယခုအခါ မသေချာတော့ချေ။
တရုတ်ကုမ္ပဏီက ကာကွယ်ဆေး စမ်းသပ်ရေးကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း ကုန်ကျစရိတ် မျှဝေကျခံရန် တောင်းဆိုလာခြင်း အပေါ် ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနက ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
Sinovac Biotech Ltd က စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ၌ အစိုးရက ရန်ပုံငွေ ထောက်ပံ့ခြင်းမရှိပါက လက်တွေ့စမ်းသပ်မှု များ နှောင့်နှေးဖွယ်ရှိကြောင်း ထုတ်ပြန်သည်။
The Daily Star တွင်ဖော်ပြချက်အရမူ ကုန်ကျစရိတ်ကို တရုတ်ကုမ္ပဏီဘက်မှ တာဝန်ယူရန် သဘောတူညီထားမှုရှိသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုဖြစ်သော Bdnews24 တွင် ဖော်ပြချက်အရ ကျန်းမာရေးဝန်ကြီး ဇာဟစ် မာလက်ခ် (Zahid Maleque) က ပြောကြားရာတွင် Sinovac သည် စမ်းသပ်မှုများကို ၎င်းတို့၏ ငွေဖြင့်သာ လုပ်ဆောင်သင့်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကာကွယ်ဆေးစမ်းသပ်ခွင့်လျှောက်ထားစဉ်က ကုန်ကျစရိတ်ကို ၎င်းတို့ဘာသာကျခံမည်ဟု ပြောခဲ့ကြောင်း ပြောကြားသည်။
“ဒီအချက်ကြောင့်ပဲ သူတို့ကို ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပါတယ်။
ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်ခွင့်ပြုလိုက်ပြီးနောက်ပိုင်း နိုင်ငံရဲ့ အလုပ်က ပြီးသွားပါပြီ။
ကာကွယ်ဆေးစမ်းသပ်ခွင့်ရဖို့ အတည်ပြုချက်တောင်းစဉ်က ငွေကြေးမျှခံဖို့ သူတို့ဘက်က တောင်းဆိုတာ မရှိခဲ့ပါဘူး။
ဒါက တရုတ်အစိုးရနဲ့ ပြုလုပ်ထားတဲ့ သဘောတူညီချက်မဟုတ်ပါဘူး။ ဒါက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုပါ။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ ငွေမျှခံတာမျိုး ကျွန်တော်တို့ မလုပ်နိုင်ပါဘူး” ဟု ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။
သတင်းရင်းမြစ်တို့၏ ပြောကြားချက်များအရ ဘင်္ဂလားဒေ့ရှ်တွင် လူပေါင်း ၄၂၀၀ ကို ကာကွယ်ဆေး စမ်းသပ်ရန်အတွက် တာကာငွေ သန်း ၆၀၀ ခန့် ကုန်ကျဖွယ်ရှိကြောင်း ခန့်မှန်းရသည်။
ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် စီစဉ်ထားသည့်အတိုင်း ကာကွယ်ဆေးစမ်းသပ်မှု အထမမြောက်ခဲ့ပါကလည်း Sinovac ၏ ကာကွယ်ဆေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရရှိလိမ့်မည်သာဖြစ်ကြောင်း ထုတ်ပြန်သည်။
“ကာကွယ်ဆေးကို တရားဝင်အတည်ပြုခြင်းခံရပြီးရင် ဒီဆေးကို ကျွန်တော်တို့ ဝယ်လို့ရပါတယ်။ Sinovac ဟာ WHO နဲ့ တွဲပြီး အလုပ်လုပ်ရမှာပါ။ WHO ဟာ ကမ္ဘာ့နိုင်ငံတွေဆီကို ကာကွယ်ဆေး ဖြန့်ဝေပေးလိမ့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ရလာလိမ့်မှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်သည် ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသောကြောင့် ကာကွယ်ဆေးကို ဆောလျင်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Bangladesh rejects Chinese COVID vaccine trials( indiapost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service