အသက် ၃၆ နှစ်သည် ဘဝတွင် ပျော်ရွှင်ဖွယ်အကောင်းဆုံးဟု လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ

အသက် ၃၆ နှစ်သည် ဘဝတွင် ပျော်ရွှင်ဖွယ်အကောင်းဆုံးဟု လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
12 Oct 2020 12:57 pm တွင် တင်ခဲ့သည်
1607 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အသက် ၃၀ ကျော်ကာလများသည် သင်၏ဘဝတွင် အကောင်းဆုံး ဆယ်စုနှစ်တစ်ခုဖြစ်ပြီး လေ့လာချက်သစ်တစ်ရပ်တွင် တွေ့ရှိချက်အရ အသက် ၃၆ နှစ်သို့ ရောက်ရှိချိန်သည် ကျွန်ုပ်တို့ဘဝတွင် အပျော်ရွှင်ဆုံးကာလဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

One4all Gift Cards က ဗြိတိန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ ၂၀၂၇ ဦးကို လေ့လာခဲ့သော လေ့လာချက်အရ လူ့ဘဝတွင် ပျော်ရွှင်ဖွယ် အကောင်းဆုံးကာလမှာ အသက် ၃၆ နှစ်အရွယ်တွင်ဖြစ်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အသက် ၃၀ အရွယ်သို့ ရောက်လာခြင်းအပေါ် စိုးရိမ်ပူပန်ရန် မလိုချေ။ အဘယ်ကြောင့်ဆိုလျှင် ကောင်းသောအရာများ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့်ပင်။

စစ်တမ်းလေ့လာချက်တွင် တွေ့ရှိခဲ့သော အချက်အလက်များအရ ဗြိတိန်နိုင်ငံသားတို့သည် ယေဘုယျအားဖြင့် အသက် ၃၆ နှစ်အရွယ်တွင် ဘဝတွင်အရေးကြီးသည့် အရာများ၊ မှတ်တိုင်များ စိုက်ထူနိုင်ခဲ့ကြပြီဖြစ်သည်ကို တွေ့ရသည်။

ပျှမ်းမျှအားဖြင့် ဗြိတိန်နိုင်ငံသားတို့သည် အသက် ၂၉ နှစ်အရွယ်တွင် စေ့စပ်ကြောင်းလမ်းခြင်းများ ပြုလုပ်ခြင်း၊ ပထမဆုံးအကြိမ် ကားဝယ်ခြင်းများ ပြုလုပ်လေ့ရှိပြိး ကျန်းမာရေးအရ အကောင်းဆုံးအချိန်ကာလများဖြစ်သည်ဟု ဆိုသည်။

အသက် ၃၀ အရွယ်တွင် ပထမဆုံးသားသမီးတစ်ဦး ရလေ့ရှိပြီး ၃၁ နှစ်တွင် လက်ထပ်လေ့ရှိကြသည်။

ယေဘုယျအားဖြင့် ၃၂ နှစ်သို့ ရောက်လျှင် ပထမဆုံးနေအိမ် ဝယ်ယူလေ့ရှိပြီး ၃၃ နှစ်တွင် အချစ်ရေးနှင့်ပတ်သက်ပြီး ဘဝတွင် ပျော်ရွှင်ဖွယ်အကောင်းဆုံးကာလများ ပိုင်ဆိုင်လေ့ရှိသည်ဟု ဆိုသည်။

၃၅ နှစ်သည်ကား အသက်မွေးဝမ်းကျောင်းအလုပ်နှင့် ပတ်သက်ပြီး ပျော်ရွှင်ဖွယ်အကောင်းဆုံးကာလဖြစ်ကာ မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း အမြင့်ဆုံးအခြေအနေတွင် ရှိနေပြီး မိမိ၏ လူမှုဆက်ဆံရေးအသိုင်းအဝန်း မိတ်ဆွေများနှင့် စပ်လျဉ်းပြီး အပျော်ရွှင်ဆုံး ကာလများ ကြုံတွေ့ရသည်။

အသက် ၃၆ နှစ်သို့ ရောက်ရှိချိန်တွင်ကား ဗြိတိန်နိုင်ငံသားတို့သည် ဘဝ၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းပြီး အပျော်ရွှင်ဆုံး ဖြစ်ရုံမျှမကဘဲ မိသားစုဘဝအပေါ်တွင်လည်း စိတ်ကျေနပ်မှု အရှိဆုံးကာလဖြစ်သည်။ အဆိုပါအချက်အလက်များအရ ၃၀ ကျော်ကာလများသည် ဘဝတွင် အောင်ပွဲခံဖွယ်ရာ ဖြစ်ရပ်များ ပြည့်နှက်နေသည့် ကာလဖြစ်သည်ကို တွေ့ရပြီး ၄၀ ကျော် ကာလများသည်ကား ဘဝလုံခြုံမှုကို ကိုယ်စားပြုသည့် ဆယ်စုနှစ်ဟုဆိုနိုင်သည်။

အရွယ်ရောက်ပြီး ဗြိတိန်နိုင်ငံသားတို့၏ ပြောကြားချက်များအရ အသက် ၄၁ နှစ်နှင့် ၄၂ နှစ်အရွယ်တို့သည် နေအိမ်၊ ပိုင်ဆိုင်မှု၊ ဘဏ္ဍာရေး အခြေအနေတို့နှင့် ပတ်သက်ပြီး ပျော်ရွှင်ဖွယ်အကောင်းဆုံး ကာလများဖြစ်ကြကြောင်း ပြောကြားကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: We are ‘happiest in life’ at the age of 36 (Metro)

 

[Zawgyi]

အသက္ ၃၆ ႏွစ္သည္ ဘဝတြင္ ေပ်ာ္ရႊင္ဖြယ္အေကာင္းဆံုးဟု ေလ့လာခ်က္တစ္ရပ္တြင္ ေတြ႔ရိွ

အသက္ ၃၀ ေက်ာ္ကာလမ်ားသည္ သင္၏ဘဝတြင္ အေကာင္းဆံုး ဆယ္စုႏွစ္တစ္ခုျဖစ္ျပီး ေလ့လာခ်က္သစ္တစ္ရပ္တြင္ ေတြ႔ရွိခ်က္အရ အသက္ ၃၆ ႏွစ္သို႔ ေရာက္ရွိခ်ိန္သည္ ကၽြႏု္ပ္တို႔ဘဝတြင္ အေပ်ာ္ရႊင္ဆံုးကာလျဖစ္ေၾကာင္း ေတြ႔ရွိခဲ့သည္။

One4all Gift Cards က ျဗိတိန္ႏိုင္ငံရွိ အရြယ္ေရာက္ျပီးသူ ၂၀၂၇ ဦးကို ေလ့လာခဲ့ေသာ ေလ့လာခ်က္အရ လူ႔ဘဝတြင္ ေပ်ာ္ရႊင္ဖြယ္ အေကာင္းဆံုးကာလမွာ အသက္ ၃၆ ႏွစ္အရြယ္တြင္ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ထုိ႔ေၾကာင့္ အသက္ ၃၀ အရြယ္သို႔ ေရာက္လာျခင္းအေပၚ စိုးရိမ္ပူပန္ရန္ မလိုေခ်။ အဘယ္ေၾကာင့္ဆိုလွ်င္ ေကာင္းေသာအရာမ်ား ေရာက္ရွိလာေတာ့မည္ ျဖစ္ေသာေၾကာင့္ပင္။

စစ္တမ္းေလ့လာခ်က္တြင္ ေတြ႔ရွိခဲ့ေသာ အခ်က္အလက္မ်ားအရ ျဗိတိန္ႏိုင္ငံသားတို႔သည္ ေယဘုယ်အားျဖင့္ အသက္ ၃၆ ႏွစ္အရြယ္တြင္ ဘဝတြင္အေရးၾကီးသည့္ အရာမ်ား၊ မွတ္တိုင္မ်ား စိုက္ထူႏိုင္ခဲ့ၾကျပီျဖစ္သည္ကို ေတြ႔ရသည္။

ပွ်မ္းမွ်အားျဖင့္ ျဗိတိန္ႏိုင္ငံသားတို႔သည္ အသက္ ၂၉ ႏွစ္အရြယ္တြင္ ေစ့စပ္ေၾကာင္းလမ္းျခင္းမ်ား ျပဳလုပ္ျခင္း၊ ပထမဆံုးအၾကိမ္ ကားဝယ္ျခင္းမ်ား ျပဳလုပ္ေလ့ရွိျပိး က်န္းမာေရးအရ အေကာင္းဆံုးအခ်ိန္ကာလမ်ားျဖစ္သည္ဟု ဆိုသည္။

အသက္ ၃၀ အရြယ္တြင္ ပထမဆံုးသားသမီးတစ္ဦး ရေလ့ရွိျပီး ၃၁ ႏွစ္တြင္ လက္ထပ္ေလ့ရွိၾကသည္။

ေယဘုယ်အားျဖင့္ ၃၂ ႏွစ္သို႔ ေရာက္လွ်င္ ပထမဆံုးေနအိမ္ ဝယ္ယူေလ့ရွိျပီး ၃၃ ႏွစ္တြင္ အခ်စ္ေရးႏွင့္ပတ္သက္ျပီး ဘဝတြင္ ေပ်ာ္ရႊင္ဖြယ္အေကာင္းဆံုးကာလမ်ား ပိုင္ဆိုင္ေလ့ရွိသည္ဟု ဆိုသည္။

၃၅ ႏွစ္သည္ကား အသက္ေမြးဝမ္းေက်ာင္းအလုပ္ႏွင့္ ပတ္သက္ျပီး ေပ်ာ္ရႊင္ဖြယ္အေကာင္းဆံုးကာလျဖစ္ကာ မိမိကိုယ္ကိုယ္ ယံုၾကည္မႈလည္း အျမင့္ဆံုးအေျခအေနတြင္ ရွိေနျပီး မိမိ၏ လူမႈဆက္ဆံေရးအသိုင္းအဝန္း မိတ္ေဆြမ်ားႏွင့္ စပ္လ်ဥ္းျပီး အေပ်ာ္ရႊင္ဆံုး ကာလမ်ား ၾကံဳေတြ႔ရသည္။

အသက္ ၃၆ ႏွစ္သို႔ ေရာက္ရွိခ်ိန္တြင္ကား ျဗိတိန္ႏိုင္ငံသားတို႔သည္ ဘဝ၏ အေျခအေနအရပ္ရပ္ႏွင့္ စပ္လ်ဥ္းျပီး အေပ်ာ္ရႊင္ဆံုး ျဖစ္ရံုမွ်မကဘဲ မိသားစုဘဝအေပၚတြင္လည္း စိတ္ေက်နပ္မႈ အရွိဆံုးကာလျဖစ္သည္။ အဆိုပါအခ်က္အလက္မ်ားအရ ၃၀ ေက်ာ္ကာလမ်ားသည္ ဘဝတြင္ ေအာင္ပြဲခံဖြယ္ရာ ျဖစ္ရပ္မ်ား ျပည့္ႏွက္ေနသည့္ ကာလျဖစ္သည္ကို ေတြ႔ရျပီး ၄၀ ေက်ာ္ ကာလမ်ားသည္ကား ဘဝလံုျခံဳမႈကို ကိုယ္စားျပဳသည့္ ဆယ္စုႏွစ္ဟုဆိုႏိုင္သည္။

အရြယ္ေရာက္ျပီး ျဗိတိန္ႏိုင္ငံသားတို႔၏ ေျပာၾကားခ်က္မ်ားအရ အသက္ ၄၁ ႏွစ္ႏွင့္ ၄၂ ႏွစ္အရြယ္တို႔သည္ ေနအိမ္၊ ပိုင္ဆိုင္မႈ၊ ဘ႑ာေရး အေျခအေနတို႔ႏွင့္ ပတ္သက္ျပီး ေပ်ာ္ရႊင္ဖြယ္အေကာင္းဆံုး ကာလမ်ားျဖစ္ၾကေၾကာင္း ေျပာၾကားၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: We are ‘happiest in life’ at the age of 36 (Metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service