ငွေစက္ကူပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် မည်မျှကြာအောင် အသက်ရှင်နိုင်သနည်း

ငွေစက္ကူပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် မည်မျှကြာအောင် အသက်ရှင်နိုင်သနည်း - Property News in Myanmar from iMyanmarHouse.com
12 Oct 2020 12:27 pm တွင် တင်ခဲ့သည်
2089 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သြစတေးလျသိပ္ပံပညာရှင်တို့၏ သုတေသနတွေ့ရှိချက်သစ်အရ COVID-19 ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ်သည် ငွေစက္ကူများ၊ ဖုန်းမျက်နှာပြင်များနှင့် စတီးမျက်နှာပြင် (stainless steel) တို့အပေါ်တွင် ၂၈ ရက်ကြာ အသက်ရှင်နိုင်သည်ဟု ဆိုသည်။

အဆိုပါလေ့လာချက်ကို သြစတေးလျ အမျိုးသားသိပ္ပံအေဂျင်စီဖြစ်သော CSIRO က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်ကပြုလုပ်ခဲ့ကြသည့် သုတေသနများတွင် တွေ့ရှိမှုကာလထက် ပိုမိုတာရှည်စွာ အသက်ရှင်နိုင်ကြောင်း တွေ့ရှိလာခြင်း ဖြစ်သည်။

သို့သော် ယခုစမ်းသပ်မှုကို အမှောင်ခန်းထဲတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ရာ တကယ့်ဘဝတွင် မျက်နှာပြင်များပေါ်ရှိ ဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှု၊ အသက်ရှင်နိုင်မှုကာလနှင့် စပ်လျဉ်းပြီး ယခုထုတ်ပြန်ချက်အပေါ် အချို့သောကျွမ်းကျင်ပညာရှင်များက သံသယရှိကြသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါရှိသောသူများ ချောင်းဆိုး၊ နှာချေ၊ စကားပြောရာမှ အဓိက ထွက်ရှိခြင်း ဖြစ်သည်။

သို့သော် လေထဲတွင်ရှိနေသော မြူမှုန်များအတွင်းရှိ ဗိုင်းရပ်စ်များမှတဆင့်လည်း ကူးစက်နိုင်ကြောင်း အထောက်အထားများ ရှိလာသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးဗဟို (Centers for Disease Control) ၏ ထုတ်ပြန်ချက်အရ ရောဂါပိုးရှိနေသော သတ္တု (သို့မဟုတ်) ပလတ်စတစ် မျက်နှာပြင်များကို ထိတွေ့မိခြင်းမှ တဆင့်လည်း COVID-19 ကူးစက်နိုင် သည်ဟု ဆိုသည်။

သို့သော် ထိုသို့ ကူးစက်ခြင်းမျိုးမှာ နည်းပါးသည်ဟု ယုံကြည်ရသည်။

(လေ့လာချက်က ဘာပြောလဲ)

ယခင်က ဓာတ်ခွဲခန်းလေ့လာချက်များတွင် တွေ့ရှိခဲ့ကြသည်မှာ SARS-CoV-2 ဗိုင်းရပ်စ်သည် ငွေစက္ကူများနှင့် မှန်တို့အပေါ်တွင် ၂ ရက်မှ ၃ ရက်၊ ပလတ်စတစ်နှင့် စတီးမျက်နှာပြင်များပေါ်တွင် ၆ ရက်ကျော် အသက်ရှင်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

သြစတေးလျမှ CSIRO ၏ တွေ့ရှိချက်တွင်မူ ကိုရိုနာဗိုင်းရပ်စ်သည် အလွန်အကြမ်းတမ်းခံနိုင်ကြောင်း တွေ့ရှိလာပြီး ဖုန်းမျက်နှာပြင်များ တွင်ရှိသော မှန်သားပြင်ကဲ့သို့ ချောမွေ့သော မျက်နှာပြင်များ၊ ပလတ်စတစ်နှင့် စက္ကူ ငွေသားစက္ကူများကို အခန်းအပူချိန်ဖြစ်သော ၂၀ ဒီဂရီ စင်တီဂရိတ် (၆၈ ဒီဂရီ ဖာရင်ဟိုက်) ဖြင့် အမှောင်ထဲတွင် ထားရှိသောအခါ ၂၈ ရက် အသက်ရှင်နိုင်ကြောင်း တွေ့ရှိခြင်း ဖြစ်သည်။

နှိုင်းယှဉ်ချက်အားဖြင့် တုပ်ကွေးဗိုင်းရပ်စ်ကို အလားတူ အခြေအနေဝန်းကျင်မျိုးတွင် ထားရှိသောအခါ ၁၇ ရက် အသက်ရှင်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

ယခုလေ့လာချက်ကို Virology Journal တွင် ဖော်ပြခဲ့ပြီး SARS-CoV-2 ဗိုင်းရပ်စ် (ကိုရိုနာဗိုင်းရပ်စ်) သည် ပူပြင်းသော အပူချိန်တွင် ရှင်သန်နိုင်မှုကာလတိုတောင်းကြောင်း၊ ၄၀ ဒီဂရီ စင်တီဂရိတ်အပူချိန်ရှိသော မျက်နှာပြင်များပေါ်တွင် ၂၄ နာရီအတွင်း ကူးစက်နိုင်မှု မရှိတော့ကြောင်းလည်း လေ့လာချက်တွင် ဖော်ပြသည်။

အဝတ်အစားကဲ့သို့ စိမ့်ဝင်နိုင်သော အရာဝတ္ထုပစ္စည်းများထက် ချောမွေ့ကာ စိမ့်မဝင်နိုင်သော မျက်နှာပြင်များပေါ်တွင် ဗိုင်းရပ်စ်မှာ အချိန်ပိုမိုအသက်ရှင်လေ့ရှိကြောင်း၊ အဝတ်အစားများပေါ်တွင်မူ ၁၄ ရက်အထက် အသက်ရှင်သည်ကို မတွေ့ရချေ။

(သဘောမတူသူများ)

ကာဒစ်ဖ် တက္ကသိုလ် (Cardiff University) ၏ Common Cold Center မှ ညွှန်ကြားရေးမှူးဟောင်း ပါမောက္ခ Ron Eccles ကမူ ယခုလေ့လာချက်ကို ဝေဖန်ခဲ့ပြီး ဗိုင်းရပ်စ်က ၂၈ ရက် အသက်ရှင်နိုင်သည်ဟု ဆိုခြင်းမှာ ပြည်သူများအတွင်း မလိုလားအပ်သည့် ကြောက်ရွံ့မှုများ ဖြစ်စေနိုင်ကြောင်း ပြောကြားသည်။

“ဗိုင်းရပ်စ်တွေဟာ ချောင်းဆိုး၊ နှာချေရာက ထွက်လာတဲ့ အရည်တွေ ပျံ့နှံ့ပြီး လက်တွေကတဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ဒီလေ့လာချက်မှာက လူသားတွေရဲ့ ချွဲသလိပ်နှာရည်တွေကို အသုံးပြုပြီး လေ့လာခဲ့တာ မဟုတ်ပါဘူး” ဟု ပါမောက္ခ Eccles က ဝေဖန်ထားသည်။

“လူတွေရဲ့ ချွဲသလိပ်နှာရည်တွေဟာ တကယ်တော့ ဗိုင်းရပ်စ်တွေအတွက် ရှင်သန်ဖို့ခက်ခဲပြီး အန္တရာယ်များတဲ့နေရာပါ။ ချွဲသလိပ်နှာရည်တွေမှာ ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်တဲ့အင်ဇိုင်း ထုတ်လုပ်ပေးတဲ့ ဆဲလ်ဖြူ (white cells) တွေ ပါဝင်သလို ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ ပဋိပစ္စည်းတွေနဲ့ တခြားသော ဓာတုပစ္စည်းတွေလည်း ပါဝင်နိုင်ပါတယ်။ ကျွန်တော့်အမြင်အရတော့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေဟာ ချွဲသလိပ်နှာရည်တွေထဲမှာ ရက်ပိုင်းဆိုတာထက် နာရီပိုင်းလောက်ပဲ အသက်ရှင်နိုင်မယ်လို့ ယူဆပါတယ်” ဟု ပါမောက္ခ Eccles က ဆက်လက်ပြောကြားသည်။

ယခုနှစ် ဇူလိုင်လအတွင်း Lancet ဂျာနယ်တွင် ဖော်ပြခဲ့သော စာတမ်းတစ်ရပ်တွင် Rutgers University မှ အဏုဇီဝ ပါမောက္ခ Emanuel Goldman က ရေးသားခဲ့ရာတွင် သက်မဲ့အရာဝတ္ထုများပေါ်မှတဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်မှု အခွင့်အလမ်းမှာ အလွန်နည်းပါးသည်ဟု ဖော်ပြခဲ့သည်။

စမ်းသပ်ခန်းတွင် ပြုလုပ်သည့် စမ်းသပ်ချက်များမှာ လက်တွေ့ဘဝ အခြေအနေများနှင့် တူညီမှုနည်းပါးကြောင်းလည်း ပါမောက္ခ Emanuel က ပြောကြားသည်။

ကယ်လီဖိုးနီးယား တက္ကသိုလ် (University of California) မှ ဆေးပညာ ပါမောက္ခ Monica Gandhi က ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြောကြားခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် အရာဝတ္ထုတို့၏ မျက်နှာပြင်များမှတဆင့် ကူးစက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Covid-19 သည် အခြေခံအားဖြင့် လေအတွင်းမှတဆင့် ကူးစက်ပျံ့နှံ့သည်။

လေ့လာချက်များအရ လေထုအတွင်းရှိ မြူမှုန်များထဲတွင် ၃ နာရီကျော် ရှိနေနိုင်ကာ ကူးစက်စေနိုင်ကြောင်းလည်း တွေ့ရှိထားသည်။

ယခုလေ့လာချက်တွင် တွေ့ရှိခဲ့သည်မှာမူ စမ်းသပ်ခန်းတွင် ၂၀ ဒီဂရီ စင်တီဂရိတ်ထားရှိပြီးနောက် ၂၈ ရက်ကြာသောအခါ စစ်ဆေးကြည့်ရာ ဗိုင်းရပ်စ်များရှိနေဆဲဖြစ်သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတွေ့ရှိချက်များက လက်ကို မကြာခဏဆေးကြောရန်နှင့် ဖုန်းမျက်နှာပြင်များကို ပုံမှန်ပိုးသတ် သန့်စင်မှုများ လုပ်ရန် အရေးကြီးကြောင်း ပြသနေသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covid virus ‘survives for 28 days’ in lab conditions (bbc.co.uk)

 

 

[Zawgyi]

ေငြစကၠဴေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္ မည္မွ်ၾကာေအာင္ အသက္ရွင္ႏိုင္သနည္း

ၾသစေတးလ်သိပၸံပညာရွင္တို႔၏ သုေတသနေတြ႔ရွိခ်က္သစ္အရ COVID-19 ေရာဂါကိုျဖစ္ေစသည့္ ဗိုင္းရပ္စ္သည္ ေငြစကၠဴမ်ား၊ ဖုန္းမ်က္ႏွာျပင္မ်ားႏွင့္ စတီးမ်က္ႏွာျပင္ (stainless steel) တို႔အေပၚတြင္ ၂၈ ရက္ၾကာ အသက္ရွင္ႏိုင္သည္ဟု ဆိုသည္။

အဆိုပါေလ့လာခ်က္ကို ၾသစေတးလ် အမ်ဳိးသားသိပၸံေအဂ်င္စီျဖစ္ေသာ CSIRO က ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး ယခင္ကျပဳလုပ္ခဲ့ၾကသည့္ သုေတသနမ်ားတြင္ ေတြ႔ရွိမႈကာလထက္ ပိုမိုတာရွည္စြာ အသက္ရွင္ႏိုင္ေၾကာင္း ေတြ႔ရွိလာျခင္း ျဖစ္သည္။

သို႔ေသာ္ ယခုစမ္းသပ္မႈကို အေမွာင္ခန္းထဲတြင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္ရာ တကယ့္ဘဝတြင္ မ်က္ႏွာျပင္မ်ားေပၚရွိ ဗိုင္းရပ္စ္၏ ျခိမ္းေျခာက္မႈ၊ အသက္ရွင္ႏိုင္မႈကာလႏွင့္ စပ္လ်ဥ္းျပီး ယခုထုတ္ျပန္ခ်က္အေပၚ အခ်ဳိ ႔ေသာကၽြမ္းက်င္ပညာရွင္မ်ားက သံသယရွိၾကသည္။

ကိုရိုနာဗိုင္းရပ္စ္သည္ ေရာဂါရွိေသာသူမ်ား ေခ်ာင္းဆိုး၊ ႏွာေခ်၊ စကားေျပာရာမွ အဓိက ထြက္ရွိျခင္း ျဖစ္သည္။

သို႔ေသာ္ ေလထဲတြင္ရွိေနေသာ ျမဴမႈန္မ်ားအတြင္းရွိ ဗိုင္းရပ္စ္မ်ားမွတဆင့္လည္း ကူးစက္ႏိုင္ေၾကာင္း အေထာက္အထားမ်ား ရွိလာသည္။

အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးဗဟို (Centers for Disease Control) ၏ ထုတ္ျပန္ခ်က္အရ ေရာဂါပိုးရွိေနေသာ သတၱဳ (သို႔မဟုတ္) ပလတ္စတစ္ မ်က္ႏွာျပင္မ်ားကို ထိေတြ႔မိျခင္းမွ တဆင့္လည္း COVID-19 ကူးစက္ႏိုင္ သည္ဟု ဆိုသည္။

သို႔ေသာ္ ထိုသို႔ ကူးစက္ျခင္းမ်ဳိးမွာ နည္းပါးသည္ဟု ယံုၾကည္ရသည္။

(ေလ့လာခ်က္က ဘာေျပာလဲ)

ယခင္က ဓာတ္ခြဲခန္းေလ့လာခ်က္မ်ားတြင္ ေတြ႔ရွိခဲ့ၾကသည္မွာ SARS-CoV-2 ဗိုင္းရပ္စ္သည္ ေငြစကၠဴမ်ားႏွင့္ မွန္တို႔အေပၚတြင္ ၂ ရက္မွ ၃ ရက္၊ ပလတ္စတစ္ႏွင့္ စတီးမ်က္ႏွာျပင္မ်ားေပၚတြင္ ၆ ရက္ေက်ာ္ အသက္ရွင္ႏိုင္ေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

ၾသစေတးလ်မွ CSIRO ၏ ေတြ႔ရွိခ်က္တြင္မူ ကိုရိုနာဗိုင္းရပ္စ္သည္ အလြန္အၾကမ္းတမ္းခံႏိုင္ေၾကာင္း ေတြ႔ရွိလာျပီး ဖုန္းမ်က္ႏွာျပင္မ်ား တြင္ရွိေသာ မွန္သားျပင္ကဲ့သို႔ ေခ်ာေမြ႔ေသာ မ်က္ႏွာျပင္မ်ား၊ ပလတ္စတစ္ႏွင့္ စကၠဴ ေငြသားစကၠဴမ်ားကို အခန္းအပူခ်ိန္ျဖစ္ေသာ ၂၀ ဒီဂရီ စင္တီဂရိတ္ (၆၈ ဒီဂရီ ဖာရင္ဟိုက္) ျဖင့္ အေမွာင္ထဲတြင္ ထားရွိေသာအခါ ၂၈ ရက္ အသက္ရွင္ႏိုင္ေၾကာင္း ေတြ႔ရွိျခင္း ျဖစ္သည္။

ႏႈိင္းယွဥ္ခ်က္အားျဖင့္ တုပ္ေကြးဗိုင္းရပ္စ္ကို အလားတူ အေျခအေနဝန္းက်င္မ်ဳိးတြင္ ထားရွိေသာအခါ ၁၇ ရက္ အသက္ရွင္ႏိုင္ေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

ယခုေလ့လာခ်က္ကို Virology Journal တြင္ ေဖာ္ျပခဲ့ျပီး SARS-CoV-2 ဗိုင္းရပ္စ္ (ကိုရိုနာဗိုင္းရပ္စ္) သည္ ပူျပင္းေသာ အပူခ်ိန္တြင္ ရွင္သန္ႏိုင္မႈကာလတိုေတာင္းေၾကာင္း၊ ၄၀ ဒီဂရီ စင္တီဂရိတ္အပူခ်ိန္ရွိေသာ မ်က္ႏွာျပင္မ်ားေပၚတြင္ ၂၄ နာရီအတြင္း ကူးစက္ႏိုင္မႈ မရွိေတာ့ေၾကာင္းလည္း ေလ့လာခ်က္တြင္ ေဖာ္ျပသည္။

အဝတ္အစားကဲ့သို႔ စိမ့္ဝင္ႏိုင္ေသာ အရာဝတၳဳပစၥည္းမ်ားထက္ ေခ်ာေမြ႔ကာ စိမ့္မဝင္ႏိုင္ေသာ မ်က္ႏွာျပင္မ်ားေပၚတြင္ ဗိုင္းရပ္စ္မွာ အခ်ိန္ပိုမိုအသက္ရွင္ေလ့ရွိေၾကာင္း၊ အဝတ္အစားမ်ားေပၚတြင္မူ ၁၄ ရက္အထက္ အသက္ရွင္သည္ကို မေတြ႔ရေခ်။

(သေဘာမတူသူမ်ား)

ကာဒစ္ဖ္ တကၠသိုလ္ (Cardiff University) ၏ Common Cold Center မွ ညႊန္ၾကားေရးမွဴးေဟာင္း ပါေမာကၡ Ron Eccles ကမူ ယခုေလ့လာခ်က္ကို ေဝဖန္ခဲ့ျပီး ဗိုင္းရပ္စ္က ၂၈ ရက္ အသက္ရွင္ႏိုင္သည္ဟု ဆိုျခင္းမွာ ျပည္သူမ်ားအတြင္း မလိုလားအပ္သည့္ ေၾကာက္ရြံ ႔မႈမ်ား ျဖစ္ေစႏိုင္ေၾကာင္း ေျပာၾကားသည္။

“ဗိုင္းရပ္စ္ေတြဟာ ေခ်ာင္းဆိုး၊ ႏွာေခ်ရာက ထြက္လာတဲ့ အရည္ေတြ ပ်ံ ႔ႏွံ႔ျပီး လက္ေတြကတဆင့္ ကူးစက္တာ ျဖစ္ပါတယ္။ ဒီေလ့လာခ်က္မွာက လူသားေတြရဲ ႔ ခၽြဲသလိပ္ႏွာရည္ေတြကို အသံုးျပဳျပီး ေလ့လာခဲ့တာ မဟုတ္ပါဘူး” ဟု ပါေမာကၡ Eccles က ေဝဖန္ထားသည္။

“လူေတြရဲ ႔ ခၽြဲသလိပ္ႏွာရည္ေတြဟာ တကယ္ေတာ့ ဗိုင္းရပ္စ္ေတြအတြက္ ရွင္သန္ဖို႔ခက္ခဲျပီး အႏၱရာယ္မ်ားတဲ့ေနရာပါ။ ခၽြဲသလိပ္ႏွာရည္ေတြမွာ ဗိုင္းရပ္စ္ကို ေခ်မႈန္းႏိုင္တဲ့အင္ဇိုင္း ထုတ္လုပ္ေပးတဲ့ ဆဲလ္ျဖဴ (white cells) ေတြ ပါဝင္သလို ဗိုင္းရပ္စ္ကို ေသေစႏိုင္တဲ့ ပဋိပစၥည္းေတြနဲ႔ တျခားေသာ ဓာတုပစၥည္းေတြလည္း ပါဝင္ႏိုင္ပါတယ္။ ကၽြန္ေတာ့္အျမင္အရေတာ့ ကူးစက္ႏိုင္တဲ့ ဗိုင္းရပ္စ္ေတြဟာ ခၽြဲသလိပ္ႏွာရည္ေတြထဲမွာ ရက္ပိုင္းဆိုတာထက္ နာရီပိုင္းေလာက္ပဲ အသက္ရွင္ႏိုင္မယ္လို႔ ယူဆပါတယ္” ဟု ပါေမာကၡ Eccles က ဆက္လက္ေျပာၾကားသည္။

ယခုႏွစ္ ဇူလိုင္လအတြင္း Lancet ဂ်ာနယ္တြင္ ေဖာ္ျပခဲ့ေသာ စာတမ္းတစ္ရပ္တြင္ Rutgers University မွ အဏုဇီဝ ပါေမာကၡ Emanuel Goldman က ေရးသားခဲ့ရာတြင္ သက္မဲ့အရာဝတၳဳမ်ားေပၚမွတဆင့္ ဗိုင္းရပ္စ္ကူးစက္ႏိုင္မႈ အခြင့္အလမ္းမွာ အလြန္နည္းပါးသည္ဟု ေဖာ္ျပခဲ့သည္။

စမ္းသပ္ခန္းတြင္ ျပဳလုပ္သည့္ စမ္းသပ္ခ်က္မ်ားမွာ လက္ေတြ႔ဘဝ အေျခအေနမ်ားႏွင့္ တူညီမႈနည္းပါးေၾကာင္းလည္း ပါေမာကၡ Emanuel က ေျပာၾကားသည္။

ကယ္လီဖိုးနီးယား တကၠသိုလ္ (University of California) မွ ေဆးပညာ ပါေမာကၡ Monica Gandhi က ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ေျပာၾကားခဲ့ရာတြင္ ကိုရိုနာဗိုင္းရပ္စ္သည္ အရာဝတၳဳတို႔၏ မ်က္ႏွာျပင္မ်ားမွတဆင့္ ကူးစက္ျခင္းမရွိေၾကာင္း ေျပာၾကားခဲ့သည္။

Covid-19 သည္ အေျခခံအားျဖင့္ ေလအတြင္းမွတဆင့္ ကူးစက္ပ်ံ ႔ႏွံ႔သည္။

ေလ့လာခ်က္မ်ားအရ ေလထုအတြင္းရွိ ျမဴမႈန္မ်ားထဲတြင္ ၃ နာရီေက်ာ္ ရွိေနႏိုင္ကာ ကူးစက္ေစႏိုင္ေၾကာင္းလည္း ေတြ႔ရွိထားသည္။

ယခုေလ့လာခ်က္တြင္ ေတြ႔ရွိခဲ့သည္မွာမူ စမ္းသပ္ခန္းတြင္ ၂၀ ဒီဂရီ စင္တီဂရိတ္ထားရွိျပီးေနာက္ ၂၈ ရက္ၾကာေသာအခါ စစ္ေဆးၾကည့္ရာ ဗိုင္းရပ္စ္မ်ားရွိေနဆဲျဖစ္သည္ကို ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ယခုေတြ႔ရွိခ်က္မ်ားက လက္ကို မၾကာခဏေဆးေၾကာရန္ႏွင့္ ဖုန္းမ်က္ႏွာျပင္မ်ားကို ပံုမွန္ပိုးသတ္ သန္႔စင္မႈမ်ား လုပ္ရန္ အေရးၾကီးေၾကာင္း ျပသေနသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covid virus ‘survives for 28 days’ in lab conditions (bbc.co.uk)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service