ထိုင်းနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများကို (၇) ရက်သာ ကွာရန်တင်းထားရန် ဆွေးနွေးလျက်ရှိ

ထိုင်းနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများကို (၇) ရက်သာ ကွာရန်တင်းထားရန် ဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
11 Oct 2020 11:02 am တွင် တင်ခဲ့သည်
830 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံသို့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်ရန် ဆွဲဆောင်နိုင်ရေးအတွက် ကွာရန်တင်းကာလ ၁၄ ရက်ကို လျှော့ချပေးနိုင်ရန် ထိုင်းအစိုးရက နည်းလမ်းများ ရှာဖွေလျက်ရှိသည်။

သင့်တော်သည့် ကွာရန်တင်းကာလ သတ်မှတ်ပေးရန် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ရောဂါထိန်းချုပ်ရေးဌာန (Disease Control Department-DCD) အား ညွှန်ကြားထားသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Kiattiphum Wongrajit က ပြောကြားရာတွင် ထိုင်းနိုင်ငံသည် ကမ္ဘာလှည့် ခရီးသည်များ ပိုမိုလာရောက်ရေး အားပေးရန်အတွက် ပိုမိုတိုတောင်းသည့် ကွာရန်တင်းကာလ သတ်မှတ်ရေး အချိန်ယူ စဉ်းစားနေ ကြောင်း ပြောကြားသည်။

COVID-19 ကြောင့် စီးပွားရေးကျဆင်းနေမှုကို ပြန်လည်ထောက်မပေးနိုင်ရန်အတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအား ပြန်လည်စတင် နိုင်ရန် ထိုင်းအစိုးရက အပြင်းအထန်ကြိုးပမ်းလာနေသည်။

လက်ရှိတွင် သံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ဝင်ခွင့်ပြုထားသော်လည်း ၁၄ ရက် မဖြစ်မနေ ကွာရန်တင်းဝင်စေလျက် ရှိသည်။ ကွာရန်တင်းကာလ ပြောင်းလဲသတ်မှတ်လျှင် COVID-19 ကူးစက်ပျံ့ပွားမှုအား မည်မျှ ထိရောက်စွာ ကာကွယ်နိုင်မည်ကို DCD က ခန့်မှန်းတွက်ချက်နေရသည်။

၁၄ ရက် ကွာရန်တင်းကာလကို ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိသည်ဟူသည့် အခြေခံမျဉ်းပေါ် မူတည်ကာ ၁၂ ရက်၊ ၁၀ ရက်နှင့် ၇ ရက် ကွာရန်တင်းကာလတို့၏ ထိရောက်မှုအတိုင်းအတာကို DCD က ခန့်မှန်းတွက်ချက်မည် ဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် COVID-19 အခြေအနေ ကွပ်ကဲရေးဌာနထံ ကွာရန်တင်းကာလ ၁၀ ရက်ထားရန် လာမည့် ရက်သတ္တ ၂ ပတ်အတွင်း အဆိုပြုသွားမည် ဖြစ်သည်။

တစ်လကြာပြီးလျှင် သက်တမ်းလျှော့ထားသော ကွာရန်တင်းကာလ၏ ထိရောက်မှုအတိုင်းအတာကို သုံးသပ်မည် ဖြစ်သည်။

အကယ်၍ COVID-19 အခြေအနေမှာ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိနေပါက ကွာရန်တင်းကာလကို ဆက်လက်လျှော့ချပေးမည် ဖြစ်သည်။ သို့သော် ကွာရန်တင်းကာလ ရက်လျှော့ချပေးခြင်းကို ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သူအားလုံး တပြေးညီရရှိမည်ကား မဟုတ်ချေ။

အန္တရာယ်မြင့်မားသည့် နိုင်ငံများမှ လာရောက်လည်ပတ်သူများမှာမူ မူလသတ်မှတ်ချက်အတိုင်း ၁၄ ရက် ကွာရန်တင်းဝင်ရမည် ဖြစ်ပြီး အန္တရာယ်နည်းပါးသည့် နိုင်ငံများမှ လာရောက်သူများသာ ၇ ရက် ကွာရန်တင်းစည်းမျဉ်းတွင် အကျုံးဝင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Seven-day quarantine discussed in Thailand (Phanompenh Post)

 

[Zawgyi]

ထိုင္းႏိုင္ငံသုိ႔ လာေရာက္မည့္ ႏိုင္ငံျခားသားမ်ားကို (၇) ရက္သာ ကြာရန္တင္းထားရန္ ေဆြးေႏြးလ်က္ရွိ

ထိုင္းႏိုင္ငံသို႔ ႏိုင္ငံျခားသား ကမၻာလွည့္ခရီးသည္မ်ား ပိုမိုလာေရာက္ရန္ ဆြဲေဆာင္ႏိုင္ေရးအတြက္ ကြာရန္တင္းကာလ ၁၄ ရက္ကို ေလွ်ာ့ခ်ေပးႏိုင္ရန္ ထုိင္းအစိုးရက နည္းလမ္းမ်ား ရွာေဖြလ်က္ရွိသည္။

သင့္ေတာ္သည့္ ကြာရန္တင္းကာလ သတ္မွတ္ေပးရန္ ျပည္သူ႔က်န္းမာေရး ဝန္ၾကီးဌာနက ေရာဂါထိန္းခ်ဳပ္ေရးဌာန (Disease Control Department-DCD) အား ညႊန္ၾကားထားသည္။

ျပည္သူ႔က်န္းမာေရးဝန္ၾကီးဌာန အျမဲတမ္းအတြင္းဝန္ Kiattiphum Wongrajit က ေျပာၾကားရာတြင္ ထိုင္းႏိုင္ငံသည္ ကမၻာလွည့္ ခရီးသည္မ်ား ပိုမိုလာေရာက္ေရး အားေပးရန္အတြက္ ပိုမိုတိုေတာင္းသည့္ ကြာရန္တင္းကာလ သတ္မွတ္ေရး အခ်ိန္ယူ စဥ္းစားေန ေၾကာင္း ေျပာၾကားသည္။

COVID-19 ေၾကာင့္ စီးပြားေရးက်ဆင္းေနမႈကို ျပန္လည္ေထာက္မေပးႏိုင္ရန္အတြက္ ကမၻာလွည့္ခရီးသြားလုပ္ငန္းအား ျပန္လည္စတင္ ႏိုင္ရန္ ထိုင္းအစိုးရက အျပင္းအထန္ၾကိဳးပမ္းလာေနသည္။

လက္ရွိတြင္ သံတမန္မ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားကို ဝင္ခြင့္ျပဳထားေသာ္လည္း ၁၄ ရက္ မျဖစ္မေန ကြာရန္တင္းဝင္ေစလ်က္ ရွိသည္။ ကြာရန္တင္းကာလ ေျပာင္းလဲသတ္မွတ္လွ်င္ COVID-19 ကူးစက္ပ်ံ ႔ပြားမႈအား မည္မွ် ထိေရာက္စြာ ကာကြယ္ႏိုင္မည္ကို DCD က ခန္႔မွန္းတြက္ခ်က္ေနရသည္။

၁၄ ရက္ ကြာရန္တင္းကာလကို ၁၀၀ ရာခိုင္ႏႈန္း ထိေရာက္မႈရွိသည္ဟူသည့္ အေျခခံမ်ဥ္းေပၚ မူတည္ကာ ၁၂ ရက္၊ ၁၀ ရက္ႏွင့္ ၇ ရက္ ကြာရန္တင္းကာလတို႔၏ ထိေရာက္မႈအတိုင္းအတာကို DCD က ခန္႔မွန္းတြက္ခ်က္မည္ ျဖစ္သည္။

ဝန္ၾကီးဌာနအေနျဖင့္ COVID-19 အေျခအေန ကြပ္ကဲေရးဌာနထံ ကြာရန္တင္းကာလ ၁၀ ရက္ထားရန္ လာမည့္ ရက္သတၱ ၂ ပတ္အတြင္း အဆိုျပဳသြားမည္ ျဖစ္သည္။

တစ္လၾကာျပီးလွ်င္ သက္တမ္းေလွ်ာ့ထားေသာ ကြာရန္တင္းကာလ၏ ထိေရာက္မႈအတိုင္းအတာကို သံုးသပ္မည္ ျဖစ္သည္။

အကယ္၍ COVID-19 အေျခအေနမွာ ထိန္းခ်ဳပ္ႏိုင္သည့္ အေျခအေနတြင္ ရွိေနပါက ကြာရန္တင္းကာလကို ဆက္လက္ေလွ်ာ့ခ်ေပးမည္ ျဖစ္သည္။ သို႔ေသာ္ ကြာရန္တင္းကာလ ရက္ေလွ်ာ့ခ်ေပးျခင္းကို ထိုင္းႏိုင္ငံသို႔ လာေရာက္လည္ပတ္သူအားလံုး တေျပးညီရရွိမည္ကား မဟုတ္ေခ်။

အႏၱရာယ္ျမင့္မားသည့္ ႏိုင္ငံမ်ားမွ လာေရာက္လည္ပတ္သူမ်ားမွာမူ မူလသတ္မွတ္ခ်က္အတိုင္း ၁၄ ရက္ ကြာရန္တင္းဝင္ရမည္ ျဖစ္ျပီး အႏၱရာယ္နည္းပါးသည့္ ႏိုင္ငံမ်ားမွ လာေရာက္သူမ်ားသာ ၇ ရက္ ကြာရန္တင္းစည္းမ်ဥ္းတြင္ အက်ံဳးဝင္မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Seven-day quarantine discussed in Thailand (Phanompenh Post)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service