စပိန်နိုင်ငံ၊ မက်ဒရစ်တွင် COVID-19 အရေးပေါ်အခြေအနေကြေညာ

စပိန်နိုင်ငံ၊ မက်ဒရစ်တွင် COVID-19 အရေးပေါ်အခြေအနေကြေညာ - Property News in Myanmar from iMyanmarHouse.com
11 Oct 2020 10:55 am တွင် တင်ခဲ့သည်
542 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် COVID-19 ကူးစက်မှုများ မြင့်တက်နေခြင်းကြောင့် lockdown စည်းမျဉ်းများ ချမှတ်နိုင်ရန်အတွက် စပိန်အစိုးရက မက်ဒရစ်မြို့အနီးဝန်းကျင်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်သည်။

ဒေသအုပ်ချုပ်ရေးအဖွဲ့ကမူ lockdown ချရန် သဘောမတူကြဟုဆိုသည်။ ဒေသအုပ်ချုပ်ရေးအဖွဲ့၏ ကန့်ကွက်မှုများ အကြားမှ အစိုးရက lockdown ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

ဗဟိုလက်ဝဲစွန်း အစိုးရအဖွဲ့နှင့် ဗဟိုလက်ယာစွန်း ဒေသအုပ်ချုပ်ရေးအဖွဲ့တို့အကြား COVID-19 လှိုင်းသစ်ပေါ်ပေါက်လာမှုကို မည်သို့မည်ပုံ စီမံကိုင်တွယ်မည်ဟူသည့်အချက်နှင့် စပ်လျဉ်းပြီး သဘောထားကွဲလွဲကာ တင်းမာမှုများ မြင့်တက်နေသည်။

ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်က အောက်တိုဘာလ ၂ ရက်မှ စတင်ကာ ၁၅ lockdown ချကြောင်း ကြေညာခဲ့သည်။

သို့သော် မက်ဒရစ်မြို့ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အစ္စဘယ်လ် ဒိုင်ယက်ဇ် အေယုဆိုက တရားရုံးတွင် lockdown ကိစ္စကို တင်ပြခဲ့ရာ မက်ဒရစ်မှ တရားသူကြီးတစ်ဦးက အစ္စဘယ်လ်၏ အလိုအတိုင်း ဆုံးဖြတ်ပေးခဲ့သည်။ ထို့ကြောင့် ဝန်ကြီးချုပ် ဆန်းချက်ဇ်က ထပ်မံ၍ အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

ယခုချမှတ်လိုက်သည့် စည်းမျဉ်းတင်းကြပ်မှုများအရ မက်ဒရစ်မြို့နှင့် အနီးဝန်းကျင်ရှိ မြို့ ၈ မြို့တို့တွင် နေထိုင်သူများအနေဖြင့် မြို့မှ ထွက်ခွာကာ ခရီးသွားလာခွင့် ရရှိတော့မည် မဟုတ်ချေ။

ချမှတ်လိုက်သည့် စည်းမျဉ်းတင်းကြပ်မှုများကို ကြပ်မတ်ကွပ်ကဲရန် ရဲတပ်ဖွဲ့က တာဝန်ယူမည်ဖြစ်သည်။

အဆိုပါမြို့ ၉ မြို့တွင် နေထိုင်သူတို့သည် အလုပ်ကိစ္စ၊ ကျောင်းကိစ္စနှင့် အရေးပေါ်ကိစ္စများအတွက်သာ မြို့မှ ထွက်ခွာခရီးသွားလာခွင့် ရရှိမည်ဖြစ်ပြီး လူစုလူဝေးများ ပြုလုပ်ခြင်းကို ၆ ဦးအထိသာ ခွင့်ပြုမည် ဖြစ်သည်။ “မက်ဒရစ်မှာ အလုံးစုံ lockdown ချလိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါက ဝရုန်းသုန်းကားတွေ ဖြစ်သွားနိုင်ပါတယ်” ဟု အစ္စဘယ်လ်က ပြောကြားပြီး သူမအနေဖြင့် ဗဟိုအစိုးရနှင့် လက်တွဲအလုပ်လုပ်ရန်အသင့်ရှိကြောင်း၊ သို့သော် ရှင်းလင်း၊ ရိုးစင်းသည့် စည်းမျဉ်းများကို တောင်းဆိုနေခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အစ္စဘယ်လ်က ပြောရာတွင် သူမအနေဖြင့် အလုံးစုံပိတ်ပင်မှုမျိုးကို ဆန့်ကျင်ကြောင်း၊ အခြေအနေနှင့် လိုက်လျောညီထွေ ရှိမည့် တင်းကျပ်မှုမျိုးကိုသာ ပိုမိုနှစ်သက်ကြောင်း ပြောကြားသည်။

Lockdown ချမှတ်ခြင်းဟူသည်မှာ နေရာဒေသတစ်ခု၏ ကူးစက်မှုနှုန်း အခြေအနေကို ကြည့်ကာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းလည်း သူမက ပြောကြားသည်။

ဒေသတွင်းတွင် ဗိုင်းရပ်စ်ရှိနေပြီး ကူးစက်မှုများ ဖြစ်ပေါ်နေကြောင်းကိုမူ အစ္စဘယ်လ်က ဝန်ခံခဲ့သည်။

စပိန်ကျန်းမာရေးဝန်ကြီး Salvador Illa က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ အစ္စဘယ်လ်သည် ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မည်သည့်ကိုင်တွယ်မှုမှ မလုပ်ရန် ဆုံးဖြတ်ထားဟန်ရကြောင်း ပြောကြားသည်။

“မက်ဒရစ်သားတွေရဲ့ ကျန်းမာရေးကို အကာအကွယ်ပေးဖို့နဲ့ အခြားဒေသတွေဆီ ပျံ့နှံ့မသွားစေဖို့အတွက် အစီအမံတွေ ကျွန်တော်တို့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း မက်ဒရစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၆၃ ဦး သေဆုံးခဲ့ရပြီး ဆေးရုံတင်ထားရသူ ၃၃၆၁ ဦးရှိကာ အထူးကြပ်မတ်ကုသခန်းတွင် ဆေးကုသမှုခံယူနေရသူ ၄၉၈ ဦးရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့ပွားချိန်မှစပြီး ယနေ့အထိ မက်ဒရစ်မြို့တွင် ကူးစက်ခံရသူ ၂၅၉၇၆၇ ဦးရှိပြီး သေဆုံးသူ ၁၂၀၉ ဦး ရှိခဲ့ပြီ ဖြစ်သည်။

စပိန်သည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ခံရသည့်နိုင်ငံများအနက် သတ္တမနေရာတွင် ရပ်တည်နေသည်။

စပိန်နိုင်ငံထက် ကူးစက်ခံရမှု ပိုမိုများပြားသည့် ၆ နိုင်ငံမှာ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ ကိုလံဘီယာနှင့် အာဂျင်တီးနားတို့ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Spanish Government Orders State of Emergency In Madrid Region As COVID-19 Cases Rise (NPR)

 

[Zawgyi]

စပိန္ႏိုင္ငံ၊ မက္ဒရစ္တြင္ COVID-19 အေရးေပၚအေျခအေနေၾကညာ

စပိန္ႏိုင္ငံ၊ မက္ဒရစ္ျမိဳ ႔တြင္ COVID-19 ကူးစက္မႈမ်ား ျမင့္တက္ေနျခင္းေၾကာင့္ lockdown စည္းမ်ဥ္းမ်ား ခ်မွတ္ႏိုင္ရန္အတြက္ စပိန္အစိုးရက မက္ဒရစ္ျမိဳ ႔အနီးဝန္းက်င္ကို အေရးေပၚအေျခအေနအျဖစ္ ေၾကညာလိုက္သည္။

ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႔ကမူ lockdown ခ်ရန္ သေဘာမတူၾကဟုဆိုသည္။ ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႔၏ ကန္႔ကြက္မႈမ်ား အၾကားမွ အစိုးရက lockdown ေၾကညာလိုက္ျခင္းလည္း ျဖစ္သည္။

ဗဟိုလက္ဝဲစြန္း အစိုးရအဖြဲ႔ႏွင့္ ဗဟိုလက္ယာစြန္း ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႔တို႔အၾကား COVID-19 လႈိင္းသစ္ေပၚေပါက္လာမႈကို မည္သို႔မည္ပံု စီမံကိုင္တြယ္မည္ဟူသည့္အခ်က္ႏွင့္ စပ္လ်ဥ္းျပီး သေဘာထားကြဲလြဲကာ တင္းမာမႈမ်ား ျမင့္တက္ေနသည္။

ဝန္ၾကီးခ်ဳပ္ ပီဒရို ဆန္းခ်က္ဇ္က ေအာက္တိုဘာလ ၂ ရက္မွ စတင္ကာ ၁၅ lockdown ခ်ေၾကာင္း ေၾကညာခဲ့သည္။

သို႔ေသာ္ မက္ဒရစ္ျမိဳ ႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ ဥကၠဌ အစၥဘယ္လ္ ဒိုင္ယက္ဇ္ ေအယုဆိုက တရားရံုးတြင္ lockdown ကိစၥကို တင္ျပခဲ့ရာ မက္ဒရစ္မွ တရားသူၾကီးတစ္ဦးက အစၥဘယ္လ္၏ အလိုအတိုင္း ဆံုးျဖတ္ေပးခဲ့သည္။ ထို႔ေၾကာင့္ ဝန္ၾကီးခ်ဳပ္ ဆန္းခ်က္ဇ္က ထပ္မံ၍ အေရးေပၚအေျခအေန ေၾကညာခဲ့ျခင္းလည္း ျဖစ္သည္။

ယခုခ်မွတ္လုိက္သည့္ စည္းမ်ဥ္းတင္းၾကပ္မႈမ်ားအရ မက္ဒရစ္ျမိဳ ႔ႏွင့္ အနီးဝန္းက်င္ရွိ ျမိဳ ႔ ၈ ျမိဳ ႔တို႔တြင္ ေနထိုင္သူမ်ားအေနျဖင့္ ျမိဳ ႔မွ ထြက္ခြာကာ ခရီးသြားလာခြင့္ ရရွိေတာ့မည္ မဟုတ္ေခ်။

ခ်မွတ္လိုက္သည့္ စည္းမ်ဥ္းတင္းၾကပ္မႈမ်ားကို ၾကပ္မတ္ကြပ္ကဲရန္ ရဲတပ္ဖြဲ႔က တာဝန္ယူမည္ျဖစ္သည္။

အဆိုပါျမိဳ ႔ ၉ ျမိဳ ႔တြင္ ေနထုိင္သူတို႔သည္ အလုပ္ကိစၥ၊ ေက်ာင္းကိစၥႏွင့္ အေရးေပၚကိစၥမ်ားအတြက္သာ ျမိဳ ႔မွ ထြက္ခြာခရီးသြားလာခြင့္ ရရွိမည္ျဖစ္ျပီး လူစုလူေဝးမ်ား ျပဳလုပ္ျခင္းကို ၆ ဦးအထိသာ ခြင့္ျပဳမည္ ျဖစ္သည္။ “မက္ဒရစ္မွာ အလံုးစံု lockdown ခ်လိုက္ဖို႔က မျဖစ္ႏိုင္ပါဘူး။ ဒါက ဝရုန္းသုန္းကားေတြ ျဖစ္သြားႏိုင္ပါတယ္” ဟု အစၥဘယ္လ္က ေျပာၾကားျပီး သူမအေနျဖင့္ ဗဟိုအစိုးရႏွင့္ လက္တြဲအလုပ္လုပ္ရန္အသင့္ရွိေၾကာင္း၊ သို႔ေသာ္ ရွင္းလင္း၊ ရိုးစင္းသည့္ စည္းမ်ဥ္းမ်ားကို ေတာင္းဆိုေနျခင္းျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

အစၥဘယ္လ္က ေျပာရာတြင္ သူမအေနျဖင့္ အလံုးစံုပိတ္ပင္မႈမ်ဳိးကို ဆန္႔က်င္ေၾကာင္း၊ အေျခအေနႏွင့္ လိုက္ေလ်ာညီေထြ ရွိမည့္ တင္းက်ပ္မႈမ်ဳိးကိုသာ ပိုမိုႏွစ္သက္ေၾကာင္း ေျပာၾကားသည္။

Lockdown ခ်မွတ္ျခင္းဟူသည္မွာ ေနရာေဒသတစ္ခု၏ ကူးစက္မႈႏႈန္း အေျခအေနကို ၾကည့္ကာ လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္းလည္း သူမက ေျပာၾကားသည္။

ေဒသတြင္းတြင္ ဗိုင္းရပ္စ္ရွိေနျပီး ကူးစက္မႈမ်ား ျဖစ္ေပၚေနေၾကာင္းကိုမူ အစၥဘယ္လ္က ဝန္ခံခဲ့သည္။

စပိန္က်န္းမာေရးဝန္ၾကီး Salvador Illa က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားရာ၌ အစၥဘယ္လ္သည္ ဗိုင္းရပ္စ္ႏွင့္ ပတ္သက္ျပီး မည္သည့္ကိုင္တြယ္မႈမွ မလုပ္ရန္ ဆံုးျဖတ္ထားဟန္ရေၾကာင္း ေျပာၾကားသည္။

“မက္ဒရစ္သားေတြရဲ ႔ က်န္းမာေရးကို အကာအကြယ္ေပးဖုိ႔နဲ႔ အျခားေဒသေတြဆီ ပ်ံ ႔ႏွံ႔မသြားေစဖို႔အတြက္ အစီအမံေတြ ကၽြန္ေတာ္တို႔ လုပ္ေဆာင္ရတာ ျဖစ္ပါတယ္” ဟု က်န္းမာေရးဝန္ၾကီးက ေျပာၾကားသည္။ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း မက္ဒရစ္တြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၆၃ ဦး ေသဆံုးခဲ့ရျပီး ေဆးရံုတင္ထားရသူ ၃၃၆၁ ဦးရွိကာ အထူးၾကပ္မတ္ကုသခန္းတြင္ ေဆးကုသမႈခံယူေနရသူ ၄၉၈ ဦးရွိေၾကာင္းလည္း က်န္းမာေရးဝန္ၾကီးက ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္ စတင္ပ်ံ ႔ပြားခ်ိန္မွစျပီး ယေန႔အထိ မက္ဒရစ္ျမိဳ ႔တြင္ ကူးစက္ခံရသူ ၂၅၉၇၆၇ ဦးရွိျပီး ေသဆံုးသူ ၁၂၀၉ ဦး ရွိခဲ့ျပီ ျဖစ္သည္။

စပိန္သည္ ကမၻာေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္ အဆိုးရြားဆံုး ကူးစက္ခံရသည့္ႏိုင္ငံမ်ားအနက္ သတၱမေနရာတြင္ ရပ္တည္ေနသည္။

စပိန္ႏိုင္ငံထက္ ကူးစက္ခံရမႈ ပိုမိုမ်ားျပားသည့္ ၆ ႏိုင္ငံမွာ အေမရိကန္ျပည္ေထာင္စု၊ အိႏိၵယ၊ ဘရာဇီး၊ ရုရွား၊ ကိုလံဘီယာႏွင့္ အာဂ်င္တီးနားတို႔ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Spanish Government Orders State of Emergency In Madrid Region As COVID-19 Cases Rise (NPR)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service