တောင်ကိုရီးယား Covid-19 ကွာရန်တင်းစင်တာမှ မြေအောက်ဥမင်တူးကာ အင်ဒိုနီးရှားသင်္ဘောသားထွက်ပြေး

တောင်ကိုရီးယား Covid-19 ကွာရန်တင်းစင်တာမှ မြေအောက်ဥမင်တူးကာ အင်ဒိုနီးရှားသင်္ဘောသားထွက်ပြေး - Property News in Myanmar from iMyanmarHouse.com
9 Oct 2020 12:14 pm တွင် တင်ခဲ့သည်
7676 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်တွင် COVID-19 ကွာရန်တင်းစင်တာတစ်ခု၌ နေထိုင်ရလျက်ရှိသော အင်ဒိုနီးရှား သင်္ဘောသား တစ်ဦးသည် မြေအောက်ဥမင်တစ်ခုတူးကာ ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

သို့သော် တောင်ကိုရီးယားအာဏာပိုင်တို့အား ထွက်ပြေးသူအား ပြန်လည်ဖမ်းမိခဲ့သည်ဟု ဆိုသည်။

အမည်မသိရသော အင်ဒိုနီးရှား အမျိုးသားသည် ယာယီ ကွာရန်တင်းစင်တာမှ နံရံအောက်ခြေတွင် တွင်းတစ်ခု တူးဖော်ခဲ့သည်။

တောင်ကိုရီးယား ဥပဒေအရ ရက်သတ္တ ၂ ပတ် ကွာရန်တင်း ဝင်နေရရာ ကွာရန်တင်းကာလမပြည့်မီ တစ်ရက်အလိုတွင် ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းလည်း ဖြစ်သည်။

ထွက်ပြေးသည့် အမျိုးသားကို ဆိုးလ်မြို့တော်၏ တောင်ဘက် ၁၁၂ ကီလိုမီတာ ဝေးကွာသည့် Chengju မြို့တွင် ပြန်လည်ဖမ်းမိခဲ့သည်။

ထိုအမျိုးသားသည် ရောဂါမရှိကြောင်း negative စစ်ဆေးတွေ့ရှိထားသူဖြစ်ရာ အာဏာပိုင်တို့က သံသယရှိသည်မှာ ၎င်းသည် တောင်ကိုရီးယားတွင် တရားမဝင် ဆက်လက်နေထိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သံသယရှိကြသည်။

မကြာသေးမီကလည်း ဗီယက်နမ်နိုင်ငံသားတို့က အလားတူဖြစ်ရပ် ပြုမူခဲ့ဖူးသည်။

ပြီးခဲ့သော ရက်သတ္တပတ်က အင်ဒိုနီးရှားတွင် သေဒဏ်အမိန့်ချမှတ်ထားခြင်းခံရသော တရုတ်နိုင်ငံသားတစ်ဦးသည် သူ၏ အကျဉ်းခန်းမှတဆင့် မီတာ ၃၀ ရှည်လျားသော ဥမင်တူးကာ ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ တူးဖော်နိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကိရိယာများ ခိုးယူခဲ့ပြီး ၈ လကြာ တူးဖော်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်ထိ အဆိုပါ တရုတ်အကျဉ်းသားမှာ လွတ်မြောက်နေဆဲဖြစ်ပြီး အင်ဒိုနီးရှား အာဏာပိုင်တို့မှာ ပြန်လည်ဖမ်းမိရေး အပူတပြင်း ရုန်းကန်နေရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ တရုတ်အကျဉ်းသားလွတ်မြောက်မှုတွင် အကျဉ်းထောင်အရာရှိများစွာ ပူးပေါင်းကြံစည်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပေါ်ပေါက်လာသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indonesian man digs hole out of South Korean quarantine facility, gets caught (Coconuts)

 

 

[Zawgyi]

ေတာင္ကိုရီးယား Covid-19 ကြာရန္တင္းစင္တာမွ ေျမေအာက္ဥမင္တူးကာ အင္ဒိုနီးရွားသေဘၤာသားထြက္ေျပး

ေတာင္ကိုရီးယားႏိုင္ငံ၏ ျမိဳ ႔ေတာ္ ဆိုးလ္တြင္ COVID-19 ကြာရန္တင္းစင္တာတစ္ခု၌ ေနထိုင္ရလ်က္ရွိေသာ အင္ဒိုနီးရွား သေဘၤာသား တစ္ဦးသည္ ေျမေအာက္ဥမင္တစ္ခုတူးကာ ထြက္ေျပးမႈ ျဖစ္ပြားခဲ့သည္။

သို႔ေသာ္ ေတာင္ကိုရီးယားအာဏာပိုင္တို႔အား ထြက္ေျပးသူအား ျပန္လည္ဖမ္းမိခဲ့သည္ဟု ဆုိသည္။

အမည္မသိရေသာ အင္ဒိုနီးရွား အမ်ဳိးသားသည္ ယာယီ ကြာရန္တင္းစင္တာမွ နံရံေအာက္ေျခတြင္ တြင္းတစ္ခု တူးေဖာ္ခဲ့သည္။

ေတာင္ကိုရီးယား ဥပေဒအရ ရက္သတၱ ၂ ပတ္ ကြာရန္တင္း ဝင္ေနရရာ ကြာရန္တင္းကာလမျပည့္မီ တစ္ရက္အလိုတြင္ ထြက္ေျပးရန္ ၾကိဳးစားခဲ့ျခင္းလည္း ျဖစ္သည္။

ထြက္ေျပးသည့္ အမ်ဳိးသားကို ဆိုးလ္ျမိဳ ႔ေတာ္၏ ေတာင္ဘက္ ၁၁၂ ကီလိုမီတာ ေဝးကြာသည့္ Chengju ျမိဳ ႔တြင္ ျပန္လည္ဖမ္းမိခဲ့သည္။

ထိုအမ်ဳိးသားသည္ ေရာဂါမရွိေၾကာင္း negative စစ္ေဆးေတြ႔ရွိထားသူျဖစ္ရာ အာဏာပိုင္တို႔က သံသယရွိသည္မွာ ၎သည္ ေတာင္ကိုရီးယားတြင္ တရားမဝင္ ဆက္လက္ေနထုိင္ရန္ ရည္ရြယ္ျခင္းျဖစ္သည္ဟု သံသယရွိၾကသည္။

မၾကာေသးမီကလည္း ဗီယက္နမ္ႏိုင္ငံသားတို႔က အလားတူျဖစ္ရပ္ ျပဳမူခဲ့ဖူးသည္။

ျပီးခဲ့ေသာ ရက္သတၱပတ္က အင္ဒိုနီးရွားတြင္ ေသဒဏ္အမိန္႔ခ်မွတ္ထားျခင္းခံရေသာ တရုတ္ႏိုင္ငံသားတစ္ဦးသည္ သူ၏ အက်ဥ္းခန္းမွတဆင့္ မီတာ ၃၀ ရွည္လ်ားေသာ ဥမင္တူးကာ ထြက္ေျပးမႈ ျဖစ္ေပၚခဲ့သည္။

ထိုသို႔ တူးေဖာ္ႏိုင္ရန္ ေဆာက္လုပ္ေရးလုပ္ငန္းသံုး ကိရိယာမ်ား ခိုးယူခဲ့ျပီး ၈ လၾကာ တူးေဖာ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

လက္ရွိအခ်ိန္ထိ အဆိုပါ တရုတ္အက်ဥ္းသားမွာ လြတ္ေျမာက္ေနဆဲျဖစ္ျပီး အင္ဒိုနီးရွား အာဏာပိုင္တို႔မွာ ျပန္လည္ဖမ္းမိေရး အပူတျပင္း ရုန္းကန္ေနရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ တရုတ္အက်ဥ္းသားလြတ္ေျမာက္မႈတြင္ အက်ဥ္းေထာင္အရာရွိမ်ားစြာ ပူးေပါင္းၾကံစည္ေပးခဲ့ျခင္း ျဖစ္ႏိုင္ေၾကာင္း ေပၚေပါက္လာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indonesian man digs hole out of South Korean quarantine facility, gets caught (Coconuts)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service