ကုန်စည်ပို့ဆောင်ခဈေးနှုန်းတွေ မြင့်တက်နေ

ကုန်စည်ပို့ဆောင်ခဈေးနှုန်းတွေ မြင့်တက်နေ - Property News in Myanmar from iMyanmarHouse.com
9 Oct 2020 11:43 am တွင် တင်ခဲ့သည်
1445 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တိုင်းနှင့်ပြည်နယ်အစိုးရများ၏ COVID-19 ကပ်ရောဂါတားဆီးထိန်းချုပ်ရေးလုပ်ငန်းများကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာကုန်စည်ပို့ဆောင်ခများသည် စက်တင်ဘာနှင့်နှိုင်းယှဉ်ပါကအနည်းဆုံး ၄၀ရာခိုင်နှုန်းမှနှစ်ဆကျော်အထိမြင့်တက်နေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအချို့ကပြောသည်။

ပြည်တွင်းကုန်စည်ပို့ဆောင်ခများတွင် ရှမ်းပြည်နယ်မှရန်ကုန်တိုင်းသို့ကုန်စည်ပို့ဆောင်ခနှုန်းထားမှာမြင့်တက်မှုအများဆုံးဖြစ်နေသည်။ယခင်က ကုန်စိမ်းတင်ဆောင်သည့် ၁၂ဘီးကားတစ်စီးကိုအောင်ပန်းမှရန်ကုန်သို့ကုန်စည်ပို့ဆောင်ခကျပ် ၅၀၀,၀၀၀မှကျပ်၆၀၀,၀၀၀ကြားဈေးရှိခဲ့သော်လည်းအောက်တိုဘာ ၇ရက်တွင် ၁၃၀၀,၀၀၀ကျပ်အထိ မြင့်တက်လာသည်။

အုပ်ချုပ်ရေးအဖွဲ့များ၏စီမံခန့်ခွဲမှုကြောင့်လုပ်ငန်းများကြန့်ကြာခြင်း၊ကုန်တင်ယာဉ်မောင်း၊ယာဉ်နောက်လိုက်များရှားပါးခြင်း၊ကုန်တင်ယာဉ်များလုပ်ငန်းရပ်နားခြင်းတို့ကြောင့်ကုန်စည်ပို့ဆောင်ခများမြင့်တက်ရခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးအောင်မိုးကပြောသည်။

‘‘COVID ထိန်းချုပ်ရေးလုပ်တဲ့အခါတစ်မြို့နဲ့တစ်မြို့မတူတာလေးတွေရှိနေတော့လုပ်ငန်းလုပ်ရတာခက်တာပေါ့။လုပ်ငန်းတွေကရပ်တာများတော့ကားရှားပြီးဈေးတက်လာတာပါ’’ ဟုဦးအောင်မိုးကပြောသည်။

လက်ရှိ မန္တလေး၊မူဆယ်ကုန်စည်ပို့ဆောင်ခမှာလည်းတစ်တန်ကိုအနည်းဆုံး ၄၀ရာခိုင်နှုန်းခန့်ဈေးမြင့်တက်ကြောင်းမူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌဦးမင်းသိန်းကပြောသည်။

မန္တလေးမှမူဆယ်မြို့သို့ကုန်တင်ယာဉ်တစ်စီးသည် ယခင်ကအများဆုံးသုံးရက်သာအချိန်ယူမောင်းနှင်ရသော်လည်း လက်ရှိတွင်ငါးရက်မှခြောက်ရက်ကြာမြင့်သည်။လမ်းတွင်ကျန်းမာရေးစစ်ဆေးရေးဂိတ်များကြောင့် အချိန်ကြန့်ကြာသဖြင့် ကုန်စည်ပို့ဆောင်ခနှုန်းထားလည်းမြင့်တက်ခြင်းဖြစ်သည်ဟု မူဆယ်မြို့မှကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။

မန္တလေး-မူဆယ်ကုန်စည်ပို့ဆောင်ခသည် ပြီးခဲ့သည့်လကကုန်တစ်တန်လျှင်ကျပ်၂၂,၀၀၀ဝန်းကျင်ဈေးရှိသော်လည်းလက်ရှိတွင်ပျမ်းမျှကျပ် ၃၅,၀၀၀ဈေးရှိနေသည်။

ကုန်စည်ပို့ဆောင်ရေးခက်ခဲပြီးပို့ဆောင်စရိတ်မြင့်တက်လာခြင်းကြောင့်အခြေခံစားသောက်ကုန်စည်အချို့ဈေးမြင့်တက်လာသည်။ရန်ကုန်ဈေးကွက်တွင် ရှမ်းပြည်နယ်မှဂေါ်ဖီထုပ်ကိုလက်လီဈေးကွက်တွင် ကျပ်၁,၀၀၀အထက်ဈေးမြှင့်ရောင်းချသည်။ထို့အတူ ခရမ်းချဉ်သီးကလည်းတစ်ပိဿာလျှင်ကျပ် ၃,၅၀၀ အထက်ဈေးမြင့်တက်သည်။

ပြီးခဲ့သည့်လကလက်လီဈေးကွက်တွင် ဂေါ်ဖီထုပ်ဈေးမှာကျပ် ၁,၀၀၀အောက်တွင်ရှိပြီးခရမ်းချဉ်သီးမှာတစ်ပိဿာ၂,၀၀၀ ဝန်းကျင်ဈေးရှိခဲ့သည်။

ရန်ကုန်မြို့အနီးမွေးမြူရေးဇုန်များရှိနေခြင်းကြောင့် ဝက်သား၊ကြက်သားဈေးမတက်သော်လည်းရန်ကုန်မြို့၏ငါး၊ပုစွန်လက်ကားဈေးကြီးများတွင် COVID-19 ကူးစက်မှုကြောင့်ငါးဒိုင်အချို့ဖွင့်လှစ်ခြင်းမရှိ၍ လက်လီဈေးကွက်တွင်ငါးဈေးနှုန်းများမြင့်တက်သည်။ငါးကြင်းတစ်ပိဿာလျှင်ကျပ်၁၅,၀၀၀ဈေးရှိနေသည်။

မြန်မာနိုင်ငံတွင်အခြေခံစားသောက်ကုန်များအလုံအလောက်ရှိနေခြင်းကြောင့် COVID-19 ဖြစ်ပွားနေချိန်တွင်ကုန်စည်ကူးသန်းသွားလာမှုအဆင်ပြေစွာလုပ်ဆောင်နိုင်လျှင်ကုန်ဈေးနှုန်းမတက်နိုင်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင်ကပြောသည်။

ပြည်တွင်းကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလျင်မြန်ချောမွေ့စွာလုပ်ဆောင်နိုင်ရန် အစိုးရကထုတ်ပြန်ထားသောကုန်တင်ယာဉ်သွားလာမှုနှင့်ပတ်သက်သောစံသတ်မှတ်ချက်များကို တိကျစွာအကောင်အထည်ဖော်ပေးစေလိုကြောင်း ဦးအောင်မိုးကပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကုန္စည္ပို႔ေဆာင္ခေစ်းႏႈန္းေတြ ျမင့္တက္ေန

တိုင္းႏွင့္ျပည္နယ္အစိုးရမ်ား၏ COVID-19 ကပ္ေရာဂါတားဆီးထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားေၾကာင့္ ကုန္စည္စီးဆင္းမႈေႏွာင့္ေႏွးကာကုန္စည္ပို႔ေဆာင္ခမ်ားသည္ စက္တင္ဘာႏွင့္ႏိႈင္းယွဥ္ပါကအနည္းဆုံး ၄၀ရာခိုင္ႏႈန္းမွႏွစ္ဆေက်ာ္အထိျမင့္တက္ေနေၾကာင္း ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းလုပ္ကိုင္သူအခ်ိဳ႕ကေျပာသည္။

ျပည္တြင္းကုန္စည္ပို႔ေဆာင္ခမ်ားတြင္ ႐ွမ္းျပည္နယ္မွရန္ကုန္တိုင္းသို႔ကုန္စည္ပို႔ေဆာင္ခႏႈန္းထားမွာျမင့္တက္မႈအမ်ားဆုံးျဖစ္ေနသည္။ယခင္က ကုန္စိမ္းတင္ေဆာင္သည့္ ၁၂ဘီးကားတစ္စီးကိုေအာင္ပန္းမွရန္ကုန္သို႔ကုန္စည္ပို႔ေဆာင္ခက်ပ္ ၅၀၀,၀၀၀မွက်ပ္၆၀၀,၀၀၀ၾကားေဈး႐ွိခဲ့ေသာ္လည္းေအာက္တိုဘာ ၇ရက္တြင္ ၁၃၀၀,၀၀၀က်ပ္အထိ ျမင့္တက္လာသည္။

အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၏စီမံခန္႔ခြဲမႈေၾကာင့္လုပ္ငန္းမ်ားၾကန္႔ၾကာျခင္း၊ကုန္တင္ယာဥ္ေမာင္း၊ယာဥ္ေနာက္လိုက္မ်ား႐ွားပါးျခင္း၊ကုန္တင္ယာဥ္မ်ားလုပ္ငန္းရပ္နားျခင္းတို႔ေၾကာင့္ကုန္စည္ပို႔ေဆာင္ခမ်ားျမင့္တက္ရျခင္းျဖစ္ေၾကာင္းျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္း႐ွင္မ်ားအသင္းအတြင္းေရးမႉး ဦးေအာင္မိုးကေျပာသည္။

‘‘COVID ထိန္းခ်ဳပ္ေရးလုပ္တဲ့အခါတစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕မတူတာေလးေတြ႐ွိေနေတာ့လုပ္ငန္းလုပ္ရတာခက္တာေပါ့။လုပ္ငန္းေတြကရပ္တာမ်ားေတာ့ကား႐ွားၿပီးေဈးတက္လာတာပါ’’ ဟုဦးေအာင္မိုးကေျပာသည္။

လက္႐ွိ မႏၲေလး၊မူဆယ္ကုန္စည္ပို႔ေဆာင္ခမွာလည္းတစ္တန္ကိုအနည္းဆုံး ၄၀ရာခိုင္ႏႈန္းခန္႔ေဈးျမင့္တက္ေၾကာင္းမူဆယ္ဆန္ကုန္စည္ဒိုင္ ဒုတိယဥကၠ႒ဦးမင္းသိန္းကေျပာသည္။

မႏၲေလးမွမူဆယ္ၿမိဳ႕သို႔ကုန္တင္ယာဥ္တစ္စီးသည္ ယခင္ကအမ်ားဆုံးသုံးရက္သာအခ်ိန္ယူေမာင္းႏွင္ရေသာ္လည္း လက္႐ွိတြင္ငါးရက္မွေျခာက္ရက္ၾကာျမင့္သည္။လမ္းတြင္က်န္းမာေရးစစ္ေဆးေရးဂိတ္မ်ားေၾကာင့္ အခ်ိန္ၾကန္႔ၾကာသျဖင့္ ကုန္စည္ပို႔ေဆာင္ခႏႈန္းထားလည္းျမင့္တက္ျခင္းျဖစ္သည္ဟု မူဆယ္ၿမိဳ႕မွကုန္တင္ယာဥ္ပိုင္႐ွင္တစ္ဦးကေျပာသည္။

မႏၲေလး-မူဆယ္ကုန္စည္ပို႔ေဆာင္ခသည္ ျပီးခဲ့သည့္လကကုန္တစ္တန္လွ်င္က်ပ္၂၂,၀၀၀ဝန္းက်င္ေဈး႐ွိေသာ္လည္းလက္႐ွိတြင္ပ်မ္းမွ်က်ပ္ ၃၅,၀၀၀ေဈး႐ွိေနသည္။

ကုန္စည္ပို႔ေဆာင္ေရးခက္ခဲၿပီးပို႔ေဆာင္စရိတ္ျမင့္တက္လာျခင္းေၾကာင့္အေျခခံစားေသာက္ကုန္စည္အခ်ိဳ႕ေဈးျမင့္တက္လာသည္။ရန္ကုန္ေဈးကြက္တြင္ ႐ွမ္းျပည္နယ္မွေဂၚဖီထုပ္ကိုလက္လီေဈးကြက္တြင္ က်ပ္၁,၀၀၀အထက္ေဈးျမႇင့္ေရာင္းခ်သည္။ထို႔အတူ ခရမ္းခ်ဥ္သီးကလည္းတစ္ပိႆာလွ်င္က်ပ္ ၃,၅၀၀ အထက္ေဈးျမင့္တက္သည္။

ၿပီးခဲ့သည့္လကလက္လီေဈးကြက္တြင္ ေဂၚဖီထုပ္ေဈးမွာက်ပ္ ၁,၀၀၀ေအာက္တြင္႐ွိၿပီးခရမ္းခ်ဥ္သီးမွာတစ္ပိႆာ၂,၀၀၀ ဝန္းက်င္ေဈး႐ွိခဲ့သည္။

ရန္ကုန္ၿမိဳ႕အနီးေမြးျမဴေရးဇုန္မ်ား႐ွိေနျခင္းေၾကာင့္ ဝက္သား၊ၾကက္သားေဈးမတက္ေသာ္လည္းရန္ကုန္ၿမိဳ႕၏ငါး၊ပုစြန္လက္ကားေဈးႀကီးမ်ားတြင္ COVID-19 ကူးစက္မႈေၾကာင့္ငါးဒိုင္အခ်ိဳ႕ဖြင့္လွစ္ျခင္းမ႐ွိ၍ လက္လီေဈးကြက္တြင္ငါးေဈးႏႈန္းမ်ားျမင့္တက္သည္။ငါးၾကင္းတစ္ပိႆာလွ်င္က်ပ္၁၅,၀၀၀ေဈး႐ွိေနသည္။

ျမန္မာႏိုင္ငံတြင္အေျခခံစားေသာက္ကုန္မ်ားအလုံအေလာက္႐ွိေနျခင္းေၾကာင့္ COVID-19 ျဖစ္ပြားေနခ်ိန္တြင္ကုန္စည္ကူးသန္းသြားလာမႈအဆင္ေျပစြာလုပ္ေဆာင္ႏိုင္လွ်င္ကုန္ေဈးႏႈန္းမတက္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ဒုတိယဥကၠ႒ဦးရဲမင္းေအာင္ကေျပာသည္။

ျပည္တြင္းကုန္စည္သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားလ်င္ျမန္ေခ်ာေမြ႕စြာလုပ္ေဆာင္ႏိုင္ရန္ အစိုးရကထုတ္ျပန္ထားေသာကုန္တင္ယာဥ္သြားလာမႈႏွင့္ပတ္သက္ေသာစံသတ္မွတ္ခ်က္မ်ားကို တိက်စြာအေကာင္အထည္ေဖာ္ေပးေစလိုေၾကာင္း ဦးေအာင္မိုးကေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service