ဒေါ်နယ်ထရမ့်အား စင်္ကာပူနိုင်ငံသား ၃ ဦး၏ သွေးရည်ကြည်ဖြင့် ကုသပေးခဲ့

ဒေါ်နယ်ထရမ့်အား စင်္ကာပူနိုင်ငံသား ၃ ဦး၏ သွေးရည်ကြည်ဖြင့် ကုသပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
8 Oct 2020 12:26 pm တွင် တင်ခဲ့သည်
3047 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကို အလေးမထားဘဲ တစ်နှစ်လုံး ပြုမူပြောဆိုနေထိုင်လျက်ရှိသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် သတင်းမှာ ပြီးခဲ့သောရက်များက ကမ္ဘာကို ကိုင်လှုပ်ခဲ့သည်။

ယခုအခါ COVID-19 ကူးစက်ခံရပြီး ရောဂါပျောက်ကင်းသွားသော စင်္ကာပူနိုင်ငံသား ၃ ဦး၏ သွေးရည်ကြည် (plasma) ဖြင့် ဒေါ်နယ်ထရမ့်ကို ကုသမှုပေးလိုက်သည်။

စင်္ကာပူရှိ အမျိုးသားကူးစက်ရောဂါဌာန (National Centre for Infectious Diseases) မှ ပေးပို့သော သွေးရည်ကြည်တို့မှ ရရှိသည့် ပဋိပစ္စည်းများဖြင့် သမ္မတ ထရမ့်ကို ကုသပေးခဲ့ခြင်းဖြစ်ပြီး အိမ်ဖြူတော်သို့ ပြန်မလာမီ Walter Reed ဆေးရုံတွင် ကုသမှုပေးခဲ့ခြင်း ဖြစ်သည်။

ရောဂါပိုးကူးစက်ခံထားရသော သမ္မတကတော် မီလာနီယာ ထရမ့်ကိုလည်း အလားတူ ကုသမှုများ ပေးခဲ့ခြင်း ရှိ၊ မရှိကိုမူ မသိရသေးချေ။

ဒေါ်နယ်ထရမ့်အား ပဋိပစ္စည်းဆေးပေါင်း (antibody cocktail) ပမာဏမြင့်မားစွာဖြင့် ကုသပေးခဲ့သည်ဟု ဆိုသည်။

Antibody cocktail ကို အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Regeneron Pharmaceuticals က ထုတ်လုပ်ခြင်း ဖြစ်သည်။

အဆိုပါ ပဋိပစ္စည်းဆေးပေါင်းတွင် ပါဝင်သော ပဋိပစ္စည်းတစ်မျိုးကို စင်္ကာပူမှ ရောဂါပျောက်ကင်းသွားသူ ၃ ဦး၏ သွေးရည်ကြည်များမှ ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုဆေးကို တရားဝင်အတည်ပြုခံရသေးခြင်းမရှိသော်လည်း အရေးပေါ်အခြေအနေအဖြစ် ချွင်းချက်ဖြင့် အသုံးပြုခဲ့ခြင်းလည်း ဖြစ်သည်။

ပဋိပစ္စည်းများမှာ ရောဂါကူးစက်မှုများကို တိုက်ထုတ်ရန်အတွက် လူ့ကိုယ်ခံအားစနစ်မှ ထုတ်လုပ်ခြင်းဖြစ်ပြီး အခြားလူနာများ ပြန်လည်ကျန်းမာလာစေရန်အတွက်လည်း အသုံးပြုနိုင်စွမ်းရှိသည်။

ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်သည် တုပ်ကွေးထက် ပိုမိုဆိုးရွားသည့် ရောဂါမဟုတ်ကြောင်း ကာလတာရှည်ပြောကြားခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသည့်အကြောင်းကို သူ၏တွစ်တာအကောင့်မှတဆင့် ကြေညာခဲ့ရာ ကမ္ဘာတစ်ဝန်းတွင် စိတ်မကောင်းခြင်းများ ခံစားခဲ့ကြရသည်။

ဒေါ်နယ်ထရမ့်သည် Walter Reed ဆေးရုံတွင် ပဋိပစ္စည်းများ၊ စတီးရွိုက်ဆေးများနှင့် အခြားသောကုသမှုများ ခံယူပြီး ၃ ရက်အကြာတွင် အိမ်ဖြူတော်သို့ ပြန်လာခဲ့သည်။

ထိုသို့ ပြန်လာခဲ့ပြီးနောက်ပိုင်း ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်မှာ လွန်ခဲ့သော နှစ် ၂၀ ကထက်ပင် ကျန်းမာရေးပိုကောင်းနေ ကြောင်းနှင့် ပြည်သူတို့အနေဖြင့် ကိုဗစ်ကို မကြောက်ကြရန် ရေးသားခဲ့သည်။

ထရမ့်၏ ဆရာဝန်များက ပြောကြားရာတွင်မူ သမ္မတသည် အခြေအနေဆိုးမှ မလွတ်မြောက်သေးကြောင်း၊ အိမ်ဖြူတော်တွင် ကုသမှုများ ဆက်လက်ခံယူရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

မီလာနီယာက သူမ၏ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်မှာ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် နေအိမ်တွင် အနားယူနေကြောင်း ရေးသားထားသည်။

အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး US.FDA သည် COVID-19 ပျောက်ကင်းသွားသူများထံမှ လုံလောက်သည့် သွေးရည်ကြည် ရယူရန် အခက်အခဲရှိသောကြောင့် Regeneron ကုမ္ပဏီထံမှ အကူအညီတောင်းခဲ့ရခြင်း ဖြစ်သည်။

ယခုသွေးရည်ကြည်များကို စင်္ကာပူ ကူးစက်ရောဂါဌာနနှင့် သဘောတူညီချက်တစ်ရပ်အရ ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singaporean blood given to treat COVID-infected Donald Trump (coconuts)

 

[Zawgyi]

ေဒၚနယ္ထရမ့္အား စကၤာပူႏိုင္ငံသား ၃ ဦး၏ ေသြးရည္ၾကည္ျဖင့္ ကုသေပးခဲ့

ကိုရိုနာဗိုင္းရပ္စ္ကို အေလးမထားဘဲ တစ္ႏွစ္လံုး ျပဳမူေျပာဆိုေနထိုင္လ်က္ရွိသည့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရသည့္ သတင္းမွာ ျပီးခဲ့ေသာရက္မ်ားက ကမၻာကို ကိုင္လႈပ္ခဲ့သည္။

ယခုအခါ COVID-19 ကူးစက္ခံရျပီး ေရာဂါေပ်ာက္ကင္းသြားေသာ စကၤာပူႏိုင္ငံသား ၃ ဦး၏ ေသြးရည္ၾကည္ (plasma) ျဖင့္ ေဒၚနယ္ထရမ့္ကို ကုသမႈေပးလိုက္သည္။

စကၤာပူရွိ အမ်ဳိးသားကူးစက္ေရာဂါဌာန (National Centre for Infectious Diseases) မွ ေပးပို႔ေသာ ေသြးရည္ၾကည္တို႔မွ ရရွိသည့္ ပဋိပစၥည္းမ်ားျဖင့္ သမၼတ ထရမ့္ကုိ ကုသေပးခဲ့ျခင္းျဖစ္ျပီး အိမ္ျဖဴေတာ္သို႔ ျပန္မလာမီ Walter Reed ေဆးရံုတြင္ ကုသမႈေပးခဲ့ျခင္း ျဖစ္သည္။

ေရာဂါပိုးကူးစက္ခံထားရေသာ သမၼတကေတာ္ မီလာနီယာ ထရမ့္ကိုလည္း အလားတူ ကုသမႈမ်ား ေပးခဲ့ျခင္း ရွိ၊ မရွိကိုမူ မသိရေသးေခ်။

ေဒၚနယ္ထရမ့္အား ပဋိပစၥည္းေဆးေပါင္း (antibody cocktail) ပမာဏျမင့္မားစြာျဖင့္ ကုသေပးခဲ့သည္ဟု ဆိုသည္။

Antibody cocktail ကို အေမရိကန္ ဇီဝနည္းပညာကုမၸဏီ Regeneron Pharmaceuticals က ထုတ္လုပ္ျခင္း ျဖစ္သည္။

အဆိုပါ ပဋိပစၥည္းေဆးေပါင္းတြင္ ပါဝင္ေသာ ပဋိပစၥည္းတစ္မ်ဳိးကို စကၤာပူမွ ေရာဂါေပ်ာက္ကင္းသြားသူ ၃ ဦး၏ ေသြးရည္ၾကည္မ်ားမွ ထုတ္လုပ္ထားျခင္းျဖစ္သည္ဟု ဆိုသည္။

ထိုေဆးကို တရားဝင္အတည္ျပဳခံရေသးျခင္းမရွိေသာ္လည္း အေရးေပၚအေျခအေနအျဖစ္ ခၽြင္းခ်က္ျဖင့္ အသံုးျပဳခဲ့ျခင္းလည္း ျဖစ္သည္။

ပဋိပစၥည္းမ်ားမွာ ေရာဂါကူးစက္မႈမ်ားကို တိုက္ထုတ္ရန္အတြက္ လူ႔ကိုယ္ခံအားစနစ္မွ ထုတ္လုပ္ျခင္းျဖစ္ျပီး အျခားလူနာမ်ား ျပန္လည္က်န္းမာလာေစရန္အတြက္လည္း အသံုးျပဳႏိုင္စြမ္းရွိသည္။

ေဒၚနယ္ထရမ့္က ကိုရိုနာဗိုင္းရပ္စ္သည္ တုပ္ေကြးထက္ ပိုမိုဆိုးရြားသည့္ ေရာဂါမဟုတ္ေၾကာင္း ကာလတာရွည္ေျပာၾကားခဲ့ျပီးေနာက္ ဗိုင္းရပ္စ္ကူးစက္ခံရသည့္အေၾကာင္းကို သူ၏တြစ္တာအေကာင့္မွတဆင့္ ေၾကညာခဲ့ရာ ကမၻာတစ္ဝန္းတြင္ စိတ္မေကာင္းျခင္းမ်ား ခံစားခဲ့ၾကရသည္။

ေဒၚနယ္ထရမ့္သည္ Walter Reed ေဆးရံုတြင္ ပဋိပစၥည္းမ်ား၊ စတီးရြိဳက္ေဆးမ်ားႏွင့္ အျခားေသာကုသမႈမ်ား ခံယူျပီး ၃ ရက္အၾကာတြင္ အိမ္ျဖဴေတာ္သို႔ ျပန္လာခဲ့သည္။

ထိုသုိ႔ ျပန္လာခဲ့ျပီးေနာက္ပိုင္း ထရမ့္က တြစ္တာတြင္ ေရးသားခဲ့သည္မွာ လြန္ခဲ့ေသာ ႏွစ္ ၂၀ ကထက္ပင္ က်န္းမာေရးပိုေကာင္းေန ေၾကာင္းႏွင့္ ျပည္သူတို႔အေနျဖင့္ ကိုဗစ္ကို မေၾကာက္ၾကရန္ ေရးသားခဲ့သည္။

ထရမ့္၏ ဆရာဝန္မ်ားက ေျပာၾကားရာတြင္မူ သမၼတသည္ အေျခအေနဆိုးမွ မလြတ္ေျမာက္ေသးေၾကာင္း၊ အိမ္ျဖဴေတာ္တြင္ ကုသမႈမ်ား ဆက္လက္ခံယူရမည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

မီလာနီယာက သူမ၏ တြစ္တာအေကာင့္တြင္ ေရးသားခဲ့သည္မွာ က်န္းမာေရးေကာင္းမြန္ေၾကာင္းႏွင့္ ေနအိမ္တြင္ အနားယူေနေၾကာင္း ေရးသားထားသည္။

အေမရိကန္ အစားအစာႏွင့္ ေဆးဝါးကြပ္ကဲေရး US.FDA သည္ COVID-19 ေပ်ာက္ကင္းသြားသူမ်ားထံမွ လံုေလာက္သည့္ ေသြးရည္ၾကည္ ရယူရန္ အခက္အခဲရွိေသာေၾကာင့္ Regeneron ကုမၸဏီထံမွ အကူအညီေတာင္းခဲ့ရျခင္း ျဖစ္သည္။

ယခုေသြးရည္ၾကည္မ်ားကို စကၤာပူ ကူးစက္ေရာဂါဌာနႏွင့္ သေဘာတူညီခ်က္တစ္ရပ္အရ ရရွိခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Singaporean blood given to treat COVID-infected Donald Trump (coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service