Covid-19 ကိုမကြောက်ရန် ထရမ့်၏ပြောကြားမှုအား အမေရိကန်ဆရာဝန်များ ရှုတ်ချ
Covid-19 ကိုမကြောက်ရန် ထရမ့်၏ပြောကြားမှုအား အမေရိကန်ဆရာဝန်များ ရှုတ်ချ - Property News in Myanmar from iMyanmarHouse.com
7 Oct 2020 12:04 pm တွင် တင်ခဲ့သည်
2303 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် စစ်ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေရာမှ တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ ပြန်လာခဲ့ပြီး ပြည်သူများအား COVID-19 ကို မကြောက်ကြရန် ပြောကြားခဲ့မှုအပေါ် အမေရိကန်ရှိ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက အမျက်ထွက်ခဲ့ကြသည်။
ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြရသည့် အမေရိကန်ပြည်သူ ၂၁၀,၀၀၀ ကျော်အပေါ် စာနာစိတ်ကင်းမဲ့လှသည့်အပြင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြိုးပမ်းနေမှုများအပေါ် ချိနဲ့စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမေရိကန်ကျန်းမာရေး စောင့်ရှောက်မှုပညာရှင်များက စွပ်စွဲလိုက်သည်။
အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးမြို့ရှိ ဗန်ဒါဗစ် တက္ကသိုလ် (Vanderbilt University) ဆေးကျောင်းမှ ကူးစက်ရောဂါ ပါရဂူ ဒေါက်တာ ဝီလျံ ရှက်ဖ်နာ (William Schaffner) က နယူးယောက်တိုင်းမ်သတင်းစာသို့ ပြောကြားရာတွင် သမ္မတ၏ ပြောကြားချက်မှာ အန္တရာယ်ကြီးလှကြောင်း၊ သူ၏ ထောက်ခံသူများအား ကျန်းမာရေးအရ ဘေးအန္တရာယ် ကင်းစေရန် အစိုးရက လမ်းညွှန်ထားမှုများကို လစ်လျူရှုရန် အားပေးအားမြှောက် လုပ်ဆောင်နေသည့်သဖွယ်ဖြစ်ကြောင်း ပြောကြားသည်။
ထရမ့်ကို ထောက်ခံသူများစွာသည် mask တပ်ရန် ယခင်ကတည်းကပင် ငြင်းဆန်ခဲ့ကြပြီး ကပ်ရောဂါဘေး၏ ပြင်းထန်မှုအပေါ်တွင်လည်း လျှော့တွက်နေကြကြောင်း ဒေါက်တာ ရှက်ဖ်နာက ပြောကြားသည်။
“ဒါကနေ ဂရုမစိုက်တဲ့ အပြုအမူတွေ ပိုမိုပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အဲဒါကနေ ဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုမိုဖြစ်ပွား၊ ရောဂါပိုမိုကူးစက် တာကြောင့် မကျန်းမာမှုတွေ ပိုဖြစ်၊ မကျန်းမာတာ များလာတာကနေ သေဆုံးမှုတွေ များပြားလာတဲ့ဆီ ဦးတည်သွားပါလိမ့်မယ်” ဟု ဒေါက်တာ ရှက်ဖ်နာက ဆိုသည်။
“ကျွန်တော် ကြားဖူးသမျှ သမ္မတတွေရဲ့ ပြောစကားတွေထဲမှာ ဒါဟာ စာနာစိတ်အကင်းဆုံးနဲ့ အသိဉာဏ်အမဲ့ဆုံး ပြောကြားမှု ဖြစ်ပါတယ်” ဟု ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၏မြို့တော် တယ်လာဟက်စီမှ မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ဓာတ်မှန်ပညာရှင် ဒေါက်တာ အာဂျွန် ကားဂျီက ပြောကြားသည်။
“ကျွန်တော့်ရဲ့ဖခင်ဟာ အမေရိကကို ရွှေ့ပြောင်းနေထိုင်သူအဖြစ်နဲ့ ရောက်ရှိလာခဲ့ချိန်မှာ ရုပ်ပိုင်း၊ ယဉ်ကျေးမှုပိုင်းနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အတားအဆီးတွေ အများကြီးကို ကျော်လွှားခဲ့ရပြီး ဆရာဝန်တစ်ဦး၊ ခင်ပွန်းတစ်ဦး၊ ဖခင်တစ်ဦးဖြစ်လာခဲ့သူပါ။ သူဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ တိုက်ပွဲမှာ ကံမကောင်းခဲ့ပါဘူး။ သမ္မတ ထရမ့်ဟာ တိုင်းပြည်ကို လွဲမှားတဲ့ အကြံတွေ ဆက်ပေးနေဆဲ ဖြစ်ပါတယ်” ဟု ကားဂျီက ပြောကြားသည်။
ကားဂျီသည် သမီးဖြစ်သူ မက်ဒလီနာ ကားဂျီ (maddelena kaji ) နှင့်အတူ မိဘများ၏ဘဝနှင့် COVID-19 ကြောင့် သေဆုံးခဲ့ရပုံများကို မှတ်တမ်းရုပ်ရှင်အတိုတစ်ခု ရိုက်ကူးထားခဲ့သည်။
ထရမ့်၏ ပြောစကားသည် မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ဖြစ်ကြောင်း မက်ဒလီနာက ပြောကြားသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ အင်ပီးရီးယဲလ်ခရိုင်တွင် လူပေါင်း ၄၀၀၀၀ ကျော်အား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သူ ဒေါက်တာ Tien Vo က အေပီသတင်းဌာနသို့ ပြောကြားရာတွင် “အို-- ဘုရားသခင်၊ ဒါဟာ သမ္မတဆီက အဆိုးရွားဆုံး အကြံပေးစကားပါပဲ” ဟု ဆိုသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Medics condemn Trump's 'dangerous' Covid comments (The Guardian)
[Zawgyi]
“ကျွန်တော် ကြားဖူးသမျှ သမ္မတတွေရဲ့  ပြောစကားတွေထဲမှာ ဒါဟာ စာနာစိတ်အကင်းဆုံးနဲ့ အသိဥာဏ်အမဲ့ဆုံး ပြောကြားမှု ဖြစ်ပါတယ်” ဟု ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၏မြို့ တော် တယ်လာဟက်စီမှ မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ဓာတ်မှန်ပညာရှင် ဒေါက်တာ အာဂျွန် ကားဂျီက ပြောကြားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service