ကမ္ဘာတွင် လူ ၁၀ ဦးလျှင် ၁ ဦးနှုန်း COVID-19 ကူးစက်ခံရနိုင်ဟု WHO ထုတ်ပြန်
ကမ္ဘာတွင် လူ ၁၀ ဦးလျှင် ၁ ဦးနှုန်း COVID-19 ကူးစက်ခံရနိုင်ဟု WHO ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
6 Oct 2020 1:10 pm တွင် တင်ခဲ့သည်
725 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာတစ်ဝန်း လူ ၁၀ ဦးလျှင် ၁ ဦးနှုန်း တစ်နည်း ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် COVID-19 ကူးစက်ခံရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေအဖွဲ့ (WHO) က WHO ခေါင်းဆောင်များအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည်။
ယခုအခါ ကမ္ဘာတွင် လူ ၃၅ သန်းကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုထားပြီးဖြစ်ကာ WHO ၏ ခန့်မှန်းချက်အရ တကယ်တမ်းကူးစက်ခံရမည့်အရေအတွက်သည် သန်း ၈၀၀ နီးပါး ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေမှာ သန်း ၇,၈၀၀ ဖြစ်သည်။
ကူးစက်ခံရသည့် တကယ့်အရေအတွက်အမှန်သည် ထိုအတည်ပြုထားပြီးသည့် အရေအတွက်ထက် ကျော်လိမ့်မည်ဟု ပညာရှင်များက ခန့်မှန်းလာခဲ့ပြီးဖြစ်သည်။
WHO သည် ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာတုံံ့ပြန်ဖြေရှင်းရေးဆွေး‌နွေးရန် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ၎င်း၏ရုံးချုပ်တွင် အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆယ်လကြာလာပြီးသည့်တိုင် ယင်းအကျပ်အတည်းသည် အဆုံးသတ်မည့်လက္ခဏာမပြသေးပေ။ နိုင်ငံအများအပြားသည် တင်းကျပ်မှုများကို ဖြေလျှော့လိုက်ပြီးနောက် ကူးစက်မှုဒုတိယလှိုင်းများနှင့် ကြုံတွေ့နေကြရပြီး အချို့နိုင်ငံများတွင် ကူးစက်ခံရသည့်အရေအတွက်သည် ပို၍ပင်များပြားလာသည်။
ကမ္ဘာ့လူဦးရေ ၁၀ ရာခိုင်နှုန်း ကူးစက်ခံရနိုင်ကြောင်း ခန့်မှန်းချက်သည် WHO ၏ ကျန်းမာရေးအရေးပေါ်အခြေအနေအစီအစဥ် အမှုဆောင်ညွှန်ကြားရေးမှုး မိုက်ခ်ရိုင်ယန်ထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“ဒါက နိုင်ငံအပေါ်မူတည်ပြီး ကွဲပြားပါတယ်။ မြို့ပြကနေ ကျေးလက်အထိ ကွဲပါတယ်။ လူမျိုးစုအမျိုးမျိုးကြားမှာလည်း ကွဲပါသေးတယ်။ ဒါပေမဲ့ ကမ္ဘာ့လူဦးရေအများစုကတော့ အန္တရာယ်ရှိဆဲပဲဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီကပ်ရောဂါဟာ ဆက်လက်ပြီးတော့ ပြောင်းလဲဖြစ်ပေါ်နေမှာဆိုတာကို ကျွန်တော်တို့ သိကြသလို ဒီကူးစက်မှုကို ဖိနှိပ်ဖို့၊ အသက်တွေကို ကယ်ဖို့ လက်နက်တွေ ကျွန်တော်တို့မှာ ရှိတယ်ဆိုတာကိုလည်း သိကြပါတယ်။ အဲဒီလက်နက်တွေကို ကျွန်‌တော်တို့ အလိုရှိသလို အသုံးပြုနိုင်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။
နိုင်ငံအားလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးဖြစ်ကာ ကမ္ဘာတစ်ဝန်း အတည်ပြုတွေ့ရှိပြီးသည့် ကူးစက်ခံရသူ ၃၅ သန်းကျော်နှင့် ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၁ သန်းကျော်တို့၏ ထက်ဝက်မှာ အမေရိကန်၊ အိန္ဒိယနှင့် ဘရာဇီးတို့မှ ဖြစ်ကြောင်းလည်း သူ၏ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Covid-19 updates: One in 10 worldwide may have had virus, WHO says (BBC)
[Zawgyi]
WHO သည် ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်ဖြေရှင်းရေးဆွေး‌နွေးရန် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ၎င်း၏ရုံးချုပ်တွင် အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service