ထရမ့်၏ သွေးတွင်းအောက်ဆီဂျင် ကျဆင်းနေသဖြင့် အောက်ဆီဂျင်ပေးခဲ့ရ

ထရမ့်၏ သွေးတွင်းအောက်ဆီဂျင် ကျဆင်းနေသဖြင့် အောက်ဆီဂျင်ပေးခဲ့ရ - Property News in Myanmar from iMyanmarHouse.com
5 Oct 2020 1:29 pm တွင် တင်ခဲ့သည်
2701 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ဆေးကုသမှုများ ခံယူရလျက်ရှိရာတွင် ၎င်း၏ ဆရာဝန်အဖွဲ့မှ ထုတ်ဖော်ပြောကြားချက်အရ သမ္မတ၏ သွေးတွင်းအောက်ဆီဂျင်ပမာဏ လျင်မြန်စွာကျဆင်းသွားခဲ့သောကြောင့် အောက်ဆီဂျင်ပေးခဲ့ရပြီး ဒက်ဇာမီသာဇုန်း (Dexamethasone) ဆေးပေးထားရကြောင်း သို့သော် မကြာမီတွင် အောက်ဆီဂျင် ပေးထားရမှု ရပ်ဆိုင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

သမ္မတ ဒေါ်နယ်ထရမ့်ကို ဆေးရုံတင်ထားသည့် မေရီလန်းပြည်နယ်၊ Bethesda မြို့ရှိ Walter Reed အမျိုးသားစစ်ဘက်ဆေးရုံတွင် တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ သမ္မတ၏ ဆေးအဖွဲ့က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏ အခြေအနေနှင့် စပ်လျဉ်းပြီး အထင်အမြင်လွဲမှားစေမည့် ယူဆချက်အမျိုးမျိုး ပေါ်ပေါက်နေမှုကြောင့် ထရမ့်၏ ဆရာဝန် ရှောင်ကွန်လေ ဦးဆောင်သည့်အဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ၂ ကြိမ်တိုင် အောက်ဆီဂျင်ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ သောကြာနေ့က အခြေအနေမှာ ထရမ့်သည် အပြင်းဖျားခဲ့ပြီး အောက်ဆီဂျင်ပမာဏမှာ ၉၄ အောက် ကျဆင်းခဲ့သည်ဟု ရှောင်ကွန်လေက ပြောကြားခဲ့သည်။

သွေးတွင်းအောက်ဆီဂျင်ပမာဏသည် COVID-19 လူနာများအတွက် အရေးပါသည့် အချက်တစ်ခုဖြစ်ပြီး ပုံမှန်မှာ ၉၅ မှ ၁၀၀ အကြားဖြစ်ကာ ၉၀ အောက်ကျဆင်းလျှင် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်။

ဆရာဝန်အဖွဲ့က သမ္မတ၏ ကျန်းမာရေးနှင့် စပ်လျဉ်းပြီး ထုတ်ပြန်ခဲ့သည်မှာ အားတက်ဖွယ်သတင်းဖြစ်သော်လည်း အိမ်ဖြူတော် အကြီးအကဲ မာ့ခ် မဲဒိုးစ်၏ ပြောကြားချက်များနှင့် သွေဖည်နေသည်။ မာ့ခ် မဲဒိုးစ်က သမ္မတသည် အခြေအနေဆိုးမှ မလွတ်မြောက်နိုင်သေးဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှောင်ကွန်လေက ဝန်ခံပြောကြားသည်မှာ ထရမ့်၏ သွေးတွင်းအောက်ဆီဂျင်မှာ ပြီးခဲ့သောရက်များအတွင်း နှစ်ကြိမ်တိုင် ကျဆင်းခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော်လည်း ယင်းနောက်ပိုင်းတွင် အခြေအနေတိုးတက်ကောင်းမွန်လာကြောင်း ရှောင်ကွန်လေက ပြောကြားသည်။

သမ္မတသည် အိမ်ဖြူတော်တွင်ရှိစဉ်က အပြင်းဖျားကာ အောက်ဆီဂျင် ၂ လီတာ ပေးခဲ့ရကြောင်း၊ ဆေးရုံသို့ ရောက်ရှိပြီးနောက် စနေနေ့ကလည်း အောက်ဆီဂျင်ပေးခဲ့ရကြောင်း ရှောင်ကွန်လေက ပြောကြားသည်။

စနေနေ့တွင် ဆေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်မှာမူ ဒေါ်နယ်ထရမ့်သည် အသက်ရှူရခက်သည့် ပြဿနာမရှိကြောင်း၊ Walter Reed ဆေးရုံတွင် အောက်ဆီဂျင်ပေးရခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နန်စီ ပယ်လိုစီက သမ္မတကို ကုသပေးနေသည့် ဆရာဝန်များအနေဖြင့် အများပြည်သူအား ယုံကြည်ဖွယ်ရာရှိသော သတင်းများ ထုတ်ပြန်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

သမ္မတကတော် မီလာနီယာ ထရမ့်မှာမူ အိမ်ဖြူတော်တွင် နေထိုင်ရင်း COVID-19 ကူးစက်ခံရမှုမှ သက်သာပျောက်ကင်းလာစေရန် ဆေးကုသမှု ခံယူလျက်ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump’s doctors told Americans must be able to ‘trust’ their statements on president’s health (Independent)

 

 

[Zawgyi]

ထရမ့္၏ ေသြးတြင္းေအာက္ဆီဂ်င္ က်ဆင္းေနသျဖင့္ ေအာက္ဆီဂ်င္ေပးခဲ့ရ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပီးေနာက္ ေဆးကုသမႈမ်ား ခံယူရလ်က္ရွိရာတြင္ ၎၏ ဆရာဝန္အဖြဲ႔မွ ထုတ္ေဖာ္ေျပာၾကားခ်က္အရ သမၼတ၏ ေသြးတြင္းေအာက္ဆီဂ်င္ပမာဏ လ်င္ျမန္စြာက်ဆင္းသြားခဲ့ေသာေၾကာင့္ ေအာက္ဆီဂ်င္ေပးခဲ့ရျပီး ဒက္ဇာမီသာဇုန္း (Dexamethasone) ေဆးေပးထားရေၾကာင္း သို႔ေသာ္ မၾကာမီတြင္ ေအာက္ဆီဂ်င္ ေပးထားရမႈ ရပ္ဆိုင္းႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

သမၼတ ေဒၚနယ္ထရမ့္ကို ေဆးရံုတင္ထားသည့္ ေမရီလန္းျပည္နယ္၊ Bethesda ျမိဳ ႔ရွိ Walter Reed အမ်ဳိးသားစစ္ဘက္ေဆးရံုတြင္ တနဂၤေႏြေန႔က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ရာ သမၼတ၏ ေဆးအဖြဲ႔က အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

သမၼတ၏ အေျခအေနႏွင့္ စပ္လ်ဥ္းျပီး အထင္အျမင္လြဲမွားေစမည့္ ယူဆခ်က္အမ်ဳိးမ်ဳိး ေပၚေပါက္ေနမႈေၾကာင့္ ထရမ့္၏ ဆရာဝန္ ေရွာင္ကြန္ေလ ဦးေဆာင္သည့္အဖြဲ႔က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ထရမ့္သည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပီးေနာက္ ၂ ၾကိမ္တိုင္ ေအာက္ဆီဂ်င္က်ဆင္းမႈ ျဖစ္ေပၚခဲ့သည္ဟု ဆိုသည္။ ေသာၾကာေန႔က အေျခအေနမွာ ထရမ့္သည္ အျပင္းဖ်ားခဲ့ျပီး ေအာက္ဆီဂ်င္ပမာဏမွာ ၉၄ ေအာက္ က်ဆင္းခဲ့သည္ဟု ေရွာင္ကြန္ေလက ေျပာၾကားခဲ့သည္။

ေသြးတြင္းေအာက္ဆီဂ်င္ပမာဏသည္ COVID-19 လူနာမ်ားအတြက္ အေရးပါသည့္ အခ်က္တစ္ခုျဖစ္ျပီး ပံုမွန္မွာ ၉၅ မွ ၁၀၀ အၾကားျဖစ္ကာ ၉၀ ေအာက္က်ဆင္းလွ်င္ စိုးရိမ္ရသည့္ အေျခအေနျဖစ္သည္။

ဆရာဝန္အဖြဲ႔က သမၼတ၏ က်န္းမာေရးႏွင့္ စပ္လ်ဥ္းျပီး ထုတ္ျပန္ခဲ့သည္မွာ အားတက္ဖြယ္သတင္းျဖစ္ေသာ္လည္း အိမ္ျဖဴေတာ္ အၾကီးအကဲ မာ့ခ္ မဲဒိုးစ္၏ ေျပာၾကားခ်က္မ်ားႏွင့္ ေသြဖည္ေနသည္။ မာ့ခ္ မဲဒိုးစ္က သမၼတသည္ အေျခအေနဆိုးမွ မလြတ္ေျမာက္ႏိုင္ေသးဟု ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ေရွာင္ကြန္ေလက ဝန္ခံေျပာၾကားသည္မွာ ထရမ့္၏ ေသြးတြင္းေအာက္ဆီဂ်င္မွာ ျပီးခဲ့ေသာရက္မ်ားအတြင္း ႏွစ္ၾကိမ္တိုင္ က်ဆင္းခဲ့ေၾကာင္း ဝန္ခံခဲ့သည္။ သို႔ေသာ္လည္း ယင္းေနာက္ပိုင္းတြင္ အေျခအေနတိုးတက္ေကာင္းမြန္လာေၾကာင္း ေရွာင္ကြန္ေလက ေျပာၾကားသည္။

သမၼတသည္ အိမ္ျဖဴေတာ္တြင္ရွိစဥ္က အျပင္းဖ်ားကာ ေအာက္ဆီဂ်င္ ၂ လီတာ ေပးခဲ့ရေၾကာင္း၊ ေဆးရံုသို႔ ေရာက္ရွိျပီးေနာက္ စေနေန႔ကလည္း ေအာက္ဆီဂ်င္ေပးခဲ့ရေၾကာင္း ေရွာင္ကြန္ေလက ေျပာၾကားသည္။

စေနေန႔တြင္ ေဆးအဖြဲ႔က သတင္းထုတ္ျပန္ခဲ့သည္မွာမူ ေဒၚနယ္ထရမ့္သည္ အသက္ရွဴရခက္သည့္ ျပႆနာမရွိေၾကာင္း၊ Walter Reed ေဆးရံုတြင္ ေအာက္ဆီဂ်င္ေပးရျခင္းမရွိေၾကာင္း ထုတ္ျပန္ခဲ့သည္။

အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ နန္စီ ပယ္လိုစီက သမၼတကို ကုသေပးေနသည့္ ဆရာဝန္မ်ားအေနျဖင့္ အမ်ားျပည္သူအား ယံုၾကည္ဖြယ္ရာရွိေသာ သတင္းမ်ား ထုတ္ျပန္ရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

သမၼတကေတာ္ မီလာနီယာ ထရမ့္မွာမူ အိမ္ျဖဴေတာ္တြင္ ေနထိုင္ရင္း COVID-19 ကူးစက္ခံရမႈမွ သက္သာေပ်ာက္ကင္းလာေစရန္ ေဆးကုသမႈ ခံယူလ်က္ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump’s doctors told Americans must be able to ‘trust’ their statements on president’s health (Independent)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service