ဒေါ်နယ်ထရမ့် Covid-19 ကူးစက်ခံရမှုအပေါ် ကမ္ဘာ့ခေါင်းဆောင်တို့၏ ထုတ်ပြန်ချက်များ
ဒေါ်နယ်ထရမ့် Covid-19 ကူးစက်ခံရမှုအပေါ် ကမ္ဘာ့ခေါင်းဆောင်တို့၏ ထုတ်ပြန်ချက်များ - Property News in Myanmar from iMyanmarHouse.com
3 Oct 2020 12:31 pm တွင် တင်ခဲ့သည်
889 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မီလာနီယာ ထရမ့်တို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သောကြာနေ့ အစောပိုင်းက သတင်းများထွက်ပေါ်လာမှုအပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များသည် အဆောတလျင် တုံ့ပြန်မှုများ လုပ်ဆောင်ခဲ့ကြသည်။
ရုရှားသမ္မတ ပူတင်က ထရမ့်အား အမြန်ပြန်လည်သက်သာပါစေကြောင်း သံကြိုးစာတစ်ကြော် ပေးပို့ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်တွင် လူပေါင်းတစ်သန်းကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။
“အဆွေတော်၏ တက်ကြွသည့် ပင်ကိုဗီဇ၊ ကောင်းမွန်သည့် စိတ်နှလုံးနှင့် အကောင်းမြင်တတ်မှုတို့သည် ဤအန္တရာယ်ကြီးသော ဗိုင်းရပ်စ်ကို ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်မည်ဟု ကျွန်ုပ် အသေအချာပြောနိုင်ပါသည်” ဟု ပူတင်၏ သံကြိုးစာတွင် ပါဝင်ကြောင်း Interfax သတင်းအေဂျင်စီတွင် ဖော်ပြသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း သမ္မတနှင့် သမ္မတကတော်တို့ အပြည့်အဝ၊ လျင်မြန်စွာ ပြန်လည်ကျန်းမာလာပါစေဟု ဆုတောင်းပေးခဲ့သည်။
“အစ္စရေးပြည်သူ သန်းပေါင်းများစွာကဲ့သို့ပင် ဆာရာနှင့် ကျွန်တော်တို့သည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မီလာနီယာ ထရမ့်တို့အကြောင်း စဉ်းစားတွေးတောနေကြပြီး ကျွန်တော်တို့ရဲ့ မိတ်ဆွေ အပြည့်အဝနဲ့ အမြန်ပြန်လည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်” ဟု နေတန်ယာဟုက တွစ်တာတွင် ရေးသားခဲ့သည်။ ဆာရာဟူသည်မှာ နေတန်ယာဟုက သူ၏ဇနီးကို ရည်ညွှန်းခြင်း ဖြစ်သည်။
နေတန်ယာဟုသည် အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ စက်တင်ဘာ ၁၅ ရက်က အိမ်ဖြူတော်သို့ သွားရောက်ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနိုင်ငံတို့နှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ရာ အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသူများသည် Covid-19 ဆိုင်ရာ လူမှုအလှမ်းခွါရေး စည်းမျဉ်းများ လိုက်နာခဲ့ခြင်း မရှိကြချေ။
ဧပြီလအတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကာ ရက်သတ္တပတ်ခန့် ဆေးရုံတက်ခဲ့ရသော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ထရမ့်တို့ ဇနီးမောင်နှံ ၂ ဦးလုံး အမြန်ပြန်လည် ကျန်းမာလာစေရန် မျှော်လင့်ကာ ဆုမွန်ကောင်းများ ပို့သအပ်ပါကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။
“သမ္မတထရမ့်နဲ့ သမ္မတကတော်တို့အတွက် အကောင်းဆုံးဆုတောင်းပေးပါတယ်။ သူတို့နှစ်ဦးလုံး ကိုရိုနာဗိုင်းရပ်စ်ကနေ အမြန်ပြန်လည် ကျန်းမာပါစေလို့ မျှော်လင့်ပါတယ်” ဟု ဘောရစ်ဂျွန်ဆင်က တွစ်တာတွင် ရေးသားခဲ့သည်။
အိန္ဒိဝန်ကြီးချုပ် နာရန်ဒရာမိုဒီက တွစ်တာတွင် ရေးသားခဲ့ရာ၌ မိတ်ဆွေဖြစ်သူ ဒေါ်နယ်ထရမ့်နှင့် မီလာနီယာတို့ အမြန်ပြန်လည် နေကောင်းကာ ကောင်းမွန်သော ကျန်းမာရေးရရှိပါစေဟု ဆုတောင်းရေးသားခဲ့သည်။
ပိုလန်သမ္မတ Andrzej Duda က တွစ်တာတွင် ရေးသားခဲ့ပုံမှာ ကျွန်ုပ်တို့၏ မိတ်ဆွေများဖြစ်သော ဒေါ်နယ်ထရမ့်နှင့် မီလာနီယာတို့ အမြန်ပြန်လည်ကျန်းမာပါစေရန် အကောင်းဆုံးဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ပိုလန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် COVID-19 ကို အောင်မြင်အောင် တိုက်ပွဲဝင်ကာ အတူတကွ ဖြတ်ကျော်နိုင်ကြလိမ့်မည်ဖြစ်ပါသည်…ဟု ရေးသားခဲ့သည်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကလည်း ထရမ့်တို့ဇနီးမောင်နှံအတွက် အကောင်းဆုံးဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်းကို ထိုင်ဝမ်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့ခဲ့သည်ဟု နယူးစ်ဝိခ်တွင် ဖော်ပြသည်။
ဥရောပကောင်စီ ဥက္ကဌ Charles Michel ကလည်း ဒေါ်နယ်ထရမ့်နှင့် မီလာနီယာတို့ အမြန်ပြန်လည်ကျန်းမာပါစေရန် ဆုတောင်းအပ်ပါကြောင်း၊ Covid-19 သည် အားလုံးဆက်လက်တိုက်ပွဲဝင်နေရသည့် တိုက်ပွဲတစ်ခုဖြစ်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ထရမ့်တို့ ဇနီးမောင်နှံ အပြည့်အဝနှင့် အမြန်ပြန်လည်ကျန်းမာပါစေရန် ဆုတောင်းစကား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: World leaders react to Trump’s coronavirus diagnosis (New York Post)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service