Alibaba တည်ထောင်သူ ဂျက်မား အနားယူသွားခြင်းနှင့် သမိုင်းဝင်ဓာတ်ပုံများ

Alibaba တည်ထောင်သူ ဂျက်မား အနားယူသွားခြင်းနှင့် သမိုင်းဝင်ဓာတ်ပုံများ - Property News in Myanmar from iMyanmarHouse.com
2 Oct 2020 11:49 am တွင် တင်ခဲ့သည်
9863 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်၏ အကြီးမားဆုံး အင်တာနက်ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ Alibaba Group ကိုတည်ထောင်သူ အသက် ၅၆ နှစ်အရွယ်ရှိ ဂျက်မားသည် ကုမ္ပဏီဘုတ်အဖွဲ့မှ တရားဝင်အနားယူလိုက်ပြီဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် အညတရအခြေအနေမှ စတင်ခဲ့သည့် Alibaba သည် အလွန်အင်အားကြီးမားလှသော အွန်လိုင်းကုမ္ပဏီ ဖြစ်လာကာ နှစ်စဉ်အရောင်းပွဲများမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ စံချိန်များကို အမြဲချိုးနိုင်ခဲ့သည်။

အဆိုပါ အံ့အားသင့်ဖွယ် အောင်မြင်မှုမှာ ဂျက်မားကြောင့်ဖြစ်ပြီး ဂျက်မားသည် Alibaba ၏ မျက်နှာဖုံးဖြစ်လာရုံမျှမက တရုတ်လုပ်ငန်းရှင်လောက၏ မျက်နှာဖုံးလည်း ဖြစ်လာခဲ့သည်။

အောက်ဖော်ပြပါတို့မှာ ဂျက်မား၏ဘဝတွင် အမှတ်ရဖွယ်အကောင်းဆုံး အခိုက်အတန့်များ ဖြစ်ကြသည်။

(၁) Alibaba သည် အမေရိကန်ကုမ္ပဏီ Yahoo နှင့် မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ပူးပေါင်းကြောင်း သတင်းစာ ရှင်းလင်းပွဲကို ၂၀၀၅ ခုနှစ်၊ သြဂုတ်လအတွင်း တရုတ်ပြည်၊ ပေကျင်းမြို့တော်တွင် ကျင်းပခဲ့ရာ ဂျက်မားမှ ရှင်းလင်းပြောကြားနေပုံဖြစ်သည်။ နောက်ခံတွင် ပြသထားသော ပုံမှာ တရုတ်ပြည်ရှိ ကမ္ဘာကျော် မဟာတံတိုင်းကြီးတွင် Yahoo ပူးတွဲတည်ထောင်သူ ဂျယ်ရီ ယောင်း (Jerry Yang) နှင့်အတူ ရိုက်ကူးထားခဲ့သည့် ဓာတ်ပုံဖြစ်သည်။

(၂) Yahoo ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအကြီးအကဲ (COO) ဒင်းနီယယ် ရိုးဇန်းစ်ဝိတ်ဂ် (daniel rosensweig) (ယာ) က Alibaba တွင် Yahoo က ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံကြောင်း ဂျက်မားနှင့်အတူ ၂၀၀၅ ခုနှစ်က ပူးတွဲကြေညာခဲ့ကြပုံ ဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုအရ Yahoo သည် Alibaba ၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့သည်။

(၃) ဂျက်မားနှင့် ဂျပန်မှ ကမ္ဘာကျော်ကုမ္ပဏီ Softbank ၏ အမှုဆောင်အရာရှိချုပ် မာဆာယိုချီ ဆန်တို့ ၂၀၁၀ ပြည့်နှစ်၊ မေလအတွင်း တရုတ်ပြည်၊ ဟန်ကျိုးမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတူတကွတွေ့ခဲ့ရပုံ ဖြစ်သည်။ Alibaba ၏ Taobao အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက်တို့က မိမိတို့၏ ဈေးကွက်အသီးသီး အပြန်အလှန်ရောင်းဝယ်မှုများ ပြုလုပ်နိုင်မည့် အွန်လိုင်း ပလက်ဖောင်း ၂ ခုတည်ထောင်ရန် စီစဉ်နေကြောင်း ကြေညာခဲ့ကြသည်။

(၄) ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်က Alibaba ၏ ရှယ်ယာများအား အများပြည်သူသို့ ရောင်းချခြင်း အခမ်းအနားကို နယူးယောက် စတော့အိတ်ချိန်းတွင် ကျင်းပခဲ့ရာ အခမ်းအနားခေါင်းလောင်းကို ဂျက်မားက တီးနေပုံဖြစ်သည်။ ပထမဆုံး စတင်ရောင်းချသည့်နေ့တွင်ပင် Alibaba ၏ ရှယ်ယာများမှာ ၄၀ ရာခိုင်နှုန်းကျော် ဈေးတက်သွားခဲ့သည်။

(၅) ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က တရုတ်ပြည်၊ ရှန်ကျင်းမြို့တွင် ကျင်းပသော Alibaba ၏ ကမ္ဘာလုံးဆိုင်ရာ ချစ်သူအိမ်ထောင်ဖက် မရှိသူများနေ့ (Singles Day) အခမ်းအနားတွင် ဂျက်မား တက်ရောက်အမှာစကား ပြောကြားခဲ့ပုံဖြစ်သည်။ ကနဦးတွင် အချစ်ရေး ကိစ္စများမရှိသေးသူတို့အတွက် ဟာသတစ်ခုအနေဖြင့် စတင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်ကား Alibaba တွင် Single တို့၏ ဈေးဝယ်မှုများ တဟုန်ထိုးမြင့်တက်သွားခဲ့သည်။

(၆) ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်က နယူးယောက်မြို့၊ ထရမ့်တာဝါတွင် သူဌေးကြီး ဂျက်မားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ တွေ့ရပုံ ဖြစ်သည်။

(၇) ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်က တရုတ်ပြည်၊ ဟန်ကျိုးမြို့ရှိ Yunqi Cloud Town တွင် ကျင်းပသော ၂၀၁၇ ခုနှစ် Computing Conference တွင် ပါဝင်သော အခမ်းအနားတစ်ခုအနေဖြင့် ကျင်းပသည့် ယွင့်ချီ ဂီတပွဲတော် (Yunqi Music Festival) တွင် ဂျက်မား ပါဝင်ဖျော်ဖြေခဲ့ပုံ ဖြစ်သည်။ဂျက်မားသည် ရော့ခ်အဆိုတော် တစ်ဦးအသွင် ဖျော်ဖြေမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ တစ်ခါကဆိုလျှင် ကုမ္ပဏီ၏ ပျော်ပွဲရွှင်ပွဲတွင် မိုက်ကယ်ဂျက်ဆင်ကဲ့သို့ ဝတ်ဆင်ကာ ဖျော်ဖြေမှု ပြုလုပ်ခဲ့သည်။

(၈) နှစ် ၄၀ မြောက် တရုတ်ပြည် ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်ခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က ပေကျင်း မြို့ရှိ ပြည်သူ့ခန်းမတွင် ကျင်းပရာ ဂျက်မားနှင့် Tencent ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ပိုနီမားတို့ တက်ရောက်ခဲ့ကြပုံ ဖြစ်သည်။ ဂျက်မားသည် တရုတ်ကွန်မြူနစ်ပါတီဝင်တစ်ဦးဖြစ်ကြောင်း အဆိုပါအခမ်းအနားမကျင်းပမီ တစ်လခန့်တွင် ပေါ်ပေါက်လာခဲ့သည်။

(၉) တရုတ်ပြည်၊ ဟန်ကျိုးမြို့ရှိ အားကစားကွင်းတစ်ခုတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က ကျင်းပသော Alibaba ၏ နှစ် ၂၀ ပြည့် အခမ်းအနားသို့ ဂျက်မား တက်ရောက်ခဲ့ပုံ ဖြစ်သည်။ဂျက်မားသည် အဆိုပါအခမ်းအနားတွင် သူ၏ ဥက္ကဌရာထူးကို အမှုဆောင်အရာရှိချုပ် ဒင်နီယယ် ကျန်း (Daniel Zhang) ထံ လွှဲပြောင်း ပေးခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: In pictures: Jack Ma, Alibaba's rock star founder, bows out (Nikkei Asian Review)

 

[Zawgyi]

 

Alibaba တည္ေထာင္သူ ဂ်က္မား အနားယူသြားျခင္းႏွင့္ သမိုင္းဝင္ဓာတ္ပံုမ်ား

တရုတ္ျပည္၏ အၾကီးမားဆံုး အင္တာနက္ကူးသန္းေရာင္းဝယ္ေရးကုမၸဏီ Alibaba Group ကိုတည္ေထာင္သူ အသက္ ၅၆ ႏွစ္အရြယ္ရွိ ဂ်က္မားသည္ ကုမၸဏီဘုတ္အဖြဲ႔မွ တရားဝင္အနားယူလုိက္ျပီျဖစ္သည္။

၁၉၉၉ ခုႏွစ္တြင္ အညတရအေျခအေနမွ စတင္ခဲ့သည့္ Alibaba သည္ အလြန္အင္အားၾကီးမားလွေသာ အြန္လိုင္းကုမၸဏီ ျဖစ္လာကာ ႏွစ္စဥ္အေရာင္းပြဲမ်ားမွာ တစ္ကမၻာလံုးအတိုင္းအတာ စံခ်ိန္မ်ားကို အျမဲခ်ဳိးႏိုင္ခဲ့သည္။

အဆိုပါ အံ့အားသင့္ဖြယ္ ေအာင္ျမင္မႈမွာ ဂ်က္မားေၾကာင့္ျဖစ္ျပီး ဂ်က္မားသည္ Alibaba ၏ မ်က္ႏွာဖံုးျဖစ္လာရံုမွ်မက တရုတ္လုပ္ငန္းရွင္ေလာက၏ မ်က္ႏွာဖံုးလည္း ျဖစ္လာခဲ့သည္။

ေအာက္ေဖာ္ျပပါတို႔မွာ ဂ်က္မား၏ဘဝတြင္ အမွတ္ရဖြယ္အေကာင္းဆံုး အခိုက္အတန္႔မ်ား ျဖစ္ၾကသည္။

(၁) Alibaba သည္ အေမရိကန္ကုမၸဏီ Yahoo ႏွင့္ မဟာဗ်ဴဟာေျမာက္မိတ္ဖက္အျဖစ္ ပူးေပါင္းေၾကာင္း သတင္းစာ ရွင္းလင္းပြဲကို ၂၀၀၅ ခုႏွစ္၊ ၾသဂုတ္လအတြင္း တရုတ္ျပည္၊ ေပက်င္းျမိဳ ႔ေတာ္တြင္ က်င္းပခဲ့ရာ ဂ်က္မားမွ ရွင္းလင္းေျပာၾကားေနပံုျဖစ္သည္။ ေနာက္ခံတြင္ ျပသထားေသာ ပံုမွာ တရုတ္ျပည္ရွိ ကမၻာေက်ာ္ မဟာတံတိုင္းၾကီးတြင္ Yahoo ပူးတြဲတည္ေထာင္သူ ဂ်ယ္ရီ ေယာင္း (Jerry Yang) ႏွင့္အတူ ရိုက္ကူးထားခဲ့သည့္ ဓာတ္ပံုျဖစ္သည္။

(၂) Yahoo ကုမၸဏီ၏ လုပ္ငန္းလည္ပတ္မႈအၾကီးအကဲ (COO) ဒင္းနီယယ္ ရိုးဇန္းစ္ဝိတ္ဂ္ (daniel rosensweig) (ယာ) က Alibaba တြင္ Yahoo က ကန္ေဒၚလာ ၁ ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံေၾကာင္း ဂ်က္မားႏွင့္အတူ ၂၀၀၅ ခုႏွစ္က ပူးတြဲေၾကညာခဲ့ၾကပံု ျဖစ္သည္။ အဆိုပါ ရင္းႏွီးျမွဳပ္ႏွံမႈအရ Yahoo သည္ Alibaba ၏ ရွယ္ယာ ၄၀ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ခဲ့သည္။

(၃) ဂ်က္မားႏွင့္ ဂ်ပန္မွ ကမၻာေက်ာ္ကုမၸဏီ Softbank ၏ အမႈေဆာင္အရာရွိခ်ဳပ္ မာဆာယိုခ်ီ ဆန္တို႔ ၂၀၁၀ ျပည့္ႏွစ္၊ ေမလအတြင္း တရုတ္ျပည္၊ ဟန္က်ဳိးျမိဳ ႔တြင္ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ အတူတကြေတြ႔ခဲ့ရပံု ျဖစ္သည္။ Alibaba ၏ Taobao အြန္လိုင္းေစ်းဝယ္ ဝက္ဘ္ဆိုက္တို႔က မိမိတို႔၏ ေစ်းကြက္အသီးသီး အျပန္အလွန္ေရာင္းဝယ္မႈမ်ား ျပဳလုပ္ႏိုင္မည့္ အြန္လိုင္း ပလက္ေဖာင္း ၂ ခုတည္ေထာင္ရန္ စီစဥ္ေနေၾကာင္း ေၾကညာခဲ့ၾကသည္။

(၄) ၂၀၁၄ ခုႏွစ္၊ စက္တင္ဘာလ ၁၉ ရက္က Alibaba ၏ ရွယ္ယာမ်ားအား အမ်ားျပည္သူသို႔ ေရာင္းခ်ျခင္း အခမ္းအနားကို နယူးေယာက္ စေတာ့အိတ္ခ်ိန္းတြင္ က်င္းပခဲ့ရာ အခမ္းအနားေခါင္းေလာင္းကို ဂ်က္မားက တီးေနပံုျဖစ္သည္။ ပထမဆံုး စတင္ေရာင္းခ်သည့္ေန႔တြင္ပင္ Alibaba ၏ ရွယ္ယာမ်ားမွာ ၄၀ ရာခိုင္နႈန္းေက်ာ္ ေစ်းတက္သြားခဲ့သည္။

(၅) ၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္က တရုတ္ျပည္၊ ရွန္က်င္းျမိဳ ႔တြင္ က်င္းပေသာ Alibaba ၏ ကမၻာလံုးဆိုင္ရာ ခ်စ္သူအိမ္ေထာင္ဖက္ မရွိသူမ်ားေန႔ (Singles Day) အခမ္းအနားတြင္ ဂ်က္မား တက္ေရာက္အမွာစကား ေျပာၾကားခဲ့ပံုျဖစ္သည္။ ကနဦးတြင္ အခ်စ္ေရး ကိစၥမ်ားမရွိေသးသူတို႔အတြက္ ဟာသတစ္ခုအေနျဖင့္ စတင္ခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ကား Alibaba တြင္ Single တို႔၏ ေစ်းဝယ္မႈမ်ား တဟုန္ထိုးျမင့္တက္သြားခဲ့သည္။

(၆) ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလ ၉ ရက္က နယူးေယာက္ျမိဳ ႔၊ ထရမ့္တာဝါတြင္ သူေဌးၾကီး ဂ်က္မားကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္အတူ ေတြ႔ရပံု ျဖစ္သည္။

(၇) ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္က တရုတ္ျပည္၊ ဟန္က်ဳိးျမိဳ ႔ရွိ Yunqi Cloud Town တြင္ က်င္းပေသာ ၂၀၁၇ ခုႏွစ္ Computing Conference တြင္ ပါဝင္ေသာ အခမ္းအနားတစ္ခုအေနျဖင့္ က်င္းပသည့္ ယြင့္ခ်ီ ဂီတပြဲေတာ္ (Yunqi Music Festival) တြင္ ဂ်က္မား ပါဝင္ေဖ်ာ္ေျဖခဲ့ပံု ျဖစ္သည္။ဂ်က္မားသည္ ေရာ့ခ္အဆိုေတာ္ တစ္ဦးအသြင္ ေဖ်ာ္ေျဖမႈမ်ား မၾကာခဏ ျပဳလုပ္ေလ့ရွိသည္။ တစ္ခါကဆိုလွ်င္ ကုမၸဏီ၏ ေပ်ာ္ပြဲရႊင္ပြဲတြင္ မိုက္ကယ္ဂ်က္ဆင္ကဲ့သို႔ ဝတ္ဆင္ကာ ေဖ်ာ္ေျဖမႈ ျပဳလုပ္ခဲ့သည္။

(၈) ႏွစ္ ၄၀ ေျမာက္ တရုတ္ျပည္ ျပဳျပင္ေျပာင္းလဲျခင္းႏွင့္ တံခါးဖြင့္ျခင္း အခမ္းအနားကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁၈ ရက္က ေပက်င္း ျမိဳ ႔ရွိ ျပည္သူ႔ခန္းမတြင္ က်င္းပရာ ဂ်က္မားႏွင့္ Tencent ကုမၸဏီ၏ အမႈေဆာင္အရာရွိခ်ဳပ္ ပိုနီမားတို႔ တက္ေရာက္ခဲ့ၾကပံု ျဖစ္သည္။ ဂ်က္မားသည္ တရုတ္ကြန္ျမဴနစ္ပါတီဝင္တစ္ဦးျဖစ္ေၾကာင္း အဆိုပါအခမ္းအနားမက်င္းပမီ တစ္လခန္႔တြင္ ေပၚေပါက္လာခဲ့သည္။

(၉) တရုတ္ျပည္၊ ဟန္က်ဳိးျမိဳ ႔ရွိ အားကစားကြင္းတစ္ခုတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၁၀ ရက္က က်င္းပေသာ Alibaba ၏ ႏွစ္ ၂၀ ျပည့္ အခမ္းအနားသို႔ ဂ်က္မား တက္ေရာက္ခဲ့ပံု ျဖစ္သည္။ဂ်က္မားသည္ အဆိုပါအခမ္းအနားတြင္ သူ၏ ဥကၠဌရာထူးကို အမႈေဆာင္အရာရွိခ်ဳပ္ ဒင္နီယယ္ က်န္း (Daniel Zhang) ထံ လႊဲေျပာင္း ေပးခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: In pictures: Jack Ma, Alibaba's rock star founder, bows out (Nikkei Asian Review)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service