အင်ဒိုနီးရှားသတင်းထောက်က ကုလားထိုင်တစ်လုံးကို ကျန်းမာရေးဝန်ကြီးအဖြစ်ဖြင့် တွေ့ဆုံမေးမြန်း

အင်ဒိုနီးရှားသတင်းထောက်က ကုလားထိုင်တစ်လုံးကို ကျန်းမာရေးဝန်ကြီးအဖြစ်ဖြင့် တွေ့ဆုံမေးမြန်း - Property News in Myanmar from iMyanmarHouse.com
1 Oct 2020 11:26 am တွင် တင်ခဲ့သည်
905 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှား နာမည်ကျော် သတင်းသမား နက်ဂျ်ဝါ ရှီဟက်ဘ် (Najwa Shihab) သည် လူမရှိသော ကုလားထိုင်တစ်လုံးကို ကျန်းမာရေးဝန်ကြီး တီရာဝမ် အေဂပ်စ် ပူထရန်တိုအနေဖြင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်လိုက်သည်။

နက်ဂျ်ဝါက အစိုးရမှ COVID-19 ကပ်ဘေးအား ကိုင်တွယ်နေပုံကို ထိုးနှက်လိုက်ခြင်းလည်း ဖြစ်သည်။

Narasi TV တွင် ယမန်နေ့က ထုတ်လွှင့်ခဲ့သည့် Mata Najwa အမည်ရှိ သူမ၏ရုပ်သံအစီအစဉ်တွင် လွှင့်တင်ခဲ့သောဗွီဒီယိုဖိုင်အတွင်း နက်ဂျ်ဝါက ပြောကြားခဲ့ရာ၌ သူမသည် ကျန်းမာရေးဝန်ကြီးနှင့် သူ၏အစိုးရအဖွဲ့က ကပ်ရောဂါဘေးကို ကိုင်တွယ်နေပုံများနှင့် စပ်လျဉ်းပြီး မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရန် ဝန်ကြီး တီရာဝမ် အေဂပ်စ် ပူထရန်တိုအား အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားသည်။

သူမ၏ ပြောကြားချက်အရ ဝန်ကြီးထံမှ ပြန်လည်ဆက်သွယ်လာမှု လုံးဝမရှိခဲ့ကြောင်း ပြောကြားသည်။

ထို့ကြောင့် နက်ဂျ်ဝါက စတူဒီယိုခန်းအတွင်းတွင် လူမရှိသော ကုလားထိုင်တစ်လုံးကို ဝန်ကြီးတီရာဝမ် ထိုင်နေဟန်ဖြင့် ၄ မိနစ်ကြာ တွေ့ဆုံမေးမြန်းခန်း ဗွီဒီယိုကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

“ဆရာ၊ ဘာဖြစ်လို့များ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာပါလဲရှင်။ ကပ်ဘေးနဲ့ ပတ်သက်လို့ ရှင်းလင်းပြဖို့အတွက် ပြည်သူတွေ ရှေ့ကို ဝန်ကြီးဟာ ထွက်မလာခဲ့ပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း ကမ္ဘာပေါ်မှာ အသိုသိပ်ဆုံး နေထိုင်တဲ့တစ်ဦးတည်းသော ဝန်ကြီးဟာ အင်ဒိုနီးရှားက ဝန်ကြီးပါပဲ။ ပြည်သူတွေရဲ့ ရှေ့မှာ လူကြီးမင်းရှိနေဖို့ဟာ သိပ်အရေးမကြီးဘူးလားရှင့်” ဟု နက်ဂျ်ဝါက ကုလားထိုင်ကို စတင်မေးမြန်းခဲ့ပြီး ပြန်လည်ဖြေကြားသူကား မရှိချေ။

အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး တီရာဝမ်သည် အင်ဒိုနီးရှားတွင် COVID-19 ကပ်ဘေးရင်ဆိုင်ရစဉ်ကာလအတွင်း ပျောက်ခြင်းမလှ ပျောက်နေခဲ့သည်။

ပြည်သူလူထုအား ကပ်ဘေးအခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များ၊ မျှော်လင့်ချက်များ ပေးရမည့်အစား သမိုင်းတွင်မည့် ပြက်လုံးတစ်ခုကိုသာ ပြောကြားခဲ့ဖူးသည်။

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးမျှ မရှိသေးသည့်ကာလက ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်မှာ တိုင်းပြည်တွင် ရောဂါကူးစက်ခံရသူမရှိခြင်းမှာ ဘုရားဝတ်ပြုကြခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးတစ်ဦးထံမှ သိပ္ပံနည်းကျစကားမျိုး ပြည်သူလူထုက ကြားရမည့်အစား ယင်းသို့ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော် ထိုသို့ပြောကြားပြီး ၇ လအကြာ ယနေ့အခါတွင်ကား အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သိန်းနီးပါးသို့ ချဉ်းကပ်လာနေပြီဖြစ်ပြီး သေဆုံးသူမှာ ၁၀၀၀၀ ကျော်သွားခဲ့ပြီဖြစ်သည်။ ရောဂါကူးစက်မှုမှာလည်း အရှိန်ကောင်းနေဆဲဖြစ်ပြီး ကူးစက်မှု ကျဆင်းမည့် လက္ခဏာ မရှိသေးချေ။

သို့ကြောင့်ပင် သတင်းသမား နက်ဂျ်ဝါက ကပ်ဘေးကာလတွင် လှုပ်ရှားမှုမရှိသော ကျန်းမာရေးဝန်ကြီးအား ရည်ညွှန်းပြီး လူမရှိသည့် ကုလားထိုင်ကို မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားတွင် ကျန်းမာရေးဝန်ထမ်းများ သေဆုံးမှု များပြားနေခြင်းကို နက်ဂျ်ဝါက မေးခွန်းထုတ်ခဲ့ပြီး အဘယ်ကြောင့် ရာထူးမှ မနှုတ်ထွက်သေးသနည်းဟု မေးမြန်းခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်ပုံ ညံ့ဖျင်းတာကြောင့် ကမ္ဘာတဝန်းမှာ ကျန်းမာရေးဝန်ကြီးတွေ နှုတ်ထွက်နေကြပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် နယူးဇီလန်၊ ချက်သမ္မတနိုင်ငံ၊ ပိုလန်၊ ဘရာဇီး၊ ချီလီ၊ ပါကစ္စတန်၊ အစ္စရေးက ပြည်သူ့ကျန်းမာရေးညွှန်ကြားရေးမှူး၊ ကနေဒါက ပြည်သူ့ကျန်းမာရေးအေဂျင်စီ ဥက္ကဌတွေ နှုတ်ထွက်သွားခဲ့ကြပါတယ်။ ကျွန်မမေးမြန်းချင်တာကတော့ ကျွန်မတို့နိုင်ငံရဲ့ ကပ်ဘေးကိုင်တွယ်နေပုံတွေဟာ အဲဒီနိုင်ငံတွေထက်များ ကောင်းမွန်နေပါသလားရှင့်” ဟု နက်ဂျ်ဝါက မေးမြန်းခဲ့သည်။

နက်ဂျ်ဝါက သူ၏ မေးမြန်းခန်းဗွီဒီယိုတွင် နောက်ဆုံးပြောကြားခဲ့သည်မှာ ယခုမေးမြန်းခဲ့သော မေးခွန်းများကို ဝန်ကြီးကိုယ်တိုင် လာရောက်ဖြေကြားပေးပါရန် ဖိတ်ခေါ်ကာ အဆုံးသတ်ခဲ့သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indonesian journalist Najwa Shihab ‘interviews’ empty chair in place of Health Minister Terawan Agus Putranto By Andra Nasrie Sep 29, 2020 | 11:15am Jakarta time(Coconuts)

 

 

[Zawgyi]

အင္ဒိုနီးရွားသတင္းေထာက္က ကုလားထုိင္တစ္လံုးကို က်န္းမာေရးဝန္ၾကီးအျဖစ္ျဖင့္ ေတြ႔ဆံုေမးျမန္း

အင္ဒိုနီးရွား နာမည္ေက်ာ္ သတင္းသမား နက္ဂ်္ဝါ ရွီဟက္ဘ္ (Najwa Shihab) သည္ လူမရွိေသာ ကုလားထိုင္တစ္လံုးကို က်န္းမာေရးဝန္ၾကီး တီရာဝမ္ ေအဂပ္စ္ ပူထရန္တိုအေနျဖင့္ ေတြ႔ဆံုေမးျမန္းခန္း ျပဳလုပ္လိုက္သည္။

နက္ဂ်္ဝါက အစိုုးရမွ COVID-19 ကပ္ေဘးအား ကိုင္တြယ္ေနပံုကို ထိုးႏွက္လိုက္ျခင္းလည္း ျဖစ္သည္။

Narasi TV တြင္ ယမန္ေန႔က ထုတ္လႊင့္ခဲ့သည့္ Mata Najwa အမည္ရွိ သူမ၏ရုပ္သံအစီအစဥ္တြင္ လႊင့္တင္ခဲ့ေသာဗြီဒီယိုဖိုင္အတြင္း နက္ဂ်္ဝါက ေျပာၾကားခဲ့ရာ၌ သူမသည္ က်န္းမာေရးဝန္ၾကီးႏွင့္ သူ၏အစိုးရအဖြဲ႔က ကပ္ေရာဂါေဘးကို ကိုင္တြယ္ေနပံုမ်ားႏွင့္ စပ္လ်ဥ္းျပီး မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆံုေမးျမန္းခန္း ျပဳလုပ္ရန္ ဝန္ၾကီး တီရာဝမ္ ေအဂပ္စ္ ပူထရန္တိုအား အၾကိမ္ေပါင္းမ်ားစြာ ဖိတ္ေခၚခဲ့ေၾကာင္း ေျပာၾကားသည္။

သူမ၏ ေျပာၾကားခ်က္အရ ဝန္ၾကီးထံမွ ျပန္လည္ဆက္သြယ္လာမႈ လံုးဝမရွိခဲ့ေၾကာင္း ေျပာၾကားသည္။

ထို႔ေၾကာင့္ နက္ဂ်္ဝါက စတူဒီယိုခန္းအတြင္းတြင္ လူမရွိေသာ ကုလားထိုင္တစ္လံုးကို ဝန္ၾကီးတီရာဝမ္ ထိုင္ေနဟန္ျဖင့္ ၄ မိနစ္ၾကာ ေတြ႔ဆံုေမးျမန္းခန္း ဗြီဒီယိုကို ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

“ဆရာ၊ ဘာျဖစ္လို႔မ်ား လူျမင္ကြင္းကေန ေပ်ာက္ကြယ္ေနတာပါလဲရွင္။ ကပ္ေဘးနဲ႔ ပတ္သက္လို႔ ရွင္းလင္းျပဖို႔အတြက္ ျပည္သူေတြ ေရွ ႔ကို ဝန္ၾကီးဟာ ထြက္မလာခဲ့ပါဘူး။ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးအတြင္း ကမၻာေပၚမွာ အသိုသိပ္ဆံုး ေနထိုင္တဲ့တစ္ဦးတည္းေသာ ဝန္ၾကီးဟာ အင္ဒိုနီးရွားက ဝန္ၾကီးပါပဲ။ ျပည္သူေတြရဲ ႔ ေရွ ႔မွာ လူၾကီးမင္းရွိေနဖို႔ဟာ သိပ္အေရးမၾကီးဘူးလားရွင့္” ဟု နက္ဂ်္ဝါက ကုလားထိုင္ကို စတင္ေမးျမန္းခဲ့ျပီး ျပန္လည္ေျဖၾကားသူကား မရွိေခ်။

အင္ဒိုနီးရွားက်န္းမာေရးဝန္ၾကီး တီရာဝမ္သည္ အင္ဒိုနီးရွားတြင္ COVID-19 ကပ္ေဘးရင္ဆိုင္ရစဥ္ကာလအတြင္း ေပ်ာက္ျခင္းမလွ ေပ်ာက္ေနခဲ့သည္။

ျပည္သူလူထုအား ကပ္ေဘးအေျခအေနႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ား၊ ေမွ်ာ္လင့္ခ်က္မ်ား ေပးရမည့္အစား သမိုင္းတြင္မည့္ ျပက္လံုးတစ္ခုကိုသာ ေျပာၾကားခဲ့ဖူးသည္။

အင္ဒိုနီးရွားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ တစ္ဦးမွ် မရွိေသးသည့္ကာလက က်န္းမာေရးဝန္ၾကီးက ေျပာၾကားခဲ့သည္မွာ တိုင္းျပည္တြင္ ေရာဂါကူးစက္ခံရသူမရွိျခင္းမွာ ဘုရားဝတ္ျပဳၾကျခင္းေၾကာင့္ျဖစ္သည္ဟု ေျပာၾကားခဲ့သည္။

က်န္းမာေရးဝန္ၾကီးတစ္ဦးထံမွ သိပၸံနည္းက်စကားမ်ဳိး ျပည္သူလူထုက ၾကားရမည့္အစား ယင္းသို႔ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။

သို႔ေသာ္ ထိုသို႔ေျပာၾကားျပီး ၇ လအၾကာ ယေန႔အခါတြင္ကား အင္ဒိုနီးရွားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃ သိန္းနီးပါးသို႔ ခ်ဥ္းကပ္လာေနျပီျဖစ္ျပီး ေသဆံုးသူမွာ ၁၀၀၀၀ ေက်ာ္သြားခဲ့ျပီျဖစ္သည္။ ေရာဂါကူးစက္မႈမွာလည္း အရွိန္ေကာင္းေနဆဲျဖစ္ျပီး ကူးစက္မႈ က်ဆင္းမည့္ လကၡဏာ မရွိေသးေခ်။

သို႔ေၾကာင့္ပင္ သတင္းသမား နက္ဂ်္ဝါက ကပ္ေဘးကာလတြင္ လႈပ္ရွားမႈမရွိေသာ က်န္းမာေရးဝန္ၾကီးအား ရည္ညႊန္းျပီး လူမရွိသည့္ ကုလားထိုင္ကို ေမးခြန္းထုတ္ခဲ့ျခင္းျဖစ္သည္။

အင္ဒိုနီးရွားတြင္ က်န္းမာေရးဝန္ထမ္းမ်ား ေသဆံုးမႈ မ်ားျပားေနျခင္းကို နက္ဂ်္ဝါက ေမးခြန္းထုတ္ခဲ့ျပီး အဘယ္ေၾကာင့္ ရာထူးမွ မႏႈတ္ထြက္ေသးသနည္းဟု ေမးျမန္းခဲ့သည္။

“ကိုရိုနာဗိုင္းရပ္စ္ ကိုင္တြယ္ပံု ညံ့ဖ်င္းတာေၾကာင့္ ကမၻာတဝန္းမွာ က်န္းမာေရးဝန္ၾကီးေတြ ႏႈတ္ထြက္ေနၾကပါတယ္။ ဥပမာအေနနဲ႔ ေျပာရမယ္ဆိုရင္ နယူးဇီလန္၊ ခ်က္သမၼတႏိုင္ငံ၊ ပိုလန္၊ ဘရာဇီး၊ ခ်ီလီ၊ ပါကစၥတန္၊ အစၥေရးက ျပည္သူ႔က်န္းမာေရးညႊန္ၾကားေရးမွဴး၊ ကေနဒါက ျပည္သူ႔က်န္းမာေရးေအဂ်င္စီ ဥကၠဌေတြ ႏႈတ္ထြက္သြားခဲ့ၾကပါတယ္။ ကၽြန္မေမးျမန္းခ်င္တာကေတာ့ ကၽြန္မတို႔ႏိုင္ငံရဲ ႔ ကပ္ေဘးကိုင္တြယ္ေနပံုေတြဟာ အဲဒီႏိုင္ငံေတြထက္မ်ား ေကာင္းမြန္ေနပါသလားရွင့္” ဟု နက္ဂ်္ဝါက ေမးျမန္းခဲ့သည္။

နက္ဂ်္ဝါက သူ၏ ေမးျမန္းခန္းဗြီဒီယိုတြင္ ေနာက္ဆံုးေျပာၾကားခဲ့သည္မွာ ယခုေမးျမန္းခဲ့ေသာ ေမးခြန္းမ်ားကို ဝန္ၾကီးကိုယ္တိုင္ လာေရာက္ေျဖၾကားေပးပါရန္ ဖိတ္ေခၚကာ အဆံုးသတ္ခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indonesian journalist Najwa Shihab ‘interviews’ empty chair in place of Health Minister Terawan Agus Putranto By Andra Nasrie Sep 29, 2020 | 11:15am Jakarta time(Coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service