အမေရိကန်တွင် ကလေးငယ် ၆၀၀၀၀၀ ကျော် COVID-19 ကူးစက်ခံထားရသော်လည်း ရောဂါပြင်းထန်သူ အလွန်ရှားပါး
အမေရိကန်တွင် ကလေးငယ် ၆၀၀၀၀၀ ကျော် COVID-19 ကူးစက်ခံထားရသော်လည်း ရောဂါပြင်းထန်သူ အလွန်ရှားပါး - Property News in Myanmar from iMyanmarHouse.com
30 Sep 2020 12:21 pm တွင် တင်ခဲ့သည်
973 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်ခံထားရသည့် ကလေးငယ်ပေါင်း ၆၀၀၀၀၀ ကျော်ရှိနေသော်လည်း ရောဂါပြင်းထန်သူ အလွန်ရှားပါးလှသည်ဟု သိရသည်။
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၄၉ ခု၊ နယူးယောက်မြို့၊ ကိုလံဘီယာခရိုင်၊ ပြူတိုရီကိုနှင့် ဂူအမ်ကျွန်းတို့၏ ကျန်းမာရေးဌာန ဝက်ဘ်ဆိုက်များတွင် လွှင့်တင်ခဲ့သည့် အချက်အလက်များအပေါ် လေ့လာချက်အရ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီး စတင်ချိန်မှ စက်တင်ဘာ ၂၄ ရက်အထိ COVID-19 ကူးစက်ခံခဲ့ရသည့် ကလေးငယ်ပေါင်း ၆၂၄၈၉၀ ဦးရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ပမာဏမှာ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်များ၏ စုစုပေါင်း ကူးစက်မှု၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။
အဆိုပါ ပြည်နယ်များမှ အချက်အလက်များအရ ကလေးငယ်များတွင် COVID-19 ကြောင့် ဆေးရုံတင်ရခြင်းနှင့် သေဆုံးခြင်းမှာ ရှားပါးလှကြောင်း တွေ့ရှိခဲ့ကြသည်။
ယခုလေ့လာချက်ကို အမေရိကန် ကလေးဆေးပညာအကယ်ဒမီ (American Academy of Pediatrics) နှင့် ကလေး ဆေးရုံအသင်း ( Children’s Hospital Association) တို့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်တမ်းကို ထုတ်ပြန်ရာတွင် အထက်ပါ အဖွဲ့အစည်းများက ပြောကြားခဲ့ရာ၌ နိုင်ငံအဆင့် အစီရင်ခံစာတို့သည် အမေရိကန် ပြည်ထောင်စုအတွင်း ကလေးသူငယ် COVID-19 ကူးစက်မှုဖြစ်ရပ်များအတွက် အများပြည်သူရရှိနိုင်သည့် အကောင်းဆုံးသော အချက်အလက်များဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
“COVID-19 ကြောင့် ရောဂါပြင်းထန်မှုဟာ ကလေးငယ်တွေကြားမှာ အလွန်ရှားပါးပါတယ်” ဟု စစ်တမ်းလေ့လာချက်တွင် ပါဝင်သူတို့က ကောက်ချက်ဆွဲသည်။
သို့သော် ကလေးငယ်အပေါ် အဓိပ္ပာယ်ဖွင့် တိုင်းတာမှုမှာမူ ပြည်နယ်တို့အကြား ကွဲပြားမှုများရှိပြီး မွေးဖွားစဉ်မှ ၁၄ နှစ်အရွယ်၊ မွေးဖွားစဉ်မှ အသက် ၂၀ အရွယ် အစရှိသဖြင့် ကွဲပြားကြသည်။
ကူးစက်ခံထားရပြီး မစစ်ဆေးရသေးသည့် ကလေးငယ်ပမာဏကိုမူ သိနိုင်ရန် မလွယ်ကြောင်းလည်း လေ့လာသူတို့က ပြောကြားသည်။
စက်တင်ဘာလ ၂၄ ရက်မတိုင်မီ ရက်သတ္တ ၂ ပတ်အတွင်း ကလေးငယ်များ ကူးစက်ခံရမှု ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူအသစ် ၇၅၄၅၈ ဦးရှိခဲ့ကြောင်း ယခုလေ့လာချက်တွင် တွေ့ရှိသည်။
ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများကို အသက်အရွယ်အလိုက် ဖော်ပြခဲ့ကြသည့် ပြည်နယ် ၁၁ ခုတွင် ….ပြည်နယ်များအတွင်း ကလေးငယ်များ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခံမှုမှာ ပြည်နယ်တွင်း စုစုပေါင်း စစ်ဆေးသည့်ပမာဏ၏ ၄ ရာခိုင်နှုန်းမှ ၁၆ ဒသမ ၂ ရာခိုင်နှုန်းအကြားရှိပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိရသည့် ပမာဏမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းမှ ၁၅ ဒသမ ၅ ရာခိုင်နှုန်းအကြားရှိသည်ဟု ယခုလေ့လာချက်က တွေ့ရှိခဲ့သည်။
COVID-19 ကြောင့် ဆေးရုံတက်ရသည့် ကလေးငယ်နှင့် သေဆုံးသည့် ကလေးငယ် ပမာဏမှာ အလွန်နည်းပါးလှသည်ကိုလည်း ယခုစစ်တမ်းက တွေ့ရှိခဲ့သည်။
ပြည်နယ် ၂၅ ခုနှင့် နယူးယောက်မြို့တို့တွင် ဆေးရုံတက်ကြရသူ စုစုပေါင်း၏ ၀ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၇ ရာခိုင်နှုန်းသည်သာ ကလေးငယ်များ ဖြစ်ကြသည်။
COVID-19 ကူးစက်ခံရသည့် ကလေးငယ်စုစုပေါင်း၏ ၀ ဒသမ ၂ ရာခိုင်နှုန်းမှ ၇ ဒသမ ၉ ရာခိုင်နှုန်းသာ ဆေးရုံတက်ကြရကြောင်း ယခုစစ်တမ်းတွင် ဖော်ပြသည်။
ပြည်နယ် ၄၂ ခုနှင့် နယူးယောက်မြို့တို့တွင် သေဆုံးမှုကို အသက်အရွယ်ဖြင့် ပိုင်းခြားဖော်ပြထားခဲ့သည်။
အဆိုပါ ပြည်နယ်များအနက် ၁၇ ခုတွင် COVID-19 ကြောင့် ကလေးငယ်များ သေဆုံးမှုမရှိကြောင်း တွေ့ရပြီး ကလေးငယ် သေဆုံးမှု ပမာဏအများဆုံးဖြစ်သော တင်နက်ဆီပြည်နယ်တွင်ပင် သေဆုံးမှုမှာ ၀ ဒသမ ၂၆ ရာခိုင်နှုန်းသာ ရှိသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: More Than 600,000 Child Cases Of COVID-19 Reported In U.S., But Severe Illness 'Rare (npr.org)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service