ကိုရိုနာဗိုင်းရပ်စ်သည် အများအားဖြင့် ကလေးငယ်များကို ချမ်းသာပေး၊ ဆယ်ကျော်သက်များမှာမူ ကံသိပ်မကောင်းကြ

ကိုရိုနာဗိုင်းရပ်စ်သည် အများအားဖြင့် ကလေးငယ်များကို ချမ်းသာပေး၊ ဆယ်ကျော်သက်များမှာမူ ကံသိပ်မကောင်းကြ - Property News in Myanmar from iMyanmarHouse.com
30 Sep 2020 11:58 am တွင် တင်ခဲ့သည်
1309 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆယ်ကျော်သက်များသည် သူတို့ထက်ငယ်ရွယ်သော ကလေးများထက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ နှစ်ဆခန့်ပိုများကြောင်း အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) မှ စက်တင်ဘာ ၂၈ တွင် ထုတ်ပြန်လိုက်သည့် ဆန်းစစ်လေ့လာမှုတစ်ရပ်အရ သိရသည်။

ထိုလေ့လာမှုသည် မတ်လမှ စက်တင်ဘာလအကြား နာမကျန်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည့် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်း ကလေးငယ် ၂၇၇,၂၈၅ ဦးကို သုံးသပ်ချက်တစ်ရပ်အပေါ် အခြေခံထားခြင်းဖြစ်သည်။ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေခိုက် အမေရိကန်မှာ ကလေးငယ် ၅၆ သန်း ကျောင်းပြန်တက်ကြစဉ် ယင်းတွေ့ရှိချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သိပ္ပံပညာရှင်များသည် ကလေးသူငယ်များ မည်သို့မကြာမကြာကူးစက်ခံရပုံကို သဘောပေါက်ရန် ကြိုးပမ်းနေကြစဉ် အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ငြင်းခုံဆွေး‌နွေးမှုများသည် မူလတန်းကျောင်းသူကျောင်းသားများကို ဗဟိုပြုလာသည်ဖြစ်ရာ ထိုတွေ့ရှိချက်သည် ရှေ့နောက်မညီဘဲ ကွဲလွဲနေသည်။

သို့သော်လည်း လေ့လာမှုသစ်ကမူ အထက်တန်းကျောင်းနှင့်ကောလိပ်‌တို့မှ ဆယ်ကျော်သက်များက အသက် ၁၀ နှစ်အောက် ကလေးငယ်များထက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ ပိုများကြောင်း သက်သေတစ်ခုကို ပြသလိုက်ခြင်းဖြစ်သည်ဟု စကော့တလန်ရှိ စိန့်အင်ဒရူးတက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ဒေါက်တာ Muge Cevik က ပြောကြားခဲ့သည်။

ယင်းအချက်အလက်က လူငယ်များမှာ လူထုအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွင် ပို၍အ‌ရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ညွှန်ပြနေသည်ဟု CDC မှ သုတေသီများက ရေးသားခဲ့သည်။

အမေရိကန်တွင် ဇူလိုင်နောက်ပိုင်း စစ်ဆေးမှုအရေအတွက်နှင့် ကူးစက်မှုများ ကျဆင်းသွားသော်လည်း ပြန်လည်မြင့်တက်လာနိုင်ကြောင်းလည်း ၎င်းတို့က ဖော်ပြခဲ့သည်။

‌လေ့လာမှုကာလအတွင်းကူးစက်နှုန်းသည် အသက်အရွယ်အလိုက် ကွဲပြားသည်။ မြီးကောင်ပေါက်များအကြား အပတ်စဉ်ကူးစက်မှုသည် ၁ သိန်းတွင် ၃၇ ဒသမ ၄ ဦးနှုန်းဖြစ်ခဲ့ပြီး ကလေးများအကြား တစ်သိန်းလျှင် ၁၉ ဦးနှုန်း ဖြစ်ခဲ့သည်။

ဗိုင်းရပ်ကူးစက်ခံရပြီးနောက် သေဆုံးခဲ့သည့်ကလေးထက်ဝက်ခန့်သည် ရောဂါအခံရှိသူများဖြစ်သည်ကိုလည်း လေ့လာမှုက တွေ့ရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေနှင့် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် မြန်မာစံတော်ချိန် စက်တင်ဘာ ၂၉ နေ့လည် ၂ နာရီ မိနစ် ၂၀ အထိ ၇ ဒသမ ၃ သန်းကျော် (၇,၃၆၁,၆၃၃) ၊ ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၉,၈၀၈ ဦး ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The coronavirus mostly spares younger children. Teens aren't so lucky (NYTIMES)

 

 

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္သည္ အမ်ားအားျဖင့္ ကေလးငယ္မ်ားကို ခ်မ္းသာေပး၊ ဆယ္ေက်ာ္သက္မ်ားမွာမူ ကံသိပ္မေကာင္းၾက

ဆယ္ေက်ာ္သက္မ်ားသည္ သူတို႔ထက္ငယ္႐ြယ္ေသာ ကေလးမ်ားထက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရႏိုင္ေျခ ႏွစ္ဆခန္႔ပိုမ်ားေၾကာင္း အေမရိကန္ကူးစက္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC) မွ စက္တင္ဘာ ၂၈ တြင္ ထုတ္ျပန္လိုက္သည့္ ဆန္းစစ္ေလ့လာမႈတစ္ရပ္အရ သိရသည္။

ထိုေလ့လာမႈသည္ မတ္လမွ စက္တင္ဘာလအၾကား နာမက်န္းျဖစ္ေၾကာင္း ေတြ႕႐ွိခဲ့ရသည့္ အသက္ ၅ ႏွစ္မွ ၁၇ ႏွစ္အတြင္း ကေလးငယ္ ၂၇၇,၂၈၅ ဦးကို သုံးသပ္ခ်က္တစ္ရပ္အေပၚ အေျခခံထားျခင္းျဖစ္သည္။ ေဘးကင္းလုံျခဳံမႈႏွင့္ပတ္သက္၍ အျငင္းပြားမႈမ်ား ႐ွိေနခိုက္ အေမရိကန္မွာ ကေလးငယ္ ၅၆ သန္း ေက်ာင္းျပန္တက္ၾကစဥ္ ယင္းေတြ႕႐ွိခ်က္ ထြက္ေပၚလာျခင္းျဖစ္သည္။

သိပၸံပညာ႐ွင္မ်ားသည္ ကေလးသူငယ္မ်ား မည္သို႔မၾကာမၾကာကူးစက္ခံရပုံကို သေဘာေပါက္ရန္ ႀကိဳးပမ္းေနၾကစဥ္ အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ ျငင္းခုံေဆြး‌ေႏြးမႈမ်ားသည္ မူလတန္းေက်ာင္းသူေက်ာင္းသားမ်ားကို ဗဟိုျပဳလာသည္ျဖစ္ရာ ထိုေတြ႕႐ွိခ်က္သည္ ေ႐ွ႕ေနာက္မညီဘဲ ကြဲလြဲေနသည္။

သို႔ေသာ္လည္း ေလ့လာမႈသစ္ကမူ အထက္တန္းေက်ာင္းႏွင့္ေကာလိပ္‌တို႔မွ ဆယ္ေက်ာ္သက္မ်ားက အသက္ ၁၀ ႏွစ္ေအာက္ ကေလးငယ္မ်ားထက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရႏိုင္ေျခ ပိုမ်ားေၾကာင္း သက္ေသတစ္ခုကို ျပသလိုက္ျခင္းျဖစ္သည္ဟု စေကာ့တလန္႐ွိ စိန္႔အင္ဒ႐ူးတကၠသိုလ္မွ ကူးစက္ေရာဂါကြၽမ္းက်င္ပညာ႐ွင္ ေဒါက္တာ Muge Cevik က ေျပာၾကားခဲ့သည္။

ယင္းအခ်က္အလက္က လူငယ္မ်ားမွာ လူထုအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈတြင္ ပို၍အ‌ေရးပါသည့္အခန္းက႑မွ ပါဝင္ႏိုင္ေၾကာင္း ၫႊန္ျပေနသည္ဟု CDC မွ သုေတသီမ်ားက ေရးသားခဲ့သည္။

အေမရိကန္တြင္ ဇူလိုင္ေနာက္ပိုင္း စစ္ေဆးမႈအေရအတြက္ႏွင့္ ကူးစက္မႈမ်ား က်ဆင္းသြားေသာ္လည္း ျပန္လည္ျမင့္တက္လာႏိုင္ေၾကာင္းလည္း ၎တို႔က ေဖာ္ျပခဲ့သည္။

‌ေလ့လာမႈကာလအတြင္းကူးစက္ႏႈန္းသည္ အသက္အ႐ြယ္အလိုက္ ကြဲျပားသည္။ ၿမီးေကာင္ေပါက္မ်ားအၾကား အပတ္စဥ္ကူးစက္မႈသည္ ၁ သိန္းတြင္ ၃၇ ဒသမ ၄ ဦးႏႈန္းျဖစ္ခဲ့ၿပီး ကေလးမ်ားအၾကား တစ္သိန္းလွ်င္ ၁၉ ဦးႏႈန္း ျဖစ္ခဲ့သည္။

ဗိုင္းရပ္ကူးစက္ခံရၿပီးေနာက္ ေသဆုံးခဲ့သည့္ကေလးထက္ဝက္ခန္႔သည္ ေရာဂါအခံ႐ွိသူမ်ားျဖစ္သည္ကိုလည္း ေလ့လာမႈက ေတြ႕႐ွိခဲ့ေၾကာင္း သိရသည္။

ကမ႓ာတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရႏွင့္ ယင္းဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရအမ်ားဆုံးႏိုင္ငံျဖစ္သည့္ အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရသည္ ျမန္မာစံေတာ္ခ်ိန္ စက္တင္ဘာ ၂၉ ေန႔လည္ ၂ နာရီ မိနစ္ ၂၀ အထိ ၇ ဒသမ ၃ သန္းေက်ာ္ (၇,၃၆၁,၆၃၃) ၊ ၎ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၀၉,၈၀၈ ဦး ႐ွိၿပီျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The coronavirus mostly spares younger children. Teens aren't so lucky (NYTIMES)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service