ကျောက်မျက်အရိုင်းနှင့်အချောထည်များ ရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်များ သက်တမ်းတိုးမြှင့်ခွင့် လျှောက်လွှာတင်သွင်းရန် အစိုးရကြေငြာ

ကျောက်မျက်အရိုင်းနှင့်အချောထည်များ ရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်များ သက်တမ်းတိုးမြှင့်ခွင့် လျှောက်လွှာတင်သွင်းရန် အစိုးရကြေငြာ - Property News in Myanmar from iMyanmarHouse.com
28 Sep 2020 10:54 am တွင် တင်ခဲ့သည်
1363 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကျောက်မျက်အချောထည်၊ လက်ဝတ်ရတနာနှင့် ရုပ်တုရုပ်ထွင်းများ ပြုလုပ်ခြင်းအပါအဝင် ကျောက်မျက်အရိုင်း၊ အ ချောရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်များ သက်တမ်းတိုးမြှင့်ခွင့် လျှောက်လွှာတင်သွင်းရန် မြန် မာ့ကျောက်မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်းက ကြေညာသည်။

ယခုနှစ်အတွက် ခွင့်ပြုထား သော ယင်းလုပ်ငန်းလိုင်စင်ရရှိထားသူများသည် လုပ်ငန်းဆက်လက်လုပ်ကိုင်လိုပါက လိုင်စင် အသစ်ကို သက်တမ်းမကုန်ဆုံးမီ သုံးလကြိုတင်၍ ထပ်မံလျှောက်ထားရမည်ဖြစ်သည်။

သက်တမ်းတိုးဆောင်ရွက် ခြင်းကို အနည်းဆုံး တစ်လကြို တင်ဆောင်ရွက်ရမည်ဖြစ်ကာ လုပ်ငန်းရပ်စဲလိုလျှင် လိုင်စင် သက်တမ်းမကုန်ဆုံးမီတစ်လ ကြိုတင်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ အကြောင်းကြားရမည်ဖြစ်သည်။

‘‘လုပ်ကွက်တွေမပါဘူး။ သက်တမ်းတိုးတာကို ပုံမှန်အတိုင်း ဆောင်ရွက်လို့ရတယ်ဆိုတာ အသိပေးတာ။ အဲဒီထဲမှာ ကျောက်မျက်ဆိုင်တွေရယ်၊ ပြပွဲ တွေမှာ ပြသရောင်းချတဲ့သူတွေ ပါတယ်’’ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက ပြောသည်။

လာမည့်နှစ်အတွက် လိုင်စင်သက်တမ်းတိုးလျှောက်ထား ခြင်းကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)၊ ရန်ကုန်ပြတိုက် ဌာန၊ မန္တလေးစခန်းရုံး၊ မိုးကုတ် တူးဖော်ရေးဌာန၊ မိုင်းရှူးတူးဖော် ရေးဌာန၊ လုံးခင်း(ဖားကန့်)တူး ဖော်ရေးဌာနနှင့် မြစ်ကြီးနားစခန်း ရုံးများ၌ ဆောင်ရွက်ရမည်ဖြစ် သည်။လုပ်ငန်းလိုင်စင်ပြန်အပ်လိုသူများသည် လိုင်စင်ရယူစဉ်က ထုတ်ယူထားသော အရောင်းပြေစာများ စာရင်းရှင်းအပ်နှံခြင်းကို တစ်လကြိုတင်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။

လိုင်စင်ဆိုသည်မှာ ကျောက်မျက်ရတနာအရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာ အချောထည်ကို ဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်းကိုဖြစ်စေ ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန်သော်လည်းကောင်း၊ ကျောက်မျက်ရတနာအရိုင်းကို ကျောက်မျက်ရတနာ အချောထည် ပြုလုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်နိုင်ရန်သော်လည်းကောင်း ဥပဒေအရ ထုတ်ပေးသည့် လိုင်စင်ကို ဆိုသည်ဟု ကျောက်မျက်ဥပဒေတွင်ပြဌာန်းထားသည်။

မည်သူမဆို အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုပါက လိုင်စင်ရရှိရန် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့်အညီ ဝန်ကြီးဌာန သို့မဟုတ်သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ လျှောက်ထားရမည်ဟု ဥပဒေတွင်ပြဌာန်းထားသည်။ ၎င်းတို့မှာ ကျောက်မျက်ရတနာ အရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာအချောထည်ကို ဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကို ဖြစ်စေ ရောင်းဝယ်ခြင်း လုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်မျက်ရတနာ အချောထည်ပြုလုပ်ခြင်း သို့မဟုတ် လက်ဝတ်ရတနာပြုလုပ်ခြင်းလုပ်ငန်းနှင့် ကျောက်မျက်ရတနာအရိုင်းကို ကျောက်မျက်ရတနာအချောထည်ပြုလုပ်ခြင်းလုပ်ငန်းတို့ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ အချက်အလက်များအရ ကျောက် မျက်ရတနာရောင်းဝယ်မှုများအပါအဝင် ရတနာခွန်အဖြစ် ယခု ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ကျပ် ဘီလီယံ ၁၀ ကျော် ရရှိထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေက်ာက္မ်က္အ႐ိုင္းႏွင့္အေခ်ာထည္မ်ား ေရာင္းဝယ္ျခင္းလုပ္ငန္းလိုင္စင္မ်ား သက္တမ္းတိုးျမႇင့္ခြင့္ ေလွ်ာက္လႊာတင္သြင္းရန္ အစိုးရေၾကျငာ

ေက်ာက္မ်က္အေခ်ာထည္၊ လက္ဝတ္ရတနာႏွင့္ ႐ုပ္တု႐ုပ္ထြင္းမ်ား ျပဳလုပ္ျခင္းအပါအဝင္ ေက်ာက္မ်က္အ႐ိုင္း၊ အ ေခ်ာေရာင္းဝယ္ျခင္းလုပ္ငန္းလိုင္စင္မ်ား သက္တမ္းတိုးျမႇင့္ခြင့္ ေလွ်ာက္လႊာတင္သြင္းရန္ ျမန္ မာ့ေက်ာက္မ်က္ရတနာေရာင္း ဝယ္ေရးလုပ္ငန္းက ေၾကညာသည္။

ယခုႏွစ္အတြက္ ခြင့္ျပဳထား ေသာ ယင္းလုပ္ငန္းလိုင္စင္ရ႐ွိထားသူမ်ားသည္ လုပ္ငန္းဆက္လက္လုပ္ကိုင္လိုပါက လိုင္စင္ အသစ္ကို သက္တမ္းမကုန္ဆုံးမီ သုံးလႀကိဳတင္၍ ထပ္မံေလွ်ာက္ထားရမည္ျဖစ္သည္။

သက္တမ္းတိုးေဆာင္႐ြက္ ျခင္းကို အနည္းဆုံး တစ္လႀကိဳ တင္ေဆာင္႐ြက္ရမည္ျဖစ္ကာ လုပ္ငန္းရပ္စဲလိုလွ်င္ လိုင္စင္ သက္တမ္းမကုန္ဆုံးမီတစ္လ ႀကိဳတင္၍ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းသို႔ အေၾကာင္းၾကားရမည္ျဖစ္သည္။

‘‘လုပ္ကြက္ေတြမပါဘူး။ သက္တမ္းတိုးတာကို ပုံမွန္အတိုင္း ေဆာင္႐ြက္လို႔ရတယ္ဆိုတာ အသိေပးတာ။ အဲဒီထဲမွာ ေက်ာက္မ်က္ဆိုင္ေတြရယ္၊ ျပပြဲ ေတြမွာ ျပသေရာင္းခ်တဲ့သူေတြ ပါတယ္’’ဟု ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္း အေထြေထြမန္ေနဂ်ာ ဦးသန္းေဇာ္ဦးက ေျပာသည္။

လာမည့္ႏွစ္အတြက္ လိုင္စင္သက္တမ္းတိုးေလွ်ာက္ထား ျခင္းကို ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္း (ေနျပည္ေတာ္)၊ ရန္ကုန္ျပတိုက္ ဌာန၊ မႏၲေလးစခန္း႐ုံး၊ မိုးကုတ္ တူးေဖာ္ေရးဌာန၊ မိုင္း႐ွဴးတူးေဖာ္ ေရးဌာန၊ လုံးခင္း(ဖားကန္႔)တူး ေဖာ္ေရးဌာနႏွင့္ ျမစ္ႀကီးနားစခန္း ႐ုံးမ်ား၌ ေဆာင္႐ြက္ရမည္ျဖစ္ သည္။လုပ္ငန္းလိုင္စင္ျပန္အပ္လိုသူမ်ားသည္ လိုင္စင္ရယူစဥ္က ထုတ္ယူထားေသာ အေရာင္းေျပစာမ်ား စာရင္း႐ွင္းအပ္ႏွံျခင္းကို တစ္လႀကိဳတင္ဆက္သြယ္ေဆာင္႐ြက္ရမည္ျဖစ္သည္။

လိုင္စင္ဆိုသည္မွာ ေက်ာက္မ်က္ရတနာအ႐ိုင္းကိုျဖစ္ေစ၊ ေက်ာက္မ်က္ရတနာ အေခ်ာထည္ကို ျဖစ္ေစ၊ လက္ဝတ္ရတနာကိုျဖစ္ေစ၊ ေက်ာက္မ်က္ရတနာျဖင့္ ျပဳလုပ္ေသာပစၥည္းကိုျဖစ္ေစ ေရာင္းခ်ျခင္းလုပ္ငန္း လုပ္ကိုင္ႏိုင္ရန္ေသာ္လည္းေကာင္း၊ ေက်ာက္မ်က္ရတနာအ႐ိုင္းကို ေက်ာက္မ်က္ရတနာ အေခ်ာထည္ ျပဳလုပ္ျခင္းလုပ္ငန္းကို လုပ္ကိုင္ႏိုင္ရန္ေသာ္လည္းေကာင္း ဥပေဒအရ ထုတ္ေပးသည့္ လိုင္စင္ကို ဆိုသည္ဟု ေက်ာက္မ်က္ဥပေဒတြင္ျပဌာန္းထားသည္။

မည္သူမဆို ေအာက္ပါလုပ္ငန္းတစ္ရပ္ရပ္ကို လုပ္ကိုင္လိုပါက လိုင္စင္ရ႐ွိရန္ ဤဥပေဒအရ ထုတ္ျပန္သည့္ နည္းဥပေဒမ်ားႏွင့္အညီ ဝန္ႀကီးဌာန သို႔မဟုတ္သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕သို႔ ေလွ်ာက္ထားရမည္ဟု ဥပေဒတြင္ျပဌာန္းထားသည္။ ၎တို႔မွာ ေက်ာက္မ်က္ရတနာ အ႐ိုင္းကိုျဖစ္ေစ၊ ေက်ာက္မ်က္ရတနာအေခ်ာထည္ကို ျဖစ္ေစ၊ လက္ဝတ္ရတနာကိုျဖစ္ေစ၊ ေက်ာက္မ်က္ရတနာျဖင့္ ျပဳလုပ္ေသာ ပစၥည္းကို ျဖစ္ေစ ေရာင္းဝယ္ျခင္း လုပ္ငန္း၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ေက်ာက္မ်က္ရတနာ အေခ်ာထည္ျပဳလုပ္ျခင္း သို႔မဟုတ္ လက္ဝတ္ရတနာျပဳလုပ္ျခင္းလုပ္ငန္းႏွင့္ ေက်ာက္မ်က္ရတနာအ႐ိုင္းကို ေက်ာက္မ်က္ရတနာအေခ်ာထည္ျပဳလုပ္ျခင္းလုပ္ငန္းတို႔ျဖစ္သည္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ အခ်က္အလက္မ်ားအရ ေက်ာက္ မ်က္ရတနာေရာင္းဝယ္မႈမ်ားအပါအဝင္ ရတနာခြန္အျဖစ္ ယခု ဘ႑ာႏွစ္ ဇူလိုင္လကုန္အထိ က်ပ္ ဘီလီယံ ၁၀ ေက်ာ္ ရ႐ွိထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service