Covid-19 ၏ ဇာစ်မြစ်ကိုသိရန်လိုကြောင်း သြစတေးလျဝန်ကြီးချုပ် ကုလတွင်ပြော

Covid-19 ၏ ဇာစ်မြစ်ကိုသိရန်လိုကြောင်း သြစတေးလျဝန်ကြီးချုပ် ကုလတွင်ပြော - Property News in Myanmar from iMyanmarHouse.com
27 Sep 2020 11:55 am တွင် တင်ခဲ့သည်
1190 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကြီးသည် Covid-19 ၏ ဇာစ်မြစ်ကို သိရန်လိုအပ်ကြောင်း သြစတေးလျဝန်ကြီးချုပ် စကော့ထ် မော်ရစ်ဆန် (Scott Morrison) က ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားသည်။

ဝန်ကြီးချုပ် စကော့ထ် မော်ရစ်ဆန်သည် ကြိုတင်ရိုက်ကူးထားသော ဗွီဒီယိုဖိုင်ဖြင့် စက်တင်ဘာ ၂၅ ရက်က ကုလသမဂ္ဂတွင် မိန့်ခွန်းပြောရာတွင် ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများသည် COVID-19 ၏ ဇာစ်မြစ်ပေါ်ပေါက်လာပုံကို သိနိုင်ရန် စွမ်းဆောင်နိုင်သမျှအားလုံး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားလိုက်ရာ တရုတ်ပြည်နှင့် သြစတေးလျအကြား တင်းမာမှုများ ပိုမိုဆိုးရွားလာစေနိုင်သော ပြောကြားမှုလည်း ဖြစ်သည်။

ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို စုံစမ်းဖော်ထုတ်ခြင်းသည် ကမ္ဘာ့ကပ်ဘေးနောက်တစ်မျိုးထပ်မံခြိမ်းခြောက်မှု နည်းပါးစေလိမ့်မည်ဖြစ်ကြောင်း မော်ရစ်ဆန်က ကုလအထွေထွေညီလာခံတွင် ပြောကြားသည်။

“ဒီဗိုင်းရပ်စ်ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့ ပြည်သူတွေအပေါ် ဘေးဒုက္ခဆိုက်စေခဲ့ပါပြီ။ ဤကပ်ဘေးမျိုး နောက်တစ်ကြိမ်ထပ်မဖြစ်ရေး ကာကွယ်ရန်ဟူသော ရည်ရွယ်ချက်နဲ့ ဘာတွေဘယ်လိုဖြစ်ခဲ့လဲဆိုတာ သိနားလည်နိုင်ဖို့ ကျွန်တော်တို့စွမ်းနိုင်သမျှ အားလုံး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်” ဟု မော်ရစ်ဆန်က ဗွီဒီယိုမိန့်ခွန်းတွင် ပြောကြားသည်။

“Covid-19 ဗိုင်းရပ်စ်ရဲ့ တိရ စ္ဆာန်တွေကနေ လူကိုကူးစက်ပုံရင်းမြစ်နဲ့ လူသားတွေကို ဘယ်လိုကူးစက်ခဲ့လဲဆိုတာ ဖော်ထုတ်ဖို့ လုပ်ပိုင်ခွင့်တစ်ခုရှိနေပါတယ်” ဟု မော်ရစ်ဆန်က ပြောကြားသည်။ သြစတေးလျဝန်ကြီးချုပ်သည် ယခုနှစ် အစောပိုင်းကလည်း အလားတူ ပြောကြားမှုမျိုးကြောင့် သြစတေးလျနှင့်တရုတ်ပြည်အကြား ဆက်ဆံရေးတင်းမာခဲ့သည်။

ထိုအချိန်က Covid-19 ၏ ဇာစ်မြစ်ကို စုံစမ်းမှုပြုလုပ်ရန် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတွင် မော်ရစ်ဆန်က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်က အဆိုပါလှုပ်ရှားမှုကို ခါးခါးသီးသီးငြင်းပယ်ခဲ့ပြီး သြစတေးလျဆိုင်ရာ တရုတ်သံအမတ်ကြီးက ယင်းသို့ စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများသည် နှစ်နိုင်ငံကုန်သွယ်ရေးကို ဆိုးရွားစေနိုင်ကြောင်း သတိပေးခဲ့သည်။

ယင်းနောက်ပိုင်းမှစတင်ပြီး တရုတ်ပြည်သည် သြစတေးလျနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုများ ပြုလုပ်ခဲ့သည်။ သြစတေးလျမှ အမဲသားတင်သွင်းမှုကို နည်းစနစ်ပိုင်းအရ ရပ်ဆိုင်းခဲ့ပြီး သြစတေးလျသွင်းကုန်တို့အပေါ် အခွန် ၈၀ ဒသမ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်ခြင်းအားဖြင့် ဘာလီသွင်းကုန် သြစတေးလျဒေါ်လာ ၄၃၉ သန်း (ကန်ဒေါ်လာ ၃၀၈ ဒသမ ၅ သန်း) ဖိုး ကုန်သွယ်မှု ပိတ်ပင်နိုင်ခဲ့သည်။

ထို့အပြင် သြစတေးလျဝိုင်သွင်းကုန်များအပေါ်တွင်လည်း ပြည်တွင်းတွင် မရောင်းရသောကြောင့် ပြည်ပသို့ တင်ပို့လာခြင်း ဟုတ်၊ မဟုတ် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ Covid-19 ကာကွယ်ဆေးတစ်မျိုးမျိုး တီထွင်ထုတ်လုပ်နိုင်ခဲ့သည်ဆိုပါက နိုင်ငံအားလုံးကို မျှဝေရန်လည်း သြစတေးလျက ထိုကာလအတွင်း တောင်းဆိုခဲ့သည်။

သြစတေးလျသည် AstraZeneca ကုမ္ပဏီနှင့် ကာကွယ်ဆေး သဘောတူစာချုပ်တစ်ခုကို ယခုနှစ် အစောပိုင်းတွင် ချုပ်ဆိုထားခဲ့သည်။

စမ်းသပ်နေမှုများ အောင်မြင်ပါက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပထမအသုတ် ကာကွယ်ဆေးတင်ပို့ပေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World needs to know origins of COVID-19, Australia PM tells UN (Nikkei Asian Review)

 

[Zawgyi]

 

Covid-19 ၏ ဇာစ္ျမစ္ကိုသိရန္လိုေၾကာင္း ၾသစေတးလ်ဝန္ၾကီးခ်ဳပ္ ကုလတြင္ေျပာ

ကမၻာၾကီးသည္ Covid-19 ၏ ဇာစ္ျမစ္ကို သိရန္လိုအပ္ေၾကာင္း ၾသစေတးလ်ဝန္ၾကီးခ်ဳပ္ စေကာ့ထ္ ေမာ္ရစ္ဆန္ (Scott Morrison) က ၇၅ ၾကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံတြင္ ေျပာၾကားသည္။

ဝန္ၾကီးခ်ဳပ္ စေကာ့ထ္ ေမာ္ရစ္ဆန္သည္ ၾကိဳတင္ရိုက္ကူးထားေသာ ဗြီဒီယိုဖိုင္ျဖင့္ စက္တင္ဘာ ၂၅ ရက္က ကုလသမဂၢတြင္ မိန္႔ခြန္းေျပာရာတြင္ ယင္းသို႔ ထည့္သြင္းေျပာၾကားသြားျခင္း ျဖစ္သည္။

ကမၻာ့ႏိုင္ငံမ်ားသည္ COVID-19 ၏ ဇာစ္ျမစ္ေပၚေပါက္လာပံုကို သိႏိုင္ရန္ စြမ္းေဆာင္ႏိုင္သမွ်အားလံုး လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားလိုက္ရာ တရုတ္ျပည္ႏွင့္ ၾသစေတးလ်အၾကား တင္းမာမႈမ်ား ပိုမိုဆိုးရြားလာေစႏုိင္ေသာ ေျပာၾကားမႈလည္း ျဖစ္သည္။

ဗိုင္းရပ္စ္၏ ဇာစ္ျမစ္ကို စံုစမ္းေဖာ္ထုတ္ျခင္းသည္ ကမၻာ့ကပ္ေဘးေနာက္တစ္မ်ဳိးထပ္မံျခိမ္းေျခာက္မႈ နည္းပါးေစလိမ့္မည္ျဖစ္ေၾကာင္း ေမာ္ရစ္ဆန္က ကုလအေထြေထြညီလာခံတြင္ ေျပာၾကားသည္။

“ဒီဗိုင္းရပ္စ္ဟာ ကၽြန္ေတာ္တို႔ရဲ ႔ ကမၻာၾကီးနဲ႔ ျပည္သူေတြအေပၚ ေဘးဒုကၡဆိုက္ေစခဲ့ပါျပီ။ ဤကပ္ေဘးမ်ဳိး ေနာက္တစ္ၾကိမ္ထပ္မျဖစ္ေရး ကာကြယ္ရန္ဟူေသာ ရည္ရြယ္ခ်က္နဲ႔ ဘာေတြဘယ္လိုျဖစ္ခဲ့လဲဆိုတာ သိနားလည္ႏိုင္ဖို႔ ကၽြန္ေတာ္တို႔စြမ္းႏိုင္သမွ် အားလံုး လုပ္ေဆာင္ၾကရမွာ ျဖစ္ပါတယ္” ဟု ေမာ္ရစ္ဆန္က ဗီြဒီယိုမိန္႔ခြန္းတြင္ ေျပာၾကားသည္။

“Covid-19 ဗိုင္းရပ္စ္ရဲ ႔ တိရ စၦာန္ေတြကေန လူကိုကူးစက္ပံုရင္းျမစ္နဲ႔ လူသားေတြကို ဘယ္လိုကူးစက္ခဲ့လဲဆိုတာ ေဖာ္ထုတ္ဖို႔ လုပ္ပိုင္ခြင့္တစ္ခုရွိေနပါတယ္” ဟု ေမာ္ရစ္ဆန္က ေျပာၾကားသည္။ ၾသစေတးလ်ဝန္ၾကီးခ်ဳပ္သည္ ယခုႏွစ္ အေစာပိုင္းကလည္း အလားတူ ေျပာၾကားမႈမ်ဳိးေၾကာင့္ ၾသစေတးလ်ႏွင့္တရုတ္ျပည္အၾကား ဆက္ဆံေရးတင္းမာခဲ့သည္။

ထိုအခ်ိန္က Covid-19 ၏ ဇာစ္ျမစ္ကို စံုစမ္းမႈျပဳလုပ္ရန္ ကမၻာလံုးဆိုင္ရာ ေတာင္းဆိုမႈတြင္ ေမာ္ရစ္ဆန္က ဦးေဆာင္ခဲ့ျခင္း ျဖစ္သည္။

တရုတ္က အဆိုပါလႈပ္ရွားမႈကို ခါးခါးသီးသီးျငင္းပယ္ခဲ့ျပီး ၾသစေတးလ်ဆိုင္ရာ တရုတ္သံအမတ္ၾကီးက ယင္းသို႔ စံုစမ္းစစ္ေဆးရန္ ေတာင္းဆိုမႈမ်ားသည္ ႏွစ္ႏိုင္ငံကုန္သြယ္ေရးကို ဆိုးရြားေစႏိုင္ေၾကာင္း သတိေပးခဲ့သည္။

ယင္းေနာက္ပိုင္းမွစတင္ျပီး တရုတ္ျပည္သည္ ၾသစေတးလ်ႏိုင္ငံအေပၚ ကုန္သြယ္ေရးဆိုင္ရာ အေရးယူမႈမ်ား ျပဳလုပ္ခဲ့သည္။ ၾသစေတးလ်မွ အမဲသားတင္သြင္းမႈကို နည္းစနစ္ပိုင္းအရ ရပ္ဆိုင္းခဲ့ျပီး ၾသစေတးလ်သြင္းကုန္တို႔အေပၚ အခြန္ ၈၀ ဒသမ ၅ ရာခုိင္ႏႈန္းအထိ ျမွင့္တင္ျခင္းအားျဖင့္ ဘာလီသြင္းကုန္ ၾသစေတးလ်ေဒၚလာ ၄၃၉ သန္း (ကန္ေဒၚလာ ၃၀၈ ဒသမ ၅ သန္း) ဖိုး ကုန္သြယ္မႈ ပိတ္ပင္ႏိုင္ခဲ့သည္။

ထို႔အျပင္ ၾသစေတးလ်ဝိုင္သြင္းကုန္မ်ားအေပၚတြင္လည္း ျပည္တြင္းတြင္ မေရာင္းရေသာေၾကာင့္ ျပည္ပသို႔ တင္ပို႔လာျခင္း ဟုတ္၊ မဟုတ္ စစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့သည္။ Covid-19 ကာကြယ္ေဆးတစ္မ်ဳိးမ်ဳိး တီထြင္ထုတ္လုပ္ႏိုင္ခဲ့သည္ဆိုပါက ႏိုင္ငံအားလံုးကို မွ်ေဝရန္လည္း ၾသစေတးလ်က ထိုကာလအတြင္း ေတာင္းဆိုခဲ့သည္။

ၾသစေတးလ်သည္ AstraZeneca ကုမၸဏီႏွင့္ ကာကြယ္ေဆး သေဘာတူစာခ်ဳပ္တစ္ခုကို ယခုႏွစ္ အေစာပိုင္းတြင္ ခ်ဳပ္ဆိုထားခဲ့သည္။

စမ္းသပ္ေနမႈမ်ား ေအာင္ျမင္ပါက ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလတြင္ ပထမအသုတ္ ကာကြယ္ေဆးတင္ပို႔ေပးရန္ သေဘာတူညီခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World needs to know origins of COVID-19, Australia PM tells UN (Nikkei Asian Review)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service