ရုရှားက ကိုဗစ်ကုသဆေး Avifavir ကို ၁၇ နိုင်ငံသို့ ဖြန့်ဝေမည်
ရုရှားက ကိုဗစ်ကုသဆေး Avifavir ကို ၁၇ နိုင်ငံသို့ ဖြန့်ဝေမည် - Property News in Myanmar from iMyanmarHouse.com
25 Sep 2020 2:05 pm တွင် တင်ခဲ့သည်
19646 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) နှင့် မော်စကိုအခြေစိုက် ChemRar Group တို့က Covid ကုသဆေး Avifavir ကို နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ ထောက်ပံ့သွားရန် သဘောတူလိုက်ကြသည်။
RDIF သည် ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရန် ငွေကြေးရင်းနှီးမြှုပ်နှံခဲ့သူလည်း ဖြစ်သည်။
Avifavir သည် ကမ္ဘာ့ပထမဆုံး Covid-19 ကုသဆေးဖြစ်သော ဂျပန်မှထုတ်လုပ်သည့် favipiravir ကို အခြေခံကာ ထုတ်လုပ်ထားသည့် ဆေးလည်းဖြစ်သည်။
ယခုအခါ Avifavir ဆေးကို ဆော်ဒီအာရေးဗီးယား၊ ဘရာဇီး၊ ဘူလ်ဂေးရီးယား၊ ဆားဘီးယား၊ အာဂျင်တီးနား၊ ချီလီ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ အယ်လ် ဆာဗေဒေါ၊ ဟွန်ဒူးရပ်စ်၊ ကူဝိတ်၊ ပနားမား၊ ပါရာဂွေး၊ ဆလိုဗက်ကီးယား၊ တောင်အာဖရိက၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဥရုဂွေးနိုင်ငံများသို့ ဖြန့်ဝေပေးတော့မည် ဖြစ်သည်။
Avifavir ဆေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်တွင် မှတ်ပုံတင်ခဲ့ပြီး ရုရှားနိုင်ငံအတွင်း နေရာပေါင်း ၇၀ ကျော်တွင် Covid-19 ကုသရေးအတွက် အသုံးပြုခဲ့ပြီးဖြစ်ကာ ဘီလာရုစ်၊ ဘိုလိဗီးယား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာ့ခ်မန်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများမှ ဝယ်ယူအသုံးပြုခဲ့ကြသည်။ Favipiravir ဆေး၏ COVID-19 ကုသရေးတွင် ထိရောက်မှုကိုလည်း ဂျပန်မှ Fujifilm Holdings Corp က အတည်ပြုထားပြီး ဖြစ်သည်။
Avifavir ဆေးကို ဧပြီလကတည်းကပင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာပေါင်း ၄၀၀ ကျော်တွင် စမ်းသပ်ကုသခဲ့ရာ ထိရောက်မှုများရှိကြောင်း တွေ့ရှိခဲ့ပြီး ဖြစ်သည်။
အဆိုပါဆေးကို ယခုအခါ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှတို့တွင် အတည်ပြုထားခြင်းခံရပြီဖြစ်ပြီး ရုရှား၏ နံပါတ် ၁ ကိုရိုနာဗိုင်းရပ်စ် ကုသဆေးပို့ကုန် ဖြစ်လာသည်။
RDIF ၏ ထုတ်ပြန်ချက်အရ Avifavir သည် အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သော Remdesivir နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း များစွာ သက်သာသည်ဟု ဆိုသည်။
“favipiravir ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးကို ကျွန်တော်တို့ ပထမဆုံး မှတ်ပုံတင်လိုက်တဲ့အချိန်မှာ လူတွေက သံသယရှိကြတယ်။ ဂျပန်က သူ့ရဲ့ဆေးကို မှတ်ပုံမတင်သေးဘဲနဲ့ ကျွန်တော်တို့က ဘယ်လိုများ မှတ်ပုံတင်နိုင်ခဲ့တာလဲဆိုပြီး သံသယရှိကြတယ်။ အခုအချိန် ကျွန်တော်တို့ရဲ့ လက်တွေ့စမ်းသပ်မှု ၅ လကြာမြင့်ပြီးတဲ့အချိန်မှာ ဂျပန်ကလည်း favipiravir ဆေးရဲ့ ထိရောက်မှုရှိတာကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်” ဟု RDIF ၏ အမှုဆောင်အရာရှိချုပ် Kirill Dmitriev က ပြောကြားသည်။
Dmitriev က ဆက်လက်ပြောကြားရာတွင် Avifavir ဆေးကို ရုရှားနိုင်ငံတစ်ဝန်းရှိ ဆေးရုံပေါင်း ၃၅ ခုတွင် စမ်းသပ်ခဲ့ရုံသာမက မှတ်ပုံတင်ပြီးနောက်ပိုင်းတွင်လည်း လူနာပေါင်း ၉၄၀ ဦးဖြင့် စမ်းသပ်ခဲ့ပြီးဖြစ်ရာ favipiravir ဆေးကို အခြေခံထုတ်လုပ်သည့် Avifavir ၏ ကမ္ဘာ့အကြီးမားဆုံးစမ်းသပ်မှုလည်းဖြစ်ကြောင်း ပြောကြားသည်။
Avifavir ဆေးသည် ထိရောက်မှုရှိရုံမျှမက အမေရိကန်ထုတ် Remdesivir ဆေးနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း ၃ ဆမှ ၄ ဆခန့်အထိ ဈေးသက်သာကြောင်းလည်း Dmitriev က ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Cheaper Than Remdesivir: Russia to Supply Anti-COVID Avifavir to 17 Countries (Sputnik)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service