စင်္ကာပူတွင် ကိုဗစ်ကူးခံရပြီး အသက်မရှင်တော့ဟုဆိုကာ ၇ လွှာမှ ခုန်ချ

စင်္ကာပူတွင် ကိုဗစ်ကူးခံရပြီး အသက်မရှင်တော့ဟုဆိုကာ ၇ လွှာမှ ခုန်ချ - Property News in Myanmar from iMyanmarHouse.com
25 Sep 2020 1:42 pm တွင် တင်ခဲ့သည်
22100 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူရှိ Khoo Teck Puat ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် ၇ လွှာ၏ ပြတင်းပေါက်မှတဆင့် ခုန်ချမှု ဖြစ်ပွားခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမား အလာဂူ ပီရီယာကာရူပန် (Alagu Periyakarrupan ) သည် သူ၏ ဖုန်းဖြင့် ဗွီဒီယိုဖိုင် ၂ ခုကြိုတင် ရိုက်ကူးထားခဲ့ပြီး အဆိုပါဗွီဒီယိုဖိုင်ထဲတွင် အသက်မရှင်လိုတော့ကြောင်း ပြောကြားထားပြီးနောက် တစ်နာရီအတွင်း ခုန်ချသွားခြင်း ဖြစ်သည်။

တမီလ်ဘာသာစကားဖြင့် ပြောကြားထားပြီး ၂၇ စက္ကန့်ကြာမြင့်သည့် ဗွီဒီယိုဖိုင်တစ်ခုတွင် ပြောကြားထားပုံမှာ “ကျွန်တော့်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိတယ်လို့ ဆရာဝန်တွေက ပြောနေပါတယ်။ ဒါကြောင့် ကျွန်တော်အသက်ရှင်ဖို့ ဆန္ဒမရှိတော့ပါဘူး။ ကျွန်တော့်ဘဝကို အဆုံးသတ်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒါနဲ့ပတ်သက်ပြီး ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ ကျွန်တော် ဒီဗွီဒီယိုဖိုင်ကို တည်ငြိမ်တဲ့စိတ်ဓာတ်နဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားထားသည်။

စက္ကန့် ၂၀ ကြာမြင့်သော ဒုတိယဗွီဒီယိုဖိုင်တွင်လည်း အလားတူစကားမျိုးကို ပြောကြားထားသည်။

ဖြစ်ပွားခဲ့သော သေဆုံးမှုအပေါ် စင်္ကာပူ သေမှုသေခင်းစုံစမ်းစစ်ဆေးရေးအရာရှိ မစ္စ Kamala Ponnampalam က စက်တင်ဘာ ၂၄ ရက်တွင် စုံစမ်းရာမှ အထက်ပါ အကြောင်းရပ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယင်းဗွီဒီယိုဖိုင်များကို ဧပြီလ ၂၃ ရက် နံနက် ၅း ၂၄ နှင့် နံနက် ၅း ၂၆ အချိန်များတွင် ရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး အလာဂူတွင် Covid-19 စစ်ဆေးတွေ့ရှိပြီး ၄ ရက်အကြာတွင် ဖြစ်သည်။ ထိုနေ့ နံနက် ၆း ၁၅ အချိန်တွင် သူနာပြုတစ်ဦးက သူ၏ အခန်းတွင်းမှ ဘုတ်ကနဲ မြည်သံကို ကြားခဲ့သည်။

ယင်းနောက်ပိုင်းတွင်ကား တတိယထပ် လှေကားခွင်တွင် အသက် ၄၆ နှစ်အရွယ်ရှိ ဆောက်လုပ်ရေးလုပ်သား အလာဂူအား မလှုပ်မယှက်ရှိနေသည်ကို တွေ့ကြရသည်။ အမြင့်မှ ပြုတ်ကျကာ ဒဏ်ရာပေါင်းများစွာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ကြသည်။

စစ်ဆေးရေးအရာရှိ Jolene Ng Meiqi က ပြီးခဲ့သော ကြာသပတေးနေ့တွင် တရားရုံးတွင် အစစ်ခံရာ၌ အလာဂူ၏ သေဆုံးမှုမှာ အသတ်ခံရခြင်းမဟုတ်ကြောင်း အစစ်ခံသည်။

Woodlands ရဲတပ်ဖွဲ့မှ ရဲအရာရှိ Meiqi သည် ယခုအမှုစစ်ဆေးရေးအရာရှိဖြစ်သည်။ Meiqi က ပြောကြားရာတွင် အခင်းဖြစ်ရပ်မှ ရရှိသော DNA နမူနာများနှင့် လက်ဗွေရာတို့အရ ကောက်ချက်ဆွဲနိုင်သည်မှာ သေဆုံးသူသည် သူ၏ဆေးရုံခန်းမှ ပြတင်းမှန်များကို သတ္တုချိတ်တစ်ခုခုဖြင့် ဖွင့်လှစ်ခဲ့ပုံရကြောင်း ပြောကြားသည်။

အဆိုပါချိတ်ကို မည်သည့်နေရာမှာ ရခဲ့သည်ကိုမူ မသိရချေ။

အလာဂူ၏ တူတော်စပ်သူ Veerappan Meenakshi သည်လည်း တရားရုံးတွင် ရှိနေခဲ့ပြီး သတ္တုချိတ်အကြောင်း မေးခွန်းထုတ်ခဲ့သည်။

Covid-19 ရလဒ်ထွက်ပေါ်ပြီးလျှင် ရွှေ့ပြောင်းလုပ်သားများတွင် ကြောက်ရွံ့တုန်လှုပ်မှုနှင့် စိတ်ရှုပ်ထွေးခြင်းတို့ခံစားကြရသည်ကို Khoo Teck Puat ဆေးရုံက သတိပြုမိကြောင်း ဆေးရုံ၏စိတ်ရောဂါဌာန အကြီးအကဲ ဒေါက်တာ Goh Kah Hong က ပြောကြားသည်။

ဆေးရုံက ပြောကြားရာတွင် လူနာများသည် ဖုန်းနှင့်အမြဲရှိကြကြောင်း၊ အားသွင်းကြိုးပါမလာသူတို့ကို အားသွင်းကြိုးပေးရကြောင်း၊ မိသားစုနှင့် ဆက်သွယ်နိုင်ရန်အတွက် ဖုန်းဘေလည်းပေးရကြောင်း ပြောကြားသည်။

သေမှုသေခင်းစစ်ဆေးရေးအရာရှိ Kamala က လာမည့်သောကြာနေ့တွင် အလာဂူ၏ သေဆုံးမှုနှင့် ပတ်သက်ပြီး သူမ၏ တွေ့ရှိချက်များကို ထွက်ဆိုမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  'I don't wish to stay alive’, migrant worker with Covid-19 said before dying from fall at hospital: Coroner's inquiry (Todayonline)

 

[Zawgyi]

စကၤာပူတြင္ ကိုဗစ္ကူးခံရျပီး အသက္မရွင္ေတာ့ဟုဆိုကာ ၇ လႊာမွ ခုန္ခ်

စကၤာပူရွိ Khoo Teck Puat ေဆးရံုတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ ေရႊ ႔ေျပာင္းအလုပ္သမားတစ္ဦးသည္ ၇ လႊာ၏ ျပတင္းေပါက္မွတဆင့္ ခုန္ခ်မႈ ျဖစ္ပြားခဲ့သည္။

ေရႊ ႔ေျပာင္းအလုပ္သမား အလာဂူ ပီရီယာကာရူပန္ (Alagu Periyakarrupan ) သည္ သူ၏ ဖုန္းျဖင့္ ဗီြဒီယိုဖိုင္ ၂ ခုၾကိဳတင္ ရိုက္ကူးထားခဲ့ျပီး အဆိုပါဗီြဒီယိုဖိုင္ထဲတြင္ အသက္မရွင္လိုေတာ့ေၾကာင္း ေျပာၾကားထားျပီးေနာက္ တစ္နာရီအတြင္း ခုန္ခ်သြားျခင္း ျဖစ္သည္။

တမီလ္ဘာသာစကားျဖင့္ ေျပာၾကားထားျပီး ၂၇ စကၠန္႔ၾကာျမင့္သည့္ ဗြီဒီယိုဖိုင္တစ္ခုတြင္ ေျပာၾကားထားပံုမွာ “ကၽြန္ေတာ့္မွာ ကိုရိုနာဗိုင္းရပ္စ္ ရွိတယ္လို႔ ဆရာဝန္ေတြက ေျပာေနပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္အသက္ရွင္ဖို႔ ဆႏၵမရွိေတာ့ပါဘူး။ ကၽြန္ေတာ့္ဘဝကို အဆံုးသတ္ဖို႔ အသင့္ျဖစ္ေနပါျပီ။ ဒါနဲ႔ပတ္သက္ျပီး ဘယ္သူ႔မွာမွ အျပစ္မရွိပါဘူး။ ကၽြန္ေတာ္ ဒီဗြီဒီယိုဖိုင္ကို တည္ျငိမ္တဲ့စိတ္ဓာတ္နဲ႔ ရိုက္ကူးခဲ့တာျဖစ္ပါတယ္” ဟု ေျပာၾကားထားသည္။

စကၠန္႔ ၂၀ ၾကာျမင့္ေသာ ဒုတိယဗြီဒီယိုဖိုင္တြင္လည္း အလားတူစကားမ်ဳိးကို ေျပာၾကားထားသည္။

ျဖစ္ပြားခဲ့ေသာ ေသဆံုးမႈအေပၚ စကၤာပူ ေသမႈေသခင္းစံုစမ္းစစ္ေဆးေရးအရာရွိ မစၥ Kamala Ponnampalam က စက္တင္ဘာ ၂၄ ရက္တြင္ စံုစမ္းရာမွ အထက္ပါ အေၾကာင္းရပ္မ်ား ေပၚေပါက္လာျခင္း ျဖစ္သည္။

ယင္းဗြီဒီယိုဖိုင္မ်ားကို ဧျပီလ ၂၃ ရက္ နံနက္ ၅း ၂၄ ႏွင့္ နံနက္ ၅း ၂၆ အခ်ိန္မ်ားတြင္ ရိုက္ကူးထားခဲ့ျခင္းျဖစ္ျပီး အလာဂူတြင္ Covid-19 စစ္ေဆးေတြ႔ရွိျပီး ၄ ရက္အၾကာတြင္ ျဖစ္သည္။ ထိုေန႔ နံနက္ ၆း ၁၅ အခ်ိန္တြင္ သူနာျပဳတစ္ဦးက သူ၏ အခန္းတြင္းမွ ဘုတ္ကနဲ ျမည္သံကို ၾကားခဲ့သည္။

ယင္းေနာက္ပိုင္းတြင္ကား တတိယထပ္ ေလွကားခြင္တြင္ အသက္ ၄၆ ႏွစ္အရြယ္ရွိ ေဆာက္လုပ္ေရးလုပ္သား အလာဂူအား မလႈပ္မယွက္ရွိေနသည္ကို ေတြ႔ၾကရသည္။ အျမင့္မွ ျပဳတ္က်ကာ ဒဏ္ရာေပါင္းမ်ားစြာျဖင့္ ေသဆံုးေနသည္ကို ေတြ႔ခဲ့ၾကသည္။

စစ္ေဆးေရးအရာရွိ Jolene Ng Meiqi က ျပီးခဲ့ေသာ ၾကာသပေတးေန႔တြင္ တရားရံုးတြင္ အစစ္ခံရာ၌ အလာဂူ၏ ေသဆံုးမႈမွာ အသတ္ခံရျခင္းမဟုတ္ေၾကာင္း အစစ္ခံသည္။

Woodlands ရဲတပ္ဖြဲ႔မွ ရဲအရာရွိ Meiqi သည္ ယခုအမႈစစ္ေဆးေရးအရာရွိျဖစ္သည္။ Meiqi က ေျပာၾကားရာတြင္ အခင္းျဖစ္ရပ္မွ ရရွိေသာ DNA နမူနာမ်ားႏွင့္ လက္ေဗြရာတို႔အရ ေကာက္ခ်က္ဆြဲႏိုင္သည္မွာ ေသဆံုးသူသည္ သူ၏ေဆးရံုခန္းမွ ျပတင္းမွန္မ်ားကို သတၱဳခ်ိတ္တစ္ခုခုျဖင့္ ဖြင့္လွစ္ခဲ့ပံုရေၾကာင္း ေျပာၾကားသည္။

အဆိုပါခ်ိတ္ကို မည္သည့္ေနရာမွာ ရခဲ့သည္ကိုမူ မသိရေခ်။

အလာဂူ၏ တူေတာ္စပ္သူ Veerappan Meenakshi သည္လည္း တရားရံုးတြင္ ရွိေနခဲ့ျပီး သတၱဳခ်ိတ္အေၾကာင္း ေမးခြန္းထုတ္ခဲ့သည္။

Covid-19 ရလဒ္ထြက္ေပၚျပီးလွ်င္ ေရႊ ႔ေျပာင္းလုပ္သားမ်ားတြင္ ေၾကာက္ရြံ ႔တုန္လႈပ္မႈႏွင့္ စိတ္ရႈပ္ေထြးျခင္းတို႔ခံစားၾကရသည္ကို Khoo Teck Puat ေဆးရံုက သတိျပဳမိေၾကာင္း ေဆးရံု၏စိတ္ေရာဂါဌာန အၾကီးအကဲ ေဒါက္တာ Goh Kah Hong က ေျပာၾကားသည္။

ေဆးရံုက ေျပာၾကားရာတြင္ လူနာမ်ားသည္ ဖုန္းႏွင့္အျမဲရွိၾကေၾကာင္း၊ အားသြင္းၾကိဳးပါမလာသူတို႔ကို အားသြင္းၾကိဳးေပးရေၾကာင္း၊ မိသားစုႏွင့္ ဆက္သြယ္ႏိုင္ရန္အတြက္ ဖုန္းေဘလည္းေပးရေၾကာင္း ေျပာၾကားသည္။

ေသမႈေသခင္းစစ္ေဆးေရးအရာရွိ Kamala က လာမည့္ေသာၾကာေန႔တြင္ အလာဂူ၏ ေသဆံုးမႈႏွင့္ ပတ္သက္ျပီး သူမ၏ ေတြ႔ရွိခ်က္မ်ားကို ထြက္ဆိုမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'I don't wish to stay alive’, migrant worker with Covid-19 said before dying from fall at hospital: Coroner's inquiry (Todayonline)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service