အာရှပစိဖိတ်၌ ၂၀၂၀ ပထမနှစ်ဝက်အတွင်း အငှားတိုက်ခန်းတွဲရင်းနှီးမြှုပ်နှံမှု ဂျပန်ကြောင့် သုံးဆမြင့်တက်

အာရှပစိဖိတ်၌ ၂၀၂၀ ပထမနှစ်ဝက်အတွင်း အငှားတိုက်ခန်းတွဲရင်းနှီးမြှုပ်နှံမှု ဂျပန်ကြောင့် သုံးဆမြင့်တက် - Property News in Myanmar from iMyanmarHouse.com
25 Sep 2020 10:58 am တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ယခုအခါ ဂျပန်ရှိ အငှားတိုက်ခန်းတွဲများသည် ယခုနှစ်အတွက် လူကြိုက်အများဆုံးသော အိမ်အမျိုးအစားအဖြစ် ယူဆခံထားရပြီဖြစ်သည်။

COVID-19 ကပ်ဆိုက်ခဲ့ကတည်းက အာရှပစိဖိတ်ဒေသတွင် ရင်းနှီးမြှုပ်နှံမှုအရရှိဆုံးသော အိမ်ခြံမြေအမျိုးအစားမှာ ပစ္စည်းသိုလှောင်ရုံ၊ ဂိုထောင်များဖြစ်သည်။

သို့သော်လည်း ယခုနှစ်ပထမနှစ်ဝက်အတွင်း အဓိကစီးပွားရေးလုပ်ငန်းကြီးများက သမားရိုးကျ အိမ်ခြံမြေအမျိုးအစားများအား ဝယ်ယူခဲ့သဖြင့် အငှားတိုက်ခန်းတွဲများ၏ အရောင်းအဝယ်များ သုံးဆကျော် မြင့်တက်ခဲ့ကြောင်း လွတ်လပ်သော အာရှအိမ်ခြံမြေသတင်းဝဘ်ဆိုက် Mintiandi ၌ ဖော်ပြခဲ့သည်ကို တွေ့ရသည်။

အရောင်းအဝယ်ကြီးများမှာ Allianz Insurance ၊ AXA Investment Management နှင့် Blackstone ကုမ္ပဏီတို့၏ ဝယ်ယူမှုများဖြစ်ပြီး ၎င်းတို့က ဇန်နဝါရီမှ ဇွန်အကြား ဂျပန်အငှားတိုက်ခန်းတွဲများ၏ ရင်းနှီးမြှုပ်နှံခံရမှုပမာဏကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံ ရှိစေခဲ့ကြောင်း Real Capital Analytics (RCA) ၏ အစီရင်ခံစာတစ်စောင်အရ သိရသည်။

ထို ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း အာရှပစိဖိတ်ရှိ အငှားတိုက်ခန်းတွဲများတွင် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယင်းနှိုင်းယှဥ်ကာလတူအတွင်း ၎င်း‌ဒေသ၌ စက်မှုလုပ်ငန်းဆိုင်ရာအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာမူ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရုံးခန်းအရောင်းအဝယ်ပမာဏသည်လည်း ၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း RCA က ထုတ်ပြန်ခဲ့သည်။

ကပ်ရောဂါကြောင့်ဖြစ်သည့် စီးပွားရေးနှင့် ပတ်ဝန်းကျင်မတည်ငြိမ်မှုများက ရင်းနှီးမြှုပ်နှံသူများအား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခက်တွေ့လာစေသည်။

သို့သော်လည်း အကျပ်အတည်းကာလအတွင်း အခြားစီးပွားရေးအများအပြား အခက်တွေ့လာကြသည့်တိုင် ဂျပန်တိုက်ခန်းဈေးကွက်မှာမူ ဝင်ငွေတည်ငြိမ်ကာ အမြတ်အစွန်းလည်းမြင့်မားမှုကြောင့် ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားကြခြင်းဖြစ်သည်ဟု အမေရိကန်အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ JLL ၏ အာရှပစိဖိတ်ဆိုင်ရာ ငွေအရင်းအနှီးဈေးကွက်များ၏ အမှုဆောင်အရာရှိချုပ် စတူးအာ့တ်ခရိုးက ပြောကြားခဲ့သည်။

JLL မှ ပြုလုပ်သည့် မကြာသေးမီကမှ ထုတ်ပြန်လိုက်သော အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုစစ်တမ်းကလည်း COVID-19 ကြောင့် ရင်းနှီးမြှုပ်နှံသူများက ဈေးကွက်လက်ရှိအခြေအနေကို ချိန်ဆနေကြသဖြင့် အာရှပစိဖိတ်၌ အိမ်ခြံမြေအရောင်းအဝယ်များသည် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် ပြန်လည်မြင့်တက်မည်ဟု ဖော်ပြခဲ့သည်။

လာမည့် ခြောက်လမှ ၁၂ လအတွင်း အရောင်းအဝယ်များ ပြန်လည်မြင့်တက်ရန် မျှော်လင့်ချက်များနှင့်အတူ ရင်းနှီးမြှုပ်နှံသူအများစုက ဩစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အား ၂၀၂၁ ခုနှစ်တွင် အရောင်းအဝယ်များ ပြန်လည်မြင့်တက်မည့် ဈေးကွက်များအဖြစ် ရွေးထုတ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Apartment investments in Asia Pacific triple in first half of 2020, thanks to Japan (apa)

 

 [Zawgyi]

အာ႐ွပစိဖိတ္၌ ၂၀၂၀ ပထမႏွစ္ဝက္အတြင္း အငွားတိုက္ခန္းတြဲရင္းႏွီးျမႇဳပ္ႏွံမႈ ဂ်ပန္ေၾကာင့္ သုံးဆျမင့္တက္

ယခုအခါ ဂ်ပန္႐ွိ အငွားတိုက္ခန္းတြဲမ်ားသည္ ယခုႏွစ္အတြက္ လူႀကိဳက္အမ်ားဆုံးေသာ အိမ္အမ်ိဳးအစားအျဖစ္ ယူဆခံထားရၿပီျဖစ္သည္။

COVID-19 ကပ္ဆိုက္ခဲ့ကတည္းက အာ႐ွပစိဖိတ္ေဒသတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈအရ႐ွိဆုံးေသာ အိမ္ျခံေျမအမ်ိဳးအစားမွာ ပစၥည္းသိုေလွာင္႐ုံ၊ ဂိုေထာင္မ်ားျဖစ္သည္။

သို႔ေသာ္လည္း ယခုႏွစ္ပထမႏွစ္ဝက္အတြင္း အဓိကစီးပြားေရးလုပ္ငန္းႀကီးမ်ားက သမား႐ိုးက် အိမ္ျခံေျမအမ်ိဳးအစားမ်ားအား ဝယ္ယူခဲ့သျဖင့္ အငွားတိုက္ခန္းတြဲမ်ား၏ အေရာင္းအဝယ္မ်ား သုံးဆေက်ာ္ ျမင့္တက္ခဲ့ေၾကာင္း လြတ္လပ္ေသာ အာ႐ွအိမ္ျခံေျမသတင္းဝဘ္ဆိုက္ Mintiandi ၌ ေဖာ္ျပခဲ့သည္ကို ေတြ႕ရသည္။

အေရာင္းအဝယ္ႀကီးမ်ားမွာ Allianz Insurance ၊ AXA Investment Management ႏွင့္ Blackstone ကုမၸဏီတို႔၏ ဝယ္ယူမႈမ်ားျဖစ္ၿပီး ၎တို႔က ဇန္နဝါရီမွ ဇြန္အၾကား ဂ်ပန္အငွားတိုက္ခန္းတြဲမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံခံရမႈပမာဏကို အေမရိကန္ေဒၚလာ ၄ ဒသမ ၉ ဘီလ်ံ ႐ွိေစခဲ့ေၾကာင္း Real Capital Analytics (RCA) ၏ အစီရင္ခံစာတစ္ေစာင္အရ သိရသည္။

ထို ၂၀၂၀ ျပည့္ႏွစ္ ပထမႏွစ္ဝက္အတြင္း အာ႐ွပစိဖိတ္႐ွိ အငွားတိုက္ခန္းတြဲမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈစုစုေပါင္း အေမရိကန္ေဒၚလာ ၆ ဒသမ ၅ ဘီလ်ံ ႐ွိခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္ကာလတူထက္ ၁၅၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျခင္းျဖစ္သည္။

ယင္းႏိႈင္းယွဥ္ကာလတူအတြင္း ၎‌ေဒသ၌ စက္မႈလုပ္ငန္းဆိုင္ရာအိမ္ျခံေျမက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမွာမူ ၄ ရာခိုင္ႏႈန္း က်ဆင္းခဲ့ၿပီး ႐ုံးခန္းအေရာင္းအဝယ္ပမာဏသည္လည္း ၄၄ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္း RCA က ထုတ္ျပန္ခဲ့သည္။

ကပ္ေရာဂါေၾကာင့္ျဖစ္သည့္ စီးပြားေရးႏွင့္ ပတ္ဝန္းက်င္မတည္ၿငိမ္မႈမ်ားက ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအား ရင္းႏွီးျမႇဳပ္ႏွံမႈျပဳလုပ္ရန္ အခက္ေတြ႕လာေစသည္။

သို႔ေသာ္လည္း အက်ပ္အတည္းကာလအတြင္း အျခားစီးပြားေရးအမ်ားအျပား အခက္ေတြ႕လာၾကသည့္တိုင္ ဂ်ပန္တိုက္ခန္းေဈးကြက္မွာမူ ဝင္ေငြတည္ၿငိမ္ကာ အျမတ္အစြန္းလည္းျမင့္မားမႈေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက စိတ္ဝင္စားၾကျခင္းျဖစ္သည္ဟု အေမရိကန္အိမ္ျခံေျမဝန္ေဆာင္မႈကုမၸဏီ JLL ၏ အာ႐ွပစိဖိတ္ဆိုင္ရာ ေငြအရင္းအႏွီးေဈးကြက္မ်ား၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ စတူးအာ့တ္ခ႐ိုးက ေျပာၾကားခဲ့သည္။

JLL မွ ျပဳလုပ္သည့္ မၾကာေသးမီကမွ ထုတ္ျပန္လိုက္ေသာ အိမ္ျခံေျမရင္းႏွီးျမႇဳပ္ႏွံမႈစစ္တမ္းကလည္း COVID-19 ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ေဈးကြက္လက္႐ွိအေျခအေနကို ခ်ိန္ဆေနၾကသျဖင့္ အာ႐ွပစိဖိတ္၌ အိမ္ျခံေျမအေရာင္းအဝယ္မ်ားသည္ ၂၀၂၁ ခုႏွစ္ ပထမႏွစ္ဝက္တြင္ ျပန္လည္ျမင့္တက္မည္ဟု ေဖာ္ျပခဲ့သည္။

လာမည့္ ေျခာက္လမွ ၁၂ လအတြင္း အေရာင္းအဝယ္မ်ား ျပန္လည္ျမင့္တက္ရန္ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္အတူ ရင္းႏွီးျမႇဳပ္ႏွံသူအမ်ားစုက ဩစေၾတးလ်၊ တ႐ုတ္၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔အား ၂၀၂၁ ခုႏွစ္တြင္ အေရာင္းအဝယ္မ်ား ျပန္လည္ျမင့္တက္မည့္ ေဈးကြက္မ်ားအျဖစ္ ေ႐ြးထုတ္ခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Apartment investments in Asia Pacific triple in first half of 2020, thanks to Japan (apa)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service