ကိုရိုနာဗိုင်းရပ်စ်သည် မည်သူ့ကိုမျှ မထိခိုက်ကြောင်း ဒေါ်နယ်ထရမ့်ပြောကြား

ကိုရိုနာဗိုင်းရပ်စ်သည် မည်သူ့ကိုမျှ မထိခိုက်ကြောင်း ဒေါ်နယ်ထရမ့်ပြောကြား - Property News in Myanmar from iMyanmarHouse.com
24 Sep 2020 12:06 pm တွင် တင်ခဲ့သည်
2803 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိုဟိုင်းအိုးပြည်နယ်သို့ တနင်္လာနေ့ ညနေက ရောက်ရှိခဲ့စဉ် ပြောကြားခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် မည်သူ့ကိုမျှ မထိခိုက်သလောက်နီးပါးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ပြောကြားပြီးနောက်တစ်ရက် အင်္ဂါနေ့တွင် အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုမှာ လူပေါင်း ၂၀၀၀၀၀ သို့ ရောက်ရှိသွားသည်။

အိုဟိုင်းအိုးပြည်နယ်၊ Swanton မြို့ရှိ Toledo Express လေဆိပ်တွင် စုဝေးရောက်ရှိနေသော ပြည်သူတို့အား မိန့်ခွန်းပြောရာတွင် ထရမ့်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထရမ့်က Joe Biden နှင့် ပတ်သက်၍လည်း ဝေဖန်ပြောကြားခဲ့ရာ Biden သာ သမ္မတအဖြစ် ရွေးကောက်ခံရပါက တိုင်းပြည်ကို lockdown တဖန်ပြန်ချလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့ပွားစဉ်အတွင်း ပြည်နယ်များစွာနှင့် မြို့ကြီးများတွင် ဗိုင်းရပ်စ်ကူးစက်နှုန်း နှေးကွေးစေရန်အတွက် Lockdown ချမှတ်မှုများ ပြုလုပ်ခဲ့သည်။

နယူးယောက်ကဲ့သို့ အချို့ပြည်နယ်များတွင် ကူးစက်မှုနှုန်း လျှော့ချနိုင်ခဲ့သော်လည်း ကျန်ပြည်နယ်များတွင်မူ mask တပ်ဆင်စေခြင်းကဲ့သို့ အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများကို ဆန့်ကျင်နေကြပြီး ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့်တိုင် lockdown ကို ရုပ်သိမ်းကာ လျင်မြန်စွာ ပြန်လည်ဖွင့်လှစ်ပေးလာလျက်ရှိနေသည်။

ထရမ့်က ပြောကြားရာတွင် စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းစေရန် မလိုအပ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့အခု ရောဂါအကြောင်းသိပြီ။ အရင်က မသိခဲ့ကြဘူး။ အခုကျွန်တော်တို့ သိပြီ။ ဒီရောဂါက သက်ကြီးရွယ်အိုတွေကို ထိခိုက်စေတယ်။ နှလုံးရောဂါနဲ့ တခြားပြဿနာတွေရှိတဲ့ သက်ကြီးပိုင်းတွေ။ သူတို့မှာက တခြားရောဂါအခံတွေ ရှိနေကြတယ်။ ဒါကပဲ တကယ်ထိခိုက်စေခဲ့တာပဲ။ ခင်ဗျားတို့သိကြပါတယ်။ တချို့ပြည်နယ်တွေမှာ ထောင်နဲ့ချီပြီး ကူးစက်ခံရတယ်။ ဒါပေမယ့် ငယ်ရွယ်တဲ့သူ မပါဘူး။ အသက် ၁၈ နှစ်အောက်တွေမှာက အားကောင်းတဲ့ ကိုယ်ခံအားစနစ်ရှိတယ်။ ဒီတော့ စင်စစ်အားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်စေဘူးလို့ ပြောနိုင်တယ်” ဟု ထရမ့်က ပြောကြားခဲ့ရာ သူ၏ ပြောကြားချက်များမှာ စင်စစ်အားဖြင့် မှန်ကန်ခြင်း မရှိချေ။

တွစ်တာ လူမှုကွန်ရက်တွင် ထရမ့်၏ ပြောကြားချက် ဂယက်ရိုက်သွားပြီး ဝေဖန်ရှုတ်ချသူများစွာရှိလာသည်။

ငယ်ရွယ်သောသူများသည်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါမပီးချေ။ လသားအရွယ်မျှသာရှိသော ကလေးငယ်များသည်လည်း Covid-19 ဖြင့် သေဆုံးနေကြရမှုများရှိသည့်အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူငယ်လူရွယ်ပမာဏ မြင့်တက်လာနေသည်။

“ဘယ်သူမှ မထိခိုက်ဘူးဟုတ်လား။ ဗိုင်းရပ်စ်နဲ့ သေဆုံးသွားတဲ့ လူပေါင်း ၂၀၀၀၀၀ မှာ အားလုံးဟာ အမေရိကန်ပြည်သူတွေ ဖြစ်ကြပါတယ်။ သူတို့ချစ်ရတဲ့သူတွေကို ချန်ရစ်ခဲ့ရပါတယ်” ဟု အထက်လွှတ်တော်အမတ် Chuck Schummer က တွစ်တာတွင် ရေးသားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump said coronavirus "affects virtually nobody," as U.S. surpasses 200,000 deaths (CBS News)

 

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္သည္ မည္သူ႔ကိုမွ် မထိခိုက္ေၾကာင္း ေဒၚနယ္ထရမ့္ေျပာၾကား

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အိုဟိုင္းအိုးျပည္နယ္သို႔ တနလၤာေန႔ ညေနက ေရာက္ရွိခဲ့စဥ္ ေျပာၾကားခဲ့ရာတြင္ ကိုရိုနာဗိုင္းရပ္စ္သည္ မည္သူ႔ကိုမွ် မထိခိုက္သေလာက္နီးပါးျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထိုသို႔ေျပာၾကားျပီးေနာက္တစ္ရက္ အဂၤ ါေန႔တြင္ အေမရိကန္တြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးမႈမွာ လူေပါင္း ၂၀၀၀၀၀ သို႔ ေရာက္ရွိသြားသည္။

အိုဟိုင္းအိုးျပည္နယ္၊ Swanton ျမိဳ ႔ရွိ Toledo Express ေလဆိပ္တြင္ စုေဝးေရာက္ရွိေနေသာ ျပည္သူတုိ႔အား မိန္႔ခြန္းေျပာရာတြင္ ထရမ့္က အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ထရမ့္က Joe Biden ႏွင့္ ပတ္သက္၍လည္း ေဝဖန္ေျပာၾကားခဲ့ရာ Biden သာ သမၼတအျဖစ္ ေရြးေကာက္ခံရပါက တုိင္းျပည္ကို lockdown တဖန္ျပန္ခ်လိမ့္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ စတင္ပ်ံ ႔ပြားစဥ္အတြင္း ျပည္နယ္မ်ားစြာႏွင့္ ျမိဳ ႔ၾကီးမ်ားတြင္ ဗိုင္းရပ္စ္ကူးစက္ႏႈန္း ေႏွးေကြးေစရန္အတြက္ Lockdown ခ်မွတ္မႈမ်ား ျပဳလုပ္ခဲ့သည္။

နယူးေယာက္ကဲ့သို႔ အခ်ဳိ ႔ျပည္နယ္မ်ားတြင္ ကူးစက္မႈႏႈန္း ေလွ်ာ့ခ်ႏိုင္ခဲ့ေသာ္လည္း က်န္ျပည္နယ္မ်ားတြင္မူ mask တပ္ဆင္ေစျခင္းကဲ့သို႔ အႏၱရာယ္ကင္းရွင္းေရး စည္းမ်ဥ္းမ်ားကို ဆန္႔က်င္ေနၾကျပီး ေရာဂါကူးစက္မႈမ်ား ဆက္လက္ျဖစ္ေပၚေနသည့္တိုင္ lockdown ကို ရုပ္သိမ္းကာ လ်င္ျမန္စြာ ျပန္လည္ဖြင့္လွစ္ေပးလာလ်က္ရွိေနသည္။

ထရမ့္က ေျပာၾကားရာတြင္ စီးပြားေရးလုပ္ငန္းမ်ား ပိတ္သိမ္းေစရန္ မလိုအပ္ေၾကာင္း ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔အခု ေရာဂါအေၾကာင္းသိျပီ။ အရင္က မသိခဲ့ၾကဘူး။ အခုကၽြန္ေတာ္တို႔ သိျပီ။ ဒီေရာဂါက သက္ၾကီးရြယ္အိုေတြကို ထိခိုက္ေစတယ္။ ႏွလံုးေရာဂါနဲ႔ တျခားျပႆနာေတြရွိတဲ့ သက္ၾကီးပိုင္းေတြ။ သူတို႔မွာက တျခားေရာဂါအခံေတြ ရွိေနၾကတယ္။ ဒါကပဲ တကယ္ထိခိုက္ေစခဲ့တာပဲ။ ခင္ဗ်ားတို႔သိၾကပါတယ္။ တခ်ဳိ ႔ျပည္နယ္ေတြမွာ ေထာင္နဲ႔ခ်ီျပီး ကူးစက္ခံရတယ္။ ဒါေပမယ့္ ငယ္ရြယ္တဲ့သူ မပါဘူး။ အသက္ ၁၈ ႏွစ္ေအာက္ေတြမွာက အားေကာင္းတဲ့ ကိုယ္ခံအားစနစ္ရွိတယ္။ ဒီေတာ့ စင္စစ္အားျဖင့္ ဘယ္သူ႔ကိုမွ မထိခိုက္ေစဘူးလို႔ ေျပာႏိုင္တယ္” ဟု ထရမ့္က ေျပာၾကားခဲ့ရာ သူ၏ ေျပာၾကားခ်က္မ်ားမွာ စင္စစ္အားျဖင့္ မွန္ကန္ျခင္း မရွိေခ်။

တြစ္တာ လူမႈကြန္ရက္တြင္ ထရမ့္၏ ေျပာၾကားခ်က္ ဂယက္ရိုက္သြားျပီး ေဝဖန္ရႈတ္ခ်သူမ်ားစြာရွိလာသည္။

ငယ္ရြယ္ေသာသူမ်ားသည္လည္း ကိုရိုနာဗိုင္းရပ္စ္ ေရာဂါမပီးေခ်။ လသားအရြယ္မွ်သာရွိေသာ ကေလးငယ္မ်ားသည္လည္း Covid-19 ျဖင့္ ေသဆံုးေနၾကရမႈမ်ားရွိသည့္အျပင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည့္ လူငယ္လူရြယ္ပမာဏ ျမင့္တက္လာေနသည္။

“ဘယ္သူမွ မထိခိုက္ဘူးဟုတ္လား။ ဗိုင္းရပ္စ္နဲ႔ ေသဆံုးသြားတဲ့ လူေပါင္း ၂၀၀၀၀၀ မွာ အားလံုးဟာ အေမရိကန္ျပည္သူေတြ ျဖစ္ၾကပါတယ္။ သူတို႔ခ်စ္ရတဲ့သူေတြကို ခ်န္ရစ္ခဲ့ရပါတယ္” ဟု အထက္လႊတ္ေတာ္အမတ္ Chuck Schummer က တြစ္တာတြင္ ေရးသားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump said coronavirus "affects virtually nobody," as U.S. surpasses 200,000 deaths (CBS News)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service