ကိုရိုနာဗိုင်းရပ်စ်ပိုးများ သတ်နိုင်သည့် ကမ္ဘာ့ပထမဆုံး ခရမ်းလွန်ရောင်ခြည်မီးလုံး ဂျပန်စတင်ရောင်းချ

ကိုရိုနာဗိုင်းရပ်စ်ပိုးများ သတ်နိုင်သည့် ကမ္ဘာ့ပထမဆုံး ခရမ်းလွန်ရောင်ခြည်မီးလုံး ဂျပန်စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
24 Sep 2020 11:55 am တွင် တင်ခဲ့သည်
2483 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မီးလုံးများ ထုတ်လုပ်သည့် ကမ္ဘာကျော်ဂျပန် ကုမ္ပဏီ Ushio Inc သည် လူသားတို့ကျန်းမာရေး မထိခိုက်စေဘဲ ကိုရိုနာဗိုင်းရပ်စ်များကို သတ်ဖြတ်ချေမှုန်းနိုင်သည့် ခရမ်းလွန်ရောင်ခြည်မီးလုံးတစ်မျိုးကို ဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် ပထမဆုံးလည်း ဖြစ်သည်။

Care 222 ဟု အမည်ပေးထားသော ခရမး်လွန်ရောင်ခြည်မီးလုံးကို Ushio ကုမ္ပဏီက အမေရိကန်ပြည်ထောင်စုမှ ကိုလံဘီယာ တက္ကသိုလ် (Columbia University) နှင့်အတူ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

လူအဝင်အထွက်များပြားပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရန် အန္တရာယ်မြင့်မားသည့်နေရာများတွင် ဗိုင်းရပ်စ်များ ချေမှုန်းရေးအတွက် အသုံးပြုနိုင်ကြရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ သာဓကအားဖြင့် ဘတ်စ်ကားများ၊ ရထားများ၊ ဓာတ်လှေကားများနှင့် ရုံးခန်းနေရာများဖြစ်ကြောင်း Ushio ကုမ္ပဏီက ထုတ်ပြန်သည်။

ခရမ်းလွန်ရောင်ခြည်မီးလုံးများကို ဆေးဝါးနှင့် အစားအစာထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်များတွင် ပိုးသတ်ရန်အတွက် ကျယ်ပြန့်စွာ အသုံးပြုနေကြသည်။

သို့သော် အဆိုပါလုပ်ငန်းနယ်များတွင် အသုံးပြုနေသည့် သမားရိုးကျ ခရမ်းလွန်ရောင်ခြည်များသည် အရေပြားကင်ဆာနှင့် မျက်လုံးထိခိုက်မှုများ ဖြစ်စေနိုင်သောကြောင့် လူတို့နေထိုင်သည့်နေရာများတွင် အသုံးပြု၍ မရချေ။

Ushio က ထုတ်လုပ်လိုက်သည့် မီးလုံးမှာမူ လှိုင်းအလျား ၂၂၂ နာနိုမီတာသာရှိသော ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ခြင်းဖြစ်ရာ ဗိုင်းရပ်စ်ပိုးမွှားများကို သေစေနိုင်သော်လည်း လူတို့ကိုမူ ဘေးမဖြစ်စေနိုင်ချေ။ သမားရိုးကျ မီးလုံးများတွင် ထုတ်လွှတ်သည့် လှိုင်းအလျားမှာ ၂၅၄ နာနိုမီတာဖြစ်သည်။

ယခုမီးလုံးမှ ထုတ်လွှတ်သည့် ခရမ်းလွန်ရောင်ခြည်လှိုင်းအလျားသည် လူ့အရေပြားနှင့် မျက်လုံးများအတွင်း ထိုးဖောက်ဝင်ရောက်နိုင် ခြင်း မရှိရာ ကင်ဆာဖြစ်စေသည့် မျိုးဗီဇချွတ်ယွင်းမှုများနှင့် အခြားထိခိုက်မှုများ မဖြစ်စေကြောင်း Ushio က ထုတ်ပြန်သည်။

မျက်နှာကြက်တစ်ခုတွင် တပ်ဆင်ထားမည်ဆိုပါက လေထုအတွင်းရှိ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား ၉၉ ရာခိုင်နှုန်းကို ၆ မိနစ်မှ ၇ မိနစ်အတွင်း ချေမှုန်းပေးနိုင်စွမ်းရှိကြောင်း၊ မီးလုံးမှ ၂ ဒသမ ၅ မီတာ (၈ ပေကျော်) အကွာအဝေးရှိ ၃ မီတာပတ်လည် (၁၀ ပေ ပတ်လည်ခန့်) မှ မျက်နှာပြင်များကို ပိုးမွှားသန့်စင်ပေးနိုင်စွမ်း ရှိသည်။

ဟီရိုးရှီးမားတက္ကသိုလ် (Hiroshima University) ၏ လေ့လာချက်အရလည်း လှိုင်းအလျား ၂၂၂ နာနိုမီတာရှိ ခရမ်းလွန်ရောင်ခြည် တို့သည် ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာချေမှုန်းနိုင်ကြောင်း အတည်ပြုထားသည်။

Care 222 မီးလုံးသည် အလေးချိန် ၁ ဒသမ ၂ ကီလိုဂရမ်ရှိပြီး ကတ္ထူဖုံးအုပ် စာအုပ်တစ်အုပ်အရွယ်အစားရှိကာ ဈေးနှုန်းမှာ ယန်းငွေ ၃၀၀၀၀၀ (မြန်မာငွေ ၃၇ သိန်း) သတ်မှတ်ထားသည်။

Ushio ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ လက်ရှိအခြေအနေတွင် ဆေးဘက်အဖွဲ့အစည်းများထံမှ အမှာစာများကိုသာ လက်ခံမည်ဖြစ်ပြီး ဝယ်လိုအားကို ပြည့်မီအောင် ထုတ်လုပ်နိုင်ချိန်တွင် အခြားသော ဝယ်လက်များကိုလည်း ရောင်းချပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japanese firm launches world's first UV lamp that safely kills coronavirus (Japan Times)

 

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ပိုးမ်ား သတ္ႏိုင္သည့္ ကမၻာ့ပထမဆံုး ခရမ္းလြန္ေရာင္ျခည္မီးလံုး ဂ်ပန္စတင္ေရာင္းခ်

မီးလံုးမ်ား ထုတ္လုပ္သည့္ ကမၻာေက်ာ္ဂ်ပန္ ကုမၸဏီ Ushio Inc သည္ လူသားတို႔က်န္းမာေရး မထိခိုက္ေစဘဲ ကိုရိုနာဗိုင္းရပ္စ္မ်ားကို သတ္ျဖတ္ေခ်မႈန္းႏိုင္သည့္ ခရမ္းလြန္ေရာင္ျခည္မီးလံုးတစ္မ်ဳိးကို ေစ်းကြက္တြင္ စတင္မိတ္ဆက္လိုက္ျပီျဖစ္ျပီး ကမၻာေပၚတြင္ ပထမဆံုးလည္း ျဖစ္သည္။

Care 222 ဟု အမည္ေပးထားေသာ ခရမး္လြန္ေရာင္ျခည္မီးလံုးကို Ushio ကုမၸဏီက အေမရိကန္ျပည္ေထာင္စုမွ ကိုလံဘီယာ တကၠသိုလ္ (Columbia University) ႏွင့္အတူ ပူးေပါင္းထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။

လူအဝင္အထြက္မ်ားျပားျပီး ကိုရိုနာဗိုင္းရပ္စ္ကူးစက္ရန္ အႏၱရာယ္ျမင့္မားသည့္ေနရာမ်ားတြင္ ဗိုင္းရပ္စ္မ်ား ေခ်မႈန္းေရးအတြက္ အသံုးျပဳႏိုင္ၾကရန္ ရည္ရြယ္ထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။ သာဓကအားျဖင့္ ဘတ္စ္ကားမ်ား၊ ရထားမ်ား၊ ဓာတ္ေလွကားမ်ားႏွင့္ ရံုးခန္းေနရာမ်ားျဖစ္ေၾကာင္း Ushio ကုမၸဏီက ထုတ္ျပန္သည္။

ခရမ္းလြန္ေရာင္ျခည္မီးလံုးမ်ားကို ေဆးဝါးႏွင့္ အစားအစာထုတ္လုပ္ေရးလုပ္ငန္းနယ္ပယ္မ်ားတြင္ ပိုးသတ္ရန္အတြက္ က်ယ္ျပန္႔စြာ အသံုးျပဳေနၾကသည္။

သို႔ေသာ္ အဆိုပါလုပ္ငန္းနယ္မ်ားတြင္ အသံုးျပဳေနသည့္ သမားရိုးက် ခရမ္းလြန္ေရာင္ျခည္မ်ားသည္ အေရျပားကင္ဆာႏွင့္ မ်က္လံုးထိခိုက္မႈမ်ား ျဖစ္ေစႏိုင္ေသာေၾကာင့္ လူတို႔ေနထိုင္သည့္ေနရာမ်ားတြင္ အသံုးျပဳ၍ မရေခ်။

Ushio က ထုတ္လုပ္လုိက္သည့္ မီးလံုးမွာမူ လႈိင္းအလ်ား ၂၂၂ နာႏိုမီတာသာရွိေသာ ခရမ္းလြန္ေရာင္ျခည္ကို ထုတ္လႊတ္ျခင္းျဖစ္ရာ ဗိုင္းရပ္စ္ပိုးမႊားမ်ားကို ေသေစႏိုင္ေသာ္လည္း လူတို႔ကိုမူ ေဘးမျဖစ္ေစႏိုင္ေခ်။ သမားရိုးက် မီးလံုးမ်ားတြင္ ထုတ္လႊတ္သည့္ လႈိင္းအလ်ားမွာ ၂၅၄ နာႏိုမီတာျဖစ္သည္။

ယခုမီးလံုးမွ ထုတ္လႊတ္သည့္ ခရမ္းလြန္ေရာင္ျခည္လႈိင္းအလ်ားသည္ လူ႔အေရျပားႏွင့္ မ်က္လံုးမ်ားအတြင္း ထိုးေဖာက္ဝင္ေရာက္ႏိုင္ ျခင္း မရွိရာ ကင္ဆာျဖစ္ေစသည့္ မ်ဳိးဗီဇခၽြတ္ယြင္းမႈမ်ားႏွင့္ အျခားထိခိုက္မႈမ်ား မျဖစ္ေစေၾကာင္း Ushio က ထုတ္ျပန္သည္။

မ်က္ႏွာၾကက္တစ္ခုတြင္ တပ္ဆင္ထားမည္ဆိုပါက ေလထုအတြင္းရွိ ဗိုင္းရပ္စ္ႏွင့္ ဘက္တီးရီးယား ၉၉ ရာခိုင္ႏႈန္းကို ၆ မိနစ္မွ ၇ မိနစ္အတြင္း ေခ်မႈန္းေပးႏိုင္စြမ္းရွိေၾကာင္း၊ မီးလံုးမွ ၂ ဒသမ ၅ မီတာ (၈ ေပေက်ာ္) အကြာအေဝးရွိ ၃ မီတာပတ္လည္ (၁၀ ေပ ပတ္လည္ခန္႔) မွ မ်က္ႏွာျပင္မ်ားကို ပိုးမႊားသန္႔စင္ေပးႏိုင္စြမ္း ရွိသည္။

ဟီရိုးရွီးမားတကၠသိုလ္ (Hiroshima University) ၏ ေလ့လာခ်က္အရလည္း လႈိင္းအလ်ား ၂၂၂ နာႏိုမီတာရွိ ခရမ္းလြန္ေရာင္ျခည္ တို႔သည္ ကိုရိုနာဗိုင္းရပ္စ္ကို ထိေရာက္စြာေခ်မႈန္းႏိုင္ေၾကာင္း အတည္ျပဳထားသည္။

Care 222 မီးလံုးသည္ အေလးခ်ိန္ ၁ ဒသမ ၂ ကီလိုဂရမ္ရွိျပီး ကတၳဴဖံုးအုပ္ စာအုပ္တစ္အုပ္အရြယ္အစားရွိကာ ေစ်းႏႈန္းမွာ ယန္းေငြ ၃၀၀၀၀၀ (ျမန္မာေငြ ၃၇ သိန္း) သတ္မွတ္ထားသည္။

Ushio ကုမၸဏီ၏ ထုတ္ျပန္ခ်က္အရ လက္ရိွအေျခအေနတြင္ ေဆးဘက္အဖြဲ႔အစည္းမ်ားထံမွ အမွာစာမ်ားကိုသာ လက္ခံမည္ျဖစ္ျပီး ဝယ္လိုအားကို ျပည့္မီေအာင္ ထုတ္လုပ္ႏိုင္ခ်ိန္တြင္ အျခားေသာ ဝယ္လက္မ်ားကိုလည္း ေရာင္းခ်ေပးသြားမည္ဟု ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japanese firm launches world's first UV lamp that safely kills coronavirus (Japan Times)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service