ဖိလစ်ပိုင်တွင် ကပ်ဘေးကာလအခြေအနေသတ်မှတ်မှု ၁ နှစ်သက်တမ်းတိုး

ဖိလစ်ပိုင်တွင် ကပ်ဘေးကာလအခြေအနေသတ်မှတ်မှု ၁ နှစ်သက်တမ်းတိုး - Property News in Myanmar from iMyanmarHouse.com
23 Sep 2020 12:10 pm တွင် တင်ခဲ့သည်
749 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်တစ်နိုင်ငံလုံးတွင် ကပ်ဘေးကာလအခြေအနေ သတ်မှတ်ထားမှုကို တစ်နှစ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးတွင် လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် အစိုးရအနေဖြင့် အရေးပေါ်ရန်ပုံငွေ ရယူနိုင်ရေး၊ စစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့အား တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရန် ကိုင်တွယ်နိုင်ရေးတို့အတွက် ရည်ရွယ်ကာ ယခုကဲ့သို့ ကပ်ဘေးကာလ အခြေအနေ တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀ ဦးသို့ ရောက်ရှိပြီး သေဆုံးသူ တစ်ဒါဇင်ခန့်ရှိခဲ့သည့် မတ်လမှ စတင်ပြီး ဒူတာတေးက ဖိလစ်ပိုင်ကို ကပ်ဘေးကာလအခြေအနေအဖြစ် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအားဖြင့် ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၂၉၀,၀၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှတွင် အမြင့်မားဆုံး ကူးစက်ခံနေရကာ သေဆုံးသူမှာ ၅၀၀၀ ကျော် ရှိသည်။

ဒူတာတေးက တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ရုပ်သံမိန့်ခွန်းတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန် ထိရောက်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်မှုမရှိဟု ဝေဖန်နေကြသူတို့ကို ပြန်လည်ချေပမှုများ ပြုလုပ်သွားခဲ့သည်။

“ခင်ဗျားတို့က ဘယ်လောက်လုံလောက်မှု အတိုင်းအတာလိုချင်ကြတာလဲ။ ဆေးရုံတွေ၊ လူနာကုတင်တွေ၊ ဈာပနလုပ်ပေးဖို့တွေ ဒီမှာအားလုံးရှိတယ်။” ဟု ဒူတာတေးက ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် အတိုက်အခံတို့၏ ခေါင်းဆောင်ဖြစ်သော ဒုတိယသမ္မတ လီနီ ရိုဘရီဒိုအား နာမည်တပ်ကာ ရွေးထုတ်ပြောကြားခဲ့သည်။

“ခင်ဗျားသိတယ်မလား လီနီ။ ခင်ဗျားသာ ကိုဗစ်နဲ့ ဝေးချင်တယ်…တကယ်အဝေးမှာနေချင်တယ်ဆိုရင် ဖိလစ်ပိုင်..ဒါမှမဟုတ် မနီလာမြို့ပေါ်ကနေ ပိုးသတ်ဆေးနဲ့ဖြန်းပြီး အကုန်လုံးသတ်ကြစို့။ တကယ်တမ်းက ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုပဲရှိပါတယ်။ အဲဒါက mask တပ်ဖို့…မျက်နှာမှာ mask တပ်ဖို့ပဲ။ အဲ့လိုနေထိုင်ရင်း ကာကွယ်ဆေးစောင့်ရမှာ” ဟု ဒူတာတေးက ဆိုသည်။

လာမည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာအထိ ချမှတ်ထားမည့် ကပ်ဘေးကာလအခြေအနေကို အသုံးချကာ တိုင်းပြည်တွင်း မည်သည့်နေရာမဆို အရေးပေါ်ရန်ပုံငွေကို လျင်မြန်စွာ အသုံးပြုမည် ဖြစ်သည်။

ကပ်ဘေးကာလ အခြေအနေသတ်မှတ်ထားမှုအောက်တွင် အာဏာပိုင်တို့သည် အခြေခံကုန်စည်များဖြစ်သည့် ဆန်နှင့် ဆီတို့၏ ဈေးနှုန်းများကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။ လက်ရှိချမှတ်ထားသည့် လူမှုအလှမ်းခွါရေး ကွာရန်တင်းစည်းမျဉ်းများလည်း တစ်နှစ်သက်တမ်းဆက်လက် တည်ရှိနေမည် ဖြစ်သည်။

ဖိလစ်ပိုင်သည် သူနာပြုများ လေ့ကျင့်သင်တန်းပေးကာ ကမ္ဘာတစ်ဝန်းသို့ စေလွှတ်ပေးနေခဲ့သော်လည်း ဖိလစ်ပိုင်တွင် ရောဂါကူးစက်မှု အခြေအနေဆိုးရွားလာပြီးနောက်ပိုင်း ပြည်ပတွင် တာဝန်ထမ်းဆောင်မည့် ဖိလစ်ပိုင် သူနာပြုများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများကို ဒူတာတေးက ပိတ်ပင်ခဲ့သည်။ ယခုအခါတွင်မူ အဆိုပါပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းပေးလိုက်သည်ဟု ဆိုသည်။

ပြည်ပတွင် တာဝန်ထမ်းဆောင်ရန် လက်မှတ်ရေးထိုးထားခြင်းမရှိသူများမှာမူ ကူးစက်ပျံ့ပွားမှုများ ဆက်လက်ပေါ်ပေါက်နေသည့် ဖိလစ်ပိုင်တွင် ဆေးဘက်ဝန်ထမ်းလုံလောက်စွာရရှိနိုင်ရေးရည်ရွယ်ကာ ၎င်းတို့ကိုမူ ပြည်ပထွက်ခွါခွင့် တားမြစ်ထားသည်။

ဖိလစ်ပိုင်က ဝယ်ယူထားသည့် Covid-19 ကာကွယ်ဆေးများမှာ ၂၀၂၁ ခုနှစ်၊ ဒုတိယ ၃ လပတ်ကာလမှသာ ရရှိဖွယ်ရာ ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Philippines’ President Duterte extends coronavirus state of calamity for another year (SCMP)

 

 

[Zawgyi]

ဖိလစ္ပိုင္တြင္ ကပ္ေဘးကာလအေျခအေနသတ္မွတ္မႈ ၁ ႏွစ္သက္တမ္းတိုး

ဖိလစ္ပိုင္သမၼတ ဒူတာေတးက ဖိလစ္ပိုင္တစ္ႏိုင္ငံလံုးတြင္ ကပ္ေဘးကာလအေျခအေန သတ္မွတ္ထားမႈကို တစ္ႏွစ္ သက္တမ္းတိုးလိုက္ေၾကာင္း ေၾကညာလိုက္သည္။

ကိုရိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ေရးတြင္ လ်င္ျမန္စြာေဆာင္ရြက္ႏိုင္ေရးအတြက္ အစိုးရအေနျဖင့္ အေရးေပၚရန္ပံုေငြ ရယူႏိုင္ေရး၊ စစ္ဘက္ႏွင့္ ရဲတပ္ဖြဲ႔တို႔အား တရားဥပေဒစိုးမိုးမႈ ထိန္းသိမ္းရန္ ကိုင္တြယ္ႏိုင္ေရးတို႔အတြက္ ရည္ရြယ္ကာ ယခုကဲ့သို႔ ကပ္ေဘးကာလ အေျခအေန တိုးျမွင့္လိုက္ျခင္းျဖစ္သည္ဟု ဆိုသည္။

ဖိလစ္ပိုင္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၀၀ ဦးသို႔ ေရာက္ရွိျပီး ေသဆံုးသူ တစ္ဒါဇင္ခန္႔ရွိခဲ့သည့္ မတ္လမွ စတင္ျပီး ဒူတာေတးက ဖိလစ္ပိုင္ကို ကပ္ေဘးကာလအေျခအေနအျဖစ္ စတင္သတ္မွတ္ခဲ့ျခင္း ျဖစ္သည္။

လက္ရွိအားျဖင့္ ဖိလစ္ပိုင္တြင္ ကိုရိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ၂၉၀,၀၀၀ ေက်ာ္ရွိျပီး အေရွ ႔ေတာင္အာရွတြင္ အျမင့္မားဆံုး ကူးစက္ခံေနရကာ ေသဆံုးသူမွာ ၅၀၀၀ ေက်ာ္ ရွိသည္။

ဒူတာေတးက တနလၤာေန႔က ျပဳလုပ္ခဲ့သည့္ ရုပ္သံမိန္႔ခြန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ရန္ ထိေရာက္သည့္ လုပ္ေဆာင္ခ်က္မ်ား လုပ္ေဆာင္မႈမရွိဟု ေဝဖန္ေနၾကသူတို႔ကို ျပန္လည္ေခ်ပမႈမ်ား ျပဳလုပ္သြားခဲ့သည္။

“ခင္ဗ်ားတို႔က ဘယ္ေလာက္လံုေလာက္မႈ အတိုင္းအတာလိုခ်င္ၾကတာလဲ။ ေဆးရံုေတြ၊ လူနာကုတင္ေတြ၊ စ်ာပနလုပ္ေပးဖို႔ေတြ ဒီမွာအားလံုးရွိတယ္။” ဟု ဒူတာေတးက ေျပာၾကားသည္။

ထိုသို႔ေျပာၾကားရာတြင္ အတိုက္အခံတို႔၏ ေခါင္းေဆာင္ျဖစ္ေသာ ဒုတိယသမၼတ လီနီ ရိုဘရီဒိုအား နာမည္တပ္ကာ ေရြးထုတ္ေျပာၾကားခဲ့သည္။

“ခင္ဗ်ားသိတယ္မလား လီနီ။ ခင္ဗ်ားသာ ကိုဗစ္နဲ႔ ေဝးခ်င္တယ္…တကယ္အေဝးမွာေနခ်င္တယ္ဆိုရင္ ဖိလစ္ပိုင္..ဒါမွမဟုတ္ မနီလာျမိဳ ႔ေပၚကေန ပိုးသတ္ေဆးနဲ႔ျဖန္းျပီး အကုန္လံုးသတ္ၾကစို႔။ တကယ္တမ္းက ကၽြန္ေတာ္တို႔ လုပ္ႏိုင္တာ တစ္ခုပဲရွိပါတယ္။ အဲဒါက mask တပ္ဖို႔…မ်က္ႏွာမွာ mask တပ္ဖို႔ပဲ။ အဲ့လိုေနထိုင္ရင္း ကာကြယ္ေဆးေစာင့္ရမွာ” ဟု ဒူတာေတးက ဆိုသည္။

လာမည့္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာအထိ ခ်မွတ္ထားမည့္ ကပ္ေဘးကာလအေျခအေနကို အသံုးခ်ကာ တိုင္းျပည္တြင္း မည္သည့္ေနရာမဆို အေရးေပၚရန္ပံုေငြကို လ်င္ျမန္စြာ အသံုးျပဳမည္ ျဖစ္သည္။

ကပ္ေဘးကာလ အေျခအေနသတ္မွတ္ထားမႈေအာက္တြင္ အာဏာပိုင္တို႔သည္ အေျခခံကုန္စည္မ်ားျဖစ္သည့္ ဆန္ႏွင့္ ဆီတို႔၏ ေစ်းႏႈန္းမ်ားကိုလည္း ထိန္းခ်ဳပ္ႏိုင္မည္ ျဖစ္သည္။ လက္ရွိခ်မွတ္ထားသည့္ လူမႈအလွမ္းခြါေရး ကြာရန္တင္းစည္းမ်ဥ္းမ်ားလည္း တစ္ႏွစ္သက္တမ္းဆက္လက္ တည္ရွိေနမည္ ျဖစ္သည္။

ဖိလစ္ပိုင္သည္ သူနာျပဳမ်ား ေလ့က်င့္သင္တန္းေပးကာ ကမၻာတစ္ဝန္းသို႔ ေစလႊတ္ေပးေနခဲ့ေသာ္လည္း ဖိလစ္ပိုင္တြင္ ေရာဂါကူးစက္မႈ အေျခအေနဆိုးရြားလာျပီးေနာက္ပိုင္း ျပည္ပတြင္ တာဝန္ထမ္းေဆာင္မည့္ ဖိလစ္ပိုင္ သူနာျပဳမ်ား၊ ဆရာဝန္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားကို ဒူတာေတးက ပိတ္ပင္ခဲ့သည္။ ယခုအခါတြင္မူ အဆိုပါပိတ္ပင္ထားမႈကို ျပန္လည္ရုပ္သိမ္းေပးလုိက္သည္ဟု ဆိုသည္။

ျပည္ပတြင္ တာဝန္ထမ္းေဆာင္ရန္ လက္မွတ္ေရးထိုးထားျခင္းမရွိသူမ်ားမွာမူ ကူးစက္ပ်ံ ႔ပြားမႈမ်ား ဆက္လက္ေပၚေပါက္ေနသည့္ ဖိလစ္ပိုင္တြင္ ေဆးဘက္ဝန္ထမ္းလံုေလာက္စြာရရွိႏိုင္ေရးရည္ရြယ္ကာ ၎တို႔ကိုမူ ျပည္ပထြက္ခြါခြင့္ တားျမစ္ထားသည္။

ဖိလစ္ပိုင္က ဝယ္ယူထားသည့္ Covid-19 ကာကြယ္ေဆးမ်ားမွာ ၂၀၂၁ ခုႏွစ္၊ ဒုတိယ ၃ လပတ္ကာလမွသာ ရရွိဖြယ္ရာ ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Philippines’ President Duterte extends coronavirus state of calamity for another year (SCMP)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service