တရုတ်သမ္မတ၏ ကပ်ရောဂါဘေးကိုင်တွယ်ပုံကို ဝေဖန်သည့် အိမ်ခြံမြေသူဌေးကြီး ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံရ

တရုတ်သမ္မတ၏ ကပ်ရောဂါဘေးကိုင်တွယ်ပုံကို ဝေဖန်သည့် အိမ်ခြံမြေသူဌေးကြီး ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
23 Sep 2020 11:10 am တွင် တင်ခဲ့သည်
860 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကိုင်တွယ်ပုံကို ဝေဖန်ခဲ့သည့် တရုတ်ဘီလျံနာသူဌေးကြီးတစ်ဦးသည် အကျင့်ပျက်ခြစားမှုစွဲချက်ဖြင့် ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံလိုက်ရကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အိမ်ခြံမြေလုပ်ငန်းရှင်ဘဝမှ အနားယူထားသည့် ဘီလျံနာသူဌေးကြီး Ren Zhiqiang သည် တရုတ်ထိပ်တန်းခေါင်းဆောင်များနှင့် အနီးကပ်ဆက်ဆံရေးများရှိထားသူတစ်ဦးဖြစ်သည်။

ယခုနှစ်မတ်လအတွင်း သူဌေးကြီး Ren က သမ္မတရှီကျင့်ဖျင်၏ ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်နေပုံများကို ပယ်ပယ်နယ်နယ် ထိုးနှက်ဝေဖန်ထားသည့် စာတမ်းတစ်စောင်ရေးသားခဲ့ပြီးနောက် မတ်လအတွင်းမှာပင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်။

နောက်ပိုင်းတွင်ကား အကျင့်ပျက်ခြစားမှုနှင့် ဆက်နွှယ်သောစွဲချက်များဖြင့် တရားစွဲခြင်း ခံလိုက်ရသည်။

ပြီးခဲ့သော အင်္ဂါနေ့ကမူ ပေကျင်းရှိ တရားရုံးတစ်ခုက သူဌေးကြီး ရန်ကို ပြည်သူ့ရန်ပုံငွေများမှ ယွမ်ငွေ ၁၁၀ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၁၆ ဒသမ ၃ သန်း) အလွဲသုံးစားလုပ်ခြင်း၊ လာဘ်ငွေလက်ခံခြင်း၊ သူဌေးကြီးရန် တချိန်က ဦးဆောင်ခဲ့သည့် နိုင်ငံပိုင် အိမ်ခြံမြေကုမ္ပဏီသည် ရန်၏ အာဏာအလွဲသုံးမှုကြောင့် ယွမ်ငွေ ၁၁၆ ဒသမ ၇ သန်း (ကန်ဒေါ်လာ ၁၇ ဒသမ ၂ သန်း) ဆုံးရှုံးခဲ့ရသည်ဟူသော စွဲချက်များဖြင့် ပြစ်မှုထင်ရှားတွေ့ရှိသည်ဟု စီရင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီးတို့က သူဌေးကြီးရန်အား ထောင်ဒဏ် ၁၈ နှစ်နှင့် ဒဏ်ငွေ ယွမ် ၄ ဒသမ ၂ သန်း (ကန်ဒေါ်လာ ၆၂၀၀၀၀) ချမှတ်ခဲ့သည်။

တရုတ်တရားရေးစနစ်တွင် ပြစ်ဒဏ်စီရင်မှု ၉၉ ရာခိုင်နှုန်းရှိကြောင်း တရားရေးစောင့်ကြည့်လေ့လာသူတို့က ဆိုသည်။

ကွန်မြူနစ်ပါတီအတွင်းလူများသည် တရုတ်ခေါင်းဆောင်ပိုင်းနှင့် မသင့်မြတ်လျှင် အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ရင်ဆိုင်ရလေ့ရှိသည်။

သူဌေးကြီးရန်အား ကြီးလေးသည့်ထောင်ဒဏ်စီရင်လိုက်မှုသည် ရှီကျင့်ဖျင်အား လူသိရှင်ကြား ဝေဖန်အံတုလာပါက သည်းခံလိမ့်မည်မဟုတ်ကြောင်း အခြားသော တရုတ်အထက်တန်းလွှာတို့အား သတိပေးလိုက်သည့် သတင်းစကားတစ်ခုလည်း ဖြစ်သည်။

ကွန်မြူနစ်ပါတီ၏ အာဏာရအထက်တန်းလွှာတွင် မွေးဖွားကြီးပြင်းလာပြီး အသက် ၆၉ နှစ် ရှိပြီဖြစ်သော သူဌေးကြီးရန်သည် တရုတ်နိုင်ငံရေးနယ်တွင် ခွင့်ပြုထားသည့် အတိုင်းအတာထက် ပိုမိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။

ဘွင်းဘွင်းနှင့် တဲ့တိုးပြောတတ်သူ သူဌေးကြီးရန်ကို တရုတ်လူမှုကွန်ရက်တွင် အမြှောက်ကြီးဟု ကင်ပွန်းတပ်ခေါ်ဝေါ်ကြသည်။

မတ်လအတွင်းက ရေးသားခဲ့သည့် စာတမ်းတွင် သူဌေးကြီးရန် ရေးသားထားသည်မှာ ကွန်မြူနစ်ပါတီက သတင်းလွတ်လပ်ခွင့်ကို နှိပ်ကွပ်မှုများ၊ အတိုက်အခံတို့အပေါ် သည်းမခံမှုများအား ဝေဖန်ထားသည်။

သူဌေးကြီး၏ စာတမ်းထဲတွင် ရှီကျင့်ဖျင်ကို အမည်နာမ ဖော်ပြပြီးမရေးသားသော်လည်း အာဏာငတ်နေသည့် လူပြက်တစ်ဦးဟု စောင်းပါးရိပ်ခြည် သွယ်ဝိုက်ရေးသားထားသည်။

ဖေဖော်ဝါရီလ ၂၃ ရက်က တရုတ်နိုင်ငံတဝန်းရှိ အရာရှိပေါင်း ၁၇၀၀၀၀ နှင့် ကြီးမားသည့်ဗွီဒီယိုကွန်ဖရင့်ကြီးပြုလုပ်ပြီး ကပ်ရောဂါထိန်းချုပ်ရေးအစီအစဉ်များ ဆွေးနွေးခဲ့ရာတွင် သမ္မတရှီကျင့်ဖျင်ပြောကြားမည့် မိန့်ခွန်းကို သူဌေးကြီးရန်က ရေးသားပေးခဲ့ခြင်းဖြစ်သည်ဟူသော သတင်းများလည်း ရှိသည်။

သူဌေးကြီးရန်၏ စာတမ်းထဲတွင် တရုတ်ကွန်မြူနစ်ပါတီအပေါ် ဝေဖန်ထားမှုများလည်း ပါဝင်ရာ ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူတို့၏ အကျိုးထက် ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးကြောင်း ဝေဖန်ထားသည်။

“အချက်အလက်မှန်တွေကို ရေးသားဖော်ထုတ်ခြင်းအားဖြင့် ပြည်သူ့အကျိုးစီးပွားကို ကိုယ်စားပြုပေးမယ့် သတင်းမီဒီယာမရှိရင် ပြည်သူတွေရဲ့ ဘဝတွေဟာ ကိုရိုနာဗိုင်းရပ်စ်သာမက စနစ်ရဲ့ဝါးမြိုဖျက်ဆီးမှုဒဏ်ပါ ခံကြရမှာဖြစ်ပါတယ်” ဟု သူဌေးကြီးရန်က စာတမ်းထဲတွင် ထည့်သွင်းရေးသားခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese tycoon who criticized Xi Jinping's handling of coronavirus jailed for 18 years (CNN)

[Zawgyi]

တရုတ္သမၼတ၏ ကပ္ေရာဂါေဘးကိုင္တြယ္ပံုကို ေဝဖန္သည့္ အိမ္ျခံေျမသူေဌးၾကီး ေထာင္ဒဏ္ ၁၈ ႏွစ္ခ်မွတ္ခံရ

တရုတ္သမၼတ ရွီက်င့္ဖ်င္၏ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘးကိုင္တြယ္ပံုကို ေဝဖန္ခဲ့သည့္ တရုတ္ဘီလ်ံနာသူေဌးၾကီးတစ္ဦးသည္ အက်င့္ပ်က္ျခစားမႈစြဲခ်က္ျဖင့္ ေထာင္ဒဏ္ ၁၈ ႏွစ္ခ်မွတ္ခံလိုက္ရေၾကာင္း CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အိမ္ျခံေျမလုပ္ငန္းရွင္ဘဝမွ အနားယူထားသည့္ ဘီလ်ံနာသူေဌးၾကီး Ren Zhiqiang သည္ တရုတ္ထိပ္တန္းေခါင္းေဆာင္မ်ားႏွင့္ အနီးကပ္ဆက္ဆံေရးမ်ားရွိထားသူတစ္ဦးျဖစ္သည္။

ယခုႏွစ္မတ္လအတြင္း သူေဌးၾကီး Ren က သမၼတရွီက်င့္ဖ်င္၏ ကိုရိုနာဗိုင္းရပ္စ္အေရး ကိုင္တြယ္ေနပုံမ်ားကို ပယ္ပယ္နယ္နယ္ ထုိးႏွက္ေဝဖန္ထားသည့္ စာတမ္းတစ္ေစာင္ေရးသားခဲ့ျပီးေနာက္ မတ္လအတြင္းမွာပင္ ရုတ္တရက္ ေပ်ာက္ဆံုးသြားခဲ့သည္။

ေနာက္ပိုင္းတြင္ကား အက်င့္ပ်က္ျခစားမႈႏွင့္ ဆက္ႏႊယ္ေသာစြဲခ်က္မ်ားျဖင့္ တရားစြဲျခင္း ခံလုိက္ရသည္။

ျပီးခဲ့ေသာ အဂၤ ါေန႔ကမူ ေပက်င္းရွိ တရားရံုးတစ္ခုက သူေဌးၾကီး ရန္ကို ျပည္သူ႔ရန္ပံုေငြမ်ားမွ ယြမ္ေငြ ၁၁၀ ဒသမ ၆ သန္း (ကန္ေဒၚလာ ၁၆ ဒသမ ၃ သန္း) အလြဲသံုးစားလုပ္ျခင္း၊ လာဘ္ေငြလက္ခံျခင္း၊ သူေဌးၾကီးရန္ တခ်ိန္က ဦးေဆာင္ခဲ့သည့္ ႏိုင္ငံပိုင္ အိမ္ျခံေျမကုမၸဏီသည္ ရန္၏ အာဏာအလြဲသံုးမႈေၾကာင့္ ယြမ္ေငြ ၁၁၆ ဒသမ ၇ သန္း (ကန္ေဒၚလာ ၁၇ ဒသမ ၂ သန္း) ဆံုးရံႈးခဲ့ရသည္ဟူေသာ စြဲခ်က္မ်ားျဖင့္ ျပစ္မႈထင္ရွားေတြ႔ရွိသည္ဟု စီရင္ဆံုးျဖတ္ခဲ့ျခင္း ျဖစ္သည္။

တရားသူၾကီးတို႔က သူေဌးၾကီးရန္အား ေထာင္ဒဏ္ ၁၈ ႏွစ္ႏွင့္ ဒဏ္ေငြ ယြမ္ ၄ ဒသမ ၂ သန္း (ကန္ေဒၚလာ ၆၂၀၀၀၀) ခ်မွတ္ခဲ့သည္။

တရုတ္တရားေရးစနစ္တြင္ ျပစ္ဒဏ္စီရင္မႈ ၉၉ ရာခိုင္ႏႈန္းရွိေၾကာင္း တရားေရးေစာင့္ၾကည့္ေလ့လာသူတုိ႔က ဆိုသည္။

ကြန္ျမဴနစ္ပါတီအတြင္းလူမ်ားသည္ တရုတ္ေခါင္းေဆာင္ပိုင္းႏွင့္ မသင့္ျမတ္လွ်င္ အက်င့္ပ်က္ျခစားမႈစြဲခ်က္မ်ားျဖင့္ ရင္ဆိုင္ရေလ့ရွိသည္။

သူေဌးၾကီးရန္အား ၾကီးေလးသည့္ေထာင္ဒဏ္စီရင္လုိက္မႈသည္ ရွီက်င့္ဖ်င္အား လူသိရွင္ၾကား ေဝဖန္အံတုလာပါက သည္းခံလိမ့္မည္မဟုတ္ေၾကာင္း အျခားေသာ တရုတ္အထက္တန္းလႊာတို႔အား သတိေပးလိုက္သည့္ သတင္းစကားတစ္ခုလည္း ျဖစ္သည္။

ကြန္ျမဴနစ္ပါတီ၏ အာဏာရအထက္တန္းလႊာတြင္ ေမြးဖြားၾကီးျပင္းလာျပီး အသက္ ၆၉ ႏွစ္ ရွိျပီျဖစ္ေသာ သူေဌးၾကီးရန္သည္ တရုတ္ႏိုင္ငံေရးနယ္တြင္ ခြင့္ျပဳထားသည့္ အတိုင္းအတာထက္ ပိုမိုျပီး ျပင္းျပင္းထန္ထန္ေဝဖန္မႈမ်ား ျပဳလုပ္ခဲ့သူ ျဖစ္သည္။

ဘြင္းဘြင္းႏွင့္ တဲ့တိုးေျပာတတ္သူ သူေဌးၾကီးရန္ကို တရုတ္လူမႈကြန္ရက္တြင္ အေျမွာက္ၾကီးဟု ကင္ပြန္းတပ္ေခၚေဝၚၾကသည္။

မတ္လအတြင္းက ေရးသားခဲ့သည့္ စာတမ္းတြင္ သူေဌးၾကီးရန္ ေရးသားထားသည္မွာ ကြန္ျမဴနစ္ပါတီက သတင္းလြတ္လပ္ခြင့္ကို ႏွိပ္ကြပ္မႈမ်ား၊ အတိုက္အခံတို႔အေပၚ သည္းမခံမႈမ်ားအား ေဝဖန္ထားသည္။

သူေဌးၾကီး၏ စာတမ္းထဲတြင္ ရွီက်င့္ဖ်င္ကို အမည္နာမ ေဖာ္ျပျပီးမေရးသားေသာ္လည္း အာဏာငတ္ေနသည့္ လူျပက္တစ္ဦးဟု ေစာင္းပါးရိပ္ျခည္ သြယ္ဝိုက္ေရးသားထားသည္။

ေဖေဖာ္ဝါရီလ ၂၃ ရက္က တရုတ္ႏိုင္ငံတဝန္းရွိ အရာရွိေပါင္း ၁၇၀၀၀၀ ႏွင့္ ၾကီးမားသည့္ဗြီဒီယိုကြန္ဖရင့္ၾကီးျပဳလုပ္ျပီး ကပ္ေရာဂါထိန္းခ်ဳပ္ေရးအစီအစဥ္မ်ား ေဆြးေႏြးခဲ့ရာတြင္ သမၼတရွီက်င့္ဖ်င္ေျပာၾကားမည့္ မိန္႔ခြန္းကို သူေဌးၾကီးရန္က ေရးသားေပးခဲ့ျခင္းျဖစ္သည္ဟူေသာ သတင္းမ်ားလည္း ရွိသည္။

သူေဌးၾကီးရန္၏ စာတမ္းထဲတြင္ တရုတ္ကြန္ျမဴနစ္ပါတီအေပၚ ေဝဖန္ထားမႈမ်ားလည္း ပါဝင္ရာ ကြန္ျမဴနစ္ပါတီသည္ တရုတ္ျပည္သူတို႔၏ အက်ဳိးထက္ ကိုယ္က်ဳိးစီးပြားကိုသာ ဦးစားေပးေၾကာင္း ေဝဖန္ထားသည္။

“အခ်က္အလက္မွန္ေတြကို ေရးသားေဖာ္ထုတ္ျခင္းအားျဖင့္ ျပည္သူ႔အက်ဳိးစီးပြားကို ကိုယ္စားျပဳေပးမယ့္ သတင္းမီဒီယာမရွိရင္ ျပည္သူေတြရဲ ႔ ဘဝေတြဟာ ကိုရိုနာဗိုင္းရပ္စ္သာမက စနစ္ရဲ ႔ဝါးျမိဳဖ်က္ဆီးမႈဒဏ္ပါ ခံၾကရမွာျဖစ္ပါတယ္” ဟု သူေဌးၾကီးရန္က စာတမ္းထဲတြင္ ထည့္သြင္းေရးသားခဲ့သည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese tycoon who criticized Xi Jinping's handling of coronavirus jailed for 18 years (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service