တရုတ်က ၈၈ ဒေါ်လာ (မြန်မာငွေ တစ်သိန်းကျော်)တန် ကိုဗစ်ကာကွယ်ဆေး ယခုနှစ်အတွင်း ဖြန့်ချိမည်

တရုတ်က ၈၈ ဒေါ်လာ (မြန်မာငွေ တစ်သိန်းကျော်)တန် ကိုဗစ်ကာကွယ်ဆေး ယခုနှစ်အတွင်း ဖြန့်ချိမည် - Property News in Myanmar from iMyanmarHouse.com
22 Sep 2020 1:02 pm တွင် တင်ခဲ့သည်
15996 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ် နိုင်ငံပိုင် ဆေးဝါးကုမ္ပဏီ ၂ ခုက ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂ မျိုးကို ပြည်သူများထံ ကုသခွင့် တောင်းခံထားသည်ဟု ဆိုသည်။

China National Biotec Group (CNBG) ၏ ဒုတိယဥက္ကဌ ကျန်းယင်ထောင်က ၂ ကြိမ်ထိုးရမည့် ကာကွယ်ဆေးများကို နိုင်ငံ့ဆေးဝါးထိန်းကွပ်ရေးအဖွဲ့ထံမှ အတည်ပြုချက် တောင်းခံထားကြောင်း၊ ခွင့်ပြုချက်ရပါက ဆေး ၂ ကြိမ်ထိုးစာအတွက် ယွမ်ငွေ ၆၀၀ (ကန်ဒေါ်လာ ၈၈- မြန်မာငွေ ၁၁၆၀၀၀/ စက်တင်ဘာ ၂၂ ရက် ငွေလဲနှုန်းအရ) ဖြင့် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားရာ ပြီးခဲ့သောလက ခန့်မှန်းခဲ့သည့် ယွမ် ၁၀၀၀ အောက် နည်းပါးသည့် ဈေးနှုန်း ဖြစ်သည်။

“ကာကွယ်ဆေးတွေကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖြန့်ဖြူးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် မရေရာမှုတွေလည်း ရှိပါတယ်” ဟု ကျန်းယင်ထောင်က ပြောကြားသည်။

ခွင့်ပြုချက်ရမည်ဆိုပါကလည်း အရေးပေါ်အနေအထားမျိုးဖြင့် လူသားအားလုံး ရောဂါကာကွယ်နိုင်ရေးရည်ရွယ်ချက်ဖြင့်သာဖြစ်ကြောင်း ကျန်းယင်ထောင်က ဆိုသည်။

အမျိုးသား ဆေးဝါးထုတ်ကုန်များကွပ်ကဲရေး (NMPA) သည် စမ်းသပ်မှုအဆင့်များ မပြီးသေးသည့် ဆေးဝါးတစ်ခုကို အရေးပေါ် အခြေအနေဖြင့် အတည်ပြုပေးနိုင်သည်။ သို့သော် ကနဦးစမ်းသပ်ချက်များတွင် အစွမ်းအာနိသင်ရှိကြောင်း ပြသမှုများ ရှိရမည် ဖြစ်သည်။

ယာယီခွင့်ပြုထားသည့် ဆေးဝါးသည် စမ်းသပ်မှုများကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး အပြီးသတ် အတည်ပြုချက်ရရန် စမ်းသပ်မှုလုပ်ငန်းစဉ်ကို အပြီးသတ်လုပ်ဆောင်ရမည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ရေရည်မှာ ဒီဆေးက ဆိုးကျိုးသက်ရောက်မှုတွေ ရှိမလားဆိုတာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်နဲ့ ထိတွေ့မိတဲ့အခါ ပြင်းထန်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေရှိမလားဆိုတာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ အဆင့် ၃ စမ်းသပ်မှုတွေ စဉ်ဆက်မပြတ်ပြုလုပ်ပြီးမှ ကျွန်တော်တို့ဟာ အပြီးသတ်အတည်ပြုချက် ရရှိမှာ ဖြစ်ပါတယ်” ဟု ကျန်းယင်ထောင်က ပြောကြားသည်။

ကုမ္ပဏီအနေဖြင့် အခြေခံအလုပ်သမားလူတန်းစားမှ စတင်ပြီး ကာကွယ်ဆေးထိုးနှံပေးသွားရန် မျှော်မှန်းထားကြောင်း၊ အထူးသဖြင့် စာပို့သမားများနှင့် ဖြန့်ချိရေးသမားများကဲ့သို့ လူများစွာနှင့် ထိတွေ့နေရသူများကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ပြည်သူတစ်ရပ်လုံးကိုတော့ လာမယ့် ၂ နှစ် (သို့မဟုတ်) ၃ နှစ်အတွင်း ကာကွယ်ဆေးထိုးပေးနိုင်မှာ ဖြစ်ပါတယ်”

CNBG သည် ၎င်း၏ ကာကွယ်ဆေး ၂ မျိုးကို တရုတ်ပြည်ပြင်ပ နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် စမ်းသပ်နေရာ ဘရာဇီးနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ ပါဝင်သည်။

ကာကွယ်ဆေးသစ်များ ထုတ်လုပ်ပါက ဘေးကင်းမှုနှင့် ထိရောက်မှုကို သိနိုင်ရန် အနည်းဆုံး လူပေါင်း ၄၀၀၀၀ ခန့်တွင် စမ်းသပ်ထိုးနှံရသည်။

ကာကွယ်ဆေးထိုးထားသည့်အုပ်စုနှင့် ထိုးမထားသည့်အုပ်စု ၂ ခုအကြား ရလဒ်များကို နှိုင်းယှဉ်ကာ ထိရောက်မှုအား သုံးသပ်ရခြင်း ဖြစ်သည်။

CNBG က ထုတ်လုပ်သည့် ကာကွယ်ဆေးမှာ Inactivated vaccine အမျိုးအစားဖြစ်သည်။

Inactivated vaccine ဟူသည်မှာ ဗိုင်းရပ်စ်အသေများကို အသုံးပြုကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ရောဂါကာကွယ်မှုအတွက် အားမကောင်းလှဘဲ ကာကွယ်မှု အမြဲရနေရန် မကြာခဏ ကာကွယ်ဆေးထိုးနေရသည့် အမျိုးအစားဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese drug firm aims to roll out US$88 vaccine this year (SCMP)

 

[Zawgyi]

တရုတ္က ၈၈ ေဒၚလာ (ျမန္မာေငြ တစ္သိန္းေက်ာ္)တန္ ကိုဗစ္ကာကြယ္ေဆး ယခုႏွစ္အတြင္း ျဖန္႔ခ်ိမည္

တရုတ္ ႏိုင္ငံပိုင္ ေဆးဝါးကုမၸဏီ ၂ ခုက ထုတ္လုပ္ေသာ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ၂ မ်ဳိးကို ျပည္သူမ်ားထံ ကုသခြင့္ ေတာင္းခံထားသည္ဟု ဆိုသည္။

China National Biotec Group (CNBG) ၏ ဒုတိယဥကၠဌ က်န္းယင္ေထာင္က ၂ ၾကိမ္ထုိးရမည့္ ကာကြယ္ေဆးမ်ားကို ႏိုင္ငံ့ေဆးဝါးထိန္းကြပ္ေရးအဖြဲ႔ထံမွ အတည္ျပဳခ်က္ ေတာင္းခံထားေၾကာင္း၊ ခြင့္ျပဳခ်က္ရပါက ေဆး ၂ ၾကိမ္ထုိးစာအတြက္ ယြမ္ေငြ ၆၀၀ (ကန္ေဒၚလာ ၈၈- ျမန္မာေငြ ၁၁၆၀၀၀/ စက္တင္ဘာ ၂၂ ရက္ ေငြလဲႏႈန္းအရ) ျဖင့္ ျဖန္႔ျဖဴးေပးႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားရာ ျပီးခဲ့ေသာလက ခန္႔မွန္းခဲ့သည့္ ယြမ္ ၁၀၀၀ ေအာက္ နည္းပါးသည့္ ေစ်းႏႈန္း ျဖစ္သည္။

“ကာကြယ္ေဆးေတြကို ဒီႏွစ္ကုန္ပိုင္းေလာက္မွာ ျဖန္႔ျဖဴးႏိုင္မယ္လို႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္။ ဒါေပမယ့္ မေရရာမႈေတြလည္း ရွိပါတယ္” ဟု က်န္းယင္ေထာင္က ေျပာၾကားသည္။

ခြင့္ျပဳခ်က္ရမည္ဆိုပါကလည္း အေရးေပၚအေနအထားမ်ဳိးျဖင့္ လူသားအားလံုး ေရာဂါကာကြယ္ႏိုင္ေရးရည္ရြယ္ခ်က္ျဖင့္သာျဖစ္ေၾကာင္း က်န္းယင္ေထာင္က ဆိုသည္။

အမ်ဳိးသား ေဆးဝါးထုတ္ကုန္မ်ားကြပ္ကဲေရး (NMPA) သည္ စမ္းသပ္မႈအဆင့္မ်ား မျပီးေသးသည့္ ေဆးဝါးတစ္ခုကို အေရးေပၚ အေျခအေနျဖင့္ အတည္ျပဳေပးႏိုင္သည္။ သို႔ေသာ္ ကနဦးစမ္းသပ္ခ်က္မ်ားတြင္ အစြမ္းအာနိသင္ရွိေၾကာင္း ျပသမႈမ်ား ရွိရမည္ ျဖစ္သည္။

ယာယီခြင့္ျပဳထားသည့္ ေဆးဝါးသည္ စမ္းသပ္မႈမ်ားကို ျပီးစီးေအာင္ ဆက္လက္ေဆာင္ရြက္ရမည္ျဖစ္ျပီး အျပီးသတ္ အတည္ျပဳခ်က္ရရန္ စမ္းသပ္မႈလုပ္ငန္းစဥ္ကို အျပီးသတ္လုပ္ေဆာင္ရမည္ ျဖစ္သည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ ေရရည္မွာ ဒီေဆးက ဆိုးက်ဳိးသက္ေရာက္မႈေတြ ရွိမလားဆိုတာ စစ္ေဆးဖို႔ လိုအပ္ပါတယ္။ အထူးသျဖင့္ ဗိုင္းရပ္စ္နဲ႔ ထိေတြ႔မိတဲ့အခါ ျပင္းထန္တဲ့ ဆိုးက်ဳိးသက္ေရာက္မႈေတြရွိမလားဆိုတာ စစ္ေဆးရမွာ ျဖစ္ပါတယ္။ အဆင့္ ၃ စမ္းသပ္မႈေတြ စဥ္ဆက္မျပတ္ျပဳလုပ္ျပီးမွ ကၽြန္ေတာ္တို႔ဟာ အျပီးသတ္အတည္ျပဳခ်က္ ရရွိမွာ ျဖစ္ပါတယ္” ဟု က်န္းယင္ေထာင္က ေျပာၾကားသည္။

ကုမၸဏီအေနျဖင့္ အေျခခံအလုပ္သမားလူတန္းစားမွ စတင္ျပီး ကာကြယ္ေဆးထိုးႏွံေပးသြားရန္ ေမွ်ာ္မွန္းထားေၾကာင္း၊ အထူးသျဖင့္ စာပို႔သမားမ်ားႏွင့္ ျဖန္႔ခ်ိေရးသမားမ်ားကဲ့သို႔ လူမ်ားစြာႏွင့္ ထိေတြ႔ေနရသူမ်ားကို ကာကြယ္ေဆးထိုးေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

“ျပည္သူတစ္ရပ္လံုးကိုေတာ့ လာမယ့္ ၂ ႏွစ္ (သို႔မဟုတ္) ၃ ႏွစ္အတြင္း ကာကြယ္ေဆးထိုးေပးႏိုင္မွာ ျဖစ္ပါတယ္”

CNBG သည္ ၎၏ ကာကြယ္ေဆး ၂ မ်ဳိးကို တရုတ္ျပည္ျပင္ပ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံတြင္ စမ္းသပ္ေနရာ ဘရာဇီးႏွင့္ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုတို႔ ပါဝင္သည္။

ကာကြယ္ေဆးသစ္မ်ား ထုတ္လုပ္ပါက ေဘးကင္းမႈႏွင့္ ထိေရာက္မႈကို သိႏိုင္ရန္ အနည္းဆံုး လူေပါင္း ၄၀၀၀၀ ခန္႔တြင္ စမ္းသပ္ထိုးႏွံရသည္။

ကာကြယ္ေဆးထိုးထားသည့္အုပ္စုႏွင့္ ထိုးမထားသည့္အုပ္စု ၂ ခုအၾကား ရလဒ္မ်ားကို ႏႈိင္းယွဥ္ကာ ထိေရာက္မႈအား သံုးသပ္ရျခင္း ျဖစ္သည္။

CNBG က ထုတ္လုပ္သည့္ ကာကြယ္္ေဆးမွာ Inactivated vaccine အမ်ဳိးအစားျဖစ္သည္။

Inactivated vaccine ဟူသည္မွာ ဗိုင္းရပ္စ္အေသမ်ားကို အသံုးျပဳကာ ထုတ္လုပ္ထားျခင္းျဖစ္သည္။ ေရာဂါကာကြယ္မႈအတြက္ အားမေကာင္းလွဘဲ ကာကြယ္မႈ အျမဲရေနရန္ မၾကာခဏ ကာကြယ္ေဆးထိုးေနရသည့္ အမ်ဳိးအစားျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:  Chinese drug firm aims to roll out US$88 vaccine this year (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service