ကိုရိုနာဗိုင်းရပ်စ်သည် အသက်ရှူထုတ်လိုက်သောလေမှပင်လျှင် ကူးစက်နိုင်ကြောင်း CDC ၏ လမ်းညွှန်ချက်တွင် ဖော်ပြ
ကိုရိုနာဗိုင်းရပ်စ်သည် အသက်ရှူထုတ်လိုက်သောလေမှပင်လျှင် ကူးစက်နိုင်ကြောင်း CDC ၏ လမ်းညွှန်ချက်တွင် ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
22 Sep 2020 12:37 pm တွင် တင်ခဲ့သည်
1408 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CDC) သည် ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းသည့် လမ်းညွှန်ချက်ကို ပြုပြင်ပြောင်းလဲလိုက်ရာ ကိုရိုနာဗိုင်းရပ်စ်သည် အသက်ရှှူလမ်းကြောင်းဆိုင်ရာ လေထုအမှုန်များမှတဆင့် ကူးစက်နိုင်ပြီး လူတစ်ဦး အသက်ရှူထုတ်လိုက်သည့် အမှုန်များမှပင်လျှင် ကူးစက်နိုင်ကြောင်း လမ်းညွှန်ထားသည်။
“Covid-19 အပါအဝင် လေကသယ်ဆောင်နိုင်တဲ့ ဗိုင်းရပ်စ်တွေဟာ ကူးစက်မှုအများဆုံးနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့အထဲမှာ ပါဝင်ပါတယ်” ဟု CDC ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
CDC ၏ ဝက်ဘ်ဆိုက်တွင် ယခင်က ဖော်ပြခဲ့သည်မှာ Covid-19 သည် လူချင်းအနီးကပ်ထိတွေ့မှုမှတဆင့် ကူးစက်ခြင်းဖြစ်ကြောင်း ၊ ရောဂါကူးစက်ခံထားရသူတစ်ဦး ချောင်းဆိုး၊ နှာချေ၊ စကားပြောချိန်များတွင် ၆ ပေထက် နီးကပ်စွာ သွားရောက်မိသူတို့ ကူးစက်ခံရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ယခုအခါ CDC ၏ ဝက်ဘ်ဆိုက်တွင် သောကြာနေ့က လမ်းညွှန်မှု ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ထားရာ ရောဂါရှိသူတစ်ဦး ချောင်ဆိုးခြင်း၊ နှာချေခြင်း၊ သီချင်းဆိုခြင်း၊ စကားပြောခြင်းနှင့် အသက်ရှူထုတ်လိုက်သည့် လေတို့မှတဆင့် ကူးစက်နိုင်ကြောင်း ပြောင်းလဲ ရေးသားထုတ်ပြန်ထားသည်။
ဗိုင်းရပ်စ်ပါသည့် လေထုအမှုန်များကို နှာခေါင်း၊ ပါးစပ်၊ အသက်ရှူလမ်းကြောင်းနှင့် အဆုပ်များဆီသို့ ရှူသွင်းမိရာမှ ရောဂါကူးစက်နိုင်ကြောင်း၊ အဆိုပါနည်းလမ်းသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေရခြင်း၏ အဓိကလမ်းကြောင်းဖြစ်ကြောင်း CDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
CDC ၏ ယခုထုတ်ပြန်ချက်တွင် ဗိုင်းရပ်စ်ပါသည့် အရည်မှုန်များ၊ လေထုမှသယ်ဆောင်နိုင်သည့်အမှုန်များသည် လေထုထဲတွင် ကြာရှည်တည်နေနိုင်ပြီး အခြားသူတစ်ဦး၏ ရှူသွင်းမိခြင်းမျိုး ဖြစ်နိုင်ကြောင်း၊ အဆိုပါအမှုန်တို့သည် ၆ ပေအထက် ရောက်ရှိနိုင်ကြောင်း၊ ဥပမာအားဖြင့် ဓမ္မတေးသံစုံအဖွဲ့တို့၏ လေ့ကျင့်မှုနေရာများ၊ စားသောက်ဆိုင်များနှင့် အားကစားလေ့ကျင့်ရေးနေရာများတွင်ဖြစ်ကြောင်း ဖော်ပြသည်။
ယေဘုယျအားဖြင့် လေဝင်လေထွက်မကောင်းသည့် အဆောက်အအုံတွင်းနေရာများသည် ရောဂါကူးစက်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း CDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခင်က CDC မှ သတိပေးခဲ့သည်မှာ အနည်းဆုံး ၆ ပေအကွာ လူမှုအလှမ်းခွါ နေထိုင်ကြရန်၊ လက်ဆေးရန်၊ စားပွဲ ကောင်တာ စသည့် မျက်နှာပြင်နေရာများကို ပုံမှန်ပိုးသတ် သန့်စင်ရန်၊ အခြားသူတို့အနီးသွားသည့်အခါ ပါးစပ်နှင့် နှာခေါင်းတို့ကို mask ဖြင့် အုပ်ကာထားရန် အစရှိသည်တို့ သတိပေးခဲ့သည်။
ယခုသတိပေးချက်တွင် ဖော်ပြသည်ကား ဖြစ်နိုင်သည့်အခါတိုင်း အနည်းဆုံး ၆ ပေခွါနေရန်၊ mask တပ်ရန်၊ မျက်နှာပြင်များ ပိုးသတ်သန့်စင်ရန် အစရှိသည့်အချက်များ ပြန်ပါလာသည်။ ထပ်မံဖြည့်စွက်လာသည်မှာ ပြည်သူများအနေဖြင့် နေအိမ်တွင်သာ နေသင့်ကြောင်း၊ နေမကောင်းပါက သီးခြားနေထိုင်ရန်၊ အဆောက်အအုံတွင်းနေရာများတွင် ရောဂါပိုးပါသည့် လေထုအမှုန်များ လျှော့ချနိုင်ရန်အတွက် လေသန့်စင်စက်များအသုံးပြုရန် အစရှိသည့်အချက်များ ပါဝင်လာသည်။
ထို့အပြင် CDC ၏ ယခုထုတ်ပြန်ချက်တွင် ရောဂါလက္ခဏာ မပြဘဲ ကူးစက်မှုများနှင့် စပ်လျဉ်းပြီး ဖော်ပြပုံများ ပြောင်းလဲလာသည်။
ယခင်က လမ်းညွှန်ဖော်ပြခဲ့သည်မှာ ရောဂါလက္ခဏာမပြသူတို့ထံမှ အခြားသူများထံ ရောဂါကူးစက်မှု ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု ဖော်ပြခဲ့ပြီး ယခုဖော်ပြချက်တွင်မူ ရောဂါကူးစက်ခံထားရပြီး လက္ခဏာမပြသူများသည် အခြားသူများထံ ရောဂါကူးစက်နိုင်သည်ဟု ဖော်ပြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Updated CDC guidance acknowledges coronavirus can spread through the air(CNN)
[Zawgyi]
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CDC) သည် ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းသည့် လမ်းညွှန်ချက်ကို ပြုပြင်ပြောင်းလဲလိုက်ရာ ကိုရိုနာဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ လေထုအမှုန်များမှတဆင့် ကူးစက်နိုင်ပြီး လူတစ်ဦး အသက်ရှူထုတ်လိုက်သည့် အမှုန်များမှပင်လျှင် ကူးစက်နိုင်ကြောင်း လမ်းညွှန်ထားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
imyanmarmarket
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service