နှစ်ပတ်ပိတ်ထားရသည့် စက်ရုံ၊အလုပ်ရုံမှ အလုပ်သမားများအတွက် လုပ်ခလစာထောက်ပံ့ပေးရန် အစိုးရစီစဉ်

နှစ်ပတ်ပိတ်ထားရသည့် စက်ရုံ၊အလုပ်ရုံမှ အလုပ်သမားများအတွက် လုပ်ခလစာထောက်ပံ့ပေးရန် အစိုးရစီစဉ် - Property News in Myanmar from iMyanmarHouse.com
22 Sep 2020 12:17 pm တွင် တင်ခဲ့သည်
3972 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းယာယီပိတ်သိမ်းမည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကို ပိတ်ရက်ကာလအတွက် လုပ်ခ၊လစာ ထောက်ပံ့ပေးနိုင်ရေး အစိုးရက ဆောင်ရွက်နေသည်။

ထိုကိစ္စနှင့်စပ်လျဉ်း၍ UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

ကိုဗစ်-၁၉ ရောဂါအခြေအ နေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀၊ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ယာယီပိတ်သိမ်းမည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများကို ပိတ်ရက်ကာလအတွက် လုပ်ခ၊ လစာ ထောက်ပံ့ ပေးနိုင်ရေးအတွက် ဝန်ကြီးဦးသိန်းဆွေက ကုန်သည်စက်မှုအသင်းချုပ်မှ လုပ်ငန်းရှင်များနှင့်တွေဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုအတွက် UMFCCI ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ပေး ကြရန်နှင့်ကောင်းမွန်သည့် အကြံဉာဏ်များရှိပါက ပေးကြရန်နှင့်လုပ်ငန်းရှင်များ အနေဖြင့် ရှေ့ဆက်လက်ပူးပေါင်းလုပ်ဆောင်မည့်အစီအစဉ်များနှင့် ကြေညာချက်အပေါ် သဘောထားအမြင်များ၊ အကြံဉာဏ်များကို ပွင့်ပွင့်လင်းလင်းပေးအပ်သွားကြရန် ဝန်ကြီးကပြောသည်။

နေအိမ်တွင်နေထိုင်ရေး (Stay at Home) ကာလအား ၂ ပတ် သတ်မှတ်ထားသည်။ထိုကြောင့် ပြည်သူအားလုံးမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာ ဆောင်ရွက် သွားပါကရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီး ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျသွားနိုင် မည်ဖြစ်ကြောင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အခိုင်အမာပြောကြားထားရှိသည်ဟု ဝန်ကြီးကဆိုသည်။ထိုပြင် ယခုလိုဆောင်ရွက်ရာတွင် စက်ရုံ၊အလုပ်ရုံများ ယာယီပိတ်သိမ်းရသည့်အတွက် အလုပ်လက်မဲ့ဖြစ်ပွားသည့် အလုပ်သမားများအတွက် လုပ်ခလစာ၊ အခကြေးငွေများကို မည်ကဲ့သို့ ထောက်ပံ့ပေးမည့် အစီအစဉ်အတွက်လုပ်ငန်းရှင်များနှင့် ယခုကဲ့သို့ဆွေးနွေးရခြင်း ဖြစ်သည်ဟု ဦးသိန်းဆွေကပြောသည်။

ဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းထားသည့် အလုပ်သမားများအတွက် လူမှုရေးထောက်ပံ့ကူညီမှုများကို ဥပဒေနှင့်အညီ ပေးအပ်သွားရန် စီစဉ်ထားရှိသည်ဟုဆိုသည်။

လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိသည့် အလုပ်သမားများ အတွက် နိုင်ငံတော်အစိုးရမှလည်း ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိပြီး အလုပ်ရှင်များကလည်း ပူးပေါင်းပြီး အလုပ်သမားများအား တတ်နိုင်သမျှထောက်ပံ့ ပေးစေလိုသည်ဟု ဝန်ကြီးကပြောသည်။

ထိုသို့ ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် ဆွေးနွေး၍ ပြန်လည်တင်ပြသွားမည်ဟု ကုန်သည်စက်မူအသင်းချုပ်ဥက္ကဌကဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓါတ်ခွဲအတည်ပြုလူနာများ များပြားလာသဖြင့် ရောဂါကူး ဆက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူများအားကို နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာခဲ့ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႏွစ္ပတ္ပိတ္ထားရသည့္ စက္႐ုံ၊အလုပ္႐ုံမွ အလုပ္သမားမ်ားအတြက္ လုပ္ခလစာေထာက္ပံ့ေပးရန္ အစိုးရစီစဥ္

ကိုဗစ္-၁၉ ကပ္ေရာဂါအေျခအေနေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းယာယီပိတ္သိမ္းမည့္ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ အလုပ္သမားမ်ားကို ပိတ္ရက္ကာလအတြက္ လုပ္ခ၊လစာ ေထာက္ပံ့ေပးႏိုင္ေရး အစိုးရက ေဆာင္႐ြက္ေနသည္။

ထိုကိစၥႏွင့္စပ္လ်ဥ္း၍ UMFCCI မွ တာဝန္႐ွိပုဂၢိဳလ္မ်ား ႏွင့္ ညႇိႏိႈင္းေဆြးေႏြးပြဲကို စက္တင္ဘာလ ၂၁ ရက္တြင္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ Video Conferencing ျဖင့္ က်င္းပသည္။

ကိုဗစ္-၁၉ ေရာဂါအေျခအ ေနေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၂၀၊ စက္တင္ဘာ ၂၄ ရက္မွ ေအာက္တိုဘာ ၇ ရက္အထိ ယာယီပိတ္သိမ္းမည့္ စက္႐ုံ၊အလုပ္႐ုံမ်ားမွ အလုပ္သမားမ်ားကို ပိတ္ရက္ကာလအတြက္ လုပ္ခ၊ လစာ ေထာက္ပံ့ ေပးႏိုင္ေရးအတြက္ ဝန္ႀကီးဦးသိန္းေဆြက ကုန္သည္စက္မႈအသင္းခ်ဳပ္မွ လုပ္ငန္း႐ွင္မ်ားႏွင့္ေတြဆုံေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ထိုအတြက္ UMFCCI ဥကၠ႒ႏွင့္တာဝန္႐ွိသူမ်ားက ပူးေပါင္း ေဆာင္႐ြက္ေပး ၾကရန္ႏွင့္ေကာင္းမြန္သည့္ အၾကံဉာဏ္မ်ား႐ွိပါက ေပးၾကရန္ႏွင့္လုပ္ငန္း႐ွင္မ်ား အေနျဖင့္ ေ႐ွ႕ဆက္လက္ပူးေပါင္းလုပ္ေဆာင္မည့္အစီအစဥ္မ်ားႏွင့္ ေၾကညာခ်က္အေပၚ သေဘာထားအျမင္မ်ား၊ အၾကံဉာဏ္မ်ားကို ပြင့္ပြင့္လင္းလင္းေပးအပ္သြားၾကရန္ ဝန္ႀကီးကေျပာသည္။

ေနအိမ္တြင္ေနထိုင္ေရး (Stay at Home) ကာလအား ၂ ပတ္ သတ္မွတ္ထားသည္။ထိုေၾကာင့္ ျပည္သူအားလုံးမွ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို တိတိက်က်လိုက္နာ ေဆာင္႐ြက္ သြားပါကေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ၿပီး ေရာဂါျဖစ္ပြားမႈႏႈန္း ေလ်ာ့က်သြားႏိုင္ မည္ျဖစ္ေၾကာင္းကို က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွ အခိုင္အမာေျပာၾကားထား႐ွိသည္ဟု ဝန္ႀကီးကဆိုသည္။ထိုျပင္ ယခုလိုေဆာင္႐ြက္ရာတြင္ စက္႐ုံ၊အလုပ္႐ုံမ်ား ယာယီပိတ္သိမ္းရသည့္အတြက္ အလုပ္လက္မဲ့ျဖစ္ပြားသည့္ အလုပ္သမားမ်ားအတြက္ လုပ္ခလစာ၊ အခေၾကးေငြမ်ားကို မည္ကဲ့သို႔ ေထာက္ပံ့ေပးမည့္ အစီအစဥ္အတြက္လုပ္ငန္း႐ွင္မ်ားႏွင့္ ယခုကဲ့သို႔ေဆြးေႏြးရျခင္း ျဖစ္သည္ဟု ဦးသိန္းေဆြကေျပာသည္။

ဝန္ႀကီးဌာနအေနျဖင့္ လူမႈဖူလုံေရး ထည့္ဝင္ေၾကးေပးသြင္းထားသည့္ အလုပ္သမားမ်ားအတြက္ လူမႈေရးေထာက္ပံ့ကူညီမႈမ်ားကို ဥပေဒႏွင့္အညီ ေပးအပ္သြားရန္ စီစဥ္ထား႐ွိသည္ဟုဆိုသည္။

လူမႈဖူလုံေရးထည့္ဝင္ေၾကး ေပးသြင္းထားျခင္းမ႐ွိသည့္ အလုပ္သမားမ်ား အတြက္ ႏိုင္ငံေတာ္အစိုးရမွလည္း ေထာက္ပံ့ေပးရန္ စီစဥ္လ်က္႐ွိၿပီး အလုပ္႐ွင္မ်ားကလည္း ပူးေပါင္းၿပီး အလုပ္သမားမ်ားအား တတ္ႏိုင္သမွ်ေထာက္ပံ့ ေပးေစလိုသည္ဟု ဝန္ႀကီးကေျပာသည္။

ထိုသို႔ ေထာက္ပံ့ကူညီေပးႏိုင္ေရးအတြက္ သက္ဆိုင္ရာ အဖြဲ႕အစည္းအလိုက္ ေဆြးေႏြး၍ ျပန္လည္တင္ျပသြားမည္ဟု ကုန္သည္စက္မူအသင္းခ်ဳပ္ဥကၠဌကဆိုသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဓါတ္ခြဲအတည္ျပဳလူနာမ်ား မ်ားျပားလာသျဖင့္ ေရာဂါကူး ဆက္ျပန္႔ႏွံ႔မႈကို ပိုမိုထိေရာက္စြာထိန္းခ်ဳပ္ႏိုင္ရန္ အတြက္ ရန္ကုန္တိုင္းေဒသႀကီးတြင္ေနထိုင္သူမ်ားအားကို ေနအိမ္တြင္ေနထိုင္ေရး (Stay at Home) အစီအစဥ္တြင္ အက်ံဳးဝင္ေၾကာင္းေၾကညာခဲ့ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service