Amazon တွင် အစွန်းချွတ်ဆေးကို ကိုဗစ်ကုသဆေးအဖြစ် ဝယ်ယူသူ များပြားနေ

Amazon တွင် အစွန်းချွတ်ဆေးကို ကိုဗစ်ကုသဆေးအဖြစ် ဝယ်ယူသူ များပြားနေ - Property News in Myanmar from iMyanmarHouse.com
21 Sep 2020 11:50 am တွင် တင်ခဲ့သည်
18377 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်အင်တာနက် ကူးသန်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဖြစ်သော Amazon.com တွင် စက်မှုလုပ်ငန်းသုံး အစွန်းချွတ်ဆေးများကို Covid-19 ကုသနိုင်သည့် နတ်ဆေး (miracle cure) အဖြစ် လွဲမှားစွာ ယုံကြည်ပြီး ဝယ်ယူနေကြသူများ ရှိနေသည်။

အစွန်းချွတ်ဆေးကို သောက်သုံးလျှင် သေဆုံးနိုင်ကြောင်း အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု (FDA) ၏ သတိပေးချက်များ ရှိနေသည့်ကြားမှ ယခုကဲ့သို့ ဝယ်ယူမှုများ ပေါ်ပေါက်နေခြင်းလည်း ဖြစ်သည်။

ကလိုရင်းဒိုင်အောက်ဆိုက်ဒ် အစွန်းချွတ်ဆေးရည်များကို Amazon ဝက်ဘ်ဆိုက်တွင် CD Kit နှင့် NatriChlor ဟူသော အမှတ်တံဆိပ်များဖြင့် ရောင်းချလျက်ရှိသည်။

ဈေးကွက်တင်ရောင်းချသူတို့က လူများသောက်သုံးရန် ရည်ရွယ်ရောင်းချခြင်းမဟုတ်သော်လည်း Amazon တွင် ဝင်ရောက်ဝယ်ယူ အားပေးသူများ၏ မှတ်ချက်ပြုချက်များ (Comments) တွင်မူ အဆိုပါ အရည်ကို မိမိကိုယ်မိမိ ပိုးသတ်ရန် အသုံးပြုကြောင်း မှတ်ချက်ရေးသားမှုများ ရှိသည်။

ထိုသို့ ပြောကြားပုံများမှာ ယခုနှစ် ဧပြီလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်ဖြစ်သော Covid-19 ရောဂါကို ကုသရန် ပိုးသတ်ဆေးရည်များကို ထိုးဆေးအဖြစ် ထိုးရန်အကြံပြုချက်နှင့် တူညီနေသည်။

ဝယ်ယူအားပေးသူတစ်ဦးက စပိန်ဘာသာဖြင့် မှတ်ချက်ပြုရေးသားရာတွင် ၎င်းတို့မိသားစုသည် အမေရိကန်သို့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဝင်ရောက်လာချိန်မှစတင်ပြီး အစွန်းချွတ်ဆေးကို အသုံးပြုခဲ့ကြောင်း၊ လူအများစုမှာ ယုံကြည်မှုမရှိကြသေးကြောင်း၊ အစွန်းချွတ်ဆေးသည် မိမိတို့ကို များစွာအကျိုးပြုခဲ့သည်ဟု အခိုင်အမာပြောလိုကြောင်း မှတ်ချက်ပြုရေးသားထားသည်။

Amazon ၏ အခြားဖောက်သည်တစ်ဦးက မှတ်ချက်ပြုရေးသားရာတွင်လည်း “ကျွန်တော်အမေ၊ အသက် ၇၇ ရှိပါပြီ။ ကိုရိုနာ..ကိုဗစ် အကူးခံလိုက်ရပြီးတော့ တစ်ကိုယ်လုံး ကိုက်ခဲတယ်။ ဗိုက်မကောင်းဘူး၊ ခေါင်းအရမ်းကိုက်တယ်၊ အားကုန်တာတွေ ဖြစ်တယ်။ အဲဒီမှာ အမေက နတ်ဆေး (အစွန်းချွတ်ဆေး) ကို သောက်လိုက်တယ်။ ကျွန်တော်နောက်နေတာ မဟုတ်ပါဘူး။ နောက်နေ့မှာ တစ်ဝက်လောက် သက်သက်သွားတယ်။ နောက်တစ်ရက်ကြာတော့ လုံးဝကောင်းသွားတယ်” ဟု မှတ်ချက်ပြုထားသည်။

အစွန်းချွတ်ဆေးကို ဆေးသဖွယ်သောက်သုံးရန် အားပေးကြသူတို့က အံ့ဖွယ်သဘာဝတွင်းထွက်ဖြည့်စွက်ဆေး (MMS) ဟု အမည်ပေးထားကြသည်။

Amazon တွင် ရောင်းချနေသော အစွန်းချွတ်ဆေးများကို အခြေခံအားဖြင့် အသုံးပြုကြသည်မှာ အထည်အလိပ် ထုတ်လုပ်ရေးနှင့် ပျော့ဖတ်အရောင်ချွတ်ခြင်းနှင့် စက္ကူထုတ်လုပ်ရေးတို့တွင် အသုံးပြုခြင်း ဖြစ်သည်။

အစွန်းချွတ်ဆေး ပမာဏအနည်းငယ်ဖြင့် ရေကို ပိုးသတ်ရန် အသုံးပြုနိုင်သော်လည်း နတ်ဆေးသဖွယ် သောက်သုံးနေကြမှုများမှာ ဘေးအန္တရာယ်ကင်းမှု အတိုင်းအတာထက် များစွာကျော်လွန်နေသည်။

MMS ကို အားပေးထောက်ခံသူတို့က အဆိုပါအရည်သည် ရောဂါအားလုံး ကုသပေးနိုင်ကြောင်း၊ ငှက်ဖျား၊ အေအိုင်ဒီအက်စ်၊ ကင်ဆာနှင့် ယခုပျံ့ပွားနေသည့် Covid-19 တို့ ပျောက်ကင်းကြောင်း မှားယွင်းစွာ ပြောကြားလျက်ရှိကြသည်။

အမေရိကန် အဆိပ်ထိန်းချုပ်ရေးစင်တာများ အသင်း (AAPCC) ၏ မှတ်တမ်းအရ ကလိုရင်းဒိုင်အောက်ဆိုက်ဒ်အဆိပ်သင့်မှု ဖြစ်ရပ်ပေါင်း ၁၆၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ ထိုပမာဏတွင် အသက် ၁၂ နှစ်အောက် ကလေးငယ် ၂၅၀၀ ကျော်၏ အဆိပ်သင့်မှုဖြစ်ရပ်များ ပါဝင်ကြောင်း ဖော်ပြသည်။

အဆိုပါ အဆိပ်သင့်သူများစွာသည် ပြင်းထန်သည့် ဝေဒနာများ ခံစားခဲ့ကြရကြောင်း ၊ ထိုအထဲတွင် အသည်းအလုပ်မလုပ်သောကြောင့် လွန်ခဲ့သော ၃ နှစ်က ဆေးရုံတင်ခဲ့ရသည့် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း AAPCC ၏ မှတ်တမ်းတွင် ဖော်ပြသည်။

တောင်အမေရိကတိုက်တွင်လည်း အံ့ဖွယ်ကုသဆေးအဖြစ် ဈေးကွက်တင်ရောင်းသည့် အစွန်းချွတ်ဆေးများကို သောက်ကာ သေဆုံးကြသူ များစွာရှိနေသည်။

အာဂျင်တီးနားနိုင်ငံတွင်ဆိုလျှင် ယခုနှစ် သြဂုတ်လအတွင်း အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို Covid ကုသဆေးအဖြစ် ကလိုရင်းဒိုင်အောက်ဆိုက်ဒ်ကို တိုက်ကျွေးရာမှ သေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  Bleach touted as 'miracle cure' for Covid being sold on Amazon (The Guardian)

 

 

[Zawgyi]

Amazon တြင္ အစြန္းခၽြတ္ေဆးကို ကိုဗစ္ကုသေဆးအျဖစ္ ဝယ္ယူသူ မ်ားျပားေန

ကမၻာေက်ာ္အင္တာနက္ ကူးသန္းေရာင္းဝယ္ေရး ဝက္ဘ္ဆိုက္ျဖစ္ေသာ Amazon.com တြင္ စက္မႈလုပ္ငန္းသံုး အစြန္းခၽြတ္ေဆးမ်ားကို Covid-19 ကုသႏိုင္သည့္ နတ္ေဆး (miracle cure) အျဖစ္ လြဲမွားစြာ ယံုၾကည္ျပီး ဝယ္ယူေနၾကသူမ်ား ရွိေနသည္။

အစြန္းခၽြတ္ေဆးကို ေသာက္သုံးလွ်င္ ေသဆံုးႏိုင္ေၾကာင္း အေမရိကန္ အစားအစာႏွင့္ ေဆးဝါးကြပ္ကဲမႈ (FDA) ၏ သတိေပးခ်က္မ်ား ရွိေနသည့္ၾကားမွ ယခုကဲ့သို႔ ဝယ္ယူမႈမ်ား ေပၚေပါက္ေနျခင္းလည္း ျဖစ္သည္။

ကလိုရင္းဒိုင္ေအာက္ဆိုက္ဒ္ အစြန္းခၽြတ္ေဆးရည္မ်ားကို Amazon ဝက္ဘ္ဆိုက္တြင္ CD Kit ႏွင့္ NatriChlor ဟူေသာ အမွတ္တံဆိပ္မ်ားျဖင့္ ေရာင္းခ်လ်က္ရွိသည္။

ေစ်းကြက္တင္ေရာင္းခ်သူတို႔က လူမ်ားေသာက္သံုးရန္ ရည္ရြယ္ေရာင္းခ်ျခင္းမဟုတ္ေသာ္လည္း Amazon တြင္ ဝင္ေရာက္ဝယ္ယူ အားေပးသူမ်ား၏ မွတ္ခ်က္ျပဳခ်က္မ်ား (Comments) တြင္မူ အဆုိပါ အရည္ကို မိမိကိုယ္မိမိ ပိုးသတ္ရန္ အသံုးျပဳေၾကာင္း မွတ္ခ်က္ေရးသားမႈမ်ား ရွိသည္။

ထိုသို႔ ေျပာၾကားပံုမ်ားမွာ ယခုႏွစ္ ဧျပီလအတြင္း သမၼတ ေဒၚနယ္ထရမ့္၏ ေျပာၾကားခ်က္ျဖစ္ေသာ Covid-19 ေရာဂါကို ကုသရန္ ပိုးသတ္ေဆးရည္မ်ားကို ထိုးေဆးအျဖစ္ ထုိးရန္အၾကံျပဳခ်က္ႏွင့္ တူညီေနသည္။

ဝယ္ယူအားေပးသူတစ္ဦးက စပိန္ဘာသာျဖင့္ မွတ္ခ်က္ျပဳေရးသားရာတြင္ ၎တို႔မိသားစုသည္ အေမရိကန္သို႔ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ဝင္ေရာက္လာခ်ိန္မွစတင္ျပီး အစြန္းခၽြတ္ေဆးကို အသံုးျပဳခဲ့ေၾကာင္း၊ လူအမ်ားစုမွာ ယံုၾကည္မႈမရွိၾကေသးေၾကာင္း၊ အစြန္းခၽြတ္ေဆးသည္ မိမိတို႔ကို မ်ားစြာအက်ဳိးျပဳခဲ့သည္ဟု အခိုင္အမာေျပာလိုေၾကာင္း မွတ္ခ်က္ျပဳေရးသားထားသည္။

Amazon ၏ အျခားေဖာက္သည္တစ္ဦးက မွတ္ခ်က္ျပဳေရးသားရာတြင္လည္း “ကၽြန္ေတာ္အေမ၊ အသက္ ၇၇ ရွိပါျပီ။ ကိုရိုနာ..ကိုဗစ္ အကူးခံလိုက္ရျပီးေတာ့ တစ္ကိုယ္လံုး ကိုက္ခဲတယ္။ ဗိုက္မေကာင္းဘူး၊ ေခါင္းအရမ္းကိုက္တယ္၊ အားကုန္တာေတြ ျဖစ္တယ္။ အဲဒီမွာ အေမက နတ္ေဆး (အစြန္းခၽြတ္ေဆး) ကို ေသာက္လိုက္တယ္။ ကၽြန္ေတာ္ေနာက္ေနတာ မဟုတ္ပါဘူး။ ေနာက္ေန႔မွာ တစ္ဝက္ေလာက္ သက္သက္သြားတယ္။ ေနာက္တစ္ရက္ၾကာေတာ့ လံုးဝေကာင္းသြားတယ္” ဟု မွတ္ခ်က္ျပဳထားသည္။

အစြန္းခၽြတ္ေဆးကို ေဆးသဖြယ္ေသာက္သံုးရန္ အားေပးၾကသူတို႔က အံ့ဖြယ္သဘာဝတြင္းထြက္ျဖည့္စြက္ေဆး (MMS) ဟု အမည္ေပးထားၾကသည္။

Amazon တြင္ ေရာင္းခ်ေနေသာ အစြန္းခၽြတ္ေဆးမ်ားကို အေျခခံအားျဖင့္ အသံုးျပဳၾကသည္မွာ အထည္အလိပ္ ထုတ္လုပ္ေရးႏွင့္ ေပ်ာ့ဖတ္အေရာင္ခၽြတ္ျခင္းႏွင့္ စကၠဴထုတ္လုပ္ေရးတို႔တြင္ အသံုးျပဳျခင္း ျဖစ္သည္။

အစြန္းခၽြတ္ေဆး ပမာဏအနည္းငယ္ျဖင့္ ေရကို ပိုးသတ္ရန္ အသံုးျပဳႏိုင္ေသာ္လည္း နတ္ေဆးသဖြယ္ ေသာက္သံုးေနၾကမႈမ်ားမွာ ေဘးအႏၱရာယ္ကင္းမႈ အတိုင္းအတာထက္ မ်ားစြာေက်ာ္လြန္ေနသည္။

MMS ကို အားေပးေထာက္ခံသူတို႔က အဆိုပါအရည္သည္ ေရာဂါအားလံုး ကုသေပးႏိုင္ေၾကာင္း၊ ငွက္ဖ်ား၊ ေအအိုင္ဒီအက္စ္၊ ကင္ဆာႏွင့္ ယခုပ်ံ ႔ပြားေနသည့္ Covid-19 တို႔ ေပ်ာက္ကင္းေၾကာင္း မွားယြင္းစြာ ေျပာၾကားလ်က္ရွိၾကသည္။

အေမရိကန္ အဆိပ္ထိန္းခ်ဳပ္ေရးစင္တာမ်ား အသင္း (AAPCC) ၏ မွတ္တမ္းအရ ကလိုရင္းဒိုင္ေအာက္ဆိုက္ဒ္အဆိပ္သင့္မႈ ျဖစ္ရပ္ေပါင္း ၁၆၀၀၀ ေက်ာ္ ျဖစ္ပြားခဲ့ေၾကာင္း၊ ထိုပမာဏတြင္ အသက္ ၁၂ ႏွစ္ေအာက္ ကေလးငယ္ ၂၅၀၀ ေက်ာ္၏ အဆိပ္သင့္မႈျဖစ္ရပ္မ်ား ပါဝင္ေၾကာင္း ေဖာ္ျပသည္။

အဆိုပါ အဆိပ္သင့္သူမ်ားစြာသည္ ျပင္းထန္သည့္ ေဝဒနာမ်ား ခံစားခဲ့ၾကရေၾကာင္း ၊ ထိုအထဲတြင္ အသည္းအလုပ္မလုပ္ေသာေၾကာင့္ လြန္ခဲ့ေသာ ၃ ႏွစ္က ေဆးရံုတင္ခဲ့ရသည့္ အသက္ ၆ ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦးလည္း ပါဝင္ေၾကာင္း AAPCC ၏ မွတ္တမ္းတြင္ ေဖာ္ျပသည္။

ေတာင္အေမရိကတိုက္တြင္လည္း အံ့ဖြယ္ကုသေဆးအျဖစ္ ေစ်းကြက္တင္ေရာင္းသည့္ အစြန္းခၽြတ္ေဆးမ်ားကို ေသာက္ကာ ေသဆံုးၾကသူ မ်ားစြာရွိေနသည္။

အာဂ်င္တီးနားႏိုင္ငံတြင္ဆိုလွ်င္ ယခုႏွစ္ ၾသဂုတ္လအတြင္း အသက္ ၅ ႏွစ္အရြယ္ ေယာက်္ားေလးတစ္ဦးကို Covid ကုသေဆးအျဖစ္ ကလိုရင္းဒိုင္ေအာက္ဆိုက္ဒ္ကို တိုက္ေကၽြးရာမွ ေသဆံုးခဲ့မႈ ျဖစ္ေပၚခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bleach touted as 'miracle cure' for Covid being sold on Amazon (The Guardian)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service