ဆေးရုံတက်ရပါက တရက်လျှင် ကျပ်တစ်သောင်းရမည့် COVID-19 ကျန်းမာရေးအာမခံကို မြန်မာ့အာမခံလုပ်ငန်းက စတင်မိတ်ဆက်

ဆေးရုံတက်ရပါက တရက်လျှင် ကျပ်တစ်သောင်းရမည့် COVID-19 ကျန်းမာရေးအာမခံကို မြန်မာ့အာမခံလုပ်ငန်းက စတင်မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
21 Sep 2020 11:33 am တွင် တင်ခဲ့သည်
11536 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကျန်းမာရေးအာမခံ အကာအကွယ်ကို မြန်မာ့အာမခံလုပ်ငန်းက စက်တင်ဘာ ၁၇ ရက်တွင် မိတ်ဆက်ခဲ့သည်။

COVID-19 ကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူခြင်းနှင့် သေဆုံးခြင်းတို့ဖြစ်ပေါ်ပါက သတ်မှတ်ထားသည့် အကျိုးခံစားခွင့်အပေါ် ၄၀ ရာခိုင်နှုန်းထပ်ဆောင်း အကျိုးခံစားခွင့်ပြုကာ အာမခံသက်တမ်းတစ်နှစ်ဖြစ်သည်။ အကျိုးခံစားခွင့်မှာ ပုံမှန်ကျန်းမာရေးအာမခံအတွက် ဆေးရုံတက်ရောက်ပါက တစ်ရက် တစ်ယူနစ် ကျပ် ၁၀,၀၀၀၊ တစ်ရက် ၁၀ ယူနစ် ကျပ်တစ်သိန်း၊ရက်ပေါင်း ၆၀ အတွက် ကျပ် ခြောက်သိန်းနှင့် သေဆုံးခြင်းအတွက် တစ်ယူနစ် ကျပ် ၁၀ သိန်း၊၁၀ ယူနစ်ကျပ်သိန်း ၁၀၀ ဖြစ်သည်။

COVID-19 ရောဂါကြောင့် ဖြစ်ပါက တစ်ရက် တစ်ယူနစ် ကျပ် ၁၄,၀၀၀၊ တစ်ရက် ၁၀ ယူနစ် ကျပ် ၁၄၀,၀၀၀၊ ရက် ပေါင်း ၆၀ အတွက် ကျပ်ရှစ်သိန်းလေးသောင်းနှင့် သေဆုံးခြင်းအတွက် တစ်ယူနစ် ကျပ် ၁၄ သိန်းနှင့် ၁၀ ယူနစ် ကျပ်သိန်း ၁၄၀ အကျိုးခံစားခွင့်ရမည်ဟု ကြေ ညာချက်တွင် ပါရှိသည်။

ထိုအာမခံအတွက် တစ်ဦးလျှင် ၁၀ ယူနစ်အထိ ဝယ်ယူနိုင် ပြီး ဆေးရုံတက်ရက်ကို ရက်ပေါင်း၆၀ အကျိုးခံစားခွင့်ပြုမည်ဖြစ် ကြောင်း မြန်မာ့အာမခံလုပ်ငန်းက ဆိုသည်။

‘‘COVID ဖြစ်တာတွေလည်း များလာတော့ အထောက်အပံ့ဖြစ်အောင် စဉ်းစားပြီး ဆောင်ရွက် ခဲ့တာပါပဲ။ အရင်ပုံမှန်ရှိတဲ့ အကျိုးခံစားခွင့်ကိုပါ တိုးမြှင့်ပေးထားပါတယ်’’ဟု မြန်မာ့အာမခံ လုပ်ငန်း အထွေထွေမန်နေဂျာ ဦးလွင်ဦးက ပြောသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် ကျန်းမာရေး အာမခံကဏ္ဍသုံးခု ထဲမှ အခြေခံကျန်းမာရေးအာမခံ အမျိုးအစား၌ COVID-19 အာမခံအကာအကွယ်ကို ထည့်သွင်းထားခြင်းဖြစ်ပြီး တစ်ဦးချင်း (သို့ မဟုတ်)အနည်းဆုံး ငါးဦးရှိရမည့် အစုအဖွဲ့ဖြင့် ရုံးချုပ်၊ ရုံးခွဲများနှင့် မြန်မာ့အာမခံကိုယ်စားလှယ်များ မှတစ်ဆင့် ဝယ်ယူနိုင်သည်ဟု ဆိုသည်။

တစ်နှစ်စာ တစ်ယူနစ်လျှင် ဝယ်ယူနိုင်သော အသက်အရွယ် အပိုင်းအခြားအလိုက် ဈေးနှုန်း အရ အသက် (၆)နှစ်မှ (၃၀)နှစ်အထိဆိုလျှင် တစ်ဦးချင်း ကျပ် ၁၁,၀၀၀ နှင့် အစုအဖွဲ့ဖြင့်ဆိုပါ က ၁၀,၅၀၀ ကျပ်၊ (၃၀) မှ (၄၁)နှစ်အထိ တစ်ဦးချင်း ၁၄,၀၀၀ ကျပ်နှင့် အစုအဖွဲ့ ၁၃,၆၀၀ ကျပ်၊(၄၁)နှစ်မှ (၅၀)အထိ တစ်ဦးချင်း အာမခံအရ ၁၇,၆၀၀ ကျပ်နှင့် အစုအဖွဲ့ ၁၆,၇၀၀ ကျပ်၊ (၅၁) နှစ်မှ (၆၀)အထိ တစ်ဦးချင်း ၂၈,၆၀၀ ကျပ်နှင့် အစုအဖွဲ့ ၂၇,၂၀၀ ကျပ် ၊ (၆၁)မှ (၇၅) အ ထိဆိုပါက တစ်ဦးချင်း ၆၁,၆၀၀ ကျပ်နှင့် အစုအဖွဲ့ ၅၈,၅၀၀ ကျပ် ပေးသွင်းရမည်ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကျန်းမာရေးအာမခံ အမျိုးအစားတစ်ခု အာမခံဈေးကွက်၌ ပေါ်ထွက်လာခဲ့ပြီး ပုဂ္ဂလိ က အာမခံလုပ်ငန်းများကလည်း ဆောင်ရွက်မှုများ ရှိလာသည်။

‘‘COVID အာမခံအရ ဝန်ဆောင်မှုတွေအတွက် ပြီးခဲ့တဲ့သုံးရက်လောက်ကစပြီး ကြော်ငြာခဲ့တယ်’’ဟု IKBZ လက်ထောက် အထွေထွေမန်နေဂျာ ဦးမောင်မောင်မြင့်က ပြောသည်။

‘အာရောဂျံ’အမည်ရှိ IKBZ ၏ ကျန်းမာရေးအာမခံကို ဝယ်ယူထားသူများသည် COVID-19 ရောဂါခံစားရပြီး ဆေးကုသမှုခံယူရခြင်း ဆေးရုံတက်ရောက်ရ ခြင်းနှင့် သေဆုံးမှုများအတွက် အကာအကွယ် နှစ်ဆရရှိမည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

















 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service