အမေရိကန်ဘီလျံနာက ပိုင်ဆိုင်သည့် ကန်ဒေါ်လာ ၈ ဘီလီယံကို လှူဒါန်းကာ တိုက်ခန်းငှားနေ

အမေရိကန်ဘီလျံနာက ပိုင်ဆိုင်သည့် ကန်ဒေါ်လာ ၈ ဘီလီယံကို လှူဒါန်းကာ တိုက်ခန်းငှားနေ - Property News in Myanmar from iMyanmarHouse.com
20 Sep 2020 12:03 pm တွင် တင်ခဲ့သည်
8285 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ဘီလျံနာသူဌေးကြီး ချပ်ခ် ဖီးနီ (Chuck Feeney) သည် သူ၏ ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၈ ဘီလီယံကို နောက်ကွယ်မှ လျှို့ဝှက်တည်ထောင်ထားသည့် ပရဟိတဖောင်ဒေးရှင်းတစ်ခုမှတဆင့် ၃၈ နှစ်တာလုံး လှူဒါန်းလာခဲ့ရာ ယခုအခါ ပိုင်ဆိုင်မှုအားလုံးလှူဒါန်း ကုန်ခမ်းသွားပြီဖြစ်ပြီး ဖောင်ဒေးရှင်းတွင် ငွေကြေးတစ်ပြားတစ်ချပ်မျှ မရှိတော့ချေ။

ချပ်ခ် ဖီးနီသည် အခွန်လွတ်ဆိုင်အင်ပါယာကြီးမှတဆင့် ဘီလျံပေါင်းများစွာ ဝင်ငွေရရှိခဲ့ကာ ကမ္ဘာတစ်ဝန်းရှိ ပရဟိတအဖွဲ့များနှင့် တက္ကသိုလ်များသို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကာ သူ၏ ပိုင်ဆိုင်မှု အားလုံးကုန်သည်အထိလှူရန် ရည်မှန်းခဲ့သည်။

ယခု ရက်သတ္တပတ်အတွင်းတွင်ကား အသက် ၈၉ နှစ်ရှိပြီဖြစ်သည့် မစ္စတာ ဖီးနီ၏ ရည်မှန်းချက် အထမြောက်ခဲ့ပြီ ဖြစ်သည်။

၁၉၈၂ ခုနှစ်က လျှို့ဝှက်တည်ထောင်ထားခဲ့သည့် ပရဟိတအဖွဲ့ဖြစ်သော The Atlantic Philanthropies သို့ ချပ်ခ် ဖီးနီးက ပိုင်ဆိုင်မှု အားလုံးကို လှူဒါန်းရန် လွှဲပြောင်းပေးထားရာ ယခုအခါ အဆိုပါအဖွဲ့တွင် တစ်ပြားတစ်ချပ်မှ မကျန်တော့ချေ။

ထို့ကြောင့် မစ္စတာဖီးနီက ပရဟိတအဖွဲ့ကို ဖျက်သိမ်းရန် စာရွက်စာတမ်းများ လက်မှတ်ထိုးပေးလိုက်ပြီ ဖြစ်သည်။

လက်ရှိအားဖြင့် ကျန်းမာရေး မကောင်းလှသော မစ္စတာဖီးနီသည် ဆန်ဖရန်စစ္စကိုမြို့တွင် တိုက်ခန်းကျဉ်းကလေးတစ်ခန်း ငှားရမ်းကာ နေထိုင်လျက်ရှိသည်။

ချပ်ခ် ဖီးနီကဲ့သို့ ပိုင်ဆိုင်မှုများ လှူဒါန်းမည်ဟု ကတိပြုထားသည့် ဘီလျံနာသူဌေးကြီးများရှိသည်။ သို့သော် ၎င်းတို့မှာ ကွယ်လွန်ပြီးနောက်ပိုင်းတွင်မှ လှူဒါန်းမည်ဟု ကတိပြုထားခြင်းဖြစ်သည်။

ထိုသို့သော သူဌေးကြီးများအတွက် ချပ်ခ် ဖီးနီက ပြောကြားထားသည့် သတင်းစကားတစ်ခုရှိသည်။

“သက်ရှိထင်ရှားရှိနေတုန်းမှာ လှူဒါန်းပစ်တာနဲ့ပတ်သက်ပြီး သိလိုနေကြသူများအတွက်ပြောချင်တာက ကြိုးစားလုပ်ကြည့်လိုက်ပါ။ ဒါကို သဘောကျသွားပါလိမ့်မယ်” ဟု ပြောကြားထားသည်။

မိမိ၏ ပိုင်ဆိုင်မှု အများစုကို လှူဒါန်းပစ်သည့် မစ္စတာဖီးနေက အခြားဘီလျံနာများအနေဖြင့်လည်း မိမိကဲ့သို့ လုပ်ဆောင်ကြရန် မျှော်လင့်ကြောင်း၊ ကမ္ဘာကြီး၏ အကြီးမားဆုံးအခက်အခဲပြဿနာများကို ဖြေရှင်းရာတွင် အကူအညီပေးနိုင်ရန်အတွက် မိမိတို့၏ ငွေများကို အသုံးပြုကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

“ဓနဆိုတဲ့အရာမှာ တာဝန်ဆိုတာက တခါတည်းပါလာတယ်” ဟု ချပ်ခ် ဖီးနေ မကြာခဏ ပြောလေ့ရှိသည်။

“လူတွေဟာ ကိုယ့်ဟာကို အဓိပ္ပာယ်ဖွင့်ကြရမှာဖြစ်ပါတယ်။

သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကို တခြားလူသားတွေရဲ့ ဘဝတွေ တိုးတက်စေဖို့ အသုံးပြုဖို့ တာဝန်ရှိတယ်လို့ ခံယူကြမလား၊

ဒါမှမဟုတ် အနာဂတ်မျိုးဆက်တွေအတွက် ဖြေရှင်းမရတဲ့ ပြဿနာတွေ ချန်ခဲ့မယ့်သူလားဆိုတာ ကိုယ့်ဟာကိုယ် အဓိပ္ပာယ်ဖွင့်ကြရမှာဖြစ်ပါတယ်” ဟု ချပ်ခ် ဖီးနီက ပြောကြားသည်။

The Atlantic Philanthropies ပရဟိတဖောင်ဒေးရှင်း၏ ဥက္ကဌ ခရစ္စတိုဖာ အို့ရှ်လီ (Christopher Oechsli) က ပြောကြားရာတွင် ချပ်ခ် ဖီးနီသည် အလှူအတန်းမလုပ်သည့် သူဌေးကြီးများကို ဝေဖန်လိမ့်မည်မဟုတ်သော်လည်း ထိုသို့ မလှူတန်းဘဲနေခြင်းအပေါ် အံ့အားသင့်မိလိမ့်မည်ဖြစ်ကြောင်း၊ မိမိ၏ ပိုင်ဆိုင်မှုများကို ကောင်းမွန်သည့်အရာများအတွက် အသုံးမပြုလျှင် ထိုပိုင်ဆိုင်မှုများမှာ အဘယ်အတွက်ဖြစ်သနည်းဟု မေးခွန်းထုတ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Billionaire Chuck Feeney achieves goal of giving away his fortune (The Guardian)

 

[Zawgyi]

အေမရိကန္ဘီလ်ံနာက ပိုင္ဆိုင္သည့္ ကန္ေဒၚလာ ၈ ဘီလီယံကို လွဴဒါန္းကာ တိုက္ခန္းငွားေန

အေမရိကန္ဘီလ်ံနာသူေဌးၾကီး ခ်ပ္ခ္ ဖီးနီ (Chuck Feeney) သည္ သူ၏ ပိုင္ဆိုင္မႈ ကန္ေဒၚလာ ၈ ဘီလီယံကို ေနာက္ကြယ္မွ လွ်ိဳ ႔ဝွက္တည္ေထာင္ထားသည့္ ပရဟိတေဖာင္ေဒးရွင္းတစ္ခုမွတဆင့္ ၃၈ ႏွစ္တာလံုး လွဴဒါန္းလာခဲ့ရာ ယခုအခါ ပိုင္ဆိုင္မႈအားလံုးလွဴဒါန္း ကုန္ခမ္းသြားျပီျဖစ္ျပီး ေဖာင္ေဒးရွင္းတြင္ ေငြေၾကးတစ္ျပားတစ္ခ်ပ္မွ် မရွိေတာ့ေခ်။

ခ်ပ္ခ္ ဖီးနီသည္ အခြန္လြတ္ဆိုင္အင္ပါယာၾကီးမွတဆင့္ ဘီလ်ံေပါင္းမ်ားစြာ ဝင္ေငြရရွိခဲ့ကာ ကမၻာတစ္ဝန္းရွိ ပရဟိတအဖြဲ႔မ်ားႏွင့္ တကၠသိုလ္မ်ားသို႔ လွဴဒါန္းမႈမ်ား ျပဳလုပ္ခဲ့ကာ သူ၏ ပိုင္ဆိုင္မႈ အားလံုးကုန္သည္အထိလွဴရန္ ရည္မွန္းခဲ့သည္။

ယခု ရက္သတၱပတ္အတြင္းတြင္ကား အသက္ ၈၉ ႏွစ္ရွိျပီျဖစ္သည့္ မစၥတာ ဖီးနီ၏ ရည္မွန္းခ်က္ အထေျမာက္ခဲ့ျပီ ျဖစ္သည္။

၁၉၈၂ ခုႏွစ္က လွ်ိဳ ႔ဝွက္တည္ေထာင္ထားခဲ့သည့္ ပရဟိတအဖြဲ႔ျဖစ္ေသာ The Atlantic Philanthropies သုိ႔ ခ်ပ္ခ္ ဖီးနီးက ပိုင္ဆိုင္မႈ အားလံုးကို လွဴဒါန္းရန္ လႊဲေျပာင္းေပးထားရာ ယခုအခါ အဆိုပါအဖြဲ႔တြင္ တစ္ျပားတစ္ခ်ပ္မွ မက်န္ေတာ့ေခ်။

ထို႔ေၾကာင့္ မစၥတာဖီးနီက ပရဟိတအဖြဲ႔ကို ဖ်က္သိမ္းရန္ စာရြက္စာတမ္းမ်ား လက္မွတ္ထိုးေပးလိုက္ျပီ ျဖစ္သည္။

လက္ရွိအားျဖင့္ က်န္းမာေရး မေကာင္းလွေသာ မစၥတာဖီးနီသည္ ဆန္ဖရန္စစၥကိုျမိဳ ႔တြင္ တိုက္ခန္းက်ဥ္းကေလးတစ္ခန္း ငွားရမ္းကာ ေနထိုင္လ်က္ရွိသည္။

ခ်ပ္ခ္ ဖီးနီကဲ့သို႔ ပိုင္ဆိုင္မႈမ်ား လွဴဒါန္းမည္ဟု ကတိျပဳထားသည့္ ဘီလ်ံနာသူေဌးၾကီးမ်ားရွိသည္။ သို႔ေသာ္ ၎တို႔မွာ ကြယ္လြန္ျပီးေနာက္ပိုင္းတြင္မွ လွဴဒါန္းမည္ဟု ကတိျပဳထားျခင္းျဖစ္သည္။

ထိုသို႔ေသာ သူေဌးၾကီးမ်ားအတြက္ ခ်ပ္ခ္ ဖီးနီက ေျပာၾကားထားသည့္ သတင္းစကားတစ္ခုရွိသည္။

“သက္ရွိထင္ရွားရွိေနတုန္းမွာ လွဴဒါန္းပစ္တာနဲ႔ပတ္သက္ျပီး သိလိုေနၾကသူမ်ားအတြက္ေျပာခ်င္တာက ၾကိဳးစားလုပ္ၾကည့္လိုက္ပါ။ ဒါကို သေဘာက်သြားပါလိမ့္မယ္” ဟု ေျပာၾကားထားသည္။

မိမိ၏ ပိုင္ဆိုင္မႈ အမ်ားစုကို လွဴဒါန္းပစ္သည့္ မစၥတာဖီးေနက အျခားဘီလ်ံနာမ်ားအေနျဖင့္လည္း မိမိကဲ့သို႔ လုပ္ေဆာင္ၾကရန္ ေမွ်ာ္လင့္ေၾကာင္း၊ ကမၻာၾကီး၏ အၾကီးမားဆံုးအခက္အခဲျပႆနာမ်ားကို ေျဖရွင္းရာတြင္ အကူအညီေပးႏိုင္ရန္အတြက္ မိမိတို႔၏ ေငြမ်ားကို အသံုးျပဳၾကလိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားသည္။

“ဓနဆိုတဲ့အရာမွာ တာဝန္ဆိုတာက တခါတည္းပါလာတယ္” ဟု ခ်ပ္ခ္ ဖီးေန မၾကာခဏ ေျပာေလ့ရွိသည္။

“လူေတြဟာ ကိုယ့္ဟာကို အဓိပၸာယ္ဖြင့္ၾကရမွာျဖစ္ပါတယ္။

သူတို႔ေတြရဲ ႔ ပိုင္ဆိုင္မႈေတြကို တျခားလူသားေတြရဲ ႔ ဘဝေတြ တိုးတက္ေစဖို႔ အသံုးျပဳဖို႔ တာဝန္ရွိတယ္လို႔ ခံယူၾကမလား၊

ဒါမွမဟုတ္ အနာဂတ္မ်ဳိးဆက္ေတြအတြက္ ေျဖရွင္းမရတဲ့ ျပႆနာေတြ ခ်န္ခဲ့မယ့္သူလားဆိုတာ ကိုယ့္ဟာကိုယ္ အဓိပၸာယ္ဖြင့္ၾကရမွာျဖစ္ပါတယ္” ဟု ခ်ပ္ခ္ ဖီးနီက ေျပာၾကားသည္။

The Atlantic Philanthropies ပရဟိတေဖာင္ေဒးရွင္း၏ ဥကၠဌ ခရစၥတိုဖာ အို႔ရွ္လီ (Christopher Oechsli) က ေျပာၾကားရာတြင္ ခ်ပ္ခ္ ဖီးနီသည္ အလွဴအတန္းမလုပ္သည့္ သူေဌးၾကီးမ်ားကို ေဝဖန္လိမ့္မည္မဟုတ္ေသာ္လည္း ထိုသို႔ မလွဴတန္းဘဲေနျခင္းအေပၚ အံ့အားသင့္မိလိမ့္မည္ျဖစ္ေၾကာင္း၊ မိမိ၏ ပိုင္ဆိုင္မႈမ်ားကို ေကာင္းမြန္သည့္အရာမ်ားအတြက္ အသံုးမျပဳလွ်င္ ထိုပိုင္ဆိုင္မႈမ်ားမွာ အဘယ္အတြက္ျဖစ္သနည္းဟု ေမးခြန္းထုတ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Billionaire Chuck Feeney achieves goal of giving away his fortune (The Guardian)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service