ရုရှားက covid-19 ဆေးကို ရက်ပိုင်းအတွင်း ဆေးဆိုင်များအတွက် ဖြန့်ဖြူးပေးတော့မည်

ရုရှားက covid-19 ဆေးကို ရက်ပိုင်းအတွင်း ဆေးဆိုင်များအတွက် ဖြန့်ဖြူးပေးတော့မည် - Property News in Myanmar from iMyanmarHouse.com
19 Sep 2020 12:28 pm တွင် တင်ခဲ့သည်
12793 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့သော ရုရှားဆေးဝါးကုမ္ပဏီ R-Pharm ၏ Yaroslavl တွင် တည်ရှိသော စက်ရုံမှ ထုတ်လုပ်သည့် covid-19 ဆေးဝါးဖြစ်သော Coronavir ကို ရက်ပိုင်းအတွင်း ဆေးဆိုင်များတွင် ရရှိလာတော့မည် ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရုရှားသည် R-Pharm က ထုတ်လုပ်သည့် Coronavir ကို covid-19 ကူးစက်ခံထားရသည့် အပျော့စားနှင့် အလယ်အလတ် ရောဂါပြင်းထန်မှု ခံစားရသော ပြင်ပလူနာများအတွက် ကုသခွင့်အတည်ပြုပေးလိုက်ခြင်းဖြစ်ပြီး လာမည့်ရက်သတ္တပတ်အတွင်း ရုရှားနိုင်ငံအတွင်းရှိ ဆေးဆိုင်များတွင် ရရှိနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သောကြာနေ့က ကြေညာခဲ့သည်။

ရုရှားတွင် မေလအတွင်းက Covid-19 ဆေးဝါးတစ်မျိုးဖြစ်သော Avifavir ဆေးဝါးကို ထုတ်လုပ်ခဲ့ပြီးနောက် Coronavir ဆေးဝါးကို ဆရာဝန်လမ်းညွှန်ချက်ဖြင့် သောက်သုံးရမည့်ဆေးအဖြစ် ထပ်မံ ထုတ်လုပ်လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ရုရှား၏ အဆိုပါဆေး ၂ မျိုးလုံးသည် ဂျပန်နိုင်ငံက ထုတ်လုပ်ခဲ့သော favipiravir ဆေးကို အခြေခံထားသည်။ Favipiravir ဆေးသည် ဗိုင်းရပ်စ်ကုသဆေးအဖြစ် ကျယ်ပြန့်စွာအသုံးပြုနေသော ဆေးဝါးလည်း ဖြစ်သည်။

R-Pharm ၏ ကြေညာချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲတွင် ရုရှားက ဦးဆောင်မှုရရန် အပြင်းအထန် ကြိုးပမ်းနေကြောင်း ပြသလိုက်သည့်လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

ရုရှား၏ Sputnik-V အမည်ရှိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမှာလည်း နိုင်ငံပေါင်းများစွာမှာ မှာယူမှုများ လက်ခံရရှိထားသည်။

Covid-19 ဝေဒနာရှင် ၁၆၈ ဦးကို အဆင့် ၃ ကုသစမ်းသပ်မှု ပြုလုပ်ပြီးနောက်ပိုင်း Coronavir ဆေးကို ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း R-Pharm က ထုတ်ပြန်သည်။

အစိုးရမှတ်တမ်းများအရ Coronavir ဆေးသည် ဆေးရုံတက်နေရသည့် Covid-19 လူနာများကို ကုသရာတွင် အသုံးပြုရန် ဇူလိုင်လအတွင်းက ခွင့်ပြုချက်စတင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

R-Pharm ၏ အဆင့် ၃ ကုသစမ်းသပ်မှု လူဦးရေမှာကား အလွန်နည်းပါးလှသေးသည်ကို တွေ့ရသည်။

လက်ရှိတွင် R-Pharm သည် ဆေးဝါးအမှာစာများအတွက် ဆေးကုမ္ပဏီများနှင့် ဆွေးနွေးနေကြောင်း R-Pharm ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားသည်။

R-Pharm ၏ စက်ရုံတည်ရှိရာ Yaroslavl မြို့သည် မော်စကိုမြို့တော်၏ အရှေ့မြောက်ဘက် ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) အကွာတွင် တည်ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Russia approves first Covid-19 prescription drug for sale in pharmacies (Marketscreener)

 

[Zawgyi]

ရုရွားက covid-19 ေဆးကို ရက္ပိုင္းအတြင္း ေဆးဆိုင္မ်ားအတြက္ ျဖန္႔ျဖဴးေပးေတာ့မည္

၂၀၀၁ ခုႏွစ္က စတင္တည္ေထာင္ခဲ့ေသာ ရုရွားေဆးဝါးကုမၸဏီ R-Pharm ၏ Yaroslavl တြင္ တည္ရွိေသာ စက္ရံုမွ ထုတ္လုပ္သည့္ covid-19 ေဆးဝါးျဖစ္ေသာ Coronavir ကို ရက္ပိုင္းအတြင္း ေဆးဆိုင္မ်ားတြင္ ရရွိလာေတာ့မည္ ျဖစ္ေၾကာင္း ေအပီသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ရုရွားသည္ R-Pharm က ထုတ္လုပ္သည့္ Coronavir ကို covid-19 ကူးစက္ခံထားရသည့္ အေပ်ာ့စားႏွင့္ အလယ္အလတ္ ေရာဂါျပင္းထန္မႈ ခံစားရေသာ ျပင္ပလူနာမ်ားအတြက္ ကုသခြင့္အတည္ျပဳေပးလိုက္ျခင္းျဖစ္ျပီး လာမည့္ရက္သတၱပတ္အတြင္း ရုရွားႏိုင္ငံအတြင္းရွိ ေဆးဆိုင္မ်ားတြင္ ရရွိႏိုင္ေတာ့မည္ျဖစ္ေၾကာင္း အဆိုပါ ကုမၸဏီက ေသာၾကာေန႔က ေၾကညာခဲ့သည္။

ရုရွားတြင္ ေမလအတြင္းက Covid-19 ေဆးဝါးတစ္မ်ဳိးျဖစ္ေသာ Avifavir ေဆးဝါးကို ထုတ္လုပ္ခဲ့ျပီးေနာက္ Coronavir ေဆးဝါးကို ဆရာဝန္လမ္းညႊန္ခ်က္ျဖင့္ ေသာက္သံုးရမည့္ေဆးအျဖစ္ ထပ္မံ ထုတ္လုပ္လာႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။

ရုရွား၏ အဆိုပါေဆး ၂ မ်ဳိးလံုးသည္ ဂ်ပန္ႏိုင္ငံက ထုတ္လုပ္ခဲ့ေသာ favipiravir ေဆးကို အေျခခံထားသည္။ Favipiravir ေဆးသည္ ဗိုင္းရပ္စ္ကုသေဆးအျဖစ္ က်ယ္ျပန္႔စြာအသံုးျပဳေနေသာ ေဆးဝါးလည္း ျဖစ္သည္။

R-Pharm ၏ ေၾကညာခ်က္မွာ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ကမၻာလံုးဆိုင္ရာ ျပိဳင္ပြဲတြင္ ရုရွားက ဦးေဆာင္မႈရရန္ အျပင္းအထန္ ၾကိဳးပမ္းေနေၾကာင္း ျပသလိုက္သည့္လကၡဏာတစ္ရပ္လည္း ျဖစ္သည္။

ရုရွား၏ Sputnik-V အမည္ရွိ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမွာလည္း ႏိုင္ငံေပါင္းမ်ားစြာမွာ မွာယူမႈမ်ား လက္ခံရရွိထားသည္။

Covid-19 ေဝဒနာရွင္ ၁၆၈ ဦးကို အဆင့္ ၃ ကုသစမ္းသပ္မႈ ျပဳလုပ္ျပီးေနာက္ပိုင္း Coronavir ေဆးကို ခြင့္ျပဳခ်က္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း R-Pharm က ထုတ္ျပန္သည္။

အစိုးရမွတ္တမ္းမ်ားအရ Coronavir ေဆးသည္ ေဆးရံုတက္ေနရသည့္ Covid-19 လူနာမ်ားကို ကုသရာတြင္ အသံုးျပဳရန္ ဇူလိုင္လအတြင္းက ခြင့္ျပဳခ်က္စတင္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

R-Pharm ၏ အဆင့္ ၃ ကုသစမ္းသပ္မႈ လူဦးေရမွာကား အလြန္နည္းပါးလွေသးသည္ကို ေတြ႔ရသည္။

လက္ရွိတြင္ R-Pharm သည္ ေဆးဝါးအမွာစာမ်ားအတြက္ ေဆးကုမၸဏီမ်ားႏွင့္ ေဆြးေႏြးေနေၾကာင္း R-Pharm ၏ ေျပာေရးဆိုခြင့္ရ အမ်ဳိးသမီးက ေျပာၾကားသည္။

R-Pharm ၏ စက္ရံုတည္ရွိရာ Yaroslavl ျမိဳ ႔သည္ ေမာ္စကိုျမိဳ ႔ေတာ္၏ အေရွ ႔ေျမာက္ဘက္ ၃၀၀ ကီလိုမီတာ (၁၈၆ မိုင္) အကြာတြင္ တည္ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Russia approves first Covid-19 prescription drug for sale in pharmacies (Marketscreener)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service