တရုတ်တွင် ဘက်တီးရီးယားရောဂါတစ်မျိုး လူထောင်ပေါင်းများစွာကူးစက်နေ

တရုတ်တွင် ဘက်တီးရီးယားရောဂါတစ်မျိုး လူထောင်ပေါင်းများစွာကူးစက်နေ - Property News in Myanmar from iMyanmarHouse.com
18 Sep 2020 12:20 pm တွင် တင်ခဲ့သည်
3218 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လူထောင်ပေါင်းများစွာ၌ ဘက်တီးရီးယားရောဂါတစ်မျိုး ကူးစက်ခံနေလျက်ရှိကြောင်း တရုတ်အာဏာပိုင်တို့က အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားသည်။

ပြီးခဲ့သောနှစ်အတွင်း ဇီဝဆေးဝါးကုမ္ပဏီတစ်ခုမှစတင်ကာ ရောဂါပိုးစိမ့်ထွက်ပျံ့ပွားမှုမှတဆင့် ယခုကဲ့သို့ ဘက်တီးရီးယား ရောဂါပျံ့ပွားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကန်းဆု (Gansu) ပြည်နယ်၏မြို့တော် လန်ကျိုး (Lanzhou) ၏ ကျန်းမာရေးကော်မရှင်က လူပေါင်း ၃၂၄၅ ဦးတွင် brucellosis အမည်ရှိ ကူးစက်ရောဂါတစ်မျိုး ကူးစက်ခံထားရကြောင်း အတည်ပြုထားသည်။

အဆိုပါရောဂါသည် ရောဂါရှိသည့် မွေးမြူရေးတိရ စ္ဆာန်များနှင့် ထိတွေ့ရာမှ ကူးစက်ခံရလေ့ရှိသည်။

ထို့အပြင် လူပေါင်း ၁၄၀၁ ဦးမှာလည်း အကြိုရောဂါပြမှု (preliminarily positive) အဖြစ် စစ်ဆေးတွေ့ရှိထားသည်။ သေဆုံးသူကား မရှိသေးကြောင်း အဆိုပါမြို့၏ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည်။

လူဦးရေ ၂ ဒသမ ၉ သန်းနေထိုင်သော လန်ကျိုးမြို့ကြီးတွင် စုစုပေါင်းအားဖြင့် လူပေါင်း ၂၁၈၄၇ ဦးကို ရောဂါစမ်းသပ်ထားပြီး ဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည်။

မြေထဲပင်လယ်ဖျား (သို့မဟုတ်) မာလ်တာဖျား (Malta fever) ဟု လူသိများကာ ရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ ဖျားခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ ဖြစ်ကြသည်။

အဆိုပါရောဂါလက္ခဏာအများစုမှာ သက်သာပျောက်ကင်းသွားနိုင်သော်လည်း အဆစ်ရောင်ခြင်းနှင့် အချို့သော ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်းတို့ကဲ့သို့ ရောဂါလက္ခဏာအချို့မှာမူ အခြေအနေဆိုးရွားလာနိုင်ပြီး မည်သည့်အခါမှ မသက်သာနိုင်တော့ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို (CDC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

CDC ၏ ဖော်ပြချက်အရ ယခုဘက်တီးရီးယားရောဂါသည် လူအချင်းချင်းကူးစက်မှုကား မရှိသလောက်ရှားပါးသည်ဟု ဆိုသည်။

အဓိကကူးစက်သည်မှာ ဘက်တီးရီးယားပါသည့် အစားအစာများ စားသောက်မိခြင်း၊ ဘက်တီးရီးယားများကို ရှူရှိုက်မိခြင်းတို့ကြောင့် ဖြစ်ပြီး လန်ကျိုးတွင် ကူးစက်သည်မှာ ရှုရှိုက်မိခြင်းကြောင့် ဖြစ်ဖွယ်ရှိသည်။

ယခုရောဂါပျံ့ပွားမှုမှာ ပြီးခဲ့သောနှစ် ဇူလိုင်လကုန်မှ သြဂုတ်လလယ်အတွင်း ကျုံးမု လန်ကျိုး (Zhongmu Lanzhou) ဇီဝဆေးဝါး စက်ရုံ၏ အိတ်ဇောငွေ့များ ထုတ်လွှတ်မှုမှ တဆင့်လေထုအတွင်းပျံ့နှံ့ကာ တစ်မြို့လုံးရှုရှိုက်မိခဲ့ကြခြင်းဖြစ်ကြောင်း လန်ကျိုးမြို့ ကျန်းမာရေးကော်မရှင်က ပြောကြားသည်။

မွေးမြူရေးတိရ စ္ဆာန်များအတွက် Brucella ကာကွယ်ဆေးထုတ်လုပ်ရာတွင် အဆိုပါစက်ရုံသည် သက်တမ်းကုန်နေသည့် ပိုးသန့်စင်ဆေးများကို အသုံးပြုရာ စက်ရုံမှ ထုတ်လွှတ်သည့် အိတ်ဇောငွေ့များတွင်ပါဝင်သွားမည့် ဘက်တီးရီးယားတို့မှာ ပိုးသတ်မခံရဘဲ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘက်တီးရီးယားပါသည့် အမှုန်ငွေ့များကို လေထုက သယ်ဆောင်သွားကာ လန်ကျိုး တိရ စ္ဆာန်ဆေးကု သုတေသန သိပ္ပံဝန်း (Lanzhou Veterinary Research Institute) သို့ ရောက်ရှိကာ ထိုနေရာမှစတင်ပြီး ကူးစက်ပျံ့ပွားမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သုတေသနဝန်းရှိလူများတွင် နိုဝင်ဘာလမှစတင်ကာ ရောဂါကူးစက်မှုများဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလကုန်တွင် သုတေသနဝန်းရှိ လူပေါင်း ၁၈၁ ဦး brucellosis ဘက်တီးရီးယားရောဂါ ကူးစက်ခံခဲ့ကြရကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာဖြစ်သော ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကျန်းမာရေးအရာရှိတို့၏ ပြောကြားချက်အရ အဆိုပါစက်ရုံသည် ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၂၀ ရက်အကြား သက်တမ်းကုန်နေသည့် ပိုးသန့်စင်ဆေးများကို အသုံးပြုခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီ၏ ကာကွယ်ဆေးထုတ်လုပ်ခွင့် လိုင်စင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မန်နေဂျာအဆင့် ၈ ဦးကို အပြစ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China brucellosis: Bacterial outbreak infects thousands after Lanzhou factory leak (MSN, SCMP)

 

[Zawgyi]

တရုတ္တြင္ ဘက္တီးရီးယားေရာဂါတစ္မ်ဳိး လူေထာင္ေပါင္းမ်ားစြာကူးစက္ေန

တရုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းတြင္ လူေထာင္ေပါင္းမ်ားစြာ၌ ဘက္တီးရီးယားေရာဂါတစ္မ်ဳိး ကူးစက္ခံေနလ်က္ရွိေၾကာင္း တရုတ္အာဏာပိုင္တို႔က အဂၤ ါေန႔တြင္ ထုတ္ေဖာ္ေျပာၾကားသည္။

ျပီးခဲ့ေသာႏွစ္အတြင္း ဇီဝေဆးဝါးကုမၸဏီတစ္ခုမွစတင္ကာ ေရာဂါပိုးစိမ့္ထြက္ပ်ံ ႔ပြားမႈမွတဆင့္ ယခုကဲ့သို႔ ဘက္တီးရီးယား ေရာဂါပ်ံ ႔ပြားမႈ ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။

ကန္းဆု (Gansu) ျပည္နယ္၏ျမိဳ ႔ေတာ္ လန္က်ဳိး (Lanzhou) ၏ က်န္းမာေရးေကာ္မရွင္က လူေပါင္း ၃၂၄၅ ဦးတြင္ brucellosis အမည္ရွိ ကူးစက္ေရာဂါတစ္မ်ဳိး ကူးစက္ခံထားရေၾကာင္း အတည္ျပဳထားသည္။

အဆိုပါေရာဂါသည္ ေရာဂါရွိသည့္ ေမြးျမဴေရးတိရ စၦာန္မ်ားႏွင့္ ထိေတြ႔ရာမွ ကူးစက္ခံရေလ့ရွိသည္။

ထို႔အျပင္ လူေပါင္း ၁၄၀၁ ဦးမွာလည္း အၾကိဳေရာဂါျပမႈ (preliminarily positive) အျဖစ္ စစ္ေဆးေတြ႔ရွိထားသည္။ ေသဆံုးသူကား မရိွေသးေၾကာင္း အဆိုပါျမိဳ ႔၏ က်န္းမာေရးေကာ္မရွင္က ထုတ္ျပန္သည္။

လူဦးေရ ၂ ဒသမ ၉ သန္းေနထိုင္ေသာ လန္က်ဳိးျမိဳ ႔ၾကီးတြင္ စုစုေပါင္းအားျဖင့္ လူေပါင္း ၂၁၈၄၇ ဦးကို ေရာဂါစမ္းသပ္ထားျပီး ျဖစ္ေၾကာင္း က်န္းမာေရးေကာ္မရွင္က ထုတ္ျပန္သည္။

ေျမထဲပင္လယ္ဖ်ား (သို႔မဟုတ္) မာလ္တာဖ်ား (Malta fever) ဟု လူသိမ်ားကာ ေရာဂါလကၡဏာမ်ားမွာ ေခါင္းကိုက္ျခင္း၊ ၾကြက္သား နာက်င္ကိုက္ခဲျခင္း၊ ဖ်ားျခင္း၊ အားအင္ကုန္ခမ္းျခင္းတို႔ ျဖစ္ၾကသည္။

အဆိုပါေရာဂါလကၡဏာအမ်ားစုမွာ သက္သာေပ်ာက္ကင္းသြားႏိုင္ေသာ္လည္း အဆစ္ေရာင္ျခင္းႏွင့္ အခ်ဳိ ႔ေသာ ကုိယ္တြင္းအဂၤ ါမ်ား ေရာင္ရမ္းျခင္းတို႔ကဲ့သို႔ ေရာဂါလကၡဏာအခ်ဳိ ႔မွာမူ အေျခအေနဆိုးရြားလာႏိုင္ျပီး မည္သည့္အခါမွ မသက္သာႏိုင္ေတာ့ေၾကာင္း အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဗဟို (CDC) ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

CDC ၏ ေဖာ္ျပခ်က္အရ ယခုဘက္တီးရီးယားေရာဂါသည္ လူအခ်င္းခ်င္းကူးစက္မႈကား မရွိသေလာက္ရွားပါးသည္ဟု ဆိုသည္။

အဓိကကူးစက္သည္မွာ ဘက္တီးရီးယားပါသည့္ အစားအစာမ်ား စားေသာက္မိျခင္း၊ ဘက္တီးရီးယားမ်ားကို ရွဴရႈိက္မိျခင္းတို႔ေၾကာင့္ ျဖစ္ျပီး လန္က်ဳိးတြင္ ကူးစက္သည္မွာ ရႈရႈိက္မိျခင္းေၾကာင့္ ျဖစ္ဖြယ္ရွိသည္။

ယခုေရာဂါပ်ံ ႔ပြားမႈမွာ ျပီးခဲ့ေသာႏွစ္ ဇူလိုင္လကုန္မွ ၾသဂုတ္လလယ္အတြင္း က်ံဳးမု လန္က်ဳိး (Zhongmu Lanzhou) ဇီဝေဆးဝါး စက္ရံု၏ အိတ္ေဇာေငြ႔မ်ား ထုတ္လႊတ္မႈမွ တဆင့္ေလထုအတြင္းပ်ံ ႔ႏွံ႔ကာ တစ္ျမိဳ ႔လံုးရႈရႈိက္မိခဲ့ၾကျခင္းျဖစ္ေၾကာင္း လန္က်ဳိးျမိဳ ႔ က်န္းမာေရးေကာ္မရွင္က ေျပာၾကားသည္။

ေမြးျမဴေရးတိရ စၦာန္မ်ားအတြက္ Brucella ကာကြယ္ေဆးထုတ္လုပ္ရာတြင္ အဆိုပါစက္ရံုသည္ သက္တမ္းကုန္ေနသည့္ ပိုးသန္႔စင္ေဆးမ်ားကို အသံုးျပဳရာ စက္ရံုမွ ထုတ္လႊတ္သည့္ အိတ္ေဇာေငြ႔မ်ားတြင္ပါဝင္သြားမည့္ ဘက္တီးရီးယားတို႔မွာ ပိုးသတ္မခံရဘဲ ပ်ံ ႔ႏွံ႔သြားခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ဘက္တီးရီးယားပါသည့္ အမႈန္ေငြ႔မ်ားကို ေလထုက သယ္ေဆာင္သြားကာ လန္က်ဳိး တိရ စၦာန္ေဆးကု သုေတသန သိပံၸဝန္း (Lanzhou Veterinary Research Institute) သို႔ ေရာက္ရွိကာ ထိုေနရာမွစတင္ျပီး ကူးစက္ပ်ံ ႔ပြားမႈမ်ား ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။

အဆုိပါ သုေတသနဝန္းရွိလူမ်ားတြင္ ႏိုဝင္ဘာလမွစတင္ကာ ေရာဂါကူးစက္မႈမ်ားျဖစ္ပြားခဲ့ျပီး ဒီဇင္ဘာလကုန္တြင္ သုေတသနဝန္းရွိ လူေပါင္း ၁၈၁ ဦး brucellosis ဘက္တီးရီးယားေရာဂါ ကူးစက္ခံခဲ့ၾကရေၾကာင္း တရုတ္ႏိုင္ငံပိုင္ သတင္းမီဒီယာျဖစ္ေသာ ဆင္ဟြာ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

က်န္းမာေရးအရာရွိတို႔၏ ေျပာၾကားခ်က္အရ အဆိုပါစက္ရံုသည္ ဇူလိုင္လ ၂၄ ရက္မွ ၾသဂုတ္လ ၂၀ ရက္အၾကား သက္တမ္းကုန္ေနသည့္ ပိုးသန္႔စင္ေဆးမ်ားကို အသံုးျပဳခဲ့ေၾကာင္း၊ အဆိုပါကုမၸဏီ၏ ကာကြယ္ေဆးထုတ္လုပ္ခြင့္ လိုင္စင္ကို ျပန္လည္ရုပ္သိမ္းလိုက္ျပီး မန္ေနဂ်ာအဆင့္ ၈ ဦးကို အျပစ္ေပးခဲ့ျပီးျဖစ္ေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China brucellosis: Bacterial outbreak infects thousands after Lanzhou factory leak (MSN, SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service