အမေရိကန်တွင် Covid-19 ကာကွယ်ဆေးကို သောက်ဆေးအဖြစ် စတင်စမ်းသပ်တိုက်ကျွေးမည်

အမေရိကန်တွင် Covid-19 ကာကွယ်ဆေးကို သောက်ဆေးအဖြစ် စတင်စမ်းသပ်တိုက်ကျွေးမည် - Property News in Myanmar from iMyanmarHouse.com
17 Sep 2020 12:14 pm တွင် တင်ခဲ့သည်
22806 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန် ဇီဝနည်းပညာဆေးဝါး ကုမ္ပဏီ Vaxart သည် ဧပြီလကတည်းက စမ်းသပ်နေသော Covid-19 ကာကွယ်ဆေး (သောက်ဆေး) ကို အဆင့် ၁ လက်တွေ့ကုသစမ်းသပ်မှု (Phase 1 clinical trial) စတင်ပြုလုပ်ရန် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) ထံမှ ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြသည်။

FDA သည် Vaxart ကုမ္ပဏီ၏ စမ်းသပ်ထားသော ဆေးဝါးအား အဆင့် ၁ လက်တွေ့ကုသစမ်းသပ်မှု ပြုလုပ်ခွင့်ပေးရန်အတွက် တင်သွင်းလာသော အချက်အလက်များကို စစ်ဆေးကာ ဆေးဝါးသစ်စမ်းသပ်မှုလျှောက်ထားခြင်း (IND) ကို အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

Vaxart သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ကာကွယ်ဆေးများကို ထိုးဆေးအသွင်မဟုတ်ဘဲ သောက်ဆေးအသွင်ဖြင့် သုတေသနပြုလုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဈေးကွက်တင်ခြင်းများ ပြုလုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ ထို့အပြင် Vaxart မှ ထုတ်သည့် သောက်ဆေးများသည် အအေးခန်းမပါဘဲ သင်္ဘောတင်ပို့မှု ပြုလုပ်နိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကတော့ Covid-19 ကို အလုံးအရင်းကာကွယ်နိုင်ရေးအတွက် အကောင်းဆုံး၊ အလှပဆုံးအဖြေ ကိုထုတ်ပေးဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ သောက်ဆေးကာကွယ်ဆေးဟာ ထိုးဆေးနဲ့ နှိုင်းယှဉ်ရင် ဆွဲဆောင်မှု ပိုမိုအားကောင်းတဲ့ ဆေးပေးမှု အခြေအနေဖြစ်စေပြီး အူ၊ ကျင်ငယ်လမ်းကြောင်းနှင့် အသက်ရှူစနစ်တို့၏ ကိုယ်ခံအားနှိုးဆွပေးခြင်း (mucosal immunity) အားဖြင့် Covid-19 ကို ပိုမိုသာလွန်သည့် ကာကွယ်မှု ပေးနိုင်စွမ်းရှိပါတယ်။” ဟု Vaxart ၏ အမှုဆောင်အရာရှိချုပ် Andrei Floroiu က ပြောကြားသည်။

ထို့အပြင် အပူချိန်ကို ခံနိုင်စွမ်းရှိခြင်းကြောင့် အအေးခန်းမရှိဘဲ အမေရိကန်ပြည်အစွန်အဖျားနှင့် ကမ္ဘာတစ်ဝန်းသို့ တင်ပို့နိုင်ကြောင်း၊ ထိုးဆေးများကဲ့သို့ ကုန်ကျစရိတ်များသည့် အအေးခန်းစနစ်များ မလိုအပ်ကြောင်း Andrei Floroiu က ပြောကြားသည်။

(စမ်းသပ်သွားမည့် အစီအစဉ်)

အဆင့် ၁ စမ်းသပ်မှုကို အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား ကျန်းမာရေးကောင်းသည့် အရွယ်ရောက်ပြီးသူများအား စမ်းသပ်မည်။

ယခုစမ်းသပ်လေ့လာမှု၏ အခြေခံဦးတည်ချက်မှာ သောက်ဆေး၏ အန္တရာယ်ကင်းမှု အခြေအနေကို စမ်းစစ်ရန်နှင့် သောက်ဆေး ၂ ကြိမ်တိုက်ရာတွင် ကာကွယ်ဆေးအပေါ် ကိုယ်ခန္ဓာ၏ တုံ့ပြန်မှု (reactogenicity) ကို လေ့လာရန် ဖြစ်သည်။

ဒုတိယဦးတည်ချက်မှာ ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှု (immunogenicity) ၊ ကိုယ်ခံအား တုံ့ပြန်မှု၏ ကြာချိန် (duration of immune response) နှင့် Covid-19 ရောဂါလက္ခဏာပေါ်ပေါက်မှု အခြေအနေ (occurrence of symptomatic Covid-19) တို့ကို လေ့လာမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Vaxart Announces FDA Clearance of IND Application for Oral COVID-19 Vaccine and Provides Update on COVID-19 Program (globenewswire )

 

[Zawgyi]

အေမရိကန္တြင္ Covid-19 ကာကြယ္ေဆးကို ေသာက္ေဆးအျဖစ္ စတင္စမ္းသပ္တိုက္ေကၽြးမည္

အေမရိကန္ ဇီဝနည္းပညာေဆးဝါး ကုမၸဏီ Vaxart သည္ ဧျပီလကတည္းက စမ္းသပ္ေနေသာ Covid-19 ကာကြယ္ေဆး (ေသာက္ေဆး) ကို အဆင့္ ၁ လက္ေတြ႔ကုသစမ္းသပ္မႈ (Phase 1 clinical trial) စတင္ျပဳလုပ္ရန္ အေမရိကန္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး (FDA) ထံမွ ခြင့္ျပဳခ်က္ ရရွိျပီျဖစ္ေၾကာင္း ကုမၸဏီ၏ ေၾကညာခ်က္တြင္ ေဖာ္ျပသည္။

FDA သည္ Vaxart ကုမၸဏီ၏ စမ္းသပ္ထားေသာ ေဆးဝါးအား အဆင့္ ၁ လက္ေတြ႔ကုသစမ္းသပ္မႈ ျပဳလုပ္ခြင့္ေပးရန္အတြက္ တင္သြင္းလာေသာ အခ်က္အလက္မ်ားကို စစ္ေဆးကာ ေဆးဝါးသစ္စမ္းသပ္မႈေလွ်ာက္ထားျခင္း (IND) ကို အတည္ျပဳေပးခဲ့ျခင္း ျဖစ္သည္။

Vaxart သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားအေျခစိုက္ ဇီဝနည္းပညာကုမၸဏီတစ္ခုျဖစ္ျပီး ကာကြယ္ေဆးမ်ားကို ထိုးေဆးအသြင္မဟုတ္ဘဲ ေသာက္ေဆးအသြင္ျဖင့္ သုေတသနျပဳလုပ္ျခင္း၊ ထုတ္လုပ္ျခင္း၊ ေစ်းကြက္တင္ျခင္းမ်ား ျပဳလုပ္သည့္ ကုမၸဏီ ျဖစ္သည္။ ထို႔အျပင္ Vaxart မွ ထုတ္သည့္ ေသာက္ေဆးမ်ားသည္ အေအးခန္းမပါဘဲ သေဘၤာတင္ပို႔မႈ ျပဳလုပ္ႏိုင္သည္ဟု ဆိုသည္။

“ကၽြန္ေတာ္တို႔ရဲ ႔ ရည္ရြယ္ခ်က္ပန္းတိုင္ကေတာ့ Covid-19 ကို အလံုးအရင္းကာကြယ္ႏိုင္ေရးအတြက္ အေကာင္းဆံုး၊ အလွပဆံုးအေျဖ ကိုထုတ္ေပးဖို႔ ျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ရဲ ႔ ေသာက္ေဆးကာကြယ္ေဆးဟာ ထိုးေဆးနဲ႔ ႏိႈင္းယွဥ္ရင္ ဆြဲေဆာင္မႈ ပိုမိုအားေကာင္းတဲ့ ေဆးေပးမႈ အေျခအေနျဖစ္ေစျပီး အူ၊ က်င္ငယ္လမ္းေၾကာင္းႏွင့္ အသက္ရွဴစနစ္တို႔၏ ကိုယ္ခံအားႏႈိးဆြေပးျခင္း (mucosal immunity) အားျဖင့္ Covid-19 ကို ပိုမိုသာလြန္သည့္ ကာကြယ္မႈ ေပးႏိုင္စြမ္းရွိပါတယ္။” ဟု Vaxart ၏ အမႈေဆာင္အရာရွိခ်ဳပ္ Andrei Floroiu က ေျပာၾကားသည္။

ထို႔အျပင္ အပူခ်ိန္ကို ခံႏိုင္စြမ္းရွိျခင္းေၾကာင့္ အေအးခန္းမရွိဘဲ အေမရိကန္ျပည္အစြန္အဖ်ားႏွင့္ ကမၻာတစ္ဝန္းသို႔ တင္ပို႔ႏိုင္ေၾကာင္း၊ ထိုးေဆးမ်ားကဲ့သို႔ ကုန္က်စရိတ္မ်ားသည့္ အေအးခန္းစနစ္မ်ား မလိုအပ္ေၾကာင္း Andrei Floroiu က ေျပာၾကားသည္။

(စမ္းသပ္သြားမည့္ အစီအစဥ္)

အဆင့္ ၁ စမ္းသပ္မႈကို အသက္ ၁၈ ႏွစ္မွ ၅၅ ႏွစ္ၾကား က်န္းမာေရးေကာင္းသည့္ အရြယ္ေရာက္ျပီးသူမ်ားအား စမ္းသပ္မည္။

ယခုစမ္းသပ္ေလ့လာမႈ၏ အေျခခံဦးတည္ခ်က္မွာ ေသာက္ေဆး၏ အႏၱရာယ္ကင္းမႈ အေျခအေနကို စမ္းစစ္ရန္ႏွင့္ ေသာက္ေဆး ၂ ၾကိမ္တိုက္ရာတြင္ ကာကြယ္ေဆးအေပၚ ကိုယ္ခႏၶာ၏ တံု႔ျပန္မႈ (reactogenicity) ကို ေလ့လာရန္ ျဖစ္သည္။

ဒုတိယဦးတည္ခ်က္မွာ ကိုယ္ခံအားစနစ္၏ တံု႔ျပန္မႈ (immunogenicity) ၊ ကိုယ္ခံအား တံု႔ျပန္မႈ၏ ၾကာခ်ိန္ (duration of immune response) ႏွင့္ Covid-19 ေရာဂါလကၡဏာေပၚေပါက္မႈ အေျခအေန (occurrence of symptomatic Covid-19) တို႔ကို ေလ့လာမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Vaxart Announces FDA Clearance of IND Application for Oral COVID-19 Vaccine and Provides Update on COVID-19 Program (globenewswire )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service